Published 12 February 2024
အမျိုးသမီးတွေဟာ အသက် ၅၀ ဝန်းကျင်မှာ ဓမ္မတာသွေးဆုံးတတ်ကြပြီး အားသာချက်တွေရော ဆိုးကျိုးတွေရော ရောထွေးနေတယ်လို့ လက်ခံထားကြပါတယ်။
အချို့တွေက ကိုယ်ဝန်နဲ့ပတ်သက်ပြီး စိုးရိမ်စရာမလိုတော့တာကို သဘောကျကြပြီး အချို့ကျတော့ နီရဲကွက်များ၊ စိတ်အခြေအနေ၊ အခြားလက္ခဏာများကို စိုးရိမ်ကြပါတယ်။
သွေးဆုံးခြင်းနဲ့ ပတ်သက်ပြီး သိပ္ပံပညာရှင်အချို့က အာရုံစိုက်လာကြပါတယ်။
ကျန်းမာတဲ့ အမျိုးသမီးတွေမှာ သွေးဆုံးခြင်းကို နှောင့်နှေးနိုင်မလားဆိုတာ အဓိကမေးစရာဖြစ်လာပါတယ်။
အမျိုးသမီးတွေမှာ သားဥအိမ်တစ်ရှူး အေးခဲပြီး သွေးဆုံးချိန် ရွှေ့ဆိုင်းနိုင်ဖို့အတွက် သားဥအိမ်ဇီဝပညာရှင် ဒေါက်တာကတ်လပ်ခ်အော့ခ်တေနဲ့ အဖွဲ့က သုတေသနပြုလုပ်နေကြပါတယ်။
သားဥအိမ်တစ်ရှူးထဲရှိ မျိုးဥထောင်သောင်းများစွာကို အေးခဲပြီး သွေးဆုံးခြင်းကို ဆယ်စုနှစ်များတိုင်အောင် အချိန်ဆွဲထားနိုင်ဖွယ်ရှိတယ်လို့ အော့ခ်တေက ခန့်မှန်းလိုက်ပါတယ်။
အော့ခ်တေက အေးခဲထိန်းသိမ်းထားတဲ့ တစ်ရှူးတွေမှာ အစားထိုးထည့်သွင်းမှုကို ပထမဆုံး အောင်မြင်ခဲ့ပြီးနောက် သားဥအိမ်တစ်ရှူး အေးခဲ ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
သားဥအိမ်တစ်ရှူး ထိန်းသိမ်းခြင်းက အသက်အရွယ်အပါအဝင် အခြားအချက်အလက်များနဲ့ သက်ဆိုင်နေပါတယ်။
အသက်ပိုငယ်လေ မျိုးဥတွေ ပိုများလေဖြစ်ပြီး အရည်အသွေးပိုကောင်းတယ်လို့ ဆိုပါတယ်။
ဒီလုပ်ငန်းစဥ်အတွက် အသက် ၂၁ နှစ်မှ ၄၀ အတွင်းက အကောင်းဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
လုပ်ငန်းစဥ်အရ အသက် ၄၀ အောက် အမျိုးသမီးအများစုက သွေးဆုံးခြင်းကို ရွှေ့ဆိုင်းနိုင်ပြီး အသက် ၃၀ အောက်ဆိုရင်တော့ ရပ်တန့်ဖို့အထိပါ ဖြစ်နိုင်ပါတယ်။
အသက်အရွယ်ကြီးမှ သွေးဆုံးတဲ့အမျိုးသမီးတွေမှာ အသက်ရှည်ခြင်း၊ ရောဂါအမျိုးမျိုး ဖြစ်နိုင်ခြေ နည်းခြင်းတို့ပါ အကျိုးရှိစေပါတယ်။
သားဥအိမ်တစ်ရှူး အေးခဲထိန်းသိမ်းခြင်းဖြင့် သွေးဆုံးခြင်းကို နှောင့်နှေးထားသူတွေမှာ နာတာရှည်ရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချနိုင်တာဟာ အကျိုးကျေးဇူးများစွာ ရှိနိုင်ပေမယ့် ရေရှည်မှာ အကျိုးရှိမရှိ နောက်ထပ်သုတေသန ပြုလုပ်ရဦးမှာ ဖြစ်ပါတယ်။
Source: The Jerusalem Post.
#YMG #Yangon_Media_Group #Yangon_Times
Published 11 February 2024
ဆီလီကွန်ဗယ်လီဒေသမှာ အထီးကျန်ဆန်ခြင်းကို ပြည်သူ့အရေးပေါ် ကျန်းမာရေးပြဿနာအဖြစ် ကြေညာလိုက်ပါတယ်။
ကယ်လီဖိုးနီးယား ဆန်ဖရန်ဆစ္စကို ပင်လယ်အော်မှာရှိတဲ့ ဆန်မက်တီယိုကောင်တီမှာ အထီးကျန်ဆန်ခြင်းကို ကျန်းမာရေးပြဿနာအဖြစ် ဇန်နဝါရီ ၃၀ ရက်နေ့မှာ တရားဝင်ကြေညာ ထုတ်ပြန်လိုက်ပါတယ်။
ကြီးကြပ်သူများအဖွဲ့က ထိုဆုံးဖြတ်ချက်ကို တညီတညွတ်တည်း မဲပေးခဲ့ကြပါတယ်။
အထီးကျန်ခြင်းက ကျန်းမာရေးကို သက်ရောက်နေပြီး တစ်နေ့ကို စီးကရက်တစ်ဗူးနဲ့ နှိုင်းယှဥ်လို့ရတယ်လို့ ကြီးကြပ်ရေးမှူး ဒေးဗစ်ကာနီပါက ဆိုပါတယ်။
ဆန်မက်တီယိုကောင်တီက အထီးကျန်ခြင်းကို အရေးပေါ်ပြည်သူ့ကျန်းမာရေးအဖြစ် ပထမဆုံးသတ်မှတ်ခဲ့တဲ့ အမေရိကပြည်နယ်ဖြစ်လာတဲ့အတွက် ကျေးဇူးတင်ရှိကြောင်း အမေရိကန် ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာ ဗီဗက်မာသီက ဖော်ပြသွားပါတယ်။
အထီးကျန်ခြင်းကြောင့် နှလုံးဖောက်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စောစီးစွာ သေဆုံးနိုင်ခြေတို့ ဖြစ်လာနိုင်တယ်လို့ ဖော်ပြထားပါတယ်။
စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာမှာပါ နောက်ဆက်တွဲဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။
ဒီဂျစ်တယ်ကာလမှာ အထီးကျန်ခြင်းကို တိုက်ဖျက်ဖို့အတွက် ဆိုရှယ်မီဒီယာတွေကို ပြန်လည်သုံးသပ်သင့်ပြီး လူမှုထောက်ပံ့ရေးတွေ သုံးသပ်ဖို့ တောင်းဆိုလိုက်ပါတယ်။
ပြည်သူတွေအနေနဲ့ လူမှုအသိုင်းအဝိုင်း လှုပ်ရှားမှုတွေမှာ ပိုမိုပါဝင်သင့်တယ်လို့ ဒေါက်တာဒေးဗစ်ကမ်းဘဲလ်က ဆိုပါတယ်။
Source: New York Post.
#World_Health
#Published_ 11 February 2024
#YMG #Yangon_Media_Group #Yangon_Times
Published 11 February 2024
ဇန်နဝါရီ ၂၁ ရက်နေ့က ဂျာမနီနိုင်ငံအထက်မှာ ပေါက်ကွဲခဲ့တဲ့ ဂြိုဟ်မွှားတစ်ခုဟာ ရှားပါးအာကာသကျောက် တစ်မျိုးဖြစ်ပြီး ကမ္ဘာမြေရဲ့ မူလအစအကြောင်း ကူညီရှင်းပြနိုင်ဖွယ် ရှိပါတယ်။
နောက် ၅ ရက်အကြာမှာပဲ ဂြိုဟ်မွှား 2024 BX1 ရဲ့ အစအနတွေကို တွေ့ရှိခဲ့ကြပြီး အော်ဘရိုက်လို့ခေါ်တဲ့ ရှားပါးကျောက်မျိုးထဲ ပါဝင်တယ်လို့ သိပ္ပံပညာရှင်များ ဆန်းစစ်ခဲ့ကြပါတယ်။
သုတေသနအဖွဲ့မှ ပီတာယန်နစ္စကင်စ်က ယခင်က ကမ္ဘာမြေပေါ် ကျဆင်းလာတဲ့ အော်ဘရိုက်ဥက္ကာခဲ ၁၁ ကြိမ်သာရှိတယ်လို့ ပြောပြခဲ့ပါတယ်။
အခြားဥက္ကာခဲတွေနဲ့ မတူတာက အော်ဘရိုက်တွေဟာ ဖန်မှုန်စများ ရှိနေပြီး မီးခိုးရောင်ကျောက်တုံးမာကဲ့သို့ အသွင်အပြင်ရှိပါတယ်။
ဒါတွေက မားစ်နဲ့ ဂျူပီတာကြား ဂြိုဟ်သိမ်ဂြိုဟ်မွှား အတွင်းပိုင်းမှ ရောက်လာတာဖြစ်နိုင်ကြောင်း၊ ပွတ်တိုက်မှုဖြစ်ပွားကာ အစအနများ ထွက်ပေါ်လာတာ ဖြစ်နိုင်ကြောင်း ပြောပြသွားပါတယ်။
အော်ဘရိုက်တွေက ဘူမိဗေဒဖြစ်စဥ် ပြောင်းလဲမှုမရှိတာကြောင့် နေစကြဝဠာအဖွဲ့အစည်းထဲက မာကျူရီ၊ ဗီးနပ်စ်၊ မားစ်၊ ကမ္ဘာဂြိုဟ်တို့လို ကျောက်စိုင်ဂြိုဟ်တွေရဲ့ အတွင်းပိုင်းတွေ ဘယ်လိုဖြစ်ပေါ်လာလဲဆိုတာကို သိပ္ပံပညာရှင်များ လေ့လာခွင့်ရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အော်ဘရိုက်တွေမှာ ကမ္ဘာမြေမှ အစိတ်အပိုင်းတွေလိုမျိုး ရေဓာတ်၊ ဓာတုပစ္စည်း အချိုးအစားများ တွေ့ရှိထားပါတယ်။
ဒါကြောင့် လွန်ခဲ့တဲ့ နှစ်ဘီလီယံပေါင်းများစွာက ကမ္ဘာဂြိုဟ်ဖြစ်ပေါ်စဥ် အစိတ်အပိုင်းများအကြောင်း သိရှိနိုင်မှာ ဖြစ်ပါတယ်။
Source: WION.
#World_Science
#Published_ 11 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
ဂျပန်နိုင်ငံ ဖူကူရှီးမား ဒိုင်အိချိနျူကလီးယား ဓာတ်အားပေးစက်ရုံကနေ ရေဒီယိုသတ္တိကြွပစ္စည်းများ ပါဝင်တဲ့ ရေတန်ချိန် ၅ တန်လောက် စိမ့်ထွက်နေတယ်လို့ ဒေသတွင်းမီဒီယာတစ်ခုက ဗုဒ္ဓဟူးနေ့မှာ ဖော်ပြလိုက်ပါတယ်။
#World_Disaster
#Published_ 10 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 10 February 2024
၁။ ပုဂံဘုရား(၆)ဆူတွင် မိုးကြိုးလွှဲတပ်ဆင်ပြီးပြီဖြစ်၊ နောက်ထပ်(၅)ဆူ၌ မိုးကြိုးလွှဲဆက်လက် တပ်ဆင်နေ
၂။ တရုတ်နှစ်သစ်ကူးပွဲတော်ကြောင့် ရန်ကုန်သစ်သီးဈေးကွက် အရောင်းသွက်
၃။ အုန်းသီး အခြေခံထုတ်ကုန်ပစ္စည်းများပြပွဲ ပြိုင်ပွဲမှ အလားအလာကောင်းသည့် ထုတ်ကုန်များအား ပြည်ပဈေးကွက်ဝင်ရောက်နိုင်ရန် ချိတ်ဆက်ပေးမည်
၄။ ရေဒီယိုသတ္တိကြွပစ္စည်းများ ပါဝင်သောရေများ ဖူကူရှီးမားနျူကလီးယားစက်ရုံမှ စိမ့်ထွက်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၁၀ ဖေဖော်ဝါရီ ၂၀၂၄
၂၀၂၄ခုနှစ် နွေဦးရာသီ တရုတ်နှစ်သစ်ကူးပွဲတော် ဖျော်ဖြေရေးအစီအစဉ်များကို ဖေဖော်ဝါရီ (၉)ရက်ညက တရုတ်မီဒီယာ အုပ်စုမှ ဦးစီးပြီး ပင်မအဖြစ်ဘေဂျင်းမြို့တော်နှင့် အခွဲများအဖြစ် ရှိန်ယန်၊၊ရှိအန်၊ကာရှဂါးနှင့် ချင်ဆားတို့မှာ တင်ဆက်ပြီး ရုပ်သံထုတ်လွှင့်သွားခဲ့ပါတယ်။ တစ်နှစ်တစ်ခါကျင်းပတဲ့ အဆိုပါခမ်းနားကြီး ကျယ်တဲ့ နှစ်သစ်ကူးပွဲတော်ကို ကမ္ဘာ တစ်လွှားသို့ထုတ်လွှင့်ခဲ့တာဖြစ်ပြီး အဆိုအကများ၊အော်ပရာများ၊ဟာဒယရွှင်ဆေးများ၊ ကိုယ်ခံပညာများနှင့် ကျွမ်းဘားအက များဖြင့်ဝေဝေဆာဆာတင်ဆက်သွားခဲ့ကြပါတယ်။
Source CCTV+
Published 10 February 2024
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ မှတ်ဉာဏ်လစ်ဟင်းမှုတွေကို ခံစားနေရတယ်လို့ ဆိုခဲ့တဲ့ တရားစီရင်ရေးဌာနမှ ဝတ်လုံတော်ရ အထူးရှေ့နေတစ်ဦးရဲ့ အစီရင်ခံစာကို အိမ်ဖြူတော်က သောကြာနေ့မှာ ဝေဖန်လိုက်ပြီး ဒါဟာ နိုင်ငံရေးလှုံ့ဆော်သွေးထိုးမှု ဖြစ်တယ်ဆိုတာ ထင်ရှားကြောင်း ဒုသမ္မတ ကာမယ်လာအဲရစ်ကလည်း ပြောလိုက်ပါတယ်။
အထူးတရားရုံးချုပ်ရှေ့နေ ရောဘတ်ဟားဆိုတာက ရီပတ်ဘလစ်ကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့် လက်ထက်က မယ်ရီလန်းမှာ အမေရိကန်အစိုးရရှေ့နေအဖြစ် ထမ်းဆောင်ခဲ့သူဖြစ်ပြီး သူ့ရဲ့အစီရင်ခံစာက ရွေးကောက်ပွဲနှစ်မှာ အငြင်းအခုံ ဖြစ်လာနိုင်စေပြီး ဘိုင်ဒင်အသက်ကြီးလာတာကို မေးခွန်းတွေထုတ်လာတဲ့ သဘောဖြစ်ပါတယ်။
ယခုတစ်ပတ်မှာ ဘိုင်ဒင်ဟာ ၈၁ နှစ်ရှိပြီဖြစ်ပြီး ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ နာမည်တွေကို ရောထွေးနေခဲ့ပါတယ်။
အိမ်ဖြူတော်မှ တရားရေးရှေ့နေချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူ အီယန်ဆမ်စ်က အိမ်ဖြူတော်စာနယ်ဇင်း အတွင်းရေးမှူး ကာရင်ရှောင်ပီယာနဲ့အတူ ဟားရဲ့ဖော်ပြချက်ကို ဝေဖန်လိုက်ကာ သူ့ရဲ့လှုံ့ဆော်ရည်ရွယ်ချက်ကို မေးခွန်းထုတ်လိုက်ကြပါတယ်။
ကြာသပတေးနေ့က ဖော်ပြခဲ့တဲ့ ဟားရဲ့အစီရင်ခံစာထဲမှာ ဥပဒေရေးရာ စာရွက်စာတမ်းနဲ့ ပတ်သက်ပြီး ဘိုင်ဒင်ရဲ့ ကိုင်တွယ်ပုံကို ၁၅ လကြာစုံစမ်းစစ်ဆေးခဲ့ရာမှာ သမ္မတက ပူးပေါင်းပါဝင်ခဲ့တဲ့အတွက် ရာဇဝတ်မှု မစွပ်စွဲရန် ဆုံးဖြတ်လိုက်ကြောင်း ဆိုပါတယ်။
ဘိုင်ဒင်ကို အပြစ်ရှိကြောင်းစွပ်စွဲဖို့က ခက်ခဲပြီး ကိုယ့်ရဲ့သားဖြစ်သူ ကွယ်လွန်ခဲ့စဥ်က စုံစမ်းရေးမှူးတွေကို မမှတ်မိတဲ့ မှတ်ဉာဏ်မကောင်းတော့တဲ့ အသက်ကြီးကြီး လူတစ်ယောက်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
စာရွက်စာတမ်း လွဲမှားကိုင်တွယ်တာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့အတွက် အထူးရှေ့နေတော်တွေကို တာဝန်ပေးအပ်သင့်တယ်လို့ ယုံကြည်နေဆဲဖြစ်ကြောင်း ဘိုင်ဒင်က ပြောကြားလိုက်ပါတယ်။
ရီပတ်ဘလစ်ကန်တစ်ဦးဖြစ်တဲ့ ဟားက နိုင်ငံရေးလွှမ်းမိုးမှု ခံနေရတာဖြစ်နိုင်တယ်လို့ ဆမ်က ဆိုလိုက်ပါတယ်။
ဘိုင်ဒင်က သူ့သားကွယ်လွန်တဲ့နေ့ကို မမှတ်မိဘူးလို့ အထူးရှေ့နေတော် ပြောကြားခဲ့တာဟာ အခြေအမြစ်မရှိဘူးလို့ ဆမ်ကဆိုလိုက်ကာ ဘိုင်ဒင်ကလည်း ဒေါသတကြီး တုန့်ပြန်လိုက်ပါတယ်။
ယမန်နှစ်က ဘိုင်ဒင်ကို ဆေးစစ်ပေးတဲ့ ဆရာဝန်က သမ္မတဟာ သူ့လုပ်ငန်းတွေကို ထမ်းဆောင်နိုင်တဲ့အတွက် ဦးနှောက်မှတ်ဉာဏ်စစ်ဆေးမှု မပြုလုပ်ခဲ့ပါဘူး။
Source: Reuters
#World_News
#Published_ 10 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 591 of 1211