#Local_News
Published_09 May 2024


▪️ (၆)လကျော်ကာလအတွင်း ဆန်သိုလှောင်ရုံစုစု‌‌ပေါင်း (၆၀၆)လုံးတရားဝင်မှတ်ပုံတင်ထားပြီဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

▪️ ဆန်စပါးသိုလှောင်ရုံပိုင်ဆိုင်သူများ အနေဖြင့် Online Registration စနစ်ဖြင့် မှတ်ပုံတင်ခြင်းများ ဆောင်ရွက်လျက်ရှိရာ  ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့မှစတင်၍၂၀၂၄ ခုနှစ်၊ မေလ ၆ ရက်နေ့အထိဆန်သိုလှောင်ရုံစုစု‌‌ပေါင်း(၆၀၆)လုံးအွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ခဲ့ခြင်းဖြစ်သည်။

 

▪️ မေလ ၆ ရက်နေ့အထိ Myanmar Rice Online (MyRo) - www.myro.com.mm တွင် မှတ်ပုံတင်ထားသော ကုမ္ပဏီ ၉၄ ခု၏ သိုလှောင်ရုံ ၁၉၇ လုံး၊ လူပုဂ္ဂိုလ် ၂၂၁ ဦး၏ သိုလှောင်ရုံ ၄၀၉ လုံး၊ စုစုပေါင်းသိုလှောင်ရုံအရေအတွက် ၆၀၆ လုံး မှတ်ပုံတင်ဆောင်ရွက်ထားပြီးဖြစ်‌သည်ဟုဆိုသည်။

 

▪️ ပြည်တွင်း ဆန်စပါးဖူလုံရေး၊ ပြည်ပသို စနစ်တကျတင်ပိုရောင်းချနိုင်ရေး၊ ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးနှင့် ဆန်စပါးသိုလှောင်မှုအခြေအနေများကို စနစ်တကျစာရင်းပြုစု မှတ်ပုံတင်ထားနိုင်ရေး၊ သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်ကို ဖော်ဆောင်နိုင်ရေးတိုအတွက်Online Registration စနစ်ဖြင့်မှတ်ပုံတင်ခြင်းများဆောင်ရွက်ရမည်ဟုအသိပေးကြေညာခဲ့ကြောင်း၊

 

▪️ သို့ဖြစ်ပါ၍ စီးပွားရေးလုပ်ငန်းအလိုငှာ ဆန်တန်ချိန် ၅၀ သို့မဟုတ် စပါးတင်း ၅,၀၀၀ နှင့်အထက် သိုလှောင်သည့် ဆန်စပါးသိုလှောင်ရုံပိုင်ဆိုင်သူများအနေဖြင့် မိမိတို့၏ သိုလှောင်ရုံများကို Myanmar Rice Online (MyRo) - www.myro.com.mm တွင် မဖြစ်မနေ မှတ်ပုံတင်ဆောင်ရွက်ပေးကြပါရန် ထပ်မံအသိပေးကြေညာအပ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန် ဖော်ပြထားကြောင်း သိရသည်။

 

#tthl #Yangon_Times