Published 15 May 2024

ရန်ကုန် တိုင်းဒေသကြီး အင်းစိန်မြို့နယ် တညင်းကုန်းရပ်ကွက် တညင်းကုန်းကျောင်းတိုက်အရှေ့ (360)ဆီဆိုင် နှင့် ရွာသစ် မှတ်တိုင် အနီး တွင်YBSယာဉ်မှ လမ်းကူးသူနှစ်ဦးကို ဝင်တိုက်မိသဖြင့် အမျိုးသမီးနှစ်ဦး ​ေ-သဆုံးခဲ့ကြောင်း လူမှုကူညီရေးအသင်းများထံက သိရသည်။

မေလ ၁၄ရက်နေ့ ည ၈နာရီခွဲခန့်က တညင်းကုန်းဘက် မှ မြို့ထဲဘက်အတက်ခြမ်းတွင်( YBS 131 )ယာဉ် တစ်စီး မှ လမ်းကူးသူ အမျိုး သမီး သား အမိ နှစ် ဦး ကို အရှိန်မထိမ်း နိုင်ပဲ ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီး နှစ်မှာ အခင်း ဖြစ်ပွားသည့် နေရာ မှာပင် ​ေ-သ ဆုံးခဲ့ကြောင်း သိရသည်။

​ေ-သဆုံးခဲ့သူများ ၏ ရု-ပ်အ-လောင်း ကို ပြန်လည်ရှင်သန်ရေးအသင်း နှင့်တွဲလက်လူမှုကူညီရေးအဖွဲ့ တို့ မှ (အင်းစိန်)ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#Yangon_Times/LW
#Local_News
#Published_ 15 May 2024
#Yangon_Times #YMG_News #Yangon_Media_Group