Published 16 May 2024

ဆားက စားစရာတွေရဲ့ အရသာကို မြှင့်တင်ပေးပေမယ့် အလွန်အကျွံ စားသုံးခြင်းက ကျန်းမာရေးကို ထိခိုက်စေပါတယ်။

ဆိုဒီယံ များလွန်းခြင်းက တစ်ကမ္ဘာလုံး အတိုင်းအတာမှာ ရောဂါဖြစ်ပွားခြင်းနဲ့ အသက်သေဆုံးခြင်းတို့ရဲ့ အဓိက အကြောင်းအရင်း ဖြစ်နေတယ်လို့ WHO က ယမန်နှစ်က ထုတ်ပြန်ထားပါတယ်။

ဆိုဒီယံက ခန္ဓာကိုယ်ထဲက မရှိမဖြစ် အာဟာရဓာတ်ဖြစ်ပြီး ပလတ်စ်မာ ပမာဏ၊ အက်ဆစ်-ဘေ့စ် မျှခြေ၊ အာရုံကြော သတင်းပို့ခြင်း၊ ဆဲလ်ပုံမှန်လုပ်ဆောင်ချက်များ ထိန်းသိမ်းရာမှာ ကူညီပေးပါတယ်။  

ဆိုဒီယံများလွန်းရင် သွေးတိုးလိုမျိုး ကျန်းမာရေး ဆိုးကျိုးများ ဖြစ်နိုင်သလို ချို့တဲ့ရင်လည်း ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်ပါတယ်။

ဆိုဒီယံကလိုရိုက်ဒ် ပမာဏကို ကျောက်ကပ်က ထိန်းချုပ်ထားတာကြောင့် ခန္ဓာကိုယ်မှာ ဆားသင့်တင့်သလောက် လိုအပ်တယ်လို့ ဒေါက်တာ ပရာဟက်ရန်ဂျန်ဆင်ညာက ပြောပြပါတယ်။

WHO ညွှန်ကြားချက်အရ တစ်နေ့ကို ဆား ၅ ဂရမ်မျှ စားသုံးသင့်ပြီး နည်းလွန်းရင် ခန္ဓာကိုယ်ထဲမှာ ဆိုဒီယံနည်းသွားကာ ကိုမာလိုမျိုး ရောဂါအခြေအနေ ဖြစ်တတ်ပါတယ်။

 ဒါ့အပြင် ကျောက်ကပ်မှာ ဆားတွေ စုပြုံလာပါတယ်။

ခန္ဓာကိုယ်ထဲမှာ ဆားချို့တဲ့တဲ့အခါ ခေါင်းကိုက်ခြင်း၊ အမြင်အာရုံပျောက်ခြင်း၊ နွမ်းနယ်ခြင်း၊ မူးဝေခြင်းတို့ ခံစားရတတ်ကြောင်း PSRI ဆေးရုံမှ အရေးပေါ်အကြီးအကဲ ဒေါက်တာ ပရက်စ်ဟန့်ဆင်ညာက ဆိုပါတယ်။

အလွန်နည်းပါးတဲ့အခါဆိုရင် အကြောဆွဲခြင်း၊ ကိုမာနဲ့ ဦးနှောက်ထိခိုက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

နေ့စဥ်စားသောက်စရာထဲမှာ ဆားထည့်သွင်းဖို့နဲ့ အလွန်အကျွံမဖြစ်စေဖို့ ဆရာဝန်များက ညွှန်ကြားထားပါတယ်။
Source: India Today.
#World_Health
#Published_ 16 May 2024
#Yangon_Times #YMG_News #Yangon_Media_Group