Published 17 May 2024

ဘဝမှာ စောစီးစွာ မီးယပ်သွေးဆုံး ခံစားရတဲ့ အမျိုးသမီးတွေက စောစီးစွာ အသက်ဆုံးပါးနိုင်ခြေ များတယ်လို့ သုတေသနအသစ်မှာ တွေ့ရှိထားပါတယ်။

အသက် ၄၀ မတိုင်ခင် စောစီးစွာ မီးယပ်သွေးဆုံးသွားတဲ့ သူတွေက အကြောင်းတစ်ခုခုကြောင့် အသက်သေဆုံးနိုင်ခြေ နှစ်ဆပိုများတယ်လို့လည်း တွေ့ရှိထားပါတယ်။

မမျိုးဥမလုံလောက်ဘဲ စောစီးစွာ မီးယပ်သွေးဆုံးသူတွေက ကင်ဆာကြောင့် အသက်ဆုံးရှုံးနိုင်ခြေလည်း ၄ ဆပိုများတယ်လို့ စတော့ဟုမ်းမှ သုတေသီများက လေ့လာတွေ့ရှိထားပါတယ်။

ထိုဖြစ်စဥ်ဟာ မျိုးဥအိမ်ကနေ အီစထရိုဂျင်၊ ပရိုဂျက်စထရုန်းတို့လို ဟော်မုန်းတွေ ထုတ်လုပ်မှု နည်းပါးသွားတာကြောင့် ဖြစ်ပါတယ်။

များသောအားဖြင့် အသက် ၄၅ နှစ်မှ ၅၅ နှစ်အတွင်း ဓမ္မတာသွေးဆုံးခြင်း ဖြစ်တတ်ကြပါတယ်။

အူလူတက္ကသိုလ်ဆေးရုံမှ သုတေသီများက စောစီးစွာ ဓမ္မတာသွေးဆုံးတဲ့ ဖင်လန်မှအမျိုးသမီး ၆၀၀၀ နီးပါးခန့်ကို ပုံမှန်သွေးဆုံးတဲ့ အမျိုးသမီး ၂၂၀၀၀ ကျော်နဲ့ နှိုင်းယှဥ်လေ့လာခဲ့ကြပါတယ်။

ထိုအမျိုးသမီးတွေဟာ နှလုံးရောဂါများနဲ့ အခြားရောဂါများကြောင့် အသက်ဆုံးပါးနိုင်ခြေ ၂ ဆပိုများနေပြီး ကင်ဆာကြောင့် သေဆုံးနိုင်ခြေ ၄ ဆလောက် ပိုများနေပါတယ်။

ယခင်ကလည်း ဒီလိုကိစ္စမျိုးကို လေ့လာခဲ့ဖူးပေမယ့် အခုတစ်ခေါက်ကတော့ လူအများအပြားဖြင့် စမ်းသပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုး ဖြစ်တဲ့အမျိုးသမီးတွေကို အသက်အန္တရာယ်ဖြစ်ခြင်းမှ ကာကွယ်နိုင်အောင် ဂရုပြုသင့်တယ်လို့ ဖင်လန်နိုင်ငံ အူလူတက္ကသိုလ်မှ သုတေသနပြုစုသူ ဟေလာဟာပါကိုစကီက ပြောပြသွားပါတယ်။
Source: WION
#World_Health
#Published_ 17 May 2024
#Yangon_Times #YMG_News #Yangon_Media_Group