#Just-In News

၁၅ မေ ၂၀၂၄

ဆလိုဗက် ဝန်ကြီးချုပ် ရောဘတ်ဖစ်ကိုသည်  အစိုးရအစည်းအဝေးတစ်ခုအပြီးတွင် သေနတ်ပစ်ခံရသဖြင့် ဒဏ်ရာရရှိသွားခဲ့ တယ်လို့ TASR သတင်းအေဂျင်စီက ယနေ့မေလ ၁၅ ရက်နေ့တွင် သတင်းထုတ်ပြန်ပါတယ်။

ဝန်ကြီးချုပ်ဖစ်ကိုဟာ သေနတ်ပစ်ခံရပြီး ဒဏ်ရာရရှိသွားတယ်လို့ ပါလီမန်ဒုတိယဥက္ကဋ္ဌ လုဘော့ဘလာဟာရဲ့ ပြောဆိုချက်ကို ကိုးကားပြီး TASR က သတင်းရေးသားပါတယ်။

သေနတ်သံတော်တော်များများကြားရပြီး လူတစ်ဦးကို ရဲကဖမ်းဆီးသွားတယ်လို့ မျက်မြင်သက်သေတစ်ဦးက ရိုက်တာ သတင်းဌာနကိုပြောပါတယ်။

ဆလိုဗက်အစိုးရရုံးထံမှ မှတ်ချက်မရရှိသေးပါဘူး။

Source Reuters