#Health_Matters
Published_ 3 June 2023
- ယခုလည်းရာသီပြောင်းကာလဖြစ်ပါတယ်။ ဘာတွေကို သတိထားသင့်ပါသလဲ...??
#Health_Matters #ရာသီပြောင်းနှင့်ကျန်းမာရေးသတိ
#Dr.KML #YMG #Yangon_Media_Group
#Daily_News
Published_ 3 June 2023
၁။ ဗန်းမော်ဆရာတော်ကြီး၏ အရိုးဓာတ်ပြာကို ကရဝိက်ရေယာဉ်ဖြင့် ပင့်ဆောင်ပြီး ရေမျှောပူဇော်ရန် ကြိုတင်ပြင်ဆင်နေ
၂။ အခွန်နှုန်းထား အပြောင်းအလဲရှိမရှိ စောင့်ကြည့်နေရ၍ အိမ်ခြံမြေဈေးကွက်အရောင်းအေးခဲ့ ၊လာမည့်လမှအရောင်းအဝယ်ပြန်ဖြစ်နိုင်
၃။ အစိုးရပါဠိပထမပြန်စာမေးပွဲ အထူးအောင်သည့် ရဟန်းရှင်လူ(၂၁၉၉၀)ဦးရှိ
၄။ အမေရိကန် တွန်းအားပေးမှုကြောင့် အန္တရာယ်ရှိသည့် စစ်ကာကွယ်ရေးပြင်ဆင်မှုများ ဂျပန်အစိုးရလုပ်ဆောင်နေ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Health_Matters
Published_ 3 June 2023
- ရာသီပြောင်းကာလတွေမှာ ဘာဖြစ်လို့ ကျန်းမာရေးသတိရှိဖို့လိုတာလဲ...??
#Health_Matters #ရာသီပြောင်းနှင့်ကျန်းမာရေးသတိ
#Dr.KML #YMG #Yangon_Media_Group
Published 3 June 2023
Myanmar exports more than 100 tones of honey to the Asia market in April, the new lights of Myanmar reported.
Myanmar Apiculture division under the Livestock Breeding and Veterinary Department said more than 100 tones of honey worth US$ 0.15 million in in April of the current financial year 2023-2024, according to the report.
Myanmar shipped 60.3 tones of honey to Thailand and 40.11 tones to Japan, totaling 100.41 tones.
Myanmar’s honey was exported to China, the Republic of Korea, Japan, the US and Singapore. Bee husbandry business are widely seen in Sagaing region, Mandalay region , Magway region and Shan state, report said.
Myanmar produces variety of honey including sesame honey, jujube honey, Niger honey, Sunflower honey, lychee honey and flower honey. The harvest season of sesame honey usually begins in June.
Honey is highly used as an ingredient for making traditional medicines in the country.
State owned bee husbandry with 6,200 beehives and about 820 private own businesses with nearly 200,000 beehives operates across the country according to NLM’s report.
Myanmar annually produces about 7,000 tones of honey, with a production capacity of 70 pounds per beehive. Approximately 2,600 tones of honey are conveyed to foreign markets every year. Myanmar’s honey is priced at $1,600 per ton, report said.
More than 1,900 tones of honey were shipped to external markets in the 2022-2023 FY (April-March), with an estimated value of over US $2.8 million. Among them, 1,853.74 tones to foreign markets by sea and 63.44 tones to neighbouring countries via cross-border.
#YangonMediaGroup
#Honey_exports
#Myanmar_Business
#Local_News
Published_ 3 June 2023
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ စစ်တွေကမ်းနားလမ်း မြစ်ပြင်ထဲဆင်းသွား၍ပျောက်ဆုံးနေသည့် အစိုးရနည်းပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ရေထဲဆင်း၍ မိမိကိုယ်ကိုယ် သတ်သေကြောင်း ယူဆရ၍ ရှာဖွေမှုမှုများလုပ်ဆောင်နေကြောင်း မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းကသိရသည်။
အသက် ၄၅ နှစ်အရွယ်စစ်တွေနည်းပညာအထက်တန်းကျောင်းမှကျောင်းအုပ်ကြီး ဦးသိန်းနိုင်သည် ဇွန်လ ၂ရက် မွန်းလွဲ၁၂နာရီခွဲကျော်အချိန်တွင် ကမ်းနားလမ်းရှိ တြိဂံလမ်းဆုံနှင့်စစ်တွေဖောင်တော်ဟောင်းလမ်းကြားရှိကျောက်တန်းရှိသည့်နေရာ မြစ်ပြင်သို့ တစ်ဦးတည်းဆင်းသွားရာမှ ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်းသိရသည်။
"ရေထဲဆင်းသွားချိန်မှာ ကမ်းနားလမ်းက အလုပ်သမားတွေကမြင်လိုက်တယ်။ သူနဲ့အတူပါလာတဲ့ ပစ္စည်းတွေကို ကမ်းနားမှာချထားခဲ့တယ်။လောလောဆယ်မှာ ရှာဖွေနေကြောင်း"အဆိုပါပရဟိအအသင်းကသိရသည်။
ပျောက်ဆုံးနေသူဆရာကြီးအား မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းအရေးပေါ်လူမှုကူညီရေးနှင့်သွီးလှူရှင်များအ သင်းက ကမ်းနားလမ်းတစ်လျှောက် ပွိုင့်ကမ်းခြေတို့တွင်ရှာဖွေနေကြကြောင်းသိရသည်။
ပျောက်ဆုံးနေသူကျောင်းအုပ်ဆရာကြီးမှာ စစ်တွေတွင်တာဝန်ထမ်းဆောင်နေသော ဗမာတိုင်းရင်းသားတစ်ဦးဖြစ်ကြောင်းလည်းသိရသည်။
#ymg/BM
#YMG #Yangon_Media_Group
Published_ 3 June 2023
Myanmar SAC’s National Solidarity & Peacemaking Negotiation Committee (NSPNC) and the Three Northern Alliances concluded a two-day peace talk on 2 June 2023.at Oriental Guest House Hotel, Myla City, according to the press release of SAC on Friday.
NSPNC and the three northern alliances, the MNDAA, TNLA The AA delegation continued discussion on the second day.
Member of the State Administration Council, Union Minister for Cabinet Office, NSPNC Chairman Lt. Gen. Ya Pyae ; Secretary of the committee, Lt. Gen. Win Bo Shin, Lt. Gen. Khin Zaw Oo (retired), working committee member Lt. Gen. Khin Zaw Oo (retired), , the Deputy Commander of the Triangle Regional Military Command Brigadier General Tun Myat Shwe, representatives from the Myanmar National Truth and Justice Party/Myanmar National Democratic Alliance Army (MNTJP/MNDAA) representatives from the Palaung State Liberation Front/Ta’ang National Liberation Army (PSLF/TNLA) and the United League of Arakan/Arakan Army (ULA/AA) attended.
Both parties continued to discuss and negotiate on the issues that have not yet been completed on the first day.
On the first day, they discussed the issue of strengthening the multi-party democratic political system, the issue of building a union based on democracy and federalism, which is the desired goal of all ethnic people. They also discussed the issue of joint implementation for the peace and development of the Union and the issue of trust building with the ethnic armed groups . In addition, the discussion od thr issue of the release of the arrested continued
It is also reported that they discussed and negotiated the abolishment of the announcement of unlawful associations and the issue of humanitarian aid reaching smoothly to the people affected by the Mo Cha storm as soon as possible ,
#Yangon_Media_Group
#World_Health
Published_ 3 June 2023
အီလက်ထရောနစ်စီးကရက်အသုံးပြုတဲ့ ဆယ်ကျော်သက်တွေ လူငယ်တွေ သိသိသာသာများပြားလာပါတယ်။
ကမ္ဘာတဝှမ်းမှာ ဆေးလိပ်သောက်သူ ၁.၁ ဘီလီယံရှိပြီး နှစ်စဉ်သေဆုံးသူ ၇ သန်းကျော်ရှိကာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူထက် ပိုများနေပါတယ်။
ဆေးလိပ်သောက်ခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေက ပြောင်းလဲခြင်းမရှိဘူးဆိုပါက ၂၀၃၀ မှာ ဆေးလိပ်နဲ့ပတ်သက်တဲ့ ရောဂါကြောင့် လူ ၈ သန်းကျော်သေဆုံးလိမ့်မယ်လို့ WHO က ဆိုပါတယ်။
အစ္စရေးလ်မှာ ဆေးလိပ်သောက်ခြင်း ဒါမှမဟုတ် ဆေးလိပ်ငွေ့ရှူမိခြင်းကြောင့် ကင်ဆာ၊ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ဆီးချို၊ အဆုတ်ရောင်ရောဂါတို့ဖြစ်ပွားကာ တစ်နာရီနီးပါးကြာတိုင်း လူတစ်ယောက်နှုန်းသေဆုံးနေရပါတယ်။
ဒါ့အပြင် မျက်လုံးရောဂါ၊ ကိုယ်ခံအားကျဆင်းခြင်းရောဂါ၊ လေးဖက်နာ၊ မျိုးမအောင်တဲ့ပြဿနာများလည်း ဖြစ်ပွားနိုင်ပါတယ်။
လူငယ်တွေကြား ခေတ်စားလာတဲ့ အီး-စီးကရက်သုံးစွဲမှုမြင့်မားလာခြင်းကိုလည်း စိုးရိမ်နေရပါတယ်။
ဒီလို အီး-စီးကရက်တွေနဲ့ အနံ့အရသာပါတဲ့ ဆေးလိပ်ထုတ်ကုန်တွေရောင်းချခြင်းကို တားမြစ်သင့်တယ်လို့ ICA အထွေထွေညွှန်ကြားရေးမှူးချုပ်က ပြောကြားလိုက်ပါတယ်။
အီး-စီးကရက်တွေ ရေရှည်သုံးစွဲခြင်းကြောင့် နှလုံးနဲ့ အဆုတ်ကျန်းမာရေးကို ထိခိုက်စေပါတယ်။
အီး-စီးကရက်၊ ဆေးလိပ်သောက်သုံးသူတွေနဲ့ ဆေးလိပ်မသောက်သူတွေကို စမ်းသပ်စစ်ဆေးခဲ့ကြပါတယ်။
စီးကရက်သောက်သူတွေမှာ အပေါ်သွေး ၆ မီလီမီတာမာကျူရီတက်တဲ့အပြင် နှလုံးခုန်နှုန်းသိသိသာသာမြင့်တက်နေပြီး သွေးကြောများကျဉ်းသွားပါတယ်။
ချိုမွှေးတဲ့အနံ့အရသာပါတဲ့ အီး-စီးကရက်သောက်သုံးသူတွေက DNA ကို အများဆုံးထိခိုက်တာကိုလည်း တွေ့ရှိခဲ့ပါတယ်။
အီး-စီးကရက်ဟာ ဘေးထွက်ဆိုးကျိုးမရှိဘူးလို့ အယူမှားနေကြကာ ပုံမှန်စီးကရက်သောကခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများအပြင် DNA ကိုပါထိခိုက်စေပါတယ်။
ဆေးလိပ်သောက်ခြင်းကြောင့် အသက်ကြီးတဲ့အခါ မှတ်ဉာဏ်စွမ်းရည်လည်း လျော့ကျလာပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group #Daily_News #YMG
#World_News
Published_ 3 June 2023
အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ်မှာ ခရီးသည်တင်ရထားနှစ်စင်း တိုက်မိပြီး အနည်းဆုံးလူ ၂၃၃ ဦးသေဆုံးကာ လူ ၉၀၀ ဒဏ်ရာရခဲ့ကြောင်း အစိုးရအဖွဲ့က စနေနေ့မှာ ပြောကြားလိုက်ပါတယ်။
ဒီဖြစ်ရပ်ဟာ ဆယ်စုနှစ်တစ်ခုကျော်အတွင်း တိုင်းပြည်မှာ အသေအဆုံးအများဆုံး ဖြစ်ရပ်ဖြစ်နေပါတယ်။
သောကြာနေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးစာရင်းက တိုးမြင့်လာနိုင်ဖွယ်ရှိကြောင်း ပြည်နယ်အတွင်းရေးမှူးချုပ်'ပရာဒိဂျီနာ'က တွစ်တာမှာ ဖော်ပြခဲ့ပါတယ်။
အခင်းဖြစ်ပွားရာနေရာသို့ လူနာတင်ယာဉ်အစီး ၂၀၀ ကျော်စေလွှတ်ခဲ့ကာ ဆရာဝန်အယောက် ၁၀၀ သွားနေပြီဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။
စနေနေ့မနက်အစောပိုင်းက ရိုက်တာမှဖော်ပြတဲ့ဗီဒီယိုတွေထဲမှာ ရဲတွေက ရထားလမ်းဘေးမှာ အဝတ်ဖြူဖြင့်အုပ်ထားတဲ့ အလောင်းတွေကို ရွှေ့နေကြပုံတွေ မြင်တွေ့ရပါတယ်။
သောကြာနေ့က ဗီဒီယိုမှာတော့ ကယ်ဆယ်ရေးတွေက တိမ်းမှောက်ထားတဲ့ ရထားတွဲတွေပေါ်တက်ကာ အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေနေကြပြီး ခရီးသည်တွေက ငိုယိုကာ အကူအညီတောင်းနေကြပါတယ်။
ရထားတိုက်မှုက သောကြာနေ့ ဒေသစံတော်ချိန်ည ၇ နာရီမှာဖြစ်ခဲ့ပြီး ဘန်ဂလိုမှ အနောက်ဘင်္ဂလား ဟိုရာသို့ပြေးဆွဲတဲ့ Howrah Super fast Express ရထားနဲ့ ကာလာကတ္တားမှ ချန်နိုင်သို့ပြေးဆွဲတဲ့ Coromandel Express ရထားတို့ တိုက်မိတာဖြစ်ပါတယ်။
ဘယ်ရထားက အရင်လမ်းလွဲပြီး နောက်ထပ်ရထားနဲ့ တိုက်မိလဲဆိုတဲ့အကြောင်းအရင်းတွေကို အာဏာပိုင်များက ရှာဖွေနေပါတယ်။
မတော်တဆမှုဖြစ်ရတဲ့ အကြောင်းအရင်းကို မီးရထားဝန်ကြီးဌာနက စတင်စုံစမ်းနေပြီလို့ ဆိုပါတယ်။
ရထားတိုက်မှုအတွင်း ကုန်တင်ရထားတစ်စင်းပါ ပါဝင်နေတယ်ဆိုတဲ့ မီဒီယာဖော်ပြချက်တွေရှိနေကာ ဒီအတွက်တော့ မီးရထားအာဏာပိုင်များက မှတ်ချက်မပြုသေးပါဘူး။
ရှာဖွေကယ်ဆယ်ရေးကို အပြင်းအထန်ဆောင်ရွက်နေကြပြီး မီးသတ်ဝန်ထမ်းရာကျော်၊ ရဲအရာရှိတွေနဲ့ အနံ့ခံခွေးများလည်း ပါဝင်နေကြပါတယ်။
သဘာဝဘေးအန္တရာယ်တုန့်ပြန်ရေးအဖွဲ့တွေပါ အခင်းနေရာသို့ ရောက်ရှိနေကြပါတယ်။
သောကြာနေ့က ရာနဲ့ချီတဲ့လူငယ်တွေဟာ ဩရိဿပြည်နယ် ဆိုရိုရှိ အစိုးရဆေးရုံအပြင်ဘက်မှာ သွေးလှူဒါန်းရန် တန်းစီနေကြပါတယ်။
အိန္ဒိယရထားကွန်ရက်ဟာ နေ့စဉ်ခရီးသည် ၁၃ သန်းကျော်ပို့ဆောင်လျက်ရှိပေမယ့် နိုင်ငံပိုင်အဖွဲ့အစည်းက လက်ဝါးကြီးအုပ်ထားကာ အိုမင်းဟောင်းနွမ်းနေတဲ့ အစိတ်အပိုင်းတွေကြောင့် ဘေးကင်းလုံခြုံမှုအပိုင်းမှာ ပြောစရာတွေရှိနေပါတယ်။
ဩရိဿအကြီးအကဲဝန်ကြီးနာဗင်းပတ်နစ်က ဇွန်လ ၃ ရက်နေ့မှာ တစ်နိုင်ငံလုံးကြေကွဲပူဆွေးရကြောင်း ထိခိုက်သေဆုံးသူတွေကို မှတ်ချက်ပြုကြေညာလိုက်ပါတယ်။
Source: Reut
#World_News #အိန္ဒိယတွင်ရထားနှစ်စင်းတိုက်မိ #သေဆုံးသူ(၂၃၃)ဦးကျော်နှင့်(၉၀၀)ကျော်ဒဏ်ရာရ
#YMG #Yangon_Media_Group
#World_Health
Published_ 3 June 2023
အချို့အစားအစာတွေမှာပါဝင်တဲ့ ဖလေဗာနောလ်ဓာတ် နည်းပါးတဲ့သူတွေမှာ ဖလေဗာနောလ်ဖြည့်စွက်စာကို ၃ နှစ်ကြာစားသုံးပေးခြင်းဖြင့် မှတ်ဉာဏ်ကောင်းမွန်စေကြောင်း သုတေသီများတွေ့ရှိခဲ့ကြပါတယ်။
ဝိုင်နီ၊ လက်ဖက်ကြမ်းနဲ့ လက်ဖက်စိမ်း၊ အနက်ရောင်ချောကလက်၊ ပဲ၊ ကိုက်လံ၊ ကန်စွန်းရွက်၊ ကြက်သွန်နီ၊ ချယ်ရီသီး၊ ဘလက်ဘယ်ရီသီး၊ အနက်ရောင်စပျစ်၊ ပန်းသီးတို့မှာ ဖလေဗာနောလ်ဓာတ်များ မျှတစွာပါဝင်ပါတယ်။
သုတေသီတွေက သက်ကြီးရွယ်အို ၃,၅၆၂ ဦးဖြင့် စမ်းသပ်ခဲ့ကြပါတယ်။
စမ်းသပ်ချက်စတင်ကတည်းက ဖလေဗာနောလ်အများအပြား စားတဲ့သူတွေဟာ ဖလေဗာနောလ်ဖြည့်စွက်စာ သုံးစွဲပြီးချိန်မှာတောင် မှတ်ဉာဏ်ပိုင်းတိုးတက်မှု သိပ်မရှိခဲ့ပါဘူး။
ဖလေဗာနောလ်နည်းနေခဲ့တဲ့သူတွေကတော့ ဖလေဗာနောလ်ဖြည့်စွက်စာ တစ်နှစ်သုံးစွဲပြီးချိန်မှာ မှတ်ဉာဏ်ပိုင်းဆိုင်ရာ ၁၆ ရာခိုင်နှုန်းမြင့်တက်လာပြီး ၃ နှစ်ကြာရှည်ခံခဲ့ပါတယ်။
ဒီရလဒ်က သက်ကြီးရွယ်အိုတွေမှာ ဖလေဗာနောလ်ပါဝင်တဲ့အစားအစာ ဒါမှမဟုတ် အားဆေးသုံးစွဲခြင်းဖြင့် မှတ်ဉာဏ်စွမ်းဆောင်ရည်မြင့်တက်စေနိုင်ကြောင်း ကိုလံဘီယာတက္ကသိုလ်မှ စမ်းသပ်ချက်စာတမ်းပြုစုသူ'အဒမ်ဘရစ်ခ်မန်'က ထုတ်ပြန်ခဲ့ပါတယ်။
အသက်ကြီးသူတွေမှာ ဦးနှောက်ကျန်းမာနေစေရန် အာဟာရဓာတ်တွေလိုအပ်တဲ့အကြောင်း သုတေသနပြုလုပ်ဖို့လိုအပ်တာကို ဒီလေ့လာချက်ကညွှန်ပြနေပါတယ်။
ဒါပေမဲ့ ဒီရလဒ်နဲ့ပတ်သက်ပြီး သိပ္ပံပညာရှင်အားလုံး သဘောတူတာတော့ မဟုတ်ပါဘူး။
ဒီလေ့လာမှုဟာ ရေတိုမှတ်ဉာဏ်အပေါ်သာစူးစိုက်ထားပြီး ဒီမန်ရှာ၊ အယ်လ်ဇိုင်းမားဖြစ်နိုင်ချေတွေအပေါ် ထည့်မတွက်ထားဘူးလို့ အချို့က သတိပေးလိုက်ပါတယ်။
အသက်အရွယ်အရ မှတ်ဉာဏ်ဆုံးရှုံးတာနဲ့ ဒီမန်ရှာတို့ကြား ကွဲပြားချက်ကို သိရှိဖို့အရေးကြီးကြောင်း၊ မှတ်ဉာဏ်အပေါ် ဖလေဗာနောလ်ရဲ့သက်ရောက်မှုက အကန့်အသတ်သာရှိကြောင်း လီဗာပူးလ်ဂျွန်မိုးတက္ကသိုလ်မှ သုတေသီ'ဒေးဗစ်ဘရူနို'က ပြောကြားလိုက်ပါတယ်။
Source: NY Post
#World_Health #မှတ်ဉာဏ်ဆုံးရှုံးကာကွယ်ရန် #စားသုံးသင့်သည့်အရာများ
#YMG #Yangon_Media_Group
#Local_News
Published_ 2 june 2023
ရွှေတိဂုံစေတီတော်ကြီးမှာ ဇွန်လ(၂)ရက်နယုန်လပြည့်နေ့မှာ မဟာသမယအခါတော်နေ့ အခမ်းအနားကျင်းပခဲ့ပြီး ငြိမ်းချမ်းရေးခေါင်းလောင်းတွေ တစ်ပြိုက်နက်တီးခတ်ပူဇော်ခဲ့တယ်လို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲထံမှ သိရပါတယ်၊၊
#Local_News #ရွှေတိဂုံစေတီတော် #နယုန်လပြည့် #ငြိမ်းချမ်းရေးခေါင်းလောင်း
#YMG #Yangon_Media_Group
#Asia_Economy
Published_ 2 June 2023
တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းက ကိုဗစ်-၁၉ ခရီးသွားလာမှုကန့်သတ်ချက်များ ဖြေလျှော့လိုက်ပြီးနောက် တရုတ်နိုင်ငံရှိ နယ်စပ်ဖြတ်ကျော်အချက်အချာနေရာတွေမှာ အခွန်လွတ်ဈေးဝယ်ခြင်းများ အရှိန်မြင့်လာပါတယ်။
#Asia_Economy #တရုတ်နယ်စပ် #အခွန်လွတ်ဈေးများရောင်းအားပြန်တက်လာ
#YMG #Yangon_Media_Group
#Local_News
Published_ 2 june 2023
ဇွန်လဆန်းပိုင်းရောက်ပြီဖြစ်လို့ နောက်နှစ်ရက်အတွင်း နေပြည်တော် ၊မန္တလေး ၊မကွေးစတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ မုတ်သုန်လေ စဝင်တော့မှာဖြစ်ပြီး မုတ်သုန်မိုးတွေရွာနိုင်ခြေရှိတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#Local_News #မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ #မုတ်သုန်မိုးရတော့မည် #မိုးသက်လေပြင်းတိုက်နိုင်
#YMG #Yangon_Media_Group
Page 844 of 1639