#World_Health
Published 22 November 2023
တစ်နေ့ကို ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း လျှော့စားရုံဖြင့် သွေးပေါင်ချိန်ထိန်းဆေးတွေရဲ့ အာနိသင်အတိုင်း ရရှိစေကြောင်း American Medical Associatioin ဂျာနယ်မှာ ဖော်ပြထားပါတယ်။
ဘာမင်ဂမ်မှ သုတေသီများက အသက် ၅၀ မှ ၇၅ နှစ်ကြား လူပေါင်း ၂၁၃ ဦးကို လေ့လာခဲ့ကြပါတယ်။
ပထမတစ်ပတ်ကို ဆိုဒီယမ်နည်းပါးတဲ့ စားစရာများ စားစေခဲ့ပြီး နောက်တစ်ပတ်ကို ဆိုဒီယမ်များတဲ့ စားစရာတွေ စားစေခဲ့ပါတယ်။
သာမန်စားစရာတွေနဲ့ နှိုင်းယှဥ်ပါက ဆိုဒီယမ်နည်းပါးတဲ့ အစားအစာတွေဟာ အပေါ်သွေး ၆ မီလီမီတာမာကျူရီ ကျဆင်းစေပြီး ဒါဟာ သွေးပေါင်ချိန်ထိန်းဆေးတွေရဲ့ သက်ရောက်မှုနဲ့ နှိုင်းယှဥ်လို့ရပါတယ်။
ဆားတစ်ဇွန်းမှာ ဆိုဒီယမ် ၂,၃၀၀ မီလီဂရမ် ပျမ်းမျှပါဝင်ပါတယ်။
ဆိုဒီယမ်လျှော့စားလို့ သွေးပေါင်ချိန်ကျဆင်းစေတဲ့ ပမာဏဟာ သွေးတိုးရောဂါ မရှိသူတွေမှာရော သွေးတိုးရောဂါအမျိုးမျိုး ရှိသူတွေမှာပါ အတူတူဖြစ်ကြောင်း တွဲဖက်ပရော်ဖက်ဆာ ဒီပက်ခ်ဂူ့ပ်တာက ပြောပြသွားပါတယ်။
သွေးထိန်းဆေး သုံးစွဲနေတဲ့သူ ဟုတ်ဟုတ် မဟုတ်ဟုတ် ပါဝင်စမ်းသပ်သူတွေထဲက ၇၀ မှ ၇၅ ရာခိုင်နှုန်းလောက်ဟာ သွေးပေါင်ချိန် ကျဆင်းသွားပါတယ်။
သွေးပေါင်ချိန်ထိန်းဆေး သုံးစွဲနေသူတွေမှာ ဆိုဒီယမ်လျှော့စားခြင်းဖြင့် သွေးပေါင်ချိန် ပိုမိုကျဆင်းစေတာကို အရင်က မသိခဲ့ကြောင်း၊ ဒါကြောင့် သွေးထိန်းဆေး သုံးစွဲနေသူတွေမှာတောင် သွေးပေါင်ချိန် ထိန်းသိမ်းဖို့အတွက် ဆိုဒီယမ်လျှော့ချ စားသုံးဖို့က အရေးကြီးကြောင်း ရောဂါကာကွယ်ရေး ပရော်ဖက်ဆာ နိုရီနာအယ်လန်က ပြောပြသွားပါတယ်။
သွေးပေါင်ချိန်က တစ်ပတ်အတွင်း သိသိသာသာ ကျဆင်းသွားပြီး သွေးပေါင်ချိန် ကျတဲ့ဒဏ်ကို ခံနိုင်ရည်ရှိဖို့ကလည်း အရေးကြီးကြောင်း၊ သွေးတိုးရောဂါက ကမ္ဘာပေါ်မှာ ကျန်းမာရေးပြဿနာကြီး တစ်ရပ် ဖြစ်နေကြောင်း အလာဘားမားတက္ကသိုလ်မှ ပရော်ဖက်ဆာ ကိုရာလူဝစ္စက ပြောပြခဲ့ပါတယ်။
ဆိုဒီယမ်လျှော့စားခြင်းကြောင့် သွေးပေါင်ချိန်အခြေအနေ ကောင်းမွန်လာတာဟာ ဘေးထွက်ဆိုးကျိုးမရှိဘဲ သွေးထိန်းဆေးတွေရဲ့ သက်ရောက်မှုနဲ့ ယှဥ်လို့ရပါတယ်။
နေ့စဥ်ဆိုဒီယမ်စားသုံးမှု ပမာဏဟာ ၁,၅၀၀ မီလီဂရမ်ရှိသင့်တယ်လို့ အမေရိကန် နှလုံးကျန်းမာရေး အဖွဲ့အစည်းမှ အကြံပြုထားပြီး ယခုလေ့လာချက်အရ ထိုပမာဏထက် ပိုမိုလျှော့ချသင့်ပါတယ်။
#World_Health #သွေးပေါင်ချိန်ထိန်းဆေး #ဆားလျှော့ချစားသုံးခြင်း #Source: New York Post
#World_Health
Published 22 November 2023
အစာစားပြီးနောက် သွေးတွင်းသကြားဓာတ် အလျင်အမြန် ကျဆင်းသွားသူတွေဟာ ပိုမိုဆာလောင်တတ်ကြပြီး နေ့ဘက်မှာ အခြားသူတွေထက် ကယ်လိုရီရာဂဏန်းခန့် ပိုမိုစားသောက်မိကြတယ်လို့ သုတေသနတစ်ခုမှာ ဖော်ပြထားပါတယ်။
အချို့လူတွေဟာ ကယ်လိုရီထိန်းတဲ့ စားသောက်ပုံစံ စားနေတာတောင် ကိုယ်အလေးချိန် မကျနိုင်ဘဲ ဖြစ်နေကြောင်း တက္ကသိုလ်အများအပြားမှ သုတေသီအဖွဲ့များ တွေ့ရှိခဲ့ကြပြီး လူတွေရဲ့ ကိုယ်တွင်းဇီဝဖြစ်ပျက်မှု ဖြစ်စဥ်များအကြောင်း သိရှိနားလည်ရန် အရေးကြီးပုံကို ဖော်ပြသွားပါတယ်။
လူပေါင်း ၁,၀၇၀ နှစ်ပတ်ကျော်ကာလအတွင်း ပုံမှန်မနက်စာနဲ့ နေ့လယ်စာ ညစာများစားသောက်ပြီးနောက် သွေးတွင်းသကြားဓာတ် တုန့်ပြန်ပုံနဲ့ ကျန်းမာရေး အခြားအမှတ်အသားများအကြောင်း အချက်အလက်များ စုဆောင်းခဲ့ကြပါတယ်။
ခန္ဓာကိုယ်ကနေ သကြားဓာတ်ကို ဘယ်လောက်အထိ ချေဖျက်သလဲဆိုတာကို တိုင်းတာရန် အစာမရှိချိန် သွေးတွင်းသကြားဓာတ် တုန့်ပြန်မှုစမ်းသပ်ချက်ကိုလည်း လုပ်ဆောင်ခဲ့ကြပါတယ်။
စမ်းသပ်ကာလတလျှောက် သွေးတွင်းသကြားဓာတ်ပမာဏကို တိုင်းတာရန် စက်နဲ့ လှုပ်ရှားမှု အိပ်စက်မှုတို့ကို စောင့်ကြည့်တဲ့ စက်တွေကိုလည်း ဝတ်ဆင်စေခဲ့ပါတယ်။
နေ့ပိုင်းအတွင်း ဘယ်အချိန် ဘာစားလဲဆိုတာနဲ့ ဆာလောင်မှု အတိုင်းအတာ၊ နိုးကြားမှုတို့ကိုလည်း မှတ်သားခဲ့ပါတယ်။
အချက်အလက်တွေကို ခွဲခြမ်းလေ့လာပြီးနောက် အချို့လူတွေဟာ သကြားဓာတ် အမြင့်ဆုံးရောက်ပြီးနောက် ၂ နာရီမှ ၄ နာရီအကြာမှာ သိသိသာသာ ကျဆင်းသွားပြီး သတ်မှတ်ပမာဏအောက် ရောက်သွားကြောင်း တွေ့ရှိခဲ့ကြပါတယ်။
သွေးတွင်းသကြားဓာတ် လျင်မြန်စွာကျဆင်းသူတွေဟာ ဆာလောင်စိတ် ၉ ရာခိုင်နှုန်းမြင့်မားပြီး နောက်တစ်နပ်မစားခင် နာရီဝက်လောက်သာ စောင့်ဆိုင်းချင်ကြပါတယ်။
ဒါ့အပြင် မနက်စာစားပြီးနောက် ၃ နာရီ ၄ နာရီအတွင်း ၇၅ ကယ်လိုရီ ပိုမိုစားသောက်မိကာ တစ်နေ့လုံးမှာ ၃၁၂ ကယ်လိုရီ ပိုမိုရရှိလာပါတယ်။
ဒီလိုပုံစံကနေ တစ်နှစ်ကို ပေါင် ၂၀ ခန့် တိုးများလာနိုင်ပါတယ်။
စားသောက်ပြီးနောက် သွေးတွင်းသကြားဓာတ် ကနဦးမြင့်တက်တုန့်ပြန်မှုထက်စာရင် သကြားဓာတ် ကျဆင်းမှုနှုန်းက ဆာလောင်စိတ်နဲ့ ကယ်လိုရီပိုမိုစားမိခြင်းတို့ကို တိုင်းတာရာမှာ ပိုမိုအသုံးဝင်ကြောင်း ကင်းစ်ကောလိပ်လန်ဒန်မှ ဒေါက်တာ ဆာရာဘယ်ရီမှ ပြောကြားသွားပါတယ်။
လူတွေက ကိုယ်အလေးချိန်ချဖို့ ခက်ခဲနေကာ တစ်နေ့တစ်နေ့ ကယ်လိုရီ ပိုမိုစားမိလာပြီး တစ်နှစ်အတွင်း ပေါင်များစွာ တက်လာကြောင်း၊ စားသောက်ပြီးနောက် သကြားဓာတ်ကျဆင်းခြင်းက ဆာလောင်စိတ်အပေါ် များစွာသက်ရောက်နေပြီး ကိုယ်အလေးချိန်နဲ့ ရေရှည်ကျန်းမာရေး ထိန်းသိမ်းရာမှာ လူတွေနားလည်လာစေမှာ ဖြစ်ကြောင်း နော်တင်ဂမ်တက္ကသိုလ်မှ ပရော်ဖက်ဆာ အန်နာဗဲလ်ဒက်စ်က ပြောပြခဲ့ပါတယ်။
တူညီတဲ့ စားစရာကိုပဲ စားသောက်စမ်းသပ်ခဲ့ရာ သကြားဓာတ်တုန့်ပြန်ပုံ ကွဲပြားတာကို တွေ့ခဲ့ကြပါတယ်။
သို့ရာမှာ အမျိုးသားတွေက အမျိုးသမီးတွေထက် သကြားဓာတ် ပိုမိုကျဆင်းလေ့ရှိကြောင်း တွေ့ရပါတယ်။
မိမိနဲ့ ကိုက်ညီမယ့် အစားအသောက်များကို ရွေးချယ်စားသုံးခြင်းဖြင့် ပိုမိုပြည့်ဝစေပြီး နည်းပါးစွာစားမိစေမှာ ဖြစ်ပါတယ်။
#World_Health #လူအချို့အမြဲဆာလောင် #သုတေသီများစူးစမ်းလေ့လာ #Source: DoctorNDTV
အကြိမ်(၃၀)မြောက် အာရှပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုခေါင်းဆောင်များ အစည်းအဝေးတွင် Golden Gate ကြေညာချက်ကျင့်သုံးရန်သဘောတူညီခဲ့ကြ
ဆန်ဖရန်ဆစ္စကိုမှာ ကျင်းပတဲ့ အကြိမ် ၃၀ မြောက် အာရှပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC)ရဲ့ ခေါင်းဆောင်များ အစည်းအဝေးပွဲဟာ သောကြာနေ့မှာ နိဂုံးချုပ်လိုက်ပြီး အားလုံးအတွက် ရေရှည်တည်တံ့ခိုင်မြဲရေးနဲ့ ကြံ့ခိုင်တဲ့အနာဂတ် ပုံဖော်ရေးခေါင်းစဥ်ဖြင့် Golden Gate ကြေညာချက်ကို ကျင့်သုံးရန် သဘောတူညီခဲ့ကြပါတယ်။
#World_Economic
Published 21 November 2023
#ဆန်ဖရန်ဆစ္စကို #Golden Gate
#Daily_News
Published_ 21 November 2023
၁။ မြန်မာ့လက်မှုပညာရှင်ကို ထိုင်းမှပေ ၅၀ ရှိသည့် ဘီလူးရုပ်တုကြီးများထုလုပ်ပေးရန် စတင်အပ်နှံလာ
၂။ PNLO အခြေပြုဒေသသို့ ကယားပြည်နယ်မှ စစ်ဘေးရှောင်လာသူ ၈၀၀၀ကျော်ရှိပြီဟုဆို
၃။ နောင်ချို-ဂုတ်တွင်းလမ်းပိုင်းပြန်လည်ဖွင့်လှစ်ပြီး တိုက်ပွဲရှောင်အများစု နေရပ်ပြန်လည်ထွက်ခွာ
၄။ အကြိမ်(၃၀)မြောက် အာရှပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုခေါင်းဆောင်များ အစည်းအဝေးတွင် Golden Gate ကြေညာချက်ကျင့်သုံးရန်သဘောတူညီခဲ့ကြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News
၂၁ နိုဝင်ဘာ ၂၀၂၃
အစ္စရေးနှင့်ယာယီစစ်ပြေငြိမ်းရေးသဘောတူညီချက်တစ်ခုသည် နီးကပ်လာနေပြီဟု ဟားမာ့စ်ခေါင်းဆောင် အစ္စမေးလ်ဟန်နီယတ်က အင်္ဂါနေ့ နိုဝင်ဘာ ၂၁ ရက်ကတယ်လီဂရမ်မှာ သတင်းထုတ်ပြန်ချက်တင်ခဲ့ပါတယ်။
“ ယာယီစစ်ပြေငြိမ်းဖို့ အပေးအယူတစ်ခု ရရှိဖို့နီးစပ်နေပြီ” လို့ ဟန်နီယတ်က ပို့စ်ထဲမှာ ပြောခဲ့ပါတယ်။
အောက်တိုဘာ ၂၇ ရက်က အစ္စရေးရဲ့သမိုင်းမှာ ကို ကြောက်ဖက်ဖွယ် တိုက်ခိုက်ခံရမှုအတွင်းဖမ်းဆီးထားတဲ့ အစ္စရေး ဓားစာခံ ၂၄၀နီးပါးကို ပြန်လွှတ်ပေးမယ့် အပေးအယူတစ်ခုကို စေ့စပ်ညှိနှိုင်းသူတွေက ကြိုးစားနေကြ ပါတယ်။
ဟားမာ့စ်တိုက်ခိုက်ရေးသမားတွေဟာ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေအတွင်း အရပ်သားအများစုပါတဲ့ လူပေါင်း ၁၂၀၀ခန့်ကို သတ်ခဲ့ကြပါတယ်။
အဲဒီတိုက်ခိုက်မှုအတွက် အစ္စရေးက မရပ်နားဗုံးတွေကြဲပြီး မြေပြင်ထိုးစစ်တွေလည်း ဆင်နွှဲခဲ့ကြကာ ပြန်လည် လက်စားချေခဲ့ပါတယ်။ ဟားမာ့စ်ကိုဖျက်ဆီးပစ်ပြီး ဓားစာခံတွေလွတ်မြောက်ဖို့ အစ္စရေးက သန္နိဋ္ဌာန်ချထားတာ ဖြစ်ပါတယ်။
ဂါဇာက ဟားမာ့စ်အစိုးရရဲ့အဆိုအရ နှစ်ဘက်စလုံးမှာ လူပေါင်း ၁၃.၃၀၀ခန့်သေဆုံးခဲ့ရပါတယ်လို့သိရပါတယ်။ အဲဒီထဲမှာကလေးတွေ ထောင်ပေါင်းများစွာပါဝင်ပါတယ်။
ဟာမားရဲ့နိုင်ငံရေးရုံးရှိပြီး ဟန်နီယတ်အခြေပြုတဲ့နေရာမှာ ကာတာနိုင်ငံရဲ့ ထက်သန်တဲ့ စေ့စပ်ညှိနှိုင်းမှုတွေ ဆောင်ရွက်နေဆဲလည်းဖြစ်ပါတယ်။
ဓားစာခံတွေလွှတ်ပေးပြီး အပြန်အလှန်အားဖြင့် ယာယီစစ်ပြေငြိမ်းဖို့ကိစ္စဟာ လက်တွေ့ပြဿနာအသေးအဖွဲ ကလေးတွေပဲ ဆွေးနွေးဖို့ရှိတော့တယ်လို့ ကာတာဝန်ကြီးချုပ်က တနင်္ဂနွေနေ့တုန်းကပြောထားပါတယ်။
တနင်္လာနေ့တုန်းလည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သူ့အနေနှင့် ဓားစာခံတွေလွတ်မြောက်ရေးအပေးအယူ ကိစ္စအတော်နီးစပ်နေပြီလို့ယုံကြည်တယ်လို့ပြောခဲ့ပါတယ်။
အေအက်ဖ်ပီသတင်းဌာနကို ဆွေးနွေးမှုတွေနှင့်နီးစပ်တဲ့ သတင်းအရင်းအမြစ်နှစ်ခုက ပြောကြားရာမှာ အဲဒီ အပေးအယူကိစ္စမှာ ငါးရက်ကြာ ယာယီစစ်ပြေငြိမ်းရေးပါဝင်တယ်လို့ဆိုပါတယ်။ အဲဒီအထဲမှာမြေပြင်တွင် အပစ်အခတ်ရပ်ပြီး ဂါဇာတောင်ပိုင်းတွင် အစ္စရေးရဲ့လေကြောင်း စစ်ဆင်ရေးတွေ ကန့်သတ်ဖို့လည်းပါဝင်ပါတယ်လို့ သိရပါတယ်။
အပြန်အလှန်အားဖြင့် ဟားမာ့စ်နှင့် အစ္စလမ်မစ်ဂျီဟတ်တို့ဖမ်းထားတဲ့ အကျဉ်းသား ၅၀ ဦးနှင့် ၁၀၀ကြားအတွင်း ပြန်လွှန်ပေးဖို့ဖြစ်ပါတယ်။ လွှတ်ပေးသူတွေအထဲမှာ အစ္စရေးအရပ်သားတွေနှင့် အခြားနိုင်ငံသား အကျဉ်းသားတွေ ပါဝင်ပြီး စစ်သားတွေမပါဘူးလို့ဆိုပါတယ်။
အဆိုပြုသဘောတူညီချက်အရ အစ္စရေးအကျဉ်းထောင်ထဲက ပါလက်စတိုင်း၃၀၀ခန့်ကိုလည်း လွှတ်ပေးရပါမယ်။ သူတို့ဟာ အမျိုးသမီးများနှင့်ကလေးသူငယ်အများစုဖြစ်ပါတယ်။အိမ်ဖြူတော်က စေ့စပ်ညှိနှိုင်းမှုတွေဟာ အဆုံးသတ်နေပြီလို့ပြောပြီး အောင်မြင်တဲ့ရလာဒ်ကို ထိခိုက်နိုင်လို့ အသေးစိတ်ပြောဖို့ငြင်းဆန်ပါတယ်။
Source NDTV
#World_News
Published 21 November 2023
တနင်္လာနေ့မှာ အသက် ၈၁ နှစ်ပြည့်ခဲ့တဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ သမ္မတရာထူး ထမ်းဆောင်ခဲ့သူတွေထဲမှာ အသက်အကြီးဆုံးပုဂ္ဂိုလ်အဖြစ် မှတ်တမ်းဝင်ထားပြီး ဒီအချက်ကြောင့်ပဲ ဘိုင်ဒင်ဟာ သမ္မတရွေးကောက်ပွဲ ထပ်မံယှဥ်ပြိုင်ဖို့အတွက် အသက်ကြီးရင့်လွန်းနေပြီလို့ အမေရိကန်ပြည်သူတွေက စိုးရိမ်နေကြကြောင်း စစ်တမ်းများအရ သိရှိရပါတယ်။
အိမ်ဖြူတော် သတင်းမီဒီယာ အတွင်းရေးမှူး ကာရင်ရှောင်ပီယာရီက သတင်းထောက်တွေကို ပြောကြားရာမှာ ဘိုင်ဒင်နဲ့ မိသားစုဟာ နန်တက်ကက်ကျွန်းမှာ ကျေးဇူးတော်နေ့ အားလပ်ရက် စုဝေးပြီး သူ့မွေးနေ့ကို အုန်းသီးကိတ်မုန့်နဲ့ အောင်ပွဲခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အိမ်ဖြူတော်မှာ တာဝန်ထမ်းဆောင်ရန် အိုလွန်းနေပြီလို့ စိုးရိမ်နေကြတဲ့သူတွေကို ဘိုင်ဒင်က တက်ကြွရွှင်လန်းစွာဖြင့် ဖြေကြားသွားခဲ့ပြီး သူ့ရဲ့အသက်အရွယ်နဲ့ အတွေ့အကြုံတွေက အမေရိကရဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ အသုံးဝင်နိုင်တယ်လို့ မဲဆန္ဒရှင်တွေကို ဆွဲဆောင်ခဲ့ပါတယ်။
ဘိုင်ဒင်သာ သမ္မတအဖြစ် ထပ်မံရွေးကောက်ခံရပါက အသက် ၈၆ နှစ်အရွယ်မှာ ဒုတိယအကြိမ်မြောက် သမ္မတသက်တမ်း ကုန်ဆုံးမှာဖြစ်ပါတယ်။
အမေရိကန်သမ္မတတွေထဲမှာ ယခင်က အသက်အကြီးဆုံးအဖြစ် မှတ်တမ်းဝင်ထားသူက ရော်နယ်ရီဂန်ဖြစ်ပြီး ၁၉၈၉ ခုနှစ် အသက် ၇၇ နှစ်အရွယ်မှာ ဒုတိယ ၄ နှစ်မြောက်သက်တမ်း ကုန်ဆုံးခဲ့တာ ဖြစ်ပါတယ်။
၂၀၂၄ ရွေးကောက်ပွဲမှာ ဘိုင်ဒင်နဲ့ ယှဥ်ပြိုင်မယ့် ရီပတ်ဘလစ်ကန် ရှေ့ပြေးဦးဆောင်သူ ဒေါ်နယ်ထရမ့်ကတော့ အသက် ၇၇ နှစ်ရှိပြီ ဖြစ်ပါတယ်။
စက်တင်ဘာလလယ်က စစ်တမ်းကောက်ယူချက်တစ်ခုမှာ ဖြေကြားသူ ၇၇ ရာခိုင်နှုန်းက ဘိုင်ဒင်ဟာ သမ္မတရာထူးအတွက် အသက်ကြီးလွန်းပြီလို့ ဆိုခဲ့ကြပြီး ၃၉ ရာခိုင်နှုန်းကတောာ့ ဘိုင်ဒင်ဟာ စိတ်ပိုင်းဆိုင်ရာ ထက်မြက်နေသေးတယ်လို့ ဆိုပါတယ်။
ဒေါ်နယ်ထရမ့်နဲ့ နှိုင်းယှဥ်ရာမှာတော့ ဖြေကြားသူ ၅၆ ရာခိုင်နှုန်းက သူ့ကိုအိုလွန်းပြီလို့ ထင်မြင်ခဲ့ကြကာ ၅၄ ရာခိုင်နှုန်းကတော့ သူ့ကိုထက်မြက်နေသေးတယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်တမ်းရလဒ်များနဲ့ ပတ်သက်ပြီး ရှောင်ပီယာရီက ဘိုင်ဒင်ဟာ အဓိက အောင်မြင်မှုမှတ်တမ်းများ ရရှိထားကာ သူ့အသက်အရွယ်ကို အကဲမဖြတ်ဘဲ သူ့ရဲ့မှတ်တမ်းများအပေါ် ဆုံးဖြတ်သင့်တယ်လို့ ပြောကြားသွားပါတယ်။
အိမ်ဖြူတော်က ကြည့်တဲ့ရှုထောင့်က အသက်အရွယ် မဟုတ်ဘဲ သမ္မတရဲ့ အတွေ့အကြုံသာ ဖြစ်ပြီး သူဆောင်ရွက်ခဲ့တာတွေကို အကဲဖြတ်ရမှာဖြစ်ကြောင်း ဆိုသွားပါတယ်။
#World_News #ဂျိုးဘိုင်ဒင် #အမေရိကန်ပြည်သူများစိုးရိမ်
#Source: Reuters
Published 21 November 2023
အိုမီဂါ၃ ဖြည့်စွက်ဆေးတွေက သွေးအဆီဓာတ် များတဲ့သူတွေမှာ စည်းချက်မမှန် နှလုံးခုန်မြန်ခြင်းဝေဒနာ ဖြစ်နိုင်ခြေများခြင်းနဲ့ ဆက်စပ်နေတယ်လို့ ဥရောပနှလုံးဗေဒအဖွဲ့အစည်းက လေ့လာသုံးသပ်ထားပါတယ်။
လက်ရှိမှာ သွေးတွင်း ထရိုင်ဂလစ်ဆရိုက် များတဲ့သူတွေ နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေလျှော့ချဖို့အတွက် ငါးကြီးဆီဖြည့်စွက်စာတွေကို ညွှန်းထားကြကြောင်း၊ ပမာဏနည်းပါးတဲ့ အိုမီဂါ၃ ဖက်တီးအက်ဆစ်ဆေးတွေကို ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူနိုင်ကြောင်း ဗာဂျီးနီးယား ကွန်မန်းဝဲ့လ်တက္ကသိုလ်မှ သုတေသနပြုစုသူ ဒေါက်တာ ဆယ်လ်ဗေတိုကာဘိုနေးက ပြောပြသွားပါတယ်။
အချို့သော လက်တွေ့စမ်းသပ်ချက်များအရ နှလုံးခုန်နှုန်း ပုံမှန်မဟုတ်တဲ့ ရောဂါတွေထဲမှာ အဖြစ်အများဆုံးဖြစ်တဲ့ စည်းချက်မမှန် နှလုံးခုန်မြန်ခြင်းဝေဒနာ ဖြစ်နိုင်ခြေများခြင်းနဲ့ ဆက်စပ်နေနိုင်ပြီး ဝေဒနာရှင်တွေဟာ လေဖြတ်ခြင်းအန္တရာယ် ဖြစ်နိုင်ခြေ ငါးဆပိုများနေတယ်လို့ ယူဆထားပါတယ်။
ဒီလိုဖြစ်နိုင်ခြေအကြောင်း သိရှိရန်အတွက် အိုမီဂါ၃ ဖက်တီးအက်ဆစ် ပမာဏအမျိုးမျိုး ပါဝင်တဲ့ စမ်းသပ်ချက်များ ပြုလုပ်ခဲ့ပါတယ်။
စမ်းသပ်ခံသူတွေထဲမှာ ထရိုင်ဂလစ်ဆရိုက် ပမာဏများနေပြီး နှလုံးသွေးကြောရောဂါများ ရှိထားသူတွေနဲ့ ဖြစ်နိုင်ခြေရှိသူတွေ ပါဝင်ကြပါတယ်။
လူနာပေါင်း ငါးသောင်းကျော်ပါဝင်ကာ ငါးကြီးဆီဆေးနဲ့ အာနိသင်မရှိတဲ့ ဆေးတွေကို အသုံးပြုစေပြီး အချိန် ၂ နှစ်မှ ၇ နှစ်ကျော်အထိ စောင့်ကြည့်ခဲ့ကာ ငါးကြီးဆီပမာဏက တစ်နေ့ကို ၀.၈၄ ဂရမ်မှ ၄ ဂရမ်အထိ စမ်းသပ်ခဲ့ပါတယ်။
ထိုအခါမှာ အာနိသင်မရှိတဲ့ဆေး သုံးစွဲသူတွေထက် အိုမီဂါ၃ ဖက်တီးအက်ဆစ်ဖြင့် စမ်းသပ်သူတွေက နှလုံးခုန်မမှန်ခြင်း ဖြစ်နိုင်ခြေ သိသိသာသာ များနေတာကို တွေ့ရှိခဲ့ကြပါတယ်။
ငါးကြီးဆီက နှလုံးသွေးကြောရောဂါအတွက် အထောက်အကူဖြစ်စေတယ်လို့ တွေ့ရှိထားပေမယ့် နှလုံးခုန်မမှန်တဲ့လူတွေမှာ ပိုမိုဆိုးရွားစေနိုင်တာကို သတိပြုသင့်တယ်လို့ ကာဘိုနေးက ဖော်ပြခဲ့ပါတယ်။
Source: DoctorNDTV
#World_Health
#Published_ 21 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Page 589 of 1151