ယူကရိန်းနဲ့ အစ္စရေးလ်တို့အတွက် အမေရိကန်အစိုးရရဲ့ ဒေါ်လာ ၉၅ ဘီလီယံ ထောက်ပံ့ကူညီမှုဟာ တိုက်ပွဲအခြေအနေ၊ အမေရိကန်ပြည်ထောင်စု၊ ကမ္ဘာ့အရေးတို့အတွက် အကျိုးရှိလာစေမှာလားဆိုတာကို အချို့ပြည်သူတွေ မေးခွန်းထုတ်လာကြပါတယ်။
#World_News
Published_ 19 February 2024
#ယူကရိန်းနှင့်အစ္စရေးလ် #အမေရိကန်ပြည်သူများသံသယရှိလာ
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 19 February 2024
၁။ ၂၀၂၄ ခုနှစ် ရွှေနဂါးနှစ်တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနား ရန်ကုန်မြို့၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့
၂။ ရွှေဈေးကျပ် ၃၉ သိန်းအထိ စံချိန်တင်ဆက်မြင့်တက်
၃။ ပဲစဉ်းငုံဈေး ယခင် နှစ်ထက် ဈေးထက်ဝက်ခန့် မြင့်လာသည့်အတွက် စိုက်ပျိုးတောင်သူများအကျိုးမြတ်ပိုရရှိ
၃။ ယူကရိန်းနှင့်အစ္စရေးလ်တိုအတွက် ဒေါ်လာဘီလီယံချီထောက်ပံ့မှုများကို အမေရိကန်ပြည်သူများသံသယရှိလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
"ကိုရင်လေးကို နေအိမ်၊ ကျောင်းတွေမှာတရားဟောလို့ရပြီး လမ်းကိုဖြတ်ပြီး မြို့အလယ်၊ ရွာအလယ်မှာ တရားဟောလို့ မရဘူးလို့ အင်းစိန်ခရိုင်သာသနာရေးမှူးရုံးက တစ်ဦးကဖုန်းနဲ့တစ်ဆင့်ပြောလို့ ရပ်ရွာလူကြီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ကလည်း တစ်ဆင့်ပြန်ပြောပြတယ်"
ထန်းတပင်မြို့နယ်ရှိ လသာဘုန်းကြီးကျောင်းမှဆရာတော်
ကိုရင်လေးတရားဟောခွင့်နဲ့ ပတ်သက်လို့ သာသနာရေးဦးစီးဌာနမှ တရားဝင်ထုတ်ပြန်ချက်ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။
#Local_News
Published_ 19 February 2024
#ကိုရင်လေးရှင်ဥတ္တမသာရ #တရားဟောခွင့် #တရားဝင်ထုတ်ပြန်ထားခြင်းမရှိ
#tthl #Yangon_Times
'ထိုင်းကိုပြောင်းအဓိက ကုန်သွယ်မှုလမ်းကြောင်းကရနောင်းကိုနယ်စပ်၊ ရေကြောင်းနဲ့သွားတယ်၊ ကုန်းတွင်းလမ်းကတာချီလိတ်ကသွားတဲ့လမ်းလည်းရှိတယ်၊ တာချီလိတ်လမ်းကလဲ ၁၂ ဘီးကား တိုင်းတွဲကားတိုင်း သွားလို့မရတဲ့အခါကျတော့ ကန့်သတ်ချက်တွေရှိတယ်၊ ထိုင်းကိုရောင်းတဲ့ဈေးတန်းက အတက်အကျ ခပ်ပါးပါးရှိတယ်၊ ကိုယ့်ပြည်တွင်းကမူဝါဒတွေ၊ တန်ဆာခတွေလုပ်သားခတွေပေါ်မူတည်ပြီးမှ ဈေးကတွက်ချက်လို့ရတယ် '
#Local_News
Published_ 19 February 2024
#ပြောင်းဈေးကျဆင်း #တန်ဆာခတွေလုပ်သားခတွေ
#YMG/NN #Yangon_Times
#Local_News
Published_ 19 February 2024
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဖေဖော်ဝါရီ လ(၁၉)ရက်တွင် နိုင်ငံခြားငွေကြေးဈေးကွက်အတွက် အမေရိကန်ဒေါ်လာ ၈ သန်း နှင့် ထိုင်းဘတ် သန်း ၂၀၀ ရောင်းချပေးကြောင်းဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၈) ရက်တုန်းကလည်းမြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာ(၈)သန်းနှင့် ဖေဖော်ဝါရီလ (၁၄)ရက်နေ့ကလည်းအမေရိကန်ဒေါ်လာ(၅.၃၈)သန်းထုတ်ရောင်းချပေးထားေကြာင်း ဗဟိုဘဏ်မှ ထုတ်ပြန်ခဲ့သည်။
သွင်းကုန်လုပ်ငန်းရှင်တွေအနေဖြင့် နိုင်ငံခြားငွေဝယ်ယူရေးတွင် အခက်အခဲများအထိုက် အလျောက်ဖြေရှင်း ပေးနိုင်ရန်ဗဟိုဘဏ်အနေဖြင့် အမေရိကန်ဒေါ်လာ ရော၊ ထိုင်းဘတ်ငွေနှင့်တရုတ်ယွမ်ငွေတွေပါရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။
#Local_News #ထိုင်းဘတ်သန်း(၂၀၀)ထပ်မံရောင်းချ #ဒေါ်လာ(၂၁.၃၈)သန်းရောင်းပေး #tthl #Yamgon_Times
ပဲစဉ်းငုံဈေးကွက်ဟာ လာမယ့်နှစ်မှာလဲ အခုလိုဈေးကွက်ကောင်းမယ့်အနေထားရှိတဲ့အတွက် ပို့ကုန်လုပ်ငန်းရှင်များနဲ့ စိုက်ပျိုးရေး ဈေးကွက်အလားအလာ ခန့်မှန်းသူတွေက တောင်သူတွေကို ပဲစဉ်းငုံပိုမိုတိုးချဲ့စိုက်ပျိုးဖို့ အကြံပြုထား
#Local_News
Published_ 19 February 2024
#ပဲစဉ်းငုံဈေးကွက် #ပို့ကုန်လုပ်ငန်းရှင်
#YMG/LW #Yangon_Times
ရွှေဈေးကျပ်၃၉သိန်းအထိ စံချိန်တင်ဆက်မြင့်တက် 'ရွှေဈေးကွက်ကဈေးနှုန်းတွေ မငြိမ်ဘူးဘူးဖြစ်နေတယ်၊ ကမ္ဘာ့ရွှေဈေးကလည်း တက်လိုက်ကျလိုက်၊ ဝယ်လိုအားကလည်း နည်းနည်းတက်လာတယ်၊'
#Local_News
Published_ 19 February 2024
#ရွှေဈေးစံချိန်တင်ဆက်မြင့်တက် #ဝယ်လိုအားတက်
#YMG/NN #Yangon Times
အခုနှစ်ကူးပွဲမှာ တရုတ်တန်းရဲ့ရိုးရာအစားအသောက် အစုံအလင်ပါဝင်ပါတယ်။ ဆီချက်၊ ဖက်ထုတ်၊ ကော်ရည်နဲ့တရုတ်ရိုးရာမုန့်တွေနဲ့ ထူးထူးခြားခြားအနေနဲ့ တရုတ်ဆေးခါးကြီးတို့၊ တရုတ်တောင်ဝါး၊ ကြက်ဥပေါင်း၊ ဆန်ပြုတ်တို့ပါဝင်ပါတယ်။ နဂါးညီနောင် တရုတ်ရိုးရာမုန့်လုပ်ငန်းမှ ဦးကျော်ဝင်းစိုး
#Local_News
Published_ 19 February 2024
#တရုတ်နှစ်သစ်ကူးပွဲတော် #၂၀၂၄ရွှေနဂါးနှစ်
#tthl #Yangon_Times
#Local_News
Published_ 19 February 2024
ယခုအပတ်တွင် စားအုန်းဆီဈေး အတက်အကျမရှိဘဲ ဈေးနှုန်းတန့်နေပြီး တစ်ပိဿာကျပ် ၅၁၄၀ ပဲ သတ်မှတ်ထားကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
ပြီးခဲ့တဲ့အပတ်က ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၅၁၄၀ ကျပ် သတ်မှတ်ခဲ့ပြီး ယခုအပတ်၌လည်း စားအုန်းဆီတစ်ပိဿာလျှင် ၅၁၄၀ ကျပ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။
ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ၂၅ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၅,၁၄၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။
#Local_News #စားအုန်းဆီဈေး #ကျပ်၅၁၄၀ပဲသတ်မှတ် #tthl #Yangon_Times
#Local_News
Published 19 February 2024
ကရင်ပြည်နယ် ဘားအံမြို့ရှောင်လမ်းသစ် ကြာအင်းတောင်ကြားလမ်း (ရဲသာ)ဘက်ခြမ်းတွင် ဇာတ်အဖွဲ့မော်တော်ယာဥ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားပြီး ယာဉ်ပေါ်ပါသူ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ကရင်ပြည်နယ်ထံက သိရသည်။
ကရင်ဇာတ်သဘင်အဖွဲ့လိုက်ပါလာသော ဇာတ်သဘင်မော်တော်ယာဉ်တစ်စီးသည် ယနေ့ ဖေဖော်ဝါရီ(၁၉)ရက် နံနက် (၁၀) နာရီခွဲအချိန်တွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယာဉ်တိမ်မှောက်မှုဖြစ်စဉ်မှာ ဘားအံမြို့ရှောင်လမ်းသစ်၊ ကြာအင်းတောင်ကြားလမ်း (ရဲသာ)ဘက်ခြမ်းတွင် ဘရိတ်ပေါက်၍ ချောက်အတွင်း တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းရရှိ၍ မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ကရင်ပြည်နယ် ၏ ရှာဖွေကယ်ဆယ်ရေး အဖွဲ့မှထွက်ခွာ၍ ဖြစ်စဥ်နေရာ၌ အနီရောင်အဆင့်လူနာ (၆) ဦး အဝါရောင်အဆင့် လူနာ (၄) ဦး အစိမ်းရောင်အဆင့်လူနာ (၁) ဦး အနက်ရောင်အဆင့် လူနာ (၁) ဦး အား လိုအပ်သည်များ ဆောက်ရွက်ကူညီ၍ ဘားအံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Local_News #ဇာတ်အဖွဲ့မော်တော်ယာဉ်တစ်စီးတိမ်းမှောက် #ယာဉ်ပေါ်ပါသူ၁၄ဦးထိခိုက်ဒဏ်ရာရ #YMG/LW #Yangon_Times
#Local_News
Published 19 February 2024
လျှပ်စစ်သုံးယာဉ် (EV) နှင့် ဆက်စပ်ပစ္စည်းများတင်သွင်းသည့်ကုမ္ပဏီများအနေဖြင့် Pre Order ဖြင့်ရောင်းချမှုများမပြုလုပ်ရန်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုနှင့် တင်သွင်း၊ တင်ပို့၊ တပ်ဆင်ထုတ်လုပ်မှု မြှင့်တင်ရေး လုပ်ငန်းကော်မတီမှ ထပ်မံ၍ အသိပေးထုတ်ပြန်ထားသည်။
လျှပ်စစ်သုံးယာဉ် (EV)နှင့် ဆက်စပ်ပစ္စည်းများတင်သွင်းသည့် ကုမ္ပဏီများအနေဖြင့် Pre Order ဖြင့်ရောင်းချမှုများမပြုလုပ်ရန် အသိပေးထုတ်ပြန်ထားသော်လည်း ဆက်လက်ရောင်းချမှုများရှိနေသည့်အတွက် ထပ်မံသတိပေးထားခြင်းကြောင်းသိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဧပြီလနှင့် ဇွန်လများ၌ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများတင်သွင်းသည့်ကုမ္ပဏီများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးများတွင် လျှပ်စစ်သုံးယာဉ် (EV) များ ပြန်လည်ရောင်းချရာ၌ CIF တန်ဖိုးအပေါ် အမြတ် (၂၀) ရာခိုင်းနှုန်းထက် ပိုမိုရောင်းချခြင်း မပြုရန်၊ လူမှုကွန်ရက်တွင် ကြော်ငြာရောင်းချခြင်း မပြုရန်၊ မော်တော်ယာဉ်ရောက်ရှိခြင်း မရှိဘဲ pre order ဖြင့် ကြိုတင် ရောင်းချခြင်းမပြုရန် အသိပေးဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။
အဆိုပါ တားမြစ်ချက်များအပေါ် လိုက်နာဆောင်ရွက်ခြင်းမရှိသော ကုမ္ပဏီများအား စီမံခန့်ခွဲမှုနည်းလမ်းအရ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းခြင်း၊ စားသုံးသူရေးရာ ဥပဒေအရ အရေးယူခြင်းကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#Local_News #လျှပ်စစ်သုံးယာဉ်(EV) #Pre_Orderဖြင့်မရောင်းချရန်ထပ်မံသတိပေး #YMG/ NN #Yangon_Times
#Local_News
Published 19 February 2024
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၁)မိုင် (၃)ဖာလုံတွင် ခရီးသည်တင်ယာဉ်နှင့်ဘောက်ကားတို့ တိုက်မိသဖြင့် အမျိုးသား ၂ဦး ေ-သဆုံးခဲ့ကြောင်း အမြန်လမ်း မီးသတ်တပ်ဖွဲ့ထံက သိရသည်။
ဖေဖေါ်ဝါရီ ၁၉ရက် နံနက် ၆နာရီ ၄၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ၁၁မိုင် အမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ လှည်းကူးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ေ-သဆုံးခဲ့သော အမျိုးသား ၂ဦးကို medical လူငယ်များအသင်း သူနာတင်ယာဉ်နှင့် ညာတိသင်္ဂဟအသင်းသူနာတင်ယာဉ်ဖြင့် လှည်းကူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Local_News #ရန်ကုန်-မန္တလေး #ခရီးသည်တင်ကားနှင့်ဘောက်ကားတို့တိုက်မိ #၂ဦးေ-သဆုံး #YMG/LW #Yangon_Times
Page 846 of 2004