#World_Science
Published 22 May 2024


▪️ သိပ္ပံပညာရှင်တွေက အလွန်ကွာဝေးတဲ့ နေစကြဝဠာစနစ်ပေါင်း ၅ သန်းကို လေ့လာရာမှာ ကြယ်ပေါင်း ၆၀ နီးပါးခန့်ကို ဧရာမဂြိုဟ်ကမ္ဘာစွမ်းအားပြုအပင်များက ဝန်းရံထားတယ်လို့ တွေ့ရှိလာကြပါတယ်။

 

▪️ ကြယ်တွေဟာ နေရဲ့အရွယ်အစား ၆၀ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းလောက်အထိ ရှိကြပြီး အနီအောက်ရောင်ခြည် အပူလှိုင်းများ ထုတ်လွှတ်တယ်လို့ နက္ခတ္တပညာရှင်များ ဆိုပါတယ်။

 

▪️ ဒီတွေ့ရှိမှုကြောင့် နဂါးငွေ့တန်းကြယ်စင်စုကြီးမှာ ဂြိုဟ်သားတို့ရဲ့ စွမ်းအားထုတ်လုပ်ခြင်း နည်းပညာရှိမယ်လို့ ကာလရှည်ကြာ ယူဆထားတာကို ထောက်ခံသဖွယ်ရှိနေပါတယ်။

 

▪️ နည်းပညာအဆင့်အတန်း အလွန်မြင့်မားတဲ့ သက်ရှိတွေကသာ ဆောက်လုပ်ထားတဲ့ ဧရာမအရာကြီးတွေ တည်ရှိခြင်းနဲ့ ကြယ်တွေကနေ စွမ်းအင်စုပ်ယူရန် ပုံဖော်ထားခြင်းကို ဒစ်ဆွန်နက္ခတ်တာရာများလို့ ခေါ်ပါတယ်။

 

▪️ ဂြိုဟ်သားများ စွမ်းအားထုတ်လုပ်ခြင်း လက္ခဏာများကို ရှာဖွေဖို့နည်းလမ်း သုတေသီများ တွေ့ရှိခဲ့ပါတယ်။

 

▪️ WISE အာကာသ တယ်လီစကုပ်၊ ဥရောပအာကာသ အေဂျင်စီ ဂိုင်ယာဂြိုဟ်တု၊ MASS2 တယ်လီစကုပ် စစ်တမ်းများမှ ရရှိတဲ့ အချက်အလက်များကို ပေါင်းစည်းလိုက်ကြပါတယ်။

 

▪️ အနီအောက်ရောင်ခြည် လက္ခဏာတွေ တွေ့ရှိရပေမယ့် စိတ်ဝင်စားစရာ အကောင်းဆုံးဖြေရှင်းချက်က ဒစ်ဆွန်ဂြိုဟ်တာရာသာ ဖြစ်တယ်လို့ အချို့သိပ္ပံပညာရှင်များ ယူဆကြပါတယ်။

 

▪️ ဂြိုဟ်ပေါင်း ၅ သန်းခန့်ကို လေ့လာပြီးနောက် ဒစ်ဆွန်စက်ဝန်းများ ဖြစ်နိုင်ခြေရှိတာကို ဖော်ထုတ်လိုက်ကြပါတယ်။

 

▪️ ဂြိုဟ်သားတွေရဲ့ ဧရာမအရာကြီးတွေက အနီအောက်ရောင်ခြည် အများအပြား ထုတ်လွှတ်နိုင်ခြေ ရှိတာကို လေ့လာတွေ့ရှိခဲ့ကြတယ်လို့ ဖော်ပြခဲ့ကြပါတယ်။

 

#Source: WION