၁၅ မေ ၂၀၂၄

ပင်လယ်ပြင်အတွင်း တရုတ်ကုန်တင်ရေယာဉ်တစ်စီးတွင် အမြင့်ပေါ်မှပြုတ်ကျ၍ ထိခိုက်ဒဏ်ရာရသူ  တရုတ် သင်္ဘောသားတစ်ဦးကို တပ်မတော်(ရေ)မှ သွားရောက်ကူညီကယ်ဆယ်ခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေး အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မြန်မာ့ပင်လယ်ပြင်အတွင်း ကိုကိုးကျွန်း၏အနောက်မြောက်ဘက် ၆၉ မိုင်ခန့် အကွာ၌ အိန္ဒိယနိုင်ငံ၊ Dhamra Port မှ တရုတ်နိုင်ငံသို့ထွက်ခွာလာသော တရုတ် နိုင်ငံပိုင် CHANG HANG HAO HAI အမည်ရှိ ကုန်တင်  ရေယာဉ်ကြီးပေါ်မှ ရေယာဉ် အမှုထမ်းတစ်ဦးသည် မေလ ၁၄ ရက်၊ နေ့လယ် ၁ နာရီခန့်တွင် အမြင့်မှပြုတ်ကျ၍ စိုးရိမ်ရသည့်ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် အရေးပေါ်ဆေးကုသရန် လိုအပ်ကြောင်း MRCC မှတစ်ဆင့် အကူအညီတောင်းခံလာခဲ့ခြင်းဖြစ်ပါတယ်။

အဲဒါကြောင့်ဟိုင်းကြီးကျွန်းမြို့ အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်မတော် (ရေ)မှ အမြန်သွားတိုက်ခိုက်ရေးရေယာဉ်တစ်စီးသည် ရှာဖွေကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင် ရွက်နိုင်ရေး အတွက် အဆိုပါကုန်တင်ရေယာဉ်ကြီးရှိရာ နေရာသို့ သွားရောက်ခဲ့ရာ ဒဏ်ရာရ လူနာတရုတ်လူမျိုး Mr. TAN BIN အမည်ရှိ ရေယာဉ် အမှုထမ်းအား ဆေးကုသမှုခံယူနိုင်ရန် စစ်ရေယာဉ်ပေါ်သို့ ရွှေ့ပြောင်း တင်ဆောင်၍ လူနာအား ကနဦး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြုလုပ်ပေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြ ထားပါတယ်။

ယင်းနောက်ဟိုင်းကြီးကျွန်းမြို့ရှိ တပ်မတော်ဆေးရုံသို့ အချိန်မီပို့ဆောင်ပေးခဲ့၍ ဆေးကုသမှုများ ဆောင်ရွက် ပေးခဲ့ပြီးနောက်လိုအပ်သော ဆေးအကာအကွယ်ပေးမှုများအား ဆက်လက်ဆောင်ရွက်နိုင်ရန် ပုသိမ်မြို့ သို့ လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

@ymg/knl