Published 29 December 2023
Mister Supranational Myanmar 2024 ပြိုင်ပွဲကြီးတွင်ပါဝင်ယှဉ်ပြိုင်ရန်အတွက် အမျိုးသားပြိုင်ပွဲဝင်များကို တရားဝင်ဖိတ်ခေါ်လိုက်ပြီဖြစ်ကြောင်း Missosology Myanmar မှသိရသည်။
အသက် (၁၈)နှစ်ပြည့်ပီး (၃၂)နှစ်ထက်မကျော်သည့် မြန်မာတစ်နိုင်ငံလုံးရှိ အမျိုးသားများ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိပြီး၂၀၂၄ခုနှစ် ဇန်နဝါရီလ၃၁ရက်နောက်ဆုံးထားပြီး ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။
ပထမဆုံးအကြိမ်ခမ်းနားကြီးကျယ်စွာကျင်းပမည့် Big (5) စာရင်းဝင် Mister Supranational Myanmar 2024 ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် အမည် ၊မွေးသက္ကရာဇ် ၊အရပ်အမြင့် ၊
ပညာအရည်အချင်း ၊မှတ်ပုံတင်အမှတ် ၊ဓာတ်ပုံ (မျက်နှာပုံ/တစ်ကိုယ်လုံးပုံ)ဆက်သွယ်ရမည့် ဖုန်းနံပါတ် စသည်တို့ကို ပြည့်စုံစွာရေးသားပြီး Supranational Myanmar ယခု Missosology MyanmarPage Messenger (or) Google Form link သို့အရင်ဦးစွာ ပေးပို့လျှောက်ထားနိုင်ကြောင်သိရသည်။
မြန်မာကိုယ်စားပြု Miss Supranational 2024 အဖြစ် အလှမယ်ဒီးကို ရွေးချယ်ထားပြီဖြစ်ပြီး မြန်မာကိုယ်စားပြု Mister Supranational 2024ကို ထပ်မံရွေးချယ်ပြီး နိုင်ငံတကာစင်မြင့်ထက်တွင် ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။
Yangon_Times/tthl
Published 29 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
"ဇန်နဝါရီလထဲမှာ အယ်နီညိုသက်ရောက်မှုကြောင့် အချိန်အခါမဟုတ် မိုးရွာတာတွေကြုံနိုင်သလို ရန်ကုန်၊ပဲခူး၊ဧရာဝတီစတဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေကတော့ အခြားဒေသတွေလောက် မအေးနိုင်ဘူး"
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးလှထွန်း
Yangon_Times/tthl
Published 29 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
လမ်းပန်းဆက်သွယ်ရေးအခက်ခဲကြောင့် ယခင်လပိုင်းတွေက ဈေးကွက်အတွင်း ကုန်အ၀င်အလွန်နည်းခဲ့တဲ့ တရုတ်မှ တင်သွင်းတဲ့ ကြူကုတ်ကြက်သွန်ဖြူနဲ့ အာလူးဟာ ကုန်ဝင်ရောက်မှု ပြန်များလာတယ်လို့ ကုန်သည်တွေထံက သိရပါတယ်။
Yangon_Times/LW
Published 29 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
Published 29 December 2023
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရိုးလေးရှိ သာဓုဓမ္မဘုန်းတော်ကြီးသင်ပညာရေး (မိဘမဲ့ပရဟိတ) ကျောင်းပိုင်ကားအား အွန်လိုင်းတင်ရောင်းချခဲ့ရာ လာရောက်ဝယ်သူက စမ်းသပ်မောင်းနှင်စဉ် ကားလုယူထွက်ပြေးသွားကြောင်း သာဓုဓမ္မဘုန်းတော်ကြီးသင်ပညာရေး (မိဘမဲ့ပရဟိတ)ကျောင်းမှ သိရသည်။
သာဓုဓမ္မဘုန်းတော်ကြီးသင်ပညာရေး (မိဘမဲ့ပရဟိတ) ကျောင်း ပြုပြင်ရန်လိုအပ်သည့်အတွက် ဒီဇင်ဘာ ၂၈ ရက် (ယမန်နေ့)တွင် ကျောင်းပိုင် MISUBISHI EXTRA CUP ကားအမျိုးအစားအား ကျပ်သိန်း ၁၃၀ ဖြင့် ရောင်းချရန် အွန်လိုင်းလူမှုကွန်ရက်ပေါ်တွင် ရောင်းချရန်တင်ထားခဲ့ခြင်းဖြစ်ပြီး အွန်လိုင်းမှတစ်ဆင့် ကားဝယ်ယူလိုကြောင်း ဆက်သွယ်လာကာ ဒီဇင်ဘာ ၂၉ ရက် (ယနေ့) နံနက် ၁၀ နာရီခန့်တွင် ကားစမ်းသပ်မောင်းနှင်စဉ် ယခုကဲ့သို့ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။
' သူကပိုက်ဆံပါတယ်ဆိုတဲ့ အိတ်လေးတစ်လုံးပေးထားခဲ့တယ်။ သိမ်းပေးထားပါ ခဏလေးမောင်းကြည့်ဦးမယ်ဆိုပြီးဒါယကာတစ်ယောက်ထည့်ပေးလိုက်တာ။ ဒညင်းကုန်ဈေးကျော်၊ မီးပွိုင့်ကျော် တပ်မတော်ဂေါက်ကွင်းထဲဝင်ပြီးတော့ အဲဒီဒါယကာကို ထားခဲ့ပြီး သူငယ်ချင်းဆီ ပိုက်ဆံသွားယူမယ်ဆိုပြီး ထွက်သွားတာ ပြန်မလာတော့တာပါပဲ။ အိတ်ထဲဖွင့်ကြည့်တော့လည်း မုန့်တွေပဲ ပါတယ်'ဟု သာဓုဓမ္မဘုန်းတော်ကြီးသင်ပညာရေး (မိဘမဲ့ပရဟိတ)ကျောင်းမှ ဆရာတော်ကမိန့်ကြားသည်။
လက်တလောတွင် သက်ဆိုင်ရာ ရိုးလေး နယ်မြေဥက္ကဋ္ဌမှတစ်ဆင့် ထန်းတပင်မြို့နယ်ရဲစခန်းသို့ တိုင်ကြားကာ အမှုဖွင့်လှစ်ထားပြီး မြို့ဝင်မြို့ထွက်ဂိတ်များကိုလည်း အကြောင်းကြားခြင်းနှင့် လိုက်လံရှာဖြွေခင်းတို့ကို ဆောင်ရွက်နေကြောင်း သိရသည်။
Yangon_Times/tthl
Published 29 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
Published 29 December 2023
လှိုင်သာယာနှင့်ပဲခူးတွင် ဓာတ်အားခွဲရုံအသစ်များတည်ဆောက်နေပြီး တည်ဆောက်မှု(၆၈)ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနမှသိရသည်။
အဆိုပါစီမံကိန်းလုပ်ငန်းများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့်အဖွဲ့ဝင်များသွားရောက်ကြည့်ရူစစ်ဆေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ယခုကာလသည် ပွင့်လင်းရာသီဖြစ်ပြီး စပါးသီးနှံများ ရိတ်သိမ်းပြီးချိန်ဖြစ်သည့်အတွက် မြေသားလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကြိုးဆွဲခြင်း လုပ်ငန်းများအတွက် လိုအပ်သော အထောက်အကူပစ္စည်းများ ကြိုတင်ပေးပို့ခြင်း၊ စီမံကိန်းတွင် အသုံးပြုမည့် အထောက်အကူပစ္စည်းများ ကြိုတင်သယ်ယူပို့ဆောင်ခြင်းလုပ်ငန်းများကို ကြိုတင်ဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ ဆောင်ရွက်လျက်ရှိသည့် မြို့ပြလုပ်ငန်းများကိုလည်း ဝန်ထမ်းအင်အား၊ စက်ယန္တရားအင်အား၊ လုပ်ငန်းဆောင်ရွက်ချိန်များကို ပိုမိုတိုးချဲ့စုဖွဲ့၍ ဟန်ချက်ညီ ပြီးစီးနိုင်ရေး အင်တိုက်အားတိုက် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ဆောင်ရွက်ရန် ကျန်လုပ်ငန်းများအလိုက် ပြီးစီးရမည့်အချိန်ဇယားများ ရေးဆွဲထား၍ ၎င်းအချိန်ဇယားများအတိုင်း သတ်မှတ်ချိန်ပြီးစီးနိုင်ရေး အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားပြီး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေသော ဝန်ထမ်းများကို ဂုဏ်ပြုသစ်သီးခြင်းများ ပေးအပ်ကာ စီမံကိန်းလုပ်ငန်းခွင်အတွင်း ထရန်စဖော်မာများနှင့် Shunt Reactor တပ်ဆင်နေမှု၊ Hybrid Gas Insulated Switchgear (HGIS) တပ်ဆင်နေမှုနှင့် Control Build-ing တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
၅၀၀ ကေဗွီ လှိုင်သာယာ (အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံနှင့် ၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံစီမံကိန်းများသည် ယခုအခါ စီမံကိန်းလုပ်ငန်းများ၏ ၆၈ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကာ ၂၀၂၄ ခုနှစ်အတွင်း စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Yangon_Times/tthl
Published 29 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
Published 29 December 2023
ထိုင်းနိုင်ငံသို့ သွားရောက်မည့် မြန်မာ MOU လုပ်သားများအနေဖြင့် ကြုံတွေ့ရသည့်အခက်အခဲများအား ဝန်ကြီးဌာနသို့ တိုက်ရိုက်တင်ပြနိုင်ပြီး ညှိနှိုင်းဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန မှ သိရသည်။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ရွှေ့ပြောင်းလုပ်သားလုပ်ငန်းစဉ်များကို တိုက်ရိုက်ကြီးကြပ်ရခြင်းဖြစ်သည့်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ၊ လိုအပ်သည့် ဦးစီးဌာန လုပ်ငန်းအဖွဲ့အစည်းများနှင့်လည်းဆက်စပ်၍ ရွှေ့ပြောင်းလုပ်သားများသွားသည့် ခရီးလမ်းကြောင်း အဆင်ပြေစေရန်၊ အတတ်နိုင်ဆုံး သွားရမည့်ရက်များတွင် အချိန်ကိုက်သွားနိုင်စေရန်၊ အချိန်တိုအတွင်းသွားနိုင်ရန်အတွက် အားလုံးပေါင်းစပ်ညှိနှိုင်း၍ အတက်နိုင်ဆုံး ပြေလည်အောင် ဝန်ဆောင်မှုပေးကာ ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
"ဒီကြားထဲကနေ အခက်အခဲတွေ၊ မပြေလည်မှုတွေ ရှိရင်လည်း အလုပ်သမားဝန်ကြီးဌာနကို တိုက်ရိုက်ဆက်သွယ်ပြီး ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ အခြေအနေတွေကို တင်ပြလာရင်လည်း ကျွန်တော်တို့ ပေါင်းစပ်ညှိနှိုင်းပြီးတော့ ဖြေရှင်းဆောင်ရွက်ပေးသွားမယ်ဆိုတာကို အသိပေးပြောကြားလိုပါတယ်"ဟုအလုပ်သမားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းကပြောသည်။
လတ်တလောတွင် ထိုင်းနိုင်ငံသို့ MOU လုပ်သားစေလွှတ်ရာတွင် အဓိကလမ်းကြောင်းဖြစ်သည့် မြဝတီလမ်းပိုင်းသည် အခက်အခဲရှိနေသော်လည်း ပုံမှန်အတိုင်းစေလွှတ်နေကြောင်း၊အလားတူ ရန်ကုန်-ကော့သောင်းလေယာဉ်နှင့်ကော့သောင်း-ရနောင်းရေယာဉ်ဖြင့်လည်း ထိုင်းနိုင်ငံသို့ MOU လုပ်သားစေလွှတ်လျက်ရှိကြောင်း၊ ယင်းကြောင့် MoU လုပ်သားနှင့်ပတ်သက်၍လုံးဝရပ်တန့်သွားသည့်အနေအထားမရှိကြောင်း သိရသည်။
ထို့အပြင် မြဝတီဘက်မှ ထိုင်းနိုင်ငံသို့ MoU လုပ်သားများသွားလာရန်ခက်ခဲလာပါကလည်း ရန်ကုန်-ကော့သောင်း-ရနောင်း လမ်းကြောင်း မှ လည်း လက်ခံမည့် လုပ်ငန်းစဉ်များဆောင်ရွက်ပေးမည်ဖြစ်ကြောင်းတစ်ဖက်နိုင်ငံမှပြောဆိုထားကြောင်းသိရသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများအများဆုံးသွားရောက်သည့် နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင် တရားဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၄ သန်းခန့်ရှိပြီး ယင်းမှ MoU လုပ်သား ၁၅ သိန်းခန့်ရှိကြောင်း ထိုင်းအစိုးရ၏ ဖော်ပြချက်များအရ သိရသည်။
Yangon_Times/NN
Published 29 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
Published 29 December 2023
စင်ကာပူရောက် မြန်မာများ Pay2Home Application ဖြင့် လွယ်ကူလျင်မြန် စွာဖြင့် ငွေလွှဲနိုင်ပြီဖြစ်ကြောင်း CB Bank ကသိရသည်။
အဆိုပါ Pay2Home Money Transferသည် စင်ကာပူနိုင်ငံရောက် မြန်မာများ အတွက် မိသားစုနှင့် မိတ်ဆွေများ ထံ ငွေလွှဲနိုင်ရာတွင် လွယ်ကူလျင်မြန်စေနိုင်မည်ဖြစ်ကြောင်း သိရသည်။
Pay2Home ဖြင့် ငွေလွှဲပါက Application မှလည်း အလွယ်တကူ လွှဲပို့နိုင်သလို Pay2Home Money Transfer Machine (MTM) ကိုလည်း အသုံးပြုပြီးလည်း CB Bank သို့ အချိန်နှောင့်နှေးကြန့်ကြာမှုမရှိဘဲ Special Account နှင့် Normal Savings Account များအတွင်းသို့ လွှဲပို့နိုင်မည်ဖြစ်ကြောင်းသိရသည်။
ထိုသို့ လွှဲပို့ရာတွင် မှတ်ပုံတင်နှင့် လျှို့ဝှက်ကုတ် (၇) လုံးပြပြီး CB Bank ၏ ဘဏ်ခွဲတိုင်းမှာလည်း လွယ်ကူစွာ ငွေထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ Pay2Home Application အားhttps://onelink.to/cbpay2home မှတဆင့် download ရယူနိုင်ကြောင်းသိရသည်။
Yangon_Times/NN
Published 29 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
' ပေ၂၁၀၀အောက်ချိုင့်ဝှမ်းက သဘာဝကျောက်စက် ရေသွယ်တန်းဆွဲရတာ ၊ကြားထဲမှာရေကန်လေးဆင့်ခံရမယ် ၊သွယ်တန်းမယ့် ပိုက်အရှည် ၂၂၆၂ပေနဲ့ ရေကန်လေးခု အလှုရှင် လိုအပ်နေပါတယ်၊ ပိုက်တစ်ပေ ငါးထောင်ကျပ်နဲ့ ပါဝင် လှုဒါန်းနိုင်ပါတယ် ' စခန်းလေးဘောဂသိဒ္ဓိတောရကျောင်းဆရာတော် ဦးနန္ဒသာမိ
Yangon_Times/NN
Published 29 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
ယခင်ကတော့ငှက်Guideတွေနဲ့ ငှက်ကြည့်ပညာရှင် စာရင်းပြုစုတဲ့သူလာတယ် ကိုဗစ်နောက်ပိုင်းကတည်း လာတဲ့ သူ အလွန်နည်းသွားတယ်၊ အပန်းဖြေလာရောက် လည်ပတ်တဲ့သူဘဲများတယ်။ ဆောင်းခိုငှက်ကြည့်ဖို့ လာမယ့်သူတွေ အတွက်လည်း ပြင်ဆင်ထားပေးပါတယ်၊ အပန်းဖြေမယ့်သူတွေ အတွက်လည်း လာမယ့် Happy New အတွက် Tent တွေနဲ့ ညအိပ်တည်းခိုနိုင်ဖို့ စီစဉ်ထားတာတွေ ရှိပါတယ်။
Yangon_Times/LW
Published 29 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
‘လူပုဂ္ဂိုလ်တစ်ဦးချင်းစီအတွက်တော့ မှတ်ပုံတင်ကြေး ၃၀၀၀၀၊ သက်တမ်းတိုးကြေး ၃၀၀၀၀ ၊ပြင်ဆင်ကြေး တစ်ချက်လျှင် ၃၀၀၀ သတ်မှတ်ထားတယ်။ ၂၀၂၄ခုနှစ် ၊ဇန်နဝါရီလ ၁ရက်မှ စတင်ခွင့်ပြုမယ့် မှတ်ပုံတင်တွေကို သက်တမ်း၂နှစ်အထိ ခွင့်ပြုသွားမယ်’ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
Yangon_Times/tthl
Published 29 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
Published 29 December 2023
ပိုးသတ်ဆေးဥပဒေပါပြဋ္ဌာန်းချက်များကို လိုက်နာမှုမရှိသူများ၊ ဖောက်ဖျက်ကျူးလွန်သူများ လျော့နည်းပပျောက်သွားသည်အထိ ပိုးသတ် ဆေးဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်ကပြောကြားသည်။
နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ကျင်းပခဲ့သောပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၁) ကြိမ်မြောက်အစည်းအဝေးတွင်ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ပိုးသတ်ဆေးများကို မဆင်မခြင်သုံးစွဲလာခြင်းကြောင့် ပိုးမွှားမဟုတ်သော ပိုးကောင်များ ထိခိုက်သေကျေစေခြင်း၊ ဖျက်ပိုးများကို ကာကွယ်သော မိတ်ဆွေပိုးများ၊ ငှက်များ၊ ငါးများနှင့် နို့တိုက်သတ္တဝါများ သေကျေ၍ ကွင်းဆက်များ ပျက်စီးခြင်း၊ ရေနှင့်သဘာဝပတ်ဝန်းကျင် ညစ်ညမ်းခြင်း၊ မြေဆီလွှာအတွင်းရှိ တီကောင်အပါအဝင် ဇီဝမျိုးစုံနှင့် မြေဆီလွှာအာဟာရများပျက်စီးကာ မြေဆီလွှာကျန်းမာရေးကို ထိခိုက်စေကြောင်း သိရသည်။
ထို့ပြင် ပိုးသတ်ဆေးများ ကြိမ်ဖန်များစွာ ပက်ဖျန်းခြင်းကြောင့် ဖျက်ပိုးများက ပိုးသတ်ဆေးကို ခံနိုင်စွမ်းရည်ရှိလာကြ၍ နှိမ်နင်းရန် ခက်ခဲကြောင်း၊ ထို့ကြောင့် ပိုးသတ်ဆေးများကို သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့် မညီညွတ်ပါက မှတ်ပုံတင်ခွင့်ပေးမည်မဟုတ်ကြောင်း ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်ကပြောကြားသည်။
ထို့ကြောင့် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သော နည်းပညာအထောက်အကူရရှိရန် ကျွမ်းကျင်ပညာရှင်များ ပါဝင်သော နည်းပညာကော်မတီသို့ လိုအပ်သည့် သတင်းအချက်အလက်များကို ပြုစုတင်ပြခြင်း၊ စိစစ်သုံးသပ်အကြံပြုခြင်း၊ အရည် အသွေးစစ်ဆေးခြင်း၊ သီးနှံဖျက်ပိုးအပေါ် ထိရောက်စေနိုင်မှု (Efficacy) လူနှင့် အခြားအကျိုးပြုသတ္တဝါများအပေါ် အဆိပ်သင့်နိုင်မှု (Toxicity) များကို စိစစ်သုံးသပ် အကြံပြုခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်းယင်းကဆက်လက်ပြောကြားသည်။
ထို့နောက် အစည်းအဝေး တွင် ပိုးသတ်ဆေးနည်းပညာကော်မတီဝင်များ စိစစ်တင်ပြလာသော ပိုးသတ်ဆေးအမျိုးပေါင်း ၁၀၉ မျိုးကို အတည်ပြုပေးနိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
Yangon_Times/LW
Published 29 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
Published 29 December 2023
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီ သည် စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း သုံးခုနှင့် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်း နှစ်ခုကို အတည် ပြုပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီ ၁၂/၂၀၂၃ ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ရန်ကင်း မြို့နယ်၊ တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ယင်းအစည်းဝေးတွင် အဆိုပါ ရင်းနှီးမြူပ်နှံမှု များ ကို ပြုလုပ်ရန် အတွက် အတည်ပြုပေးခဲ့ကြောင်း သိရသည်။
အတည်ပြုပေးခဲ့သည့်လုပ်ငန်း များမှာ CMP စနစ်ဖြင့် အဝတ် အထည်မျိုးစုံချုပ်လုပ်၍ ပြည်ပ သို့ ရာခိုင်နှုန်းပြည့် တင်ပို့ခြင်း လုပ်ငန်း၊ နိုင်ငံတကာအဆင့်မီ တန်ဖိုး မြှင့်ဆန် ထုတ်လုပ်ရောင်းချ ခြင်းလုပ်ငန်း၊ ၁၀၀ ရာခိုင်နှုန်း ပြည်ပတင်ပို့မည့် ပဲအမျိုးမျိုး ကြိတ်ခဲသန့်စင် ထုတ်လုပ်ခြင်း လုပ်ငန်း၊ ပြည်တွင်း၌ ၁၀၀ ရာခိုင်နှုန်းရောင်းချမည့် ဆောက် လုပ်ရေးလုပ်ငန်းသုံး ကျောက် အမျိုးမျိုး ကြိတ်ခွဲရောင်းချခြင်း လုပ်ငန်းနှင့် CMP စနစ်ဖြင့် Wearing Apparel အမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်းတို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် မတည် ငွေရင်း ပမာဏမှာ ကျပ် ၈၉၅၀ ဒသမ ၂၃၈ သန်းနှင့် အမေရိကန် ဒေါ်လာ ၇ ဒသမ ၀၂၀ သန်း ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၁၇၁၉ ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
Yangon Times/LW
Published 29 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
Page 847 of 1931