Huawei နှင့် Seres ကုမ္ပဏီတို့မှ ပူးပေါင်းထုတ်လုပ်သည့် Aito အမှတ်တံဆိပ် လျှပ်စစ်ကားသစ်အားထုတ်ဖော်ပြသ
တရုတ်ဆက်သွယ်ရေးကုမ္ပဏီကြီး Huawei Technologies နဲ့ မော်တော်ကားကုမ္ပဏီ Seres Group တို့ပူးပေါင်းကာ Aito လျှပ်စစ်ကားအမှတ်တံဆိပ်မှ ထုတ်လုပ်တဲ့ ဇိမ်ခံ SUV ကားသစ်ကို အင်္ဂါနေ့က ထုတ်ဖော်ပြသလိုက်ပါတယ်။
#Asia_Development
Published_1 January 2024
#Huaweiနှင့်Seres #Aito အမှတ်တံဆိပ် #လျှပ်စစ်ကားသစ်အားထုတ်ဖော်ပြသ
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_1 January 2024
၁။ ၂၀၂၄ တွင် ပြည်တွင်းစားသောက်ဆိုင်လုပ်ငန်းများဖြစ်ထွန်းမည်၊ Tourist ကို အဓိကရောင်းသည့် စားသောက်ဆိုင်များရုန်းကန်ရဦးမည်
၂။ ဟင်းသီးဟင်းရွက် သစ်သီးဝလံနှင့် ပန်းမန်ပြပွဲပြိုင်ပွဲ၌ ပြခန်းပေါင်း ၃၀ ကျော် ပါဝင်ပြသ
၃။ အာဟာရဓါတ် မြင့်မားစွာပါဝင်သော်လည်း စားသုံးမှုနည်းသောကြောင့် နို့စိမ်းမှို စိုက်ပျိုးထုတ်လုပ်မှု နည်းနေသေးဟုဆို
၄။ Huawei နှင့် Seres ကုမ္ပဏီတို့မှ ပူးပေါင်းထုတ်လုပ်သည့် Aito အမှတ်တံဆိပ် လျှပ်စစ်ကားသစ်အားထုတ်ဖော်ပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
လတ်တလောမှာတော့ လမ်းပန်းဆက်သွယ်ရေး ပိတ်ထားတဲ့အတွက် ဘင်္ဂလာဒေ့ရ်ှကိုတင်ပို့နိုင်ခြင်းမရှိတဲ့ အပြင် ဈေးကွက်မှာလဲ ကုန်အ၀င်များလာတဲ့အတွက် ယခင်တပတ်ထက်ကို ဈေးက၅၀၀ ကျပ်လောက်ကျတယ်၊ ဂျင်းတစ်ပိဿာကို လက်ကားဈေး ကျပ် ၃၀၀၀ ၀န်းကျင်သာရှိတော့တယ်။
#Local_News
Published_1 January 2024
#ဂျင်းဈေးနှုန်းတဖြည်းဖြည်းကျဆင်း #ပြည်ပတင်ပို့မှုရပ်ထား
#YMG/LW #Yangon_Times
#Local_News
Published-1 January 2024
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ မြိုင်သာယာကျေးရွာအုပ်စု၊ မြိုင်လေးကျေးရွာတွင် တောမီးလောင်မှုတစ်ခု ယနေ့နေ့လည်ပိုင်းမှာ ဖြစ်ပွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
ဇန်နဝါရီ ၁ ရက်နေ့၊ နေ့လယ်၃နာရီ ၁၀မိနစ် အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ မြိုင်သာယာကျေးရွာအုပ်စု၊ မြိုင်လေးကျေးရွာတွင် တောမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကျောက်တန်းမြို့နယ်မီးသတ်စခန်းနှင့် သီလဝါနယ်မြေမီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်းသိရသည်။
ထိုသို့မီးငြှိမ်းသတ်ခဲ့ရာ ညနေ၃နာရီ၂၇ မိနစ်အချိန်၌ မီးထိန်းနိုင်ခဲ့ပြီး ညနေ၃နာရီ ၃၂မိနစ် အချိန်၌မီးငြှိမ်းနိုင်ခဲ့ကြောင်း သိရသည်။
#Local_News #ကျောက်တန်း #တောမီးလောင်မှုဖြစ်ပွား #YMG/NN #Yangon_Times
#Local_News
Published_ 1 January 2024
၂၀၂၃ ခုနှစ် ဒီဇင်ဘာ တတိယပတ်တွင် မြန်မာနိုင်ငံမှ ပြည်ပသို့ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၆၆ သန်းကျော်ရှိကြောင်း သိရပါတယ်။
နှစ်သစ်ကူးကာလဖြစ်၍ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးထွက်ကုန်များကို ပြည်ပနိုင်ငံများမှ ဝယ်လိုအားတက်ခဲ့ရာ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစင်းငုံနှင့် အခြားပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ ဖရဲ၊ သခွား၊ သစ်သီးဝလံများ၊ ရော်ဘာစိမ်း၊ ကြက်သွန်နီစသည့် လယ်ယာထွက်ကုန်ပစ္စည်းများ၊ ပုစွန်နှင့် အခြားရေထွက်ပစ္စည်းများ ပိုမိုတင်ပို့နိုင်သကဲ့သို့ စက်မှုကုန်ချော များဖြစ်သည့် CMP ချုပ်ပြီး အထည်များလည်း ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
ပဲမျိုးစုံတန်ချိန် ၂၄၇၇၉ တန် တင်ပိုခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၁ သန်းကျော်ရရှိခဲ့ပါတယ်။ ပါကစ္စတန်၊ ထိုင်း၊ ယူအေအီး၊ ဗီယက်နမ်၊ ကနေဒါ၊ အမေရိကန်၊ ဂျပန်နိုင်ငံများသို့ ယခင်ရက်သတ္တပတ်များထက် ပင်လယ်ရေကြောင်းမှ တင်ပို့မှုတိုးတက်လာပါတယ်။
နှမ်းမျိုးစုံမှာ တရုတ်နိုင်ငံသို့ ယခင်အပတ်ထက် ပိုမိုတင်ပို့ခဲ့တဲ့အပြင် ဂျပန်၊ ထိုင်း၊ စင်ကာပူ၊ ထိုင်ဝမ်နိုင်ငံတို့မှလည်း ဝယ်လိုအား များပြားလာပါတယ်။
အထည်ချုပ်ကဏ္ဍမှ ပြည်ပတင်ပို့မှု၌ CMP လက်ခစားစနစ်ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းမှာ အများဆုံးဖြစ်ပြီး ယခုအပတ်အတွင်း ပြည်ပသို့ချုပ်ပြီးအထည် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၂ သန်းကျော်ရရှိခဲ့ပြီး နိုင်ငံပေါင်း ၅၃ နိုင်ငံသို့တင်ပို့ခဲ့ပြီး ဂျပန်၊ ပိုလန်၊ တောင်ကိုရီးယား၊ ဗြိတိန်၊ အမေရိကန်နိုင်ငံတို့သို့ အများဆုံးမှာ ယူတင်ပို့ခဲ့ပါတယ်။
CMP အထည်ချုပ်လုပ်ငန်းအပြင် လျှပ်စစ်နှင့် အီလက်ထရွန်နစ်ပစ္စည်းများ၊ ဖိနပ်၊ အိတ်မျိုးစုံ၊ ဆံပင်အတု၊ မှန်ဘီလူးနှင့် ကင်မရာ စသည့်စက်မှုလုပ်ငန်းများကိုလည်း CMP စနစ်ဖြင့်လုပ်ကိုင်နေခြင်းဖြစ်ပါတယ်။
#Local_News #ပြည်ပပို့ကုန် #အမေရိကန်ဒေါ်လာ၂၆၆သန်းကျော်တင်ပို့နိုင် #ymg_mnn #Yangon_Media_Group
‘နေရာကောင်းတဲ့နေအိမ်၊ တိုက်ခန်းတွေကိုပြန်ရောင်းပြီး ဈေးနည်းတဲ့နေအိမ် တိုက်ခန်းတွေဝယ်ယူတာတွေ ဝိတ်လျှော့ပြီးရောင်းဝယ်ကြမယ့်သူများလာမှာဖြစ်တယ်။ ရင်းနှီးမြှုပ်နှံသူတွေကတော့ ငွေကြေးတန်ဖိုးအခြေအနေတွေအရ အိမ်ခြံမြေကို ဝယ်ယူရင်းနှီးမြှုပ်နှံဖို့ လက်မရဲသေးဘဲ ငွေပဲကိုင်ထားကာ’ စောင့်ကြည့်နေဖို့များတယ်’ အိမ်ခြံမြေအကျိုးတော်ဆောင် ဒေါ်နှောင်းဝဿန်
#Local_News
Published_1 January 2024
#အိမ်ခြံမြေလုပ်ငန်း
#tthl #Yangon_Times
#Local_News
Published_1 January 2024
ကြိမ်၊ ဝါးကုန်ကြမ်းများနှင့် အချောထည်ပစ္စည်းများကို အာရှနှင့်ဥရောပနိုင်ငံများသို့ တင်ပို့နေကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါကဲ့သို့တင်ပို့ရာတွင် ကြိမ်၊ ဝါးကုန်ကြမ်းများနှင့် အချောထည်ပစ္စည်းများကို အိမ်နီးချင်းနိုင်ငံ များ၊ အာဆီယံနိုင်ငံများ၊ အာရှ၊ ဥရောပနှင့် တောင်အာဖရိကနိုင်ငံများသို့ နယ်စပ်ကုန် သွယ်ရေး လမ်းကြောင်းနှင့် ပင်လယ်ရေ ကြောင်းတို့မှတဆင့် တင်ပို့ခြင်းဖြစ်ပြီး ပြည်တွင်းမှ ထွက်ရှိသော ကြိမ်အချောထည်ပစ္စည်းများ၊ ကြိမ်လုံး၊ ဝါးခြမ်း၊ ဝါးလုံးနှင့် ဝါးဖျာ စသည့် ကြိမ်၊ ဝါးကုန် ကြမ်းများနှင့် အချောထည်ပစ္စည်းများကို ပြည်ပသို့ တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်နှစ်စဉ် ဝါးလုံးရေ ၃၀၁ သန်းနှင့် ကြိမ်လုံးရေ ၇၇ သန်း ထုတ်လုပ်နိုင်ပြီး ဝါးနှင့် ကြိမ်အချောထည် တင်ပို့မှုမှ ပြည်ပဝင်ငွေ ရှာဖွေပေးနေကြောင်း၊ ဝါးနှင့်ကြိမ် အချောထည်ပစ္စည်းများကို ပြည်တွင်းဈေးကွက်တွင်သာမက ပြည်ပဈေးကွက်အထိ တင်ပို့၍ ပြည်တွင်းပြည်ပဝင်ငွေများ ရှာဖွေပေးနေသည့်အပြင် ဒေသခံပြည်သူများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးလျက်ရှိကြောင်းသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့ စိမ်းလဲ့ရေကြည်ခန်းမ၌ ကြိမ်/ဝါး အချောထည်လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ၄ကအထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ကြိမ်နှင့်ဝါးအချောထည် MSME များ ယခုထက်ပို၍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ဝန်ကြီးဌာနမှ အတတ်နိုင်ဆုံးဖြည့်ဆည်း ဆောင်ရွက် ပေးမည်ဖြစ်ပြီး နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ် တိုးတက်စေရေး၊ ကုန်ကြမ်းရရှိရေးနှင့် ထုတ်လုပ်ပြီးသောကုန်ချောများ တင်ပို့ရာတွင် အဆင်ပြေချောမွေ့မှုရှိစေရေးအတွက် ဌာနနှင့် လုပ်ငန်းရှင်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားကြရန်လိုကြောင်းလည်း ပြောကြားခဲ့ကြောင်းသိရသည်။
#Local_News #အချောထည်ပစ္စည်း #အာရှနှင့်ဥရောပနိုင်ငံများသို့တင်ပို့ #YMG/NN #Yangon_Times
#Local_News
Published_1 January 2024
၂၀၂၄ခုနှစ်သည် တရုတ်ရိုးရာဗေဒင်အရ နဂါးနှစ်ဖြစ်ပြီး ၂၀၂၄ခုနှစ်အတွင်း ကံဇာတာအထူး ကောင်းမွန်မည့်နေ့နာမ်(၃)ခု၊တရုတ်မွေးနှစ်(၃)ခုရှိကြောင်းသိရသည်။
မြန်မာလိုတွက်ချက်မှုအရ ၂၀၂၄ခုနှစ်မှာ တနင်္ဂနွေ၊ ကြာသပတေး၊ သောကြာသားသမီးများ ကံဇာတာ ပိုမိုကောင်းမွန်မည်ဖြစ်ပြီး တရုတ်ဗေဒင်တွက်ချက်မှု အရ မျောက်နှစ်၊ကြက်နှစ်၊ဝက်နှစ်မွေးဖွားသူများကတော့ အခြားနှစ်မွေးဖွားသူများထက် ကံဇာတာအလွန်ကောင်းမွန်နေမည်ဖြစ်သည်ဟု ဖုန်းရွှေနှင့်တားရော့ ဗေဒင်ဆရာ ၊ဆရာဟိန်းလတ်ကပြောသည်။
အခြားနေ့နာမ်နှင့်အခြားမွေးနှစ်များအနေဖြင့်လည်း နဂါးနှစ်ဖြစ်သည့်အတွက် ကံဇာတာ အညံ့သိပ်မရှိဘဲ ကံဇာတာ အားနည်းခြင်းအနည်းငယ်သာရှိနိုင်ပြီး ကုသိုလ်ယတြာများအနေဖြင့် မိမိတို့ကိုးကွယ်ရာ ဘာသာအလိုက် အလှူအတန်းများပြုလုပ်ခြင်း၊မသန်စွမ်းများ၊နားမကြားသောကလေးငယ်များ၊ နွမ်းပါးသူများနှင့်နာမကျန်းဖြစ်နေသူများကိုလှူဒါန်းပြီး ကုသိုလ်ယတြာပြုနိုင်မည်ဖြစ်သည်။
၂၀၂၄ခုနှစ်အတွက် ကံဇာတာအထူးကောင်းမွန်စေမည့် အဆောင်အနေဖြင့် သလင်းကျောက်ကို ဆောင်ထားနိုင်ကြောင်း သိရသည်။
#Local_News #မြန်မာနေ့နမ်(၃)ခု #တရုတ်မွေးနှစ်(၃)ခုရှိ #tthl #Yangon_Times
#Local_News
Published_ 1 January 2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် အာလမ်ကျေးရွာအုပ်စု အူဗျစ်ကျေးရွာအနီး၌ ဒီဇင်ဘာ ၂၉ ရက်က တရားမဝင်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။
မြစ်ကြီးနားမြို့နယ် အာလမ်ကျေးရွာအုပ်စု အူဗျစ်ကျေးရွာအနီး၌ တရားမဝင် ရွှေတူးဖော်ရာတွင် အသုံးပြုသည့် မြေသယ်ယာဉ် ၁၁ စီး၊ မီးခံသေတ္တာနှစ်လုံး အပါအဝင် ဆက်စပ်ပစ္စည်းငါးမျိုး (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၈၀၀၉၀၀၀) ကို ဖမ်းဆီးရမိခဲ့ ပြီး မြန်မာ့သတ္တုတွင်းဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၃၀ ရက်တွင် တောင်ငူခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် ၀ ဒသမ ၂၉ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၉၁၄၀၀)၊ ဒီဇင်ဘာ ၃၁ ရက်တွင် ပြည်ခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် ၂ ဒသမ ၈၁၅ တန်နှင့် အခြားသစ် ၀ ဒသမ ၃၉၇ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၅၂၆၂၀)၊ စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၁၂၄၄၀၂၀ ကို ဖမ်းဆီးရမိ ခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ အရေးယူ ဆောင်ရွက်လျက်နေတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၂၉၊ ၃၀ နှင့် ၃၁ ရက်တိုတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲသုံးမှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၉၂၅၃၀၂၀) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သတင်းထုတ်ပြန်ထားပါတယ်။
#Local_News #မြေသယ်ယာဉ်များ ဖမ်းဆီးရမိ #ymg_mnn #Yangon_Media_Group
‘၂၀၂၃ခုနှစ်မှာ စားသောက်ဆိုင်လုပ်ငန်းတွေခက်ခက်ခဲခဲရပ်တည်ခဲ့ရတာဖြစ်ပြီး ၂၀၂၄ခုနှစ်မှာတော့ ပြည်တွင်းစားသုံးသူဈေးကွက်ကို အဓိကထားရောင်းချနေတဲ့ စားသောက်ဆိုင်လုပ်ငန်းတွေ ပိုမိုအဆင်ပြေနိုင်ပြီးနိုင်ငံခြားသားTouristကို အဓိကထားရောင်းတဲ့ စားသောက်ဆိုင်တွေတော့ ရုန်းကန်ရဦးမယ်’
မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း(ဗဟို)ဥက္ကဌဦးနေလင်း
#Local_News
Published_1 January 2024
#ပြည်တွင်းစားသုံးသူကိုအဓိကရောင်း #စားသောက်ဆိုင်လုပ်ငန်းများ
#tthl #Yangon_Times
၁ ဇန်နဝါရီ ၂၀၂၄
ဂျပန်နိုင်ငံ ဂျပန်ပင်လယ်ကမ်းရိုးတန်းရှိ ကျယ်ပြန့်သည့်နေရာကြီးတစ်ခုတွင် ကနဦးတိုင်းတာချက်များအရ ပြင်းအား ၇.၆ အဆင့်ရှိ ငလျင်ကြီးတစ်ခု ဇန်နဝါရီ(၁)ရက် တနင်္လာနေ့က လှုပ်ရှားသွားတဲ့အတွက် ဂျပန်နိုင်ငံအလယ်ပိုင်း အိုင်ရှီကာဝါ စီရင်စုအတွက် ကြီးမားတဲ့ ဆူနာမီသတိပေးချက်ထုတ်ပြန်ခဲ့ရပြီး နှစ်သစ်ဆင်နွှဲနေကြတဲ့ စိတ်လှုပ်ရှားပျော်ရွှင်မှုတွေလည်း ဆိတ်သုဉ်းသွားခဲ့ရပါတယ်။
တိုကျိုမြို့လယ်က အဆောက်အဦတွေကိုပါ လှုပ်ခါသွားစေခဲ့တဲ့ အဲဒီငလျင်ဟာ ညနေ ၄နာရီ ၁၀မိနစ်ခန့်မှာ လှုပ်ရှားသွားခဲ့တာ ဖြစ်ပြီး အဲဒီဒေသက ဝီဂျီးမား ဆိပ်ကမ်းဆီကို အမြင့် ၁.၂မီတာ လန့်ရှိတဲ့ ဆူနာမီလှိုင်းတွေရိုက်ခတ်ခဲ့ပါတယ်။
ငလျင်ဟာ ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်း အေအိုမိုရီစီရင်စုမှ အနောက်တောင်ပိုင်း ကျူရှုးဒေသအထိ ကျယ်ပြန့်စွာလှုပ်ရှား သွားခဲ့တာဖြစ်ပြီး ကမ်းခြေဒေသတွေဖြစ်တဲ့ ယာမာဂါတာ၊နီအီဂါတာ၊တိုယိုမာ၊ဖူကူအီနှင့် ယိုဂိုစီရင်စုတွေအတွက် ဆူနာမီ အန္တရာယ်သတိပေးချက်တွေထုတ်ပြန်ပေးခဲ့ပါတယ်။
ငလျင်ဟာ နိုတိုဒေသကိုဗဟိုပြုလှုပ်ရှားခဲ့ပြီး မြေပြင်အနက်တိမ်တိမ်ကလေးမှာကပ်ပြီး လှုပ်ရှားသွားတာလို့ မိုးလေဝသဌာန ကပြောပါတယ်။
အီရှီကာဝါမှ အချို့အစိတ်အပိုင်းတွေမှာ အိမ်တွေပြိုကျခဲ့ပြီး အဲဒီစီရင်စုမှာ အိမ်ခြေ ၃၂၅၀၀ ခန့် လျှပ်စစ်မီးတွေပြတ်တောက်ခဲ့ရ တယ်လို့လည်း ဒေသဆိုင်ရာအစိုးရနှင့်မီးသတ်ဌာနတို့အဆိုအရသိရပါတယ်။
တိုယိုမားနှင့်နီအီဂါတာတို့မှာ ဆူနာမီလှိုင်းတွေတက်လာခဲ့တယ်လို့ မိုး/ဇလဌာနကပြောပါတယ်။
ငလျင်လှုပ်ရှားပြီးနောက် ဂျပန်ရဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံတွေမှာ ပုံမှန်မဟုတ်တဲ့အခြေအနေတွေမရှိဘူးလို့ ဂျပန်အစိုးရကပြောပါတယ်။
အရှေ့ဂျပန်ရထားကုမ္ပဏီက တိုဟိုကူး၊ဂျိုဆူနှင့် ဟိုကူရီကူရှင်ကာဆန်ရထားလိုင်းတွေကို ခေတ္တရပ်ဆိုင်းထားပါတယ်။
Source Kyodo
'စည်ပင်သာယာအနေနဲ့ ပြခန်း၁၈ခန်း၊ပြိုင်ပွဲက ၁၅မျိုး၊ စိုက်ပျိုးရေးက ပြခန်း၁၅ခန်း၊ ဟင်းသီးဟင်းရွက်နဲ့သစ်သီးဝလံ၉မျိုးပါဝင်ပြသပါတယ်။ နယ်စုံက လာပြိုင်ကြပါတယ်။'
#Local_News
Published_1 January 2024
#ဟင်းသီးဟင်းရွက်သစ်သီးဝလံ #ပြခန်းပေါင်း၃၀ကျော်ပါဝင်ပြသ
#YMG/NN #Yangon_Times
Page 843 of 1931