Published_ 15 May 2024

အင်ဒိုနီးရှားနှင့်ထိုင်းနိုင်ငံထုတ် အလှကုန်ပစ္စည်း (၄၂)မျိုးတွင်တားမြစ်ဓာတုပစ္စည်းများပါဝင်‌နေသည့်အတွက်အများပြည်သူသုံးစွဲရန်မသင့် ကြောင်းမြန်မာFDAမှသတိပေးချက်ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ထုတ်ပြန်ချက်တွင် အာဆီယံဒေသတွင်းတွေ့ရှိရသော တားမြစ်ဓါတုပစ္စည်းပါဝင်သည့် ဖော်ပြပါ အလှကုန်ပစ္စည်း(၄၂)မျိုးသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) ၌ မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ် ဖြစ်စေနိုင်သောတားမြစ်ဓါတုပစ္စည်းများ ပါဝင်နေပါသဖြင့် အများပြည်သူလူထုသုံးစွဲရန် မသင့်တော်ကြောင်း အသိပေးကြေညာခြင်းဖြစ်သည်ဟုဆိုသည်။

တားမြစ်ဓါတုပစ္စည်းများသည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေပြားမှတဆင့် ခန္ဓာကိုယ်အတွင်းသိုစုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့်စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 15 May 2024
#Yangon_Times #YMG_News #Yangon_Media_Group