Published 23 May 2024

သိပ္ပံပညာရှင်တွေက မိုက်ခရိုပလတ်စတစ်အမှုန်များကို လူသားတွေရဲ့ ဝှေးစေ့တွေထဲမှာပါ အံ့အားသင့်ဖွယ် တွေ့ရှိလာပါတယ်။

နယူးမက္ကဆီကိုတက္ကသိုလ်မှ သုတေသီများက လူသားတွေနဲ့ ခွေးတွေရဲ့ ဝှေးစေ့တစ်ရှူးနမူနာများကို လေ့လာရာမှာ မိုက်ခရိုပလတ်စတစ်အမှုန်များ ပါဝင်နေတာကို တွေ့ရှိခဲ့ကြပြီး လူသားတွေမှာ ၃ ဆပိုမိုမြင့်မားနေပါတယ်။

လေ့လာစစ်ဆေးချက်များအရ လူသားတွေရဲ့ တစ်ရှူး ၁ ဂရမ်မှာ ပလတ်စတစ်အမှုန် ၃၂၉.၄၄ မိုက်ခရိုဂရမ် တွေ့ရှိပြီး ခွေးတွေမှာတော့ ၁၂၂.၆၃  မိုက်ခရိုဂရမ် တွေ့ရှိခဲ့ပါတယ်။

ပလတ်စတစ်အမှုန်တွေက လူသားတွေထဲ ဘယ်လောက်အထိ ဝင်ရောက်နေလဲဆိုတာအပြင် အမျိုးသားတွေရဲ့ မျိုးပွားမှုကိုပါ ဘယ်လောက် ထိခိုက်စေမလဲဆိုတာ စိုးရိမ်စရာ ဖြစ်လာပါတယ်။

လူသားတွေရဲ့ မျိုးပွားအင်္ဂါမှာ မိုက်ခရိုပလတ်စတစ်တွေ ဝင်ရောက်နေတာကို တွေ့လိုက်ရတော့ အံ့အားသင့်ခဲ့ရကြောင်း နယူးမက္ကဆီကိုတက္ကသိုလ်မှ သဘာဝပတ်ဝန်းကျင် သိပ္ပံပညာရှင် ရှောက်ကျုံယုက ပြောပြပါတယ်။

မိုက်ခရိုပလတ်စတစ် ၁၂မျိုးကို တွေ့ရှိခဲ့ကြပြီး ခွေးတွေနဲ့လူတွေမှာ အတွေ့အများဆုံးက ပိုလီအီသလင်း(PE) ဖြစ်နေပါတယ်။

ပလတ်စတစ်ဗူးတွေနဲ့ အိတ်များထုတ်လုပ်ရာမှာ ပိုလီအီသလင်းကို အသုံးပြုကြပါတယ်။

ပလတ်စတစ်တွေက သုတ်ပိုးအရေအတွက် ကျဆင်းခြင်းနဲ့ ဆက်စပ်နေနိုင်တယ်လို့ တွေ့ရှိလာကြပါတယ်။

ပလတ်စတစ်အမှုန်တွေနဲ့ ထိတွေ့မှုရှောင်ရှားဖို့၊ စားသောက်နေထိုင်မှုပုံစံ ပြောင်းလဲဖို့၊ အပြုအမူများ ပြောင်းလဲဖို့ ရှောက်ကျုံယုက ဆိုလိုက်ပါတယ်။
Source: WION.
#World_Research
#Published_ 22 May 2024
#Yangon_Times #YMG_News #Yangon_Media_Group