Published_ 22 May 2024

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)နှင့်ဂျပန် ဘောလုံးအဖွဲ့ချုပ် (JFA)တို့ ပူးပေါင်းဆောင်ရွက်သွားရန် နှစ်ဖက်နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

လူငယ်ဘောလုံး ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အကယ်ဒမီကျောင်းများဖွံ့ဖြိုးရေးနှင့် လူငယ်အသင်းပြိုင်ပွဲများ ယှဉ်ပြိုင်ကစားရေးအတွက်  နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခဲ့ ခြင်းဖြစ်သည်ဟုဆိုသည်။

MOU ကာလ (၃)နှစ် ကနဦး ထားရှိရန် သဘောတူခဲ့ကြပြီး MOU အရဆောင်ရွက်မည့် အခန်းကဏ္ဌများ 
အနေဖြင့်
  1.   Technical Development နည်းပညာဖွံ့ဖြိုးရေး
  2.   Referee Development ဒိုင်လူကြီးဖွံ့ဖြိုးရေး
  3.   Women's Football အမျိုးသမီးကစားသမား
  4.   Youth Developmentလူငယ်ကစားသမား ဖွံ့ဖြိုးရေးများပါဝင်သည်ဟုဆိုသည်။

ဧရာဝတီဖောင်ဒေးရှင်း၏ ပံ့ပိုးမှုဖြင့် မြန်မာ လူငယ် ယူ၁၂ အသင်းအား ဘာစီလိုနာ၊ ဂျူဗီတပ်စ်၊ ဂျပန်၊ J League လူငယ်ကလပ်များ ပါဝင်ယှဉ်ပြိုင်မည့် ယူ၁၂  နိုင်ငံတကာ ဖိတ်ခေါ် လူငယ်ပြိုင်ပွဲသို့ စေလွှတ် ယှဉ်ပြိုင်မည်ဖြစ်သည်ဟုဆိုသည်။

မေလ(၂၂)ရက်က JFA ရုံးချုပ်တွင် ပြုလုပ်ခဲ့သည့် MOU ရေးထိုးခြင်း အခမ်းအနားသို့ အာရှဘောလုံးအဖွဲ့ချုပ် AFC Senior Vice President ဦးဇော်ဇော် (ဥက္ကဌ၊ MFF) နှင့် ဂျပန် ဘောလုံးအဖွဲ့ချုပ် JFA ဥက္ကဌ Tsuneyasu Miyamoto တို့တက်ရောက် လက်မှတ် ရေးထိုးခဲ့ကြကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#Published_ 22 May 2024
#Yangon_Times #YMG_News #Yangon_Media_Group