#Local_News
Published 11 May 2024

▪️ ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်ဧပြီလ တစ်လတာအတွင်းပဲမျိုးစုံတန်ချိန်နှစ်သိန်းနီးပါးတင်ပို့ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

▪️ ထိုသို့တင်ပို့ရာတွင်ယခုနှစ် ဧပြီလအတွင်း၌  ပြည်ပနိုင်ငံများသို့ ပဲမျိုးစုံတန်ချိန်  ၁၉၀၀၀၀ ကျော်အထိတင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေရရှိမှုမှာလည်း ယခုနှစ်တွင်အမေရိကန်ဒေါ်လာ ၁၆၄ သန်းကျော်အထိရရှိခဲ့ကြောင်း သိရသည်။

 

▪️ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏  ၂၀ ရာခိုင်နှုန်းမှာ ပဲမျိုးစုံ စိုက်ပျိုးပြီး ပဲမျိုးစုံစိုက်ပျိုးမှု၏ ၇၂ ရာခိုင်နှုန်းမှာ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့်  အခြားပဲများကိုပါ စိုက်ပျိုးမှုရှိကြောင်း သိရသည်။

 

#YMG/NN #Yangon_Times