#Local_News
Published-26 May2023
ရခိုင်ပြည်နယ်ရှိ မုန်တိုင်းသင့်ပြည်သူများကိုကယ်ဆယ်ရေးလုပ်ငန်းများ ထပ်မံဆောင်ရွက်ရန် ပရဟိတမင်းသားကြီး ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော် ရခိုင်သို မေလ ၂၆ရက်(ယနေ့)တွင် ဒုတိယအကြိမ်ထပ်မံရောက်ရှိခဲ့ကြောင်း သိရသည်။
ဆိုက်ကလုန်းမုန်တိုင်း"မိုခါ"မုန်တိုင်းဒဏ်သင့်ခဲ့ရသည့် ရခိုင်ပြည်နယ်သို့ သွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ် ဒူး၌ပြတ်ရှဒဏ်ရာရရှိခဲ့သဖြင့် ရန်ကုန်သိုပြန်ခဲ့ပြီးနောက်ဒဏ်ရာသက်သာလာ၍ ဒုတိယအကြိမ်ထပ်မံသွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။
"ဒဏ်ရာသက်သာလာလို မုန်တိုင်းဒဏ်သင့်ခဲ့ရတဲ့ အမျိုးတွေဆီကို ပြန်လာနေပါပြီ။ သာလီစွပါ ချစ်သောရခိုင်ပြည်။ အကူညီပေးဖို့ ကုန်ပစ္စည်းတွေက ကုန်းလမ်းကနေလာနေပါပြီ။ ကျွန်တော်နဲ့ ပစ္စည်းအချို့ကတော့ လေကြောင်းနဲ့ပါ"ဟု ဝေဠုကျော်၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးထားသည်။
ရုပ်ရှင်သရုပ်ဆောင် ပရဟိတမင်းသားကြီး ဝေဠုကျော်နှင့်၎င်း၏ပရဟိ တအဖွဲသည် ရခိုင်တွင် မုန်တိုင်းမတိုက်မီ ရက်ပိုင်းအလိုကတည်းက ရောက်ရှိနေခဲ့ပြီး မုန်တိုင်းဝင်ရောက်ခဲ့ပြီးနောက် ပထမအကြိမ်၌စစ်တွေ၊ ရသေ့တောင်၊ မောင်တောမြို့နယ်များသို့ သွားရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#ymg/pl #Local_News #မုန်တိုင်းသင့်ရခိုင်သို့ဝေဠုကျော်ထပ်မံရောက်ရှိ
#YMG #Yangon_Media_Group
#Local_News
Published_ 26 May 2023
ရန်ကုန်တောင်ဥက္ကလာပ ဝေဇယန္တာလမ်းပေါ်မှာ ကားတစ်စီးလမ်းလယ်ကျွန်းရှိ သစ်ပင်တွေ ဝင်တိုက်ပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း ပရဟိတကူညီသူတွေက ပြောသည်။
ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်းပေါ်တွင် Toyota Verossa အမျိုးအစားကားသည် မေလ ၂၅ ရက် ည ၁၁ နာရီဝန်းကျင်အချိန်ခန့်က ပါရမီမီးပွိုင့်ဘက်အသွား စာဂလမ်းအနီးမှာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို ကျော်တက်ပြီး သစ်ပင်တွေကို ဝင်တိုက်ကာ တဖက်လမ်းဘေးတွင် တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဖြစ်စဉ်အတွင်း အသက် ၂၀ ခန့်ဝန်းကျင်အရွယ်ရှိ ယာဉ်မောင်း အမျိုးသားမှာ ပုခုံးအဆစ်ပြုတ်ဒဏ်ရာရရှိခဲ့သဖြင့် ကောင်းမှုဆောင်လူမှုကူညီရေးအသင်းကားဖြင့် မြောက်ဥက္ကလာပဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရသည်။
#ymg/ppk #Local_News #ရန်ကုန်ဝေဇယန္တာလမ်းပေါ်ကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွား
YMG #Yangon_Media_Group
Published 26 May 2023.
ကမ္ဘာဂြိုဟ်ထက် လေးဆခန့်ကြီးတဲ့ နေပြောက် Sunspot ကြီးတစ်ခုကို သာမာန်မျက်စေ့ဖြင့်ပင် ကမ္ဘာမှမြင်ရတယ်လို့ သိရပါတယ်။ ဒါပေမယ့် အဲသလိုကြည့်ဖို့ မျက်လုံးကို သင့်တော်တဲ့ မျက်မှန်တပ်ဆင်ထားဖို့လိုအပ်တယ်လို့ လည်းပြောပါတယ်။
Sunspot AR3310 လို့အမည်ပေးထားတဲ့ အဆိုပါနေပြောက်ကြီးဟာ ကမ္ဘာကိုမျက်နှာမူနေတဲ့ နေရဲ့မျက်နှာပြင်ပေါ်က အမည်းရောင်ဧရီယာကြီးတစ်ခုဖြစ်ပါတယ်။ အဲဒီနေပြောက်ဟာ ကမ္ဘာထက်(၄)ဆကြီးတဲ့အတွက် တယ်လီစကုတ် အသုံးပြုပြီး ကြည့်စရာမလိုတော့တာဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံက နက္ခတ္တဗေဒပညာရှင်တစ်ဦးဖြစ်တဲ့ ဘမ်ဆပ် ယွမ်က အဆိုပါ နေပြောက်ကြီးရဲ့ ရုပ်ပုံကို ဆိုရှယ်မီဒီယာမှာ မျှဝေခဲ့တာဖြစ်ပါတယ်။
“ ကြီးမားးလှတဲ့ နေပြောက်ကြီးတစ်ခုဟာ နေပေါ်ဖြတ်သန်းနေပြီး အခု ကျွန်တော် ဆိုလာမျက်မှန်တပ်ပြီး ကောင်းကောင်း မြင်နိုင်တယ်” လို့ ယွမ်က ပြောပါတယ်။“ ဒါပေမယ့် မျက်စေ့ကိုကာကွယ်ဖို့ နေကြတ်ရဲ့ကြည့်တဲ့မျက်မှန် ဒါမှမဟုတ် ဆိုလာမျက်မှန်တပ်ကြည့်ဖို့တော့လိုတယ်” လို့ သူကပြောပါတယ်။
နယူးဂျာစီ၊ နယူးယောက်ခ်၊ပင်စီဗန်နီးယားနှင့် နီဘရာစကာတို့ကနေ လူတွေဟာ အဲဒီနေပြောက်ကြီးကို တနင်္လာနေ့က ဓာတ်ပုံမှတ်တမ်း တင်နိုင်ခဲ့ကြပါတယ်။
AR3310 နေပြောက်ကြီးဟာ ကမ္ဘာကိုမျက်နှာမူနေတဲ့အတွက် ပညာရှင်တွေက အနီးကပ်စောင့်ကြည့်နေကြပါတယ်။ နေပြောက်တွေဆိုတာကတော့ နေရဲ့ သံလိုက်စက်ကွင်းတွေဟာ ပုံမှန်မဟုတ်ဘဲ လှုပ်ရှားနေကြတဲ့ နေရာတွေပါ။ နေပြောက်ဟာ သိသာထင်ရှားလှတဲ့ ဆိုလာ အလင်းတန်းတွေထုတ်လွှတ်ပါတယ်။ ဆိုလာအလင်းတန်းဆိုတာ စွမ်းအင်၊ အလင်းနှင့် မြန်နှုန်းမြင့်ဒြပ်မှုန်တွေကို အာကာသထဲ ပစ်လွတ်တဲ့ ကြီးမားတေဲ့ပေါက်ကွဲမှုတစ်ခုလည်းဖြစ်ပါတယ်။ အဆိုပါ အလင်းတန်းကို မြင့်မားတဲ့ M-flare အဆင့်သတ်မှတ်ထားပြီး ဒါဟာ ဆိုလာအလင်းတန်းတွေရဲ့ စွမ်းအားအရ ဒုတိယမြောက်အကြီးဆုံးဖြစ်ပါတယ်။
အဲဒီလောက်ကြီးမားတဲ့ အလင်းတန်းကြောင့် ရေဒီယိုအမှောင်ကြခြင်းဆိုတာဖြစ်နိုင်ပါတယ်။ အဲသလိုဖြစ်ရင် လေကြောင်း သွားလာမှုကို အကျိုးသက်ရောက်စေနိုင်ပြီး ကာလရှည်ကြာမြင့်တဲ့ ရောင်ခြည်မုန်တိုင်း radiation storms တွေကိုလည်း ဖြစ်ပေါ် စေနိုင်ပါတယ်။ အဲဒီ ရောင်ခြည်မုန်တိုင်းတွေကြောင့် ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ရောင်စုံအလင်းဖြာမှုတွေ ဖြစ် လာစေနိုင်ပါတယ်။ ပြီးတော့ အလင်းတန်းဟာ လူသားကမ္ဘာကို တိုက်ရိုက်လာရင်တော့ လျှပ်စစ်စနစ်နှင့်ပိုက်လိုင်းတွေကို ဖြတ်တောက်ပစ်နိုင်ပါတယ်။
ပြီးခဲ့တဲ့လများအတွင်း ယခုလို အံ့မခန်းဖွယ် ဆိုလာရှခင်းတွေ ဆက်တိုင်မြင်တွေ့နေခဲ့ရတာဖြစ်ပါတယ်။ နေဟာ ယင်းရဲ့ ၁၁နှစ်တာ စက်ဝန်းမှာ ယခု အထွတ်အထိပ်ရောက်နေတာဖြစ်ပြီး ဒီလို နေပြောက်တွေကို မကြာခဏ မြင်တွေ့ရဖို့ရှိနေပါတယ်။
Source: WION/Business Insider
#ကမ္ဘာထက်လေးဆကြီးသည့်နေပြောက်ကြီး
#Sunspot
#YangonMediaGroup
#Local_News
Published_ 26 May 2023
အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် ပြည်တွင်းသုံးစွဲရန်တင်သွင်းသည် လျှပ်စစ်သုံး EV ဆိုင်ကယ်များရောက်ရှိလာခြင်း ဖြစ်သည်။
တရုတ်နိုင်ငံထုတ် Wuyang Honda အမျိုးအစား လျှပ်စစ်သုံး EV မော်တော်ဆိုင်ကယ် (၁၉၂) စီး ရန်ကုန်ဆိပ်ကမ်းကတဆင့်တင်သွင်းလာခြင်းဖြစ်ကြောင်း သိရသည်။
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် NCX Myanmar Co., Ltd. မှ တင်သွင်းခြင်းဖြစ်ကြောင်းသိရသည်။
ယင်းတို့ကို လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပြီး အဆိုပါ လျှပ်စစ်သုံး မော်တော်ဆိုင်ကယ်များ တင်သွင်းမှုအတွက် အကောက်ခွန် ကင်းလွတ်ခွင့်ပြုထားကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်သုံးကားနှင့်မော်တော်ဆိုင်ကယ်များကို ယခုဘဏ္ဏာနှစ်အကုန်အထိ အခွန်ကင်းလွတ်ခွင့်များပေးအပ်ထားရာ ကုမ္ပဏီသုံဆယ်ကျော်မှ တာဝန်ယူတင်သွင်းနေကြောင်းသက်ဆိုင်ရာမှ ထုတ်ပြန်ထားသည်။
#ymg/ppk #Local_News #EVမော်တော်ဆိုင်ကယ်ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ
#YMG #Yangon_Media_Group
#World_Health
Published 26 May 2023
ရေကိုအသုံးပြုပြီး လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို တိုးတက်အောင်ထောက်ပံ့ပေးနိုင်တဲ့ ရေကုထုံးနည်းလမ်းတစ်ခုရှိပါတယ်။
ဒါ့အပြင် ဒီနည်းလမ်းဟာ ကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကိုလည်း အကျိုးဖြစ်ထွန်းစေနိုင်ပါတယ်။
ရေပင့်အားက စိတ်ဖိစီးမှုနဲ့ပူပန်မှုကို လျှော့ချပေးခြင်း၊ အပူချိန်ခပ်နွေးနွေးက ကြွက်သားများကိုပြေလျော့စေခြင်းတို့ ပြုလုပ်ပေးပါတယ်။
ဒါ့အပြင် ကလေးတွေရဲ့ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းနဲ့ ဟန်ချက်တို့ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။
ရေဖြင့်ကစားခြင်းက ကလေးတွေအတွက် ပျော်ရွှင်ဖွယ်ဖြစ်တာကြောင့် သူတို့ရဲ့စိတ်နေစိတ်ထားကိုလည်း တိုးတက်စေပါတယ်။
စိတ်အခြေအနေနဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး မူမမှန်တဲ့ ကလေးတွေမှာ ရေကုထုံးနည်းလမ်းဖြင့် တိုးတက်စေနိုင်တယ်လို့ ၂၀၂၀ လေ့လာချက်မှာ ဖော်ပြထားပါတယ်။
ရေကုထုံးနည်းလမ်းဖြင့် ကလေးတွေမှာ ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေကတော့..
- စိတ်ဖိစီးမှုနှင့်ပူပန်မှုကိုလျှော့ချပေးခြင်း
နွေးတဲ့ရေဟာ စိတ်နဲ့ခန္ဓာကိုပြေလျော့စေကာ အော်တစ်ဇင်နဲ့ စိတ်ကျန်းမာရေးပြဿနာရှိနေတဲ့ ကလေးတွေအတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။
- စိတ်အခြေအနေတိုးတက်စေခြင်း
ရေကုထုံးနည်းလမ်းဖြင့် စိတ်အခြေအနေကိုတိုးတက်စေနိုင်ပြီး ကလေးတွေကို ပျော်ရွှင်ကျေနပ်မှုဖြစ်စေပါတယ်။
- ကိုယ့်ကိုယ်ကိုယုံကြည်လေးစားမှုဖြစ်စေခြင်း
ရေကုထုံးနည်းလမ်းက ကလေးတွေမှာ ပျော်ရွှင်မှုပေးနိုင်သလို ကိုယ်ပိုင်ယုံကြည်လေးစားမှုကိုလည်း တိုးမြှင့်စေပါတယ်။
- လူမှုပေါင်းသင်းစွမ်းရည်တိုးတက်စေခြင်း
ကလေးတွေရဲ့ ပေါင်းသင်းရေး၊ ဆက်ဆံရေးစတဲ့ စွမ်းရည်တွေတိုးတက်စေပြီး လုံခြုံစိတ်ချရတဲ့ဝန်းကျင်ကို အထောက်အကူဖြစ်စေပါတယ်။
- ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတိုးတက်စေခြင်း
ရေကုထုံးနည်းလမ်းဖြင့် ကလေးရဲ့ဟန်ချက်၊ လှုပ်ရှားခြင်း၊ ကြွက်သားခွန်အားတို့ကို တိုးတက်စေကာ ဖွံ့ဖြိုးမှုနှေးတဲ့ကလေးတွေအတွက် အကျိုးဖြစ်စေပါတယ်။
- နာကျင်မှုသက်သာစေခြင်း
နွေးထွေးတဲ့ရေက နာကျင်မှုကိုသက်သာစေပြီး အဆစ်ရောင် ခေါင်းကိုက်ခြင်းတို့ကို သက်သာစေပါတယ်။
ဒီနည်းလမ်းအသုံးပြုပေးဖို့ စိတ်ကူးနေပြီဆိုရင် ဆရာဝန်နဲ့အရင်ဆုံးတိုင်ပင်ဖို့ အရေးကြီးပါတယ်။
Source: India Today #World_Health #ကလေးများ၏ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု
#YMG #Yangon_Media_Group
#World_Military
Published 26 May 2023
ရုရှားပိုင်နက်အတွင်းမှာ အမေရိကန်မှထောက်ပံ့ထားတဲ့ စစ်လက်နက်ပစ္စည်းတွေအသုံးမပြုရန် အမေရိကန်က ယူကရိန်းကို တောင်းဆိုနေတာကြာပြီဖြစ်ကြောင်း အမေရိကန်ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးက မေလ ၂၅ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
ယူကရိန်းလိုလားတဲ့ ပြည်သူ့တပ်ဖွဲ့တွေက အမေရိကန်သံချပ်ကာယာဉ်တွေ အသုံးပြုနေတယ်လို့ ရုရှားကစွပ်စွဲပြီးနောက် အခုလိုပြောကြားလာတာ ဖြစ်ပါတယ်။
ယခုသီတင်းပတ်အစောပိုင်းက ရုရှားဒေသဘယ်လ်ဂိုရော့ဒ်မှာ ပြည်သူ့တပ်ဖွဲ့မှ ယာဉ်တွေ စစ်ရေးကိရိယာများအသုံးပြုပြီး နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုပြုလုပ်လာတဲ့ ဆိုရှယ်မီဒီယာပုံရိပ်များကို ပူးတွဲစစ်ဦးစီးချုပ်ရုံးအဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း စစ်တပ်ဗိုလ်ချုပ်ကြီး'မာ့ခ်မီလီ'က ပြောကြားခဲ့ပါတယ်။
တွေ့ရတဲ့ဗီဒီယိုမှာ အမေရိကန်ထောက်ပံ့ပစ္စည်းဟုတ်/မဟုတ်၊ ဘယ်သူက ဘယ်သူ့ကိုတိုက်ခိုက်လဲဆိုတဲ့ သဘောသဘာဝကို အတိအကျမပြောနိုင်သေးကြောင်း၊ ဒါပေမဲ့ အမေရိကန်ထောက်ပံ့ပစ္စည်းတွေသုံးပြီး ရုရှားကိုတိုက်ရိုက်တိုက်ခိုက်တာမျိုး မပြုလုပ်ဖို့ ယူကရိန်းတွေကိုတောင်းဆိုထားတယ်ဆိုတာတော့ တပ်အပ်ပြောနိုင်ကြောင်း မီလီက ပင်တဂွန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနဘက်က အမေရိကထုတ် ဟမ်ဗီးတိုက်ခိုက်ရေးယာဉ်များအပါအဝင် ဖျက်ဆီးခံထားရတဲ့ယာဉ်တွေပါဝင်တဲ့ ဗီဒီယိုကိုပြသထားပေမယ့် ဗီဒီယိုအကြောင်းအရာတွေကိုတော့ အတည်မပြုနိုင်ပါဘူး။
ယူကရိန်းတပ်ဖွဲ့ဝင်များက ဘယ်လ်ဂိုရော့ဒ်ဒေသခံတစ်ဦးကို သတ်ပစ်ခဲ့ကြောင်း ရုရှားဘက်ကဆိုလိုက်ကာ နောက်ထပ်ကျူးကျော်မှုများဖြင့် အပြင်းအထန်တုန့်ပြန်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။
၂၀၂၂ ဖေဖော်ဝါရီလမှာစခဲ့တဲ့ ရုရှား-ယူကရိန်းစစ်ပွဲနောက်ပိုင်း နိုင်ငံတောင်ပိုင်း ဘယ်လ်ဂိုရော့ဒ်နယ်စပ်ဒေသမှာ အကြိမ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး လူဒါဇင်များစွာသေဆုံးခဲ့ပါတယ်။
ယူကရိန်းကနေဖြတ်ပြီး အဖျက်အမှောင့်အဖွဲ့တွေဝင်ရောက်တဲ့ ဖြစ်ရပ်တွေကိုလည်း အာဏာပိုင်တွေက သတင်းပို့ထားပါတယ်။
ဘယ်လ်ဂိုရော့ဒ်တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ ယူကရိန်းအစိုးရကငြင်းဆိုထားကာ ရုရှားလူမျိုးတွေနဲ့ဖွဲ့စည်းထားတဲ့ ရုရှားအစိုးရဆန့်ကျင်ရေးလက်နက်ကိုင် အဖွဲ့အစည်းနှစ်ခုကတော့ ဒီကိစ္စအကြောင်း ကြေညာထားပါတယ်။
ယူကရိန်းက ရုရှားနယ်မြေတိုက်ခိုက်ဖို့အတွက် အမေရိကန်မှထောက်ပံ့ထားတဲ့ တာဝေးပစ်လက်နက်တွေကို အသုံးမပြုဘဲ သိမ်းပိုက်ခံထားရတဲ့ ယူကရိန်းနယ်မြေတွေရှိ ရုရှားတပ်သားများကိုသာ ပစ်မှတ်ခဲ့ကြောင်း ယူကရိန်းဘက်က ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။
ဒီစစ်ပွဲဟာ ယူကရိန်းစစ်ပွဲဖြစ်ပြီး အမေရိကန်နဲ့ရုရှားကြားက စစ်ပွဲမဟုတ်သလို နေတိုး(NATO)နဲ့ရုရှားကြားက စစ်ပွဲလည်းမဟုတ်ဘူးလို့ မီလီက ပြောပြခဲ့ပါတယ်။
Source: WION #World_Military #ရုရှားနယ်မြေအတွင်းယူကရိန်းအသုံးမပြုသင့်
#YMG #Yangon_Media_Group
#Local_News
Published_ 26 May 2023
မန္တလေးတိုင်း၊မဟာအောင်မြေမြို့နယ်၊ ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယက၊နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးမြို့၊ဗန်းမော်ကျောင်းတိုက်၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဒေါက်တာဘဒ္ဒန္တကုမာရဘိဝံသ(ဗန်းမော်ဆရာတော်)ကြီးသည်သာသနာတော်နှစ် (၂၅၆၇)ခု ခရစ်နှစ်မေလ(၂၅)ရက်နေ့ မြန်မာသက္ကရာဇ် ၁၃၈၅ခု နယုန်လဆန်း ၇ ရက်နေ့ (ကြာသပတေးနေ့) ည(၁၁နာရီ၁၁မိနစ်)အချိန်တွင်ဘဝနတ်ထံသို့ပျံလွန်တော်မူရှာကြောင်း သာသနာရေးဦးစီးဌာန၏ထုတ်ပြန်ချက်အရသိရသည်၊၊
ဘဝနတ်ထံပျံလွန်တော်မူချိန်တွင် သက်တော်(၉၄) နှစ် သိက္ခာတော်(၇၄)ဝါရှိပြီဖြစ်ပြီး မန္တလေးမြို့၌ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်၊၊
ဆရာတော်ကြီးဘဝနတ်ထံပျံလွန်တော်မူ၍ တစ်နိုင်ငံလုံးရှိတပည့်၊ ဒါယကာအပေါင်းမှ ဝမ်းနည်းကြေကွဲ ယူကြုန်းမရဖြစ်ကာ ရွှေတောင်ကြီးပြိုကျသလိုခံစားရကြောင်း လူမှုကွန်ရက်စာမျက်နှာထက်များပေါ်တွင် ဖော်ပြထားကြသည်၊၊
နိုင်ငံတော်ဗဟိုသံဃာ့မဟာနာယကဥက္ကဋ္ဌ ဒေါက်တာကုမာရာဘိဝံသ ဗန်းမော်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဆရာတော်ကြီးသည် ဘဝနတ်ထံပျံလွန်တော်မမူခင် မတ်လ(၂၅)ရက်မှဧပြီလ(၈)ရက်အထိ(၁၄)ရက်တိုင်တိုင် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ၌မျက်စိကုသခံယူခြင်း၊ကျန်းမာရေးစစ်ဆေးခြင်းများကိုဆောင်ရွက်ခဲ့ကြောင်းနှင့် မြန်မာနိုင်ငံသို့ပြန်လည် ရောက်ရှိခဲ့ပြီး မေလ(၂၅)ရက်ညပိုင်းတွင်ဘဝနတ်ထံပျံလွန်တော်မူကြောင်းသိရသည်၊၊
#ymg/tthl #ဗန်းမော်ဆရာတော်ဘုရားကြီး #ဘဝနတ်ထံ ပျံလွန်တော်မူ
#YMG #Yangon_Media_Group
#World_Health
Published 26 May 2023
ကိုဗစ်-၁၉ကပ်ရောဂါထက် ပိုပြီးအသက်အန္တရာယ်ရှိနိုင်တဲ့ နောက်ထပ်ကပ်ရောဂါတစ်မျိုးအတွက် ပြင်ဆင်ထားဖို့လိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)အကြီးအကဲက သတိပေးလိုက်ပါတယ်။
ဆွစ်ဇာလန်ဂျီနီဗာမှာပြုလုပ်တဲ့ ကမ္ဘာ့ကျန်းမာရေးအစည်းအဝေးပွဲမှာ အထွေထွေညွှန်ကြားရေးမှူး ဒေါက်တာ'တက်ဒရိုစ်အက်ဒါနွမ်ဂေဘရီယေးဆပ်စ်'က ကိုဗစ်ကပ်ရောဂါဟာလည်း ပြီးဆုံးဖို့ဝေးသေးကြောင်း သတိပေးလိုက်ပါတယ်။
နောက်ထပ်ရောဂါကူးစက်မှုလှိုင်းဖြစ်စေနိုင်တဲ့ မျိုးဗီဇကွဲအန္တရာယ်ရှိနေသလို ပိုပြီးအသက်အန္တရာယ်ပေးနိုင်တဲ့ ရောဂါပိုးလည်း ရှိနေနိုင်ပါတယ်လို့ ပြောပြခဲ့ပါတယ်။
ဒါပေမဲ့ ကိုဗစ်ကပ်ရောဂါက ကျန်းမာရေးအရေးပေါ်အခြေအနေ မဟုတ်တော့ဘူးလို့လည်း ကြေညာထားပါတယ်။
ဆိုးရွားတဲ့သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပေမယ့် တက်ဒရိုစ်ဟာ WHO အဖွဲ့ဝင်နိုင်ငံများရဲ့ မကြာသေးမီက ကူးစက်ရောဂါအကြောင်းအရာတစ်ခု ရေးဆွဲရန်ဆုံးဖြတ်ချက်ကို ချီးကျူးခဲ့ပြီး အသုံးစရိတ်နဲ့ ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ရန် အတည်ပြုခဲ့တယ်လို့ ရိုက်တာကဖော်ပြလိုက်ပါတယ်။
နိုင်ငံတကာကျန်းမာရေးစည်းမျဉ်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ရန်၊ ကျန်းမာရေးအကျပ်အတည်းများအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရန် တောင်းဆိုလိုက်ကာ ဒါမှ ကမ္ဘာကြီးက ကိုဗစ်ကပ်ရောဂါလိုမျိုး ကပ်ဆိုးကြီးကို ဘယ်တော့မှထပ်မံရင်ဆိုင်ရမှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် ကမ္ဘာတဝှမ်းမှာ လူပေါင်း ၇ သန်းနီးပါးသေဆုံးထားပြီး အမေရိကန်မှာတင် သေဆုံးသူ ၁.၁၃ သန်းရှိပါတယ်။
နေရာဒေသတွေမှာ ကူးစက်ပျံ့ပွားနိုင်စွမ်းရှိပြီး နောက်ထပ်ကပ်ရောဂါဖြစ်လာနိုင်တဲ့ အဓိကကူးစက်ရောဂါတွေကို WHO က ထုတ်ဖော်လိုက်ပါတယ်။
ဒီရောဂါတွေထဲမှာ အီဘိုလာ၊ မာဘာ့၊ အရှေ့အလယ်ပိုင်းအသက်ရှူလမ်းကြောင်းရောဂါ၊ ပြင်းထန်သောအသက်ရှူလမ်းကြောင်းရောဂါလက္ခဏာ၊ ကိုဗစ်-၁၉၊ ဇီကာ၊ Disease X လို့ခေါ်တဲ့ ကြောက်စရာရောဂါတစ်မျိုးတို့ ပါဝင်နေပါတယ်။
Disease X ရောဂါ ဖြစ်နိုင်ချေရှိတာဟာ ချဲ့ကားပြောတာမဟုတ်ကြောင်း ဂျွန်ဟော့ပ်ကင်းစ်ဘလွန်းဘာ့ဂ်တက္ကသိုလ်မှ သုတေသီ'ပရာနက်ချက်တာဂျီ'က ပြောကြားခဲ့ပါတယ်။
နောက်ထပ်ကပ်ရောဂါက တိရိစ္ဆာန်များမှအစပြုကာ ကူးစက်လာနိုင်တယ်လို့ ကျွမ်းကျင်သူများက သဘောတူထားပါတယ်။
အီဘိုလာ၊ AIDS၊ ကိုဗစ်-၁၉ တို့ဟာလည်း တိရိစ္ဆာန်အစပြုရောဂါတွေဖြစ်ပါတယ်။
အများအပြားမကူးစက်ခင်မှာ ရောဂါရှာတွေ့ဖို့က အဓိကကျကြောင်း နိုင်ငံတကာရောဂါပျံ့ပွားမှုစောင့်ကြည့်ရေးမှ ပြောကြားလိုက်ပါတယ်။
Source: NY Post #World_Health
#ကပ်ရောဂါအသစ်တစ်ခုထပ်ဖြစ်လာနိုင် #ကမ္ဘာ့ကျန်းမာရေးအဖွဲ့သတိပေး
#YMG #Yangon_Media_Group
#Local_News
Published_ 25 May 2023
ဈေးအမြင့်ပိုင်းကို ဆက်တိုက်ဆိုသလို ဈေးမြင့်တက်ခဲ့တဲ့ ကမ္ဘာ့ရွှေဈေးဟာ လက်ရှိအချိန်မှာ တစ်အောင်စကို ၁၉၅၇ ဒေါ်လာပေါက်ဈေးရှိနေပြီး ဈေးဆက်တိုက်ကျဆင်းနေတယ်လို့ ရွှေဈေးကွက်ထဲက စုံစမ်းသိရှိရပါတယ်။
#Local_News #ကမ္ဘာ့ရွှေဈေးဆက်တိုက်ကျဆင်း #Gold
#YMG #Yangon_Media_Group
#World_Archaeology
Published 25 May 2023
သက်တမ်း ၁,၂၀၀ မှ ၁,၄၇၀ နှစ်ကြားရှိ ကိုလံဘီယာချန်ကေယဉ်ကျေးမှုခေါင်းဆောင်ရဲ့ အုတ်ဂူကို လီမာမြောက်ဘက်ကမ်းရိုးတန်းမှာ ရှေးဟောင်းသုတေသီအဖွဲ့က ရှာဖွေတွေ့ရှိခဲ့ကြောင်း တနင်္ဂနွေနေ့မှာ ဖော်ပြခဲ့ပါတယ်။
#World_Archaeology #အင်ကာခေတ်မတိုင်မီယဉ်ကျေးမှုခေါင်းဆောင်
#YMG #Yangon_Media_Group
#Local_News
Published_ 25 May 2023
YBS ယာဉ်အချို့မှာ EV Bus ကားဖြင့် အစားထိုးပြေးဆွဲသွားမယ်လို့ YRTC ကပြောအပြီး မေလ တတိယအပတ်ထဲမှာ YRTC ကတာဝန်ရှိသူတွေနဲ့ Electronic bus တင်သွင်းရောင်းချတဲ့ ကုမ္ပဏီ သုံးခုနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ ပုဂ္ဂုလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီက သိရပါတယ်။
#Local_News #EV Bus #YRTC #Electronic_Bus
#YMG #Yangon_Media_Group
#Local_News
Published_ 25 May 2023
ရွှေတိဂုံစေတီတော်ကြီးမှာ ဇွန်လ(၂)ရက်နယုန်လပြည့်နေ့မှာ မဟာသမယအခါတော်နေ့အခမ်းအနားကျင်းပသွားဖို့ရှိတယ်လို့ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲထံမှ သိရပါတယ်၊၊
#Local_News #ရွှေတိဂုံစေတီတော် #ငြိမ်းချမ်းရေးခေါင်းလောင်းများတစ်ပြိုက်နက်တီးခတ်ပူဇော် #YMG #Yangon_Media_Group
Page 855 of 1639