#Local_News
Published 31 March 2024
လာမည့် ဧပြီ၁ရက်တွင်ကျင်းပမည့် ၆၁ ကြိမ်မြောက် ကျပ် ၁,၀၀၀ တန်အောင်ဘာလေ ထီလက်မှတ်ရောင်းရငွေ မှ ကျပ် ၅ ဘီလျံခွဲနီးပါးကျော်ရရှိပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။
ထိုသို့ရောင်းချရရာယခင်လထက်ကျပ်သန်း၆၀၀ကျော်ဖိုး ပိုမိုရောင်းချနိုင် ခဲ့ကြောင်းသိရသည်။
ယခု၆၁ ကြိမ်မြောက် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲတွင် စျ အက္ခရာတစ်လုံးပိုလာပြီး အက္ခရာ ၉ လုံး၏ ၇၅ ရာခိုင်နှုန်းရောင်းချရာတွင် ကျပ် ၅၅၂၂ ဒသမ ၇၆၀ သန်းရရှိခဲ့ပြီး ၇၀ ရာခိုင်နှုန်းကို ဆုကြေးအဖြစ်ပြန်လည်ချီးမြှင့်မည်ဖြစ်ရာ ကျပ် ၃၈၆၅ ဒသမ ၉၃၂ သန်းကို ဆုချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ၆၁ ကြိမ်မြောက် အောင်ဘာလေဆုအဖြစ် ကျပ်သိန်းငါးထောင် တစ်ဆု၊ ကျပ်သိန်းနှစ်ထောင် တစ်ဆု၊ ကျပ်သိန်းတစ်ထောင် တစ်ဆု၊ ကျပ်သိန်းငါးရာ လေးဆု၊ ကျပ်သိန်းနှစ်ရာ ငါးဆု၊ ကျပ်သိန်းတစ်ရာ ကိုးဆု၊ ကျပ်သိန်းငါးဆယ် ၁၂ ဆု၊ ကျပ်သိန်းနှစ်ဆယ် ၁၆ ဆု၊ ကျပ်ဆယ်သိန်း ၁၄ ဆုအပြင် ဝေဝေဆာဆာပဒေသာဆုအဖြစ် ကျပ်သုံးသိန်း ၃၀ ဆု၊ ကျပ်နှစ်သိန်း ၃၀၀ ဆု၊ ကျပ်တစ်သိန်း ၃,၀၀၀ ဆု၊ ကျပ်ငါးသောင်း ၂၀,၀၀၀ ဆု၊ ကျပ်တစ်သောင်း ၁၀၀,၀၀၀ ဆု ချီးမြှင့်ပေးသွားမည်ဖြစ်သည့် အပြင် ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း ၂၅၀ ကိုလည်း ကျပ်ဆယ်သိန်း လေးဆု၊ ကျပ်သုံးသိန်း ၂၀ ဆု၊ ကျပ်နှစ်သိန်း ၂၀၀ ဆု၊ ကျပ်တစ်သိန်း ၂,၀၀၀ ဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။
အောင်ဘာလေသိန်းဆုထီနှင့် အွန်လိုင်းထီတို့ကို ၅၅ ကြိမ်မြောက်မှစတင်၍ သီးခြားစီဖွင့်လှစ်ပေးခဲ့ပြီး ၆၁ ကြိမ်မြောက် ကျပ် ၁,၀၀၀ တန် အောင်ဘာလေ အွန်လိုင်းသိန်းဆု ထီလက်မှတ်များကို မတ်လ ၂၈ ရက် ည ၁၂ နာရီမတိုင်မီအထိ ရောင်းချခဲ့ပြီး ကျပ် ၁,၀၀၀ တန် အောင်ဘာလေ အွန်လိုင်းသိန်းဆုထီလက်မှတ်များ၏ စုစုပေါင်းရောင်းရငွေအပေါ် ရာခိုင်နှုန်း ၇၀ ကို ဆုမဲအဖြစ် ပြန်လည်ခွဲဝေချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ၆၁ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေထီဆုဖွင့်ပွဲကို ၂၀၂၄ ခုနှစ်၊ ဧပြီ ၁ ရက် မနက် ၈ နာရီအချိန်၊ အောင်ဘာလေအွန်လိုင်းသိန်းဆုထီဖွင့်ပွဲကို မနက် ၁၀ နာရီအချိန်၌ရန်ကုန်မြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
#Local_News #ထီလက်မှတ်ရောင်းရငွေ #YMG/ NN #Yangon-Times
၃၁ မတ် ၂၀၂၄
ရုရှားသမ္မတ ဗလက်ဒီမာပူတင်က နွေဦးရာသီပုံမှန်စစ်မှုမထမ်းမနေရ အစီအစဉ်အရ ရုရှားနိုင်ငံသား တစ်သိန်းငါးသောင်းကို ခေါ်ယူမယ့် အမိန့်ကိုလက်မှတ်ရေးထိုးလိုက်တဲ့စာရွက်စာတမ်းကို ကရင်မလင်ဝက်ဘ်ဆိုက်မှာ တနင်္ဂနွေနေ့က ထုတ်ပြန် လိုက်ပါတယ်။
အမိန့်အရ ရုရှားမှာရှိတဲ့ အသက်၁၈နှစ့်အထက် အမျိုးသားတွေဟာ တစ်နှစ်ကြာ စစ်မှုထမ်းခြင်း ဒါမှမဟုတ် အဆင့်မြင့်ပညာ သင်ကြားနေစဉ်အတွင်း ယင်းနှင့်တန်းတူတဲ့ သင်တန်း တက်ရောက်ဖို့ လိုအပ်မှာြဖစ်ပါတယ်။ အသက် ၁၈နှစ်နှင့် အသက် ၃၀ အကြားရှိ ရုရှားနိုင်ငံသားတွေ လက်ရှိ အရန်အင်အားမှာရှိနေသူများကလွဲ၍ အားလုံးဟာ စစ်မှုမထမ်းမနေရ အစီအစဉ်မှာ အကျုံးဝင်ကြပါတယ်။
ပြီးခဲ့တဲ့နှစ် ဇူလိုင်လကရုရှားရဲ့ အောက်လွှတ်တော်ဟာ စစ်မှုမထမ်းမနေရ အမျိုးသားများရဲ့ အမြင့်ဆုံးအသက်သတ်မှတ်ချက် ကို အသက် ၂၇ နှစ်မှ အသက်၃၀ သို့ တိုးမြှင့်သတ်မှတ်ဖို့ မဲပေးဆုံးဖြတ်ခဲ့ပြီး အဲဒီပြဋ္ဌာန်းချက်ဟာ ၂၀၂၄ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ စတင်အသက်ဝင်ခဲ့ပါတယ်။
စစ်မှုမထမ်းမနေရဖြင့် အမှုထမ်းကြရသူတွေဟာ ရုရှားနိုင်ငံအပြင်ဘက်မှာ စစ်တိုက်ဖို့ ဥပဒေအရ ခွင့်မပြုပါဘူး။ ပြီးတော့ ယူကရိန်းနှင့်စစ်ပွဲမှာလည်း အဲဒီသူတွေကို ချန်လှပ်ပေးခဲ့ပါတယ်။ ဒါပေမယ့် မှားယွင်းပြီးပါသွားသူ အချို့တော့ရှိခဲ့ပါတယ်။
ရုရှားဟာ တစ်နှစ်မှာ နှစ်ကြိမ် စစ်မှုမထမ်းမနေရဆင့်ခေါ်ပါတယ်။ နွေဦးရာသီတစ်ကြိမ် ဆောင်းဦးရာသီ တစ်ကြိမ်ဖြစ်ပါတယ်။ ၂၀၂၃ ဆောင်းဦးရာသီမှာ လူပေါင်း ၁၃၀,၀၀၀ စစ်မှုထမ်းဖို့စာရင်းသွင်းခဲ့ကြတာတွေ့ရပါတယ်။
Source Reuters /Xinhua
'တစ်ပတ်တာအတွင်းဓာတ်ဆီနှင့်ဒီဇယ်ဈေးအနည်းငယ် အတက်အကျရှိနေပြီး ခရီးသွားကာလဖြစ်ပြီးသင်္ကြန်ကာလလည်းနီးကပ်လာပြီဖြစ်တာကြောင့် အရောင်းအဝယ်ကောင်းနေတယ်လို့ ရန်ကုန်စက်သုံးဆီဈေးကွက်က သိရပါတယ်။'
#Local_News
Published_ 31 March 2024
#သင်္ကြန်ကာလ #စက်သုံးဆီအရောင်းအဝယ်ကောင်း
#YMG/NN #Yangon_Times
#World_Health
Published 31 March 2024
ပါးစပ်ထဲက သွားတွေ ခံတွင်းတွေမှာကပ်နေတဲ့ ဘက်တီးရီးယားတွေဟာ သွားတွေဆုံးရှုံးစေရုံမက သွေးလက်ဖက်နာရောဂါ၊ ခံတွင်းခြောက်သွေ့ခြင်း၊ ကိုယ်ခံအားကျဆင်းခြင်း Sjogren ဆင်ဒရုန်းရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ဆီးချိုတို့ ဖြစ်နိုင်ခြေများစေပါတယ်။
ဒါကြောင့် ဘက်တီးရီးယား ကင်းစင်နေစေရန် ခံတွင်းသန့်ရှင်းရေး ပုံမှန်ပြုလုပ်ဖို့ အရေးကြီးပါတယ်။
ဟီဘရူးတက္ကသိုလ် ခံတွင်းကျန်းမာရေး သုတေသနရဲ့ လေ့လာချက်အရ ကြွက်တွေမှာ ခံတွင်းဘက်တီးရီးယားတွေနဲ့ ကင်ဆာဖြစ်နိုင်ခြေတို့ကြား ဆက်စပ်မှုကြီးကို တွေ့ရှိခဲ့ကြပါတယ်။
Porphyromonas gingivalis လိုမျိုး ခံတွင်းဘက်တီးရီးယားနဲ့ ပန်ကရိယကင်ဆာ ဆိုးရွားလာခြင်းတို့ကြား ဆက်စပ်မှုကို လေ့လာခဲ့ကြပါတယ်။
သုတေသီတွေက ကြွက်တွေကို အသုံးပြုပြီး အဆိုပါ ဘက်တီးရီးယားမျိုးစိတ် ခံတွင်းကနေ ပန်ကရိယသို့ ကူးပြောင်းသွားပုံကို လေ့လာခဲ့ကြပါတယ်။
ဘက်တီးရီးယားတွေက ကျန်းမာတဲ့ကြွက်တွေရဲ့ သွားဖုံးတွေမှာ ကပ်ငြိပြီးနောက် ပန်ကရိယထဲမှာလည်း တွေ့ရှိရကာ ကြာရှည်စွာရှိနေပါက ပန်ကရိယမှာ အပြောင်းအလဲ ဖြစ်လာပြီး ပိုးမွှားမျှခြေကို ထိခိုက်လာပါတယ်။
ဒါ့အပြင် အစောပိုင်း ပန်ကရိယပုံမှန်မဟုတ်တဲ့ ကြွက်တွေမှာ ပန်ကရိယကင်ဆာကို ဖြစ်နိုင်ခြေများလာပြီး ဘက်တီးရီးယားတွေက ပန်ကရိယထဲမှာ အသက်ရှင်ကျန်နေကာ ပန်ကရိယကင်ဆာဆဲလ်များ ကြီးထွားမှုကို ထောက်ပံ့ပေးပါတယ်။
ဒီလိုလေ့လာခြင်းဟာ ရောဂါဖြစ်လာနိုင်ခြေကို သိရှိစေရုံမက ကာကွယ်ကုသမှုများလည်း တွေ့ရှိလာနိုင်ပါတယ်။
လေ့လာချက်များအရ သွားဖုံးရောဂါဟာ ပန်ကရိယကင်ဆာ ဖြစ်နိုင်ခြေနဲ့ တကယ်ဆက်စပ်နေပုံကို ဖော်ပြနေပါတယ်။
ဒီလေ့လာချက်ဟာ တိရိစ္ဆာန်တွေမှာ ဘက်တီးရီးယားက ပန်ကရိယကင်ဆာ ဖြစ်နိုင်ခြေများတာကို ဆန်းစစ်ကြတာဖြစ်ပြီး ဖြစ်ရတဲ့အကြောင်းအရင်းများကို လေ့လာစစ်ဆေးတာ ဖြစ်ပါတယ်။
#World_Health #ခံတွင်းဘက်တီးရီးယား ပန်ကရိယကင်ဆာဖြစ်နိုင် #Source: The Jerusalem Post
သင်္ကြန်အကြိုနေ့မှာရခိုင်ရိုးရာနံ့သာသွေးပွဲနဲ့ ဘုရားရေသပ္ပာယ်ပွဲကို ရခိုင်ဓမ္မာရုံမှာ ကျင်းပဖို့ရှိပြီး ဘုန်းကြီး(၅)ပါးပင့်ဖိတ်လှူဒါန်းသွားဖို့ရှိတယ်။ ဒီနှစ်တော့ အကျဉ်းချုန်းပဲကျင်းပဖို့ရှိပါတယ်။ (ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဥက္ကဌ ဦးသန်းမောင်)
#Local_News
Published_ 31 March 2024
#ရခိုင်ရိုးရာနံ့သာသွေးပွဲ #ဘုရားရေသပ္ပာယ်ပွဲ
#tthl #Yangon_Times
#World_Technology
Published 31 March 2024
ခွဲစိတ်စရာမလိုဘဲ ခံတွင်းကင်ဆာရှာဖွေနိုင်မယ့် ချိုချဥ်ငုံစုပ်ကို သိပ္ပံပညာရှင်များ ဖန်တီးနေကြပါတယ်။
နှာခေါင်း ပါးစပ်တို့ကနေ ကင်မရာထည့်ပြီး အသားစရယူခြင်းလိုမျိုး မသက်မသာဖြစ်ရတဲ့ နည်းလမ်းတွေကို အသုံးပြုစရာ မလိုတော့ပါဘူး။
ယခင်က နည်းလမ်းဟောင်းတွေဟာ အချိန်ကုန်ပြီး လူနာကျင်ရသလို ကျွမ်းကျင်မှုရှိဖို့လည်း လိုပါတယ်။
ဘာမင်ဂမ်တက္ကသိုလ်မှ ထုတ်လုပ်တဲ့ ဟိုက်ဒရိုဂျယ်လ်ဖြင့် ချိုချဥ်တွေကို ပြုလုပ်ထားတာ ဖြစ်ပါတယ်။
ချိုချဥ်ငုံစုပ်တံကို လူနာများ စားသုံးခြင်းဖြင့် တံတွေးတွေက ဟိုက်ဒရိုဂျယ်လ်မှာ ကပ်ငြိကာ ကင်ဆာရှာဖွေဖို့ အမှတ်အသားများ ဖြစ်လာမယ့် ပရိုတိန်းတွေကိုပါ ဖမ်းယူထားပါတယ်။
ဒီနည်းပညာက စိတ်လှုပ်ရှားစရာကောင်းပြီး နောက်တစ်ဆင့်တက်လှမ်းရန် မစောင့်နိုင်တော့ဘူးလို့ တွဲဖက်ပရော်ဖက်ဆာ ဒေါက်တာ ရူချီဂူ့ပ်တာက ပြောပြခဲ့ပါတယ်။
ယူကေကင်ဆာသုတေသနရှိ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာလိန်းဖော့ခ်စ်က လက်ရှိရောဂါရှာဖွေရေး နည်းလမ်းများက မသက်မသာဖြစ်စေတာကို အသိအမှတ်ပြုလိုက်ပြီး ဆန်းသစ်နည်းလမ်း ထွက်ပေါ်လာမှာကို မျှော်လင့်နေပါတယ်။
ထိုနည်းလမ်းဟာ တိကျစွာ ရောဂါရှာဖွေရေးမှာကော လူနာသက်တောင့်သက်သာ ရှိမှုမှာပါ တိုးတက်စေနိုင်မှာ ဖြစ်ပါတယ်။
#World_Technology #ခံတွင်းကင်ဆာရှာဖွေရေး #သိပ္ပံပညာရှင်များတီထွင် #Source: WION
ပြည်တွင်းစစ်အတွင်းထောင်ခဲ့ကြသည့် မြေမြှုပ်ဗုံးများသည် ယီမင်မှအပြစ်မဲ့ပြည်သူများကို ဆက်လက်ခြိမ်းခြောက်လျက်ရှိ
ယီမင်နိုင်ငံမှာ ပြည်တွင်းစစ်ကာလအတွင်း ပြိုင်ဘက်အဖွဲ့အစည်းများမှ ထောင်ထားခဲ့တဲ့ မြေမြှုပ်ဗုံးတွေဟာ ယခုထက်ထိ ဒေသခံများကို ဒုက္ခပေးနေဆဲ ဖြစ်ပါတယ်။
#World_News
Published_ 30 March 2024
#ယီမင်မှအပြစ်မဲ့ပြည်သူများ #မြေမြှုပ်ဗုံး
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 30 March 2024
၁။ ခရမ်းချဉ်သီးတစ်ပိဿာ ကျပ် ၁၀၀၀ ကျော်သို့ ဈေးပြန်မြင့်တက်လာ
၂။ တက္ကသိုလ်ဝင်စာမေးပွဲပြန်ဖြေဆိုရမည့်ရက်နှင့် စာစစ်ဌာနများကို ထုတ်ပြန်
၃။ လေပတ်ကားရွှေရောင်းဝယ်သူများဟု သံသယရှိသူများအား ခေါ်ယူစစ်ဆေးလျှက်ရှိဟုဆို
၄။ ပြည်တွင်းစစ်အတွင်းထောင်ခဲ့ကြသည့် မြေမြှုပ်ဗုံးများသည် ယီမင်မှအပြစ်မဲ့ပြည်သူများကို ဆက်လက်ခြိမ်းခြောက်လျက်ရှိ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#Local_News
Published_ 30 March 2024
ယနေ့မတ်လ(၃၀)ရက်တွင်လည်း ဈေးကွက်ပေါက်ဈေး ကျပ်၃၈သိန်းကျော်ဖြင့် ရွှေဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ရွှေဈေးနှုန်းအပြောင်းအလဲမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း (YGEA)၏ထုတ်ပြန်ချက်အရ သိရသည်။
ရွှေဆိုင်ကြီး(၇)ဆိုင်မှ ရွှေဈေးအတိုင်း YGEA ဈေးကွက်ဈေးနှုန်း (Market Rate)ကို တစ်နေ့သုံးကြိမ်ဖော်ပြ လျက်ရှိရာ ရွှေဈေးနှုန်းအခြေအနေမှာ ၁၆ ပဲရည် ရွှေ ၁ ကျပ်သား လျှင် ၃,၈၃၄,၈၀၀/- ကျပ်ဖြစ်ပြီး ရွှေဈေးကွက်ဈေးနှုန်းသည် ယနေ့မတ်လ(၃၀)ရက်ထုတ်ပြန်သည့် (၃) ကြိမ်အတွင်း ပြောင်းလဲမှုမရှိဟုဆိုသည်။
ယင်းကဲ့သို့ ဈေးနှုန်းအပြောင်းအလဲမရှိသော်လည်း ရွှေဈေးကွက်ကို ကမောက်ကမဖြစ်စေလိုသော မသမာသူများနှင့် လေပတ်ကား ရောင်းဝယ် သူများ/ ပွဲစားများသည် ရွှေဈေးနှုန်းများ မတန်တဆမြင့် တက်စေရန်အတွက် ဈေးကွက် အတွင်းတွင် အရောင်း အဝယ်မရှိသော ဈေးနှုန်းများကို သတင်းထုတ်လွှင့်ပြီး ဈေးကစားလျက်ရှိကြောင်းတွေ့ရှိရကြောင်း၊
ယင်းမသမာသော ဆောင်ရွက်ချက်များကို အသင်းမှကန့်ကွက်ရှုတ်ချကြောင်း ၊ အသင်းဝင်များသည်လည်း ယင်းမသမာမှုများတွေ့ရှိပါက သက်ဆိုင်ရာတရား ဥပဒေစိုးမိုးရေးအဖွဲ့အစည်းများထံ သတင်းပေးပို့သွားရမည်ဖြစ်ကြောင်း။
ရန်ကုန်မြို့ရှိ ရွှေဈေးကွက်တွင် လေပတ်ကားရောင်းဝယ် ဆောင်ရွက်နေသည်ဟု သံသယရှိသူများကို တာဝန်ရှိအဖွဲ့အစည်းများက ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း သိရှိရကြောင်း၊
ရွှေဆိုင်များနှင့် မိဘပြည်သူများအနေဖြင့်လည်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များ အသင်းက ထုတ်ပြန်သော ဈေးကွက်ရွှေဈေးနှုန်းအတိုင်းသာ ရောင်းဝယ်ကြရန်နှင့် လေပတ်ကား ရောင်းဝယ်သူများ/ ပွဲစား များ၏ မသမာသော စိတ်ဓာတ်ဖြင့် ရွှေဈေးနှုန်း ကမောက်ကမဖြစ်စေရန် ဆောင်ရွက်မှုများတွင် ပါဝင် ပတ်သက် ခြင်းမရှိစေရေးထိန်းသိမ်းဆောင်ရွက်သွားရန် သတင်းထုတ်ပြန်ထားသည်။
အဖိုးတန်သတ္တုရောင်းဝယ်ရေး အသိအမှတ်ပြုမှတ်ပုံတင်လက်မှတ်၊ မြိုတော်စည်ပင်မှ ရွှေရောင်းဝယ် ခွင့်လုပ်ငန်းလိုင်စင်နှင့် ရွှေ အတုံး/အခဲ ရောင်းဝယ်ရေးလိုင်စင်များကို ခွင့်ပြုမိန့်လိုင်စင်လျှောက်ထားပြီး ရောင်း ဝယ်လုပ်ကိုင်ကြပါရန်လည်း အသိပေးအပ်ထားကြောင်း သိရသည်။
#Local_News #ရန်ကုန်ရွှေဈေးကွက် #သတ်မှတ်ဈေးနှုန်းကျပ်(၃၈)သိန်း #Tthl #Yangon_Times
#Local_News
Published 30 March 2024
သင်္ကြန်ကာလအတွင်းယာယီရပ်နားထားမည့် ရန်ကုန်မြို့ပတ်ရထားပြေးဆွဲခြင်းအား မြန်မာနှစ်ဆန်းတစ်ရက်နေ့မှစတင်၍ ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်ဘူတာကြီးမှ သိရသည်။
အဆိုပါ ရန်ကုန်မြို့ပတ်ရထားပြေးဆွဲခြင်းအားသင်္ကြန်အကြိုနေ့ဖြစ်သည့် ဧပြီလ ၁၃ ရက်မှ သင်္ကြန်အတက်နေ့ (ဧပြီလ ၁၆ ရက်) အထိယာယီရပ်နားထားမည်ဖြစ်သည်။
ထို့နောက် ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှစတင်၍ ပုံမှန်ပြေးဆွဲပေးသွားမည်ဖြစ်သည်။
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း၌ အခေါက်ရေ ၂၆ ခေါက်နှုန်း နေ့စဉ်ပြေးဆွဲလျက်ရှိပြီး ခရီးသည်ဦးရေလည်းတိုးတက်လျှက်ရှိကြောင်း သိရသည်။
#Local_News #နှစ်ဆန်းတစ်ရက်နေ့ #မြို့ပတ်ရထားပြေးဆွဲ #YMG/ NN #Yangon_Times
'ရွှေဈေးကွက်အတွင်းအရောင်းအဝယ်မရှိသည့် ဈေးနှုန်းများကို သတင်းထုတ်လွှင့်ပြီး ဈေးကစားနေပါတယ်၊ ရွှေဈေးကွက်အတွင်း လေပတ်ကားရွှေရောင်းဝယ်သူများဟု သံသယရှိသူများအား ခေါ်ယူစစ်ဆေးလျှက်ရှိပါတယ်'
#Local_News
Published_ 30 March 2024
#လေပတ်ကားရွှေရောင်းဝယ်သူ #သံသယရှိသူများအားခေါ်ယူစစ်ဆေး
#YMG/NN #Yangon_Times
တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုမှုကို ဧပြီလ(၂၉)ရက်ကနေ မေလ(၆)ရက်အထိ ဖြေဆိုရမှာဖြစ်တယ်။ စာမေးပွဲဖြေဖို့မှတ်ပုံတင်ထားပြီး လုံခြုံရေးအခြေအနေအရ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆို ခွင့်မရခဲ့သူတွေအတွက်ပြန်ဖြေခွင့်ရတယ်။ ဖြေဆိုခွင့်ပြုထားတဲ့စာစစ်ဌာန(၂၇)ခုအနက် မိမိတို့ဖြေဆိုလိုတဲ့ စာစစ်ဌာနတွေမှာ ဧပြီလ(၁၂)ရက် နောက်ဆုံးထားပြီး သတင်းပေးပို့ စာရင်းသွင်းထားရမှာ ဖြစ်တယ်၊၊
#Local_News
Published_ 30 March 2024
#တက္ကသိုလ်ဝင်စာမေးပွဲပြန်ဖြေဆို #စာမေးပွဲဖြေဖို့မှတ်ပုံတင်ထား
#tthl #Yangon_Times
Page 844 of 2058