#Local_News
Published 9 May 2024


▪️ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ၊ ကမ္ဘားမြင့်ကျေးရွာအနီး ၊ မိတ္ထီလာ-သာစည်မြို့ရှောင်လမ်း ၊ မိုင်တိုင်အမှတ် (၃၁၂/၇)တွင် (၂၂) ဘီးယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွား ခဲ့ကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

 

▪️ မေလ၉ရက် မနက် ၆နာရီခွဲက ၂၂ ဘီးယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး ခေါင်းခန်းတွင်ညပ်နေသဖြင့် မိတ္ထီလာမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သာစည်မြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးနှင့် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

▪️ အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသမီး (၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား မျိုးဆက်သစ်မြတ်ပါရမီအသင်းမှ သူနာတင်ယာဉ်ဖြင့် မိတ္ထီလာမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#YMG/LW #Yangon_Times