Published 16 May 2024

အဆင့်ဆင့် ထုတ်လုပ်ထုပ်ပိုးထားတဲ့ အစားအစာတွေ စားသုံးခြင်းဟာ အရွယ်မတိုင်ခင် အသက်ဆုံးပါးနိုင်ခြေများကြောင်း လေ့လာချက်တစ်ခုမှာ တွေ့ရပါတယ်။

၁၉၈၆ မှ ၂၀၁၈ခုနှစ်အတွင်း လူပေါင်း ၁ သိန်းကျော်ကို စစ်တမ်းကောက်ယူ လေ့လာခဲ့ကြပါတယ်။

အဆင့်ဆင့် ထုပ်ပိုးထားတဲ့ စားစရာများကို အများအပြား စားသုံးသူတွေဟာ အသက်ဆုံးပါးနိုင်ခြေ ၄ ရာခိုင်နှုန်း၊ အာရုံကြော ဆုတ်ယုတ်သေဆုံးနိုင်ခြေ ၉ ရာခိုင်နှုန်း ပိုများတာကို တွေ့ရှိကြရပါတယ်။

ဒီလိုအစားအစာတွေထဲမှာ အသင့်စားနိုင်တဲ့ သားငါး၊ ခြံထွက်၊ ပင်လယ်စာများ၊ အချိုဓာတ်ပါသော သောက်စရာများ၊ နို့ထွက်ပစ္စည်းအခြေပြု မုန့်ပဲသရေစာများ၊ အဆင့်ဆင့် ထုတ်လုပ်ထားတဲ့ မနက်စာများ ပါဝင်ကြောင်း ဟားဗတ်မှ တွဲဖက်ပရော်ဖက်ဆာ ဒေါက်တာ မင်ယန်ဆောင်းက ပြောပြသွားပါတယ်။

ပေါင်မုန့်ကြမ်းလိုမျိုး စားစရာကတော့ ထိုအမျိုးအစားထဲ ထည့်သွင်းဖို့ မလိုအပ်ပါဘူး။

အဆင့်ဆင့် ထုတ်လုပ်ထားတဲ့ စားစရာတွေကို ရှောင်ရှားခြင်း ဒါမှမဟုတ် အနည်းဆုံး လျှော့ချစားသုံးခြင်းမျိုး ပြုလုပ်သင့်တယ်လို့ ပရော်ဖက်ဆာက ဆိုပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်တတ်မယ်ဆိုရင် သိပ်ပြီးစိတ်ပူစရာ မလိုပါဘူး။

အဆင့်ဆင့် ထုတ်လုပ်ထုပ်ပိုးထားတဲ့ အစားအစာများ စားသုံးခြင်းက ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာဟာ ဒါပထမဆုံး လေ့လာချက်မဟုတ်ဘဲ ကင်ဆာဖြစ်စေနိုင်တယ်ဆိုတဲ့ လေ့လာချက်တွေလည်း ရှိထားပါတယ်။  
Source: New York Post.
#World_Health
#Published_ 16 May 2024
#Yangon_Times #YMG_News #Yangon_Media_Group