#Daily_News
Published_ 25 March 2024
၁။ ရန်ကုန်မှပုဂံ၊ မော်လမြိုင်၊ ကျိုက်ထီးရိုး၊ မန္တလေးမီးရထားခရီးစဉ်များ ပုံမှန်ထွက်နေ
၂။ အခြေခံစားသောက်ကုန် လှိုင်လှိုင်ထွက်ချိန် ဘုရင့်နောင်ဈေးကွက်သို့ ကုန်အဝင်များပြီး ဈေးနှုန်းများကျဆင်း
၃။ ရေသွင်းမိုးကြိုနှမ်းစိုက်ပျိုးသည့် တောင်သူများအတွက် တောင်သူတစ်ဦးလျှင် ချေးငွေ ကျပ် ၃သိန်းစီ ထုတ်ပေး
၄။ ဥရောပကာကွယ်ရေးမူဝါဒများနှင့် ယူကရိန်းထောက်ပံ့ကူညီရေးတို့အကြောင်း ဥရောပသမဂ္ဂအစည်းအဝေးတွင် အလေးပေးဆွေးနွေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
အားအသင့်အတင့်ရှိတဲ့ အယ်လ်နီညိုအခြေအနေတွင် ငါးမွေးမြူရေးတောင်သူတွေအနေနဲ့ မွေးမြူထားတဲ့ ငါးများ ပျက်စီးဆုံးရှုံးမှု တွေ မဖြစ်စေဖို့ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်နေတယ်လို့ ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတွေထံက သိရပါတယ်။
Yangon Times/NN
#Local_News
#Published_ 25 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
တပေါင်းလပြည့်ကျော်(၁)ရက်နေ့ မနက်၁၁ နာရီမှ ၄နာရီကျော်ထိ လကြတ်မယ်။ လကြတ်ရင် စိတ်နှလုံးမသာယာတာ၊ အတိုက်အခံများတာတွေ ဖြစ်ပွားတာမျိုးတွေရှိလေ့ရှိတဲ့အတွက် ဦးခေါင်းဆေးလျှော်တာ၊ ဘုရားကို အမွှေးနံ့သာ တွေလှူဒါန်းတာ ဆောင်ရွက်နိုင်တယ်။ ကံကြမ္မာအကောင်းတွေ ကြုံတွေ့ရအောင် စနိုးတာဝါတို့ရေသန့်တို လှူဒါန်းနိုင်တယ်။
မြန်မာနိုင်ငံနက္ခတ်ပညာသင်တန်း၊ ကျောင်းအုပ်ဆရာမကြီး ပါရဂူဒေါက်တာဒေါ်ကြည်ကြည်စိန်
Yangon Times/tthl
#Local_News
#Published_ 25 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 25 March 2024
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၇၄လမ်း ၃၁ နှင့် ၃၂လမ်းကြားရှိ KBZဘဏ် တွင် မတ်လ ၂၅ရက် မနက် ၁၁နာရီကျော်အချိန် တွင် ဓါးပြတိုက်ခံရကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် သိုင်းအဝိုင်းထံမှ သိရသည်။
အမည်မသိ အမျိုးသား(၃)ဦးက CZI အမျိုးအစား ဆိုင်ကယ်(၂)စီးနှင့် ရောက်လာပြီး ဘဏ်အတွင်းရှိ ဝန်ထမ်းများနှင့် ဘဏ်လုပ်ငန်း လာရောက်ဆောင်ရွက်သူများ ကို သေနတ်ပြ ခြိမ်းခြောက်ကာ ဘဏ်ကောင်တာအတွင်းမှာရှိသည့် ငွေများယူဆောင်သွားကြောင်း သိရသည်။
အဆိုပါဓါးပြတိုက်မှုကျူးလွန်သူများသည် ဘဏ်အတွင်းရှိ ဝန်ထမ်းများကို ခြိမ်းခြောက်ပြီး ငွေကျပ်သိန်း ၂၀၀၀ကျော် ယူဆောင်သွားကြောင်း သိရသည်။
ဘဏ်ဓါးပြတိုက်ဖြစ်စဉ်ဖြစ်ပွားပြီးနောက် သက်ဆိုင်ရာအာဏာပိုင်များက စုံစမ်းမှုများပြုလုပ်နေပြီး အသေးစိတ် အချက်အလက်သတင်းထုတ်ပြန်ထားခြင်းမရှိသေးကြောင်းသိရသည်။
Yangon Times/LW
#Local_News
#Published_ 25 March 2024
#YMG_News #Yangon_Times #Yangon_Media_Group

၂၅ မတ် ၂၀၂၄
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကို တစ်ပြိုင်တည်းမလုပ်နိုင်ရင် လုပ်နိုင်တဲ့ အပိုင်းလိုက်ကို လုပ်ဆောင်သွားမယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားပါတယ်။ နစက ဥက္ကဋ္ဌဟာ ရုရှားနိုင်ငံမှ ITAR-TASS Media နှင့် သီးသန့် အင်တာဗျူးတစ်ခုမှာ ယခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
Published_ 25 March 2024
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏ မြန်မာငွေကျပ်သန်းပေါင်း ၈,၀၃၆ ကျော်နှင့် ကန် ဒေါ်လာ ၉သန်း ကျော်ပမမာဏရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၁၀ ခုအတည်ပြုပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ရင်းနှီးမြှုပ်နှံမှုကော်မတီမှသိရသည် ။
မတ်လ ၂၂ ရက် မနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး၊ ရင်းနှီးမြှုပ်နှံမှုကော်မတီရုံးမှာ ကျင်းပပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်း အဝေး၌ အတည်ပြုပေးလိုက်ခြင်း ဖြစ်သည် ။
အဆိုကဏ္ဍများမှာဟိုတယ်ဝန်ဆောင်မှုကဏ္ဍ၌ ရာနှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခု၊ စက်မှုကဏ္ဍမှာ ရာနှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃ ခုနှင့် စက်မှုကဏ္ဍ၌ ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄ ခု၊ ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခုတို့ကို အတည်ပြုပေးခဲ့ခြင်းဖြစ်သည် ။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏသည် မြန်မာငွေကျပ် ၈,၀၃၆ ဒသမ ၆၅၉ သန်းနှင့် အမေရိကန် ဒေါ်လာ ၉ ဒသမ ၀၄၆ သန်းဖြစ်ကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 25 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
မကွေးတိုင်းဒေသကြီး အတွင်း ရေသွင်း မိုးကြိုနှမ်း စိုက်ပျိုးတဲ့ တောင်သူ တွေ ကို တစ်ဦးလျှင် ချေးငွေ ကျပ်၃သိန်း စီ ထုတ်ချေးပေးတယ်လို့ မကွေးတိုင်းတောင်သူဖွံဖြိုးရေးအဖွဲ့ထံ က သိရပါတယ်။
Yangon Times/LW
#Local_News
#Published_ 25 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
နယ်စုံမှာ အခြေခံစားကုန်လှိုင်လှိုင်ထွက်ချိန် ဘုရင့်နောင်ဈေးကွက်သို့ အဝင်များပြီး ဈေးနှုန်းတွေ ကျဆင်းနေတယ်လို့ မြန်မာနိုင်ငံကြက်သွန်နီ၊ ကြက်သွန်ဖြူ စားဖို့ဆောင်သီးနှံစိုက်ပျိုး တင်ပို့ရောင်းချသူများအသင်းက သိရပါတယ်။
Yangon Times/NN
#Local_News
#Published_ 25 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ရန်ကုန်-မော်လမြိုင်ခရီးစဉ် ပြေးဆွဲနေပါတယ်။ ရန်ကုန်-ပြည်ရထား နေ့စဉ်ရှိတယ်။ ရန်ကုန်ကနေ ပုဂံကို သောကြာနေ့ ညနေ ၄နာရီ ၁၅မိနစ်တိုင်း ရထားနဲ့ သွားရောက်နိုင်မယ်။ ရန်ကုန်-မန္တလေးရထားလည်း အပတ်စဉ် ရှိပါတယ်။ မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦး
Yangon Times/LW
#Local_News
#Published_ 25 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 25 March 2024
ရန်ကုန်မြို့ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာ အိမ်ခန်းငှားရမ်းနေထိုင်ခွင့်ကို တတိယအကြိမ်အဖြစ်ယနေ့ စတင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း အိမ်ခန်းနေရာအငှားချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည် ။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂)လမ်းမကြီးနှင့် ရန်ကုန်မြို့ပတ်လမ်းမကြီး လမ်းဆုံ အနီး သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများကို ရန်ကုန်၌ နေထိုင်ပြီး နေရေးအခက်အခဲရှိသည့် ပြည်သူများ ၊ အငြိမ်းစားဝန်ထမ်းများနှင့် လက်ရှိတာဝန်ထမ်းဆောင်နေဆဲ နိုင်ငံ့ဝန်ထမ်းများကို ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း ဆိုသည် ။
ထို့အပြင် ထပ်မံပြီးစီးမည့် တိုက်ခန်းများအတွက် တိုက်ခန်းငှားရမ်းခွင့်လျှောက်လွှာများကို ကြိုတင်ရောင်းချသွားမည် ဖြစ်သည်။
အဆိုပါ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာသို့ ဘတ်စ်ကားလိုင်း ၄ လိုင်း ပြေးဆွဲသွားရန်လျာထားပြီးလက်ရှိတွင် စတင်နေထိုင်သူများ အဆင်ပြေစေရန် အမှတ် ၁၁၈ နှင့် ၉၇ ယာဉ်လိုင်းများ စတင်ဝင်ရောက် ပြေးဆွဲနေပြီလို့လည်း သိရသည်။
ထို့အပြင် စုစုပေါင်းအခန်း ၄၀၀ ကျော်ကို ၂၀၂၄ ခုနှစ်၊ မေလတွင် ငှားရမ်းနေထိုင်ခွင့်ရရှိနိုင်ရေး ဆောင်ရွက် ပေးသွားရန်လျာထားကြောင်း၊ နေရေးအခက်အခဲရှိသူများအနေဖြင့် မိမိတို့နေထိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး များတွင် လျှောက်လွှာများ ဝယ်ယူလျှောက်ထား တင်ပြနိုင် ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 25 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 25 March 2024
မြန်မာ့စာတိုက်လုပ်ငန်းမှ မြန်မာနိုင်ငံ၌ တွေ့ရှိသော လိပ်ပြာမျိုးစိတ်အဖြစ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ မှတ်တမ်းတင် သဘောထားမှတ်ချက်ပြုထားသည့် "Common Bluebottle" လိပ်ပြာပုံ (၂၀၀) ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ် (၁)မျိုးကို ထုတ်ဝေသွားမည်ဖြစ်ကာ အဆိုပါ စာပို့တံဆိပ်ခေါင်းအသစ်အား၂၀၂၄ ခုနှစ် မတ်လ (၂၇) ရက်တွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေး စာတိုက်ကြီး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ စာတိုက်များမှ နံနက် ၉ နာရီခွဲမှစတင်၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတွင် ဝယ်ယူသူများကို စာပို့တံဆိပ်ခေါင်းများအပေါ်မှ နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 25 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 25 March 2024
ပြည်ပမှတင်သွင်းလာသည့် ပစ္စည်းများအတွက် သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုအပ်သော ကုန်စည်လိုင်းများကို၂၀၂၂ ခုနှစ်၊ မေလ ၁ ရက်နေ့မှစတင်၍ ထပ်တိုးသတ်မှတ်လိုက်ကြောင်း သိရသည်။
ပထမအဆင့်၊ဒုတိယအဆင့် သွင်းကုန်လိုင်စင်လျှောက်ရန်လိုသော ကုန်စည်လိုင်းများအပြင် ယခု တတိယအဆင့် သွင်းကုန်လိုင်စင်လျှောက်ရန်လိုသော ကုန်စည်လိုင်းများမှာ တဆေး၊အထွေထွေ စားသောက်ကုန်၊အိမ်မွေး တိရစ္ဆာန်အစာ၊ ဆိုးဆေး၊ အရောင်တင်ဆီ၊ဆပ်ပြာကုန်ကြမ်း၊ လျှပ်စစ်ပစ္စည်းနှင့် အပိုပစ္စည်းများ၊အထွေထွေသုံး ဓာတုပစ္စည်း၊သားရေကုန်ကြမ်း၊ လျှပ်စစ်မော်တာ ၊ဂျန်နရေတာ၊စက်နှင့်စက်ပစ္စည်းများ၊ကြိုး၊ဂုန်လျှော်ကြိုး ၊နိုင်လွန်ချည်အစရှိသည့်ပစ္စည်းများတင်သွင်းမှုအတွက် သွင်းကုန်လိုင်စင်များ မေလ(၁)ရက်မှစပြီး သွင်းကုန်လိုင်စင်ရှိရန် လိုအပ်လာမည် ဖြစ်သည်။
ယခု တတိယအဆင့်အဖြစ် H.S Code 6 digit ဖြင့် ကုန်စည်(၅၃၆)လိုင်း သို့မဟုတ် H.S Code 10 digit ဖြင့် ကုန်စည်(၁၁၃၁)လိုင်းကို သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုအပ်လာမည်ဖြစ်သည်ဟု ဆိုသည်။
သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုသော ကုန်စည်လိုင်းများကို HS Code 10 digit အရ ကုန်စည် (၃၀၇၀)၊ (၈၂၆) နှင့် (၁၄၁) လိုင်း တို့ကို ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ (၁၈/၂၀၂၁)၊ (၁/၂၀၂၂)နှင့်(၂/၂၀၂၂)တို့ဖြင့် အသီးသီးထုတ်ပြန်ထားပြီးဖြစ်ကြောင်းလည်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 25 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 851 of 2057