#World_Health
Published 14 November 2023
ကလေးမရတဲ့ ပြဿနာဟာ ဖြေရှင်းရရှုပ်ထွေးပြီး ကိုယ်ဝန်ရဖို့ ကုသနည်းတွေကလည်း သေချာမသိရှိကြသေးပါဘူး။
ဒီပြဿနာ ဖြေရှင်းနိုင်ဖို့အတွက် အရင်ဆုံး အကြောင်းအရင်းများကို သိရှိထားဖို့ အရေးကြီးပါတယ်။
အမျိုးသားတွေမှာ မျိုးမပွားနိုင်တဲ့ ပြဿနာ ဖြစ်ရခြင်း အကြောင်းအရင်းတွေကတော့ သုတ်ပိုးလှုပ်ရှားနိုင်စွမ်းနဲ့ အကောင်ရေနည်းပါးခြင်း၊ သုတ်ပိုးထုတ်လုပ်မှု ပုံမှန်မဟုတ်ခြင်းနဲ့ မထုတ်လုပ်နိုင်ခြင်း၊ ထောင်မတ်နိုင်စွမ်းမရှိခြင်း၊ စောစီးစွာသုတ်လွှတ်ခြင်းတို့ ဖြစ်ပါတယ်။
အမျိုးသမီးတွေမှာ ဖြစ်ရတဲ့ အကြောင်းအရင်းတွေက မျိုးဥပုံမှန်မကြွေခြင်း၊ သားဥအိမ်ပြွန် ထိခိုက်ပိတ်ဆို့ခြင်း၊ သားအိမ်နံရံရောင်ခြင်း၊ မမျိုးဥထိန်းသိမ်းနိုင်စွမ်း နည်းပါးခြင်းတို့ ဖြစ်ပါတယ်။
အချို့သော အကြောင်းအရင်းတွေက ဆေးပညာအရ ကုသလို့ရနိုင်သလို နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲခြင်းဖြင့်လည်း ပြေလည်စေတတ်ကြောင်း ဆာရ်ဂန်ဂရမ်ဆေးရုံမှ ဒေါက်တာ ရွှီတာမစ်တယ်က ပြောပြသွားပါတယ်။
အချို့သောကိစ္စတွေကတော့ ရှင်းပြရခက်ခဲပြီး အကြောင်းအရင်းတွေ့ရှိဖို့လည်း ကြာမြင့်တတ်ပါတယ်။
မျိုးမပွားနိုင်ခြင်း ပြဿနာအဆင့်ဆင့်အတွက် ကုသနည်းလမ်းအချို့ ရှိပါတယ်။
ရာသီစက်ဝန်းအလိုက် မမျိုးဥကို လေ့လာကာ မျိုးဥကြွေတဲ့အချိန်မှာ ဆေးထိုးခြင်းဖြင့် မျိုးပွားနိုင်ခြေကို မြင့်မားစေမှာ ဖြစ်ပါတယ်။
သားဥအိမ်ပြွန်တွေကို စစ်ဆေးပြီး အနည်းငယ်ခွဲစိတ်မှု ပြုလုပ်ကာ ပြွန်ပိတ်ဆို့မှုကို ဖယ်ရှားတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။
နောက်တစ်နည်းကတော့ အမျိုးသမီးကို အားဆေးဖြည့်စွက်စာများပေးကာ အမျိုးသားရဲ့ သုတ်ပိုးကိုယူပြီး သားအိမ်ထဲသို့ ထည့်သွင်းတဲ့နည်းလမ်း ဖြစ်ပါတယ်။
ဒါတွေနဲ့ မအောင်မြင်ရင်တော့ ဖန်ပြွန်သန္ဓေသားနည်လမ်းလည်း ရှိပါသေးတယ်။
ဒီနည်းလမ်းကတော့ သားဥအိမ်မှ မျိုးဥတွေကို ရယူကာ သုတ်ပိုးနဲ့ ထိတွေ့မျိုးအောင်စေပြီး ငါးရက်အတွင်း သားအိမ်ထဲသို့ ထည့်ပေးရတာ ဖြစ်ပါတယ်။
မျိုးမအောင်တဲ့အကြောင်းကို အများစုက ဆွေးနွေးဖို့ ဝန်လေးနေကြတာကြောင့် နောက်ကျမှ ရောက်လာကြပြီး ကိုယ်ဝန်ရနိုင်ရန် အခွင့်အလမ်း ပိုနည်းလာပါတယ်။
#World_Health #ကလေးမရသည့်ပြဿနာ #ကုသနိုင်သည့်နည်းလမ်း #Source: DoctorNDTV
တရုတ်ပြည်မှ အကြီးဆုံး ကြိုးတင်သင်္ဘောကြီး ကျီဖန်၁၉ ဟာ ကျန်ဆုပြည်နယ်အရှေ့ပိုင်း နန်တုံမြို့မှာ ကြာသပတေးနေ့က ပင်လယ်ပြေးဆွဲစမ်းသပ်မှုများ စတင်ပြုလုပ်ခဲ့ပါတယ်။
#Asia_Development
Published_ 13 November 2023
#ကြိုးတင်သင်္ဘောကြီး #ပင်လယ်ရေချစမ်းသပ်မှု
#Daily_News
Published_ 13 November 2023
၁။ ယခုလတွင် ကိုဗစ်ပိုးတွေ့သူ(၂၅)ဦးရှိပြီဖြစ်၊ ဆောင်းကာလကိုဗစ်တစ်ကျော့ပြန် မဖြစ်အောင်ကိုဗစ်ကာကွယ်ဆေးပြန်ထိုးသင့်ဟုဆို
၂။ စက်မှုဇုန်မြေဈေးကွက်အတွင်း ဝယ်လက်များပျောက်နေ
၃။ မကွေးတိုင်းမှထွက်ရှိမည့် ပဲစဉ်းငုံ တန် ၂၀၀၀ ဝယ်ယူရန် ပို့ကုန်လုပ်ငန်းရှင်မှ ကမ်းလှမ်းထားပြီဟုဆို
၄။ တရုတ်ပြည်၏အကြီးဆုံး ကြိုးတင်သင်္ဘောကြီး ပင်လယ်ရေချစမ်းသပ်မှုများပြုလုပ်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
#World_News
Published 13 November 2023
ဟားမတ်စ်စစ်သွေးကြွများ အုပ်စိုးထားတဲ့ ဂါဇာကမ်းမြောင်ကို အစ္စရေးလ်တို့ ဆက်လက်တိုက်ခိုက်နေရာ ဂါဇာရှိ အကြီးဆုံးဆေးရုံကြီး လည်ပတ်မှုရပ်ဆိုင်းသွားပြီး လူနာများ သေဆုံးမှုနှုန်း မြင့်တက်နေကြောင်း WHO အကြီးအကဲက ပြောကြားလိုက်ပါတယ်။
ပါလက်စ်တိုင်း ဂါဇာမြောက်ပိုင်းရှိ ဆေးရုံများနဲ့ အယ်ရှီဖာအိမ်ရာတို့ကို အစ္စရေးလ်တပ်များ ဝန်းရံပိတ်ဆို့ထားပြီး ပြင်းထန်တဲ့ တိုက်ခိုက်မှုများကြား ဆေးရုံအထဲမှလူများကို မစောင့်ရှောက်နိုင်ဘဲ ဖြစ်နေကာ ရှီဖာမှာ မွေးကင်းစကလေး ၃ ဦးသေဆုံးပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်းပြဿနာ ပိုမိုဆိုးရွားနေကြောင်း ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။
အောက်တိုဘာ ၇ ရက်နေ့ အစ္စရေးလ်တောင်ပိုင်းကို ဝင်ရောက်တိုက်ခိုက်သွားတဲ့ ဟားမတ်စ်စစ်သွေးကြွတွေကို ချေမှုန်းနေတာဖြစ်ပြီး စစ်သွေးကြွတွေက ဆေးရုံအနီးနားနဲ့ အဆောက်အအုံအောက်တွေမှာ စစ်ဌာနစခန်းတွေ ထားရှိထားတယ်လို့ အစ္စရေးလ်တို့က ဆိုပါတယ်။
WHO က ရှီဖာမှ ကျန်းမာရေးပညာရှင်များနဲ့ စကားပြောခွင့်ရခဲ့ရာမှာ အဆက်မပြတ် တိုက်ခိုက်မှုများက လက်ရှိအခြေအနေကို ပိုမိုဆိုးရွားစေတယ်လို့ WHO အထွေထွေညွှန်ကြားရေးမှူး တက်ဒရိုစ်အက်ဒါနွမ်ဂေဘရီယဲဆပ်စ်က ပြောပြသွားပါတယ်။
ချက်ချင်းအပစ်အခတ်ရပ်စဲရန် အခြားကုလသမဂ္ဂ ထိပ်သီးအရာရှိများနည်းတူ တက်ဒရိုစ်ကလည်း တောင်းဆိုလိုက်ကာ ဆေးရုံတွေမှာ သေကြေပျက်စီးမှု ဖြစ်နေရတာကို ကမ္ဘာက နှုတ်ဆိတ်မနေသင့်ကြောင်း ပြောပြခဲ့ပါတယ်။
အောက်တိုဘာ ၇ ရက်နေ့က ဟားမတ်စ်စစ်သွေးကြွများ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဓားစာခံ ၂၀၀ ကျော် လွတ်မြောက်နိုင်ရန် ကြိုးပမ်းနေကြောင်း အစ္စရေးလ်ဘက်က ဆိုပါတယ်။
ဂါဇာမှာ ဆေးရုံတွေနဲ့ အရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးချနေတဲ့ ဟားမတ်စ်တွေကို ဥရောပသမဂ္ဂက ရှုတ်ချလိုက်ကာ အရပ်သားများ မထိခိုက်အောင် အတတ်နိုင်ဆုံး ထိန်းသိမ်းပေးဖို့ အစ္စရေးလ်ကို တိုက်တွန်းနေပါတယ်။
ဟားမတ်စ်တို့ ဆေးရုံတွေနဲ့ လူနေအရပ်တွေမှာ တိုက်ခိုက်ရေးသမားတွေ လက်နက်တွေ ထားရှိတာဟာ စစ်ပွဲဥပဒေကို ချိုးဖောက်ရာကျတယ်လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေး အကြံပေး ဂျိတ်ခ်ဆာလီဗန်က ပြောပါတယ်။
အပြစ်မရှိတဲ့ အရပ်သားတွေ ဆေးကုသမှုခံယူနေတဲ့ ဆေးရုံတွေ ပစ်ခတ်ခံရပြီး ပျက်စီးနေကြတာကို အမေရိကန်က မမြင်ချင်တာကြောင့် အစ္စရေးလ် ကာကွယ်ရေးတပ်များနဲ့ တိုင်ပင်ဆွေးနွေးနေတယ်လို့ ပြောပြခဲ့ပါတယ်။
မွေးကင်းစကလေးတွေကို ရွှေ့ပြောင်းရန်နဲ့ ရှီဖာဝင်ပေါက်မှာ လောင်စာဆီ ၃၀၀ လီတာ ထားရှိဖို့ကို ဟားမတ်စ်တို့က ပိတ်ပင်ခဲ့တယ်လို့ အစ္စရေးလ်စစ်တပ်ဘက်က ဆိုပါတယ်။
ဓာတ်အားမလုံလောက်တာကြောင့် ကလေးတွေကို ဖန်ပေါင်းအိမ်ထဲမှာ မထားနိုင်ဘဲ သာမန်အိပ်ရာတွေမှာပဲ ထားနေရကာ နေ့စဥ်နဲ့အမျှ သေဆုံးမှုတွေ ပိုမိုမြင်တွေ့ရနိုင်တယ်လို့ ဆရာဝန်တစ်ဦးက ပြောပြသွားပါတယ်။
#World_News #အစ္စရေးလ်တိုက်ခိုက်မှု #ဂါဇာ၏အကြီးဆုံးဆေးရုံ #Source: Reuters
#World_Health
Published 13 November 2023
ကလေးတွေ မျက်မှန်တပ်ဖို့ လိုအပ်ပြီလားဆိုတာကို သိရဖို့ လက္ခဏာ ၈ ရပ်ကို မျက်လုံးပညာရှင်တစ်ဦးက ဖော်ပြသွားပါတယ်။
ကလေးတွေ မျက်လုံးပြဿနာ မတွေ့ရဘူးဆိုရင် မျက်စိစစ်ဆေးဖို့ မလိုအပ်ဘူးလို့ မိဘတွေ ထင်နေကြပေမယ့် အစောပိုင်းအရွယ်ကတည်းက စစ်ဆေးသင့်ပါပြီ။
လူတွေရဲ့ လေ့လာသင်ယူနိုင်စွမ်း၊ ဦးနှောက်စွမ်းရည်၊ ပေါင်းသင်းဆက်ဆံရေးတို့ရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ အမြင်အာရုံကနေ လုပ်ဆောင်ကြတယ်လို့ ဂျီလက်စ်အက်ဒ်မန်က ဆိုပါတယ်။
အချို့သော မျက်လုံးပြဿနာတွေက စောစီးစွာသိရှိပါက ထိရောက်စွာ ကုသနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကလေးတွေမှာ မျက်လုံးပြဿနာဖြစ်နေပြီဆိုတာကို အရိပ်အကဲသိနိုင်မယ့် နည်းလမ်းကို ၈ မျိုးကို ဖော်ပြလိုက်ပါတယ်။
(၁) မျက်လုံးပွတ်ခြင်းဟာ မျက်စိညောင်းညာနေပြီဆိုတာကို ဖော်ပြနေပြီး တစ်ခုခုကို အာရုံစိုက်ကြည့်နေရင်း အမြင်အာရုံ လွဲမှားတာမျိုးကြောင့် ဖြစ်နိုင်ပါတယ်။
(၂) စာဖတ်ရာမှာ မနည်းအားယူပြီး ဖတ်နေရတယ်ဆိုရင် မျက်လုံးပြဿနာအမျိုးမျိုး ဖြစ်နိုင်ကာ ကြည့်ရှုစရာတွေကို မျက်လုံးနဲ့ အနည်းငယ်ဝေးကွာတဲ့ အနေအထားမှာထားပြီး ဖတ်ခြင်းက သက်သာစေနိုင်ပါတယ်။
(၃) တစ်ခုခုကို ကြည့်ရှုရာမှာ အားစိုက်ပြီး ကြည့်နေရတာဟာ မျက်လုံးမှာ ပြဿနာဖြစ်နေတာကို ညွှန်ပြနေပါတယ်။
(၄) စာဖတ်တဲ့အခါ မျက်လုံးနားတဝိုက်က ကြွက်သားတွေ ပင်ပန်းစေပြီး ခေါင်းကိုက်တာမျိုး ဖြစ်တတ်ပါတယ်။
(၅) ကလေးဟာ တီဗီအနီးကိုသွားပြီး ကြည့်နေတယ်ဆိုရင် အတိအကျမမြင်ရတာကြောင့် ဖြစ်ပြီး ဒီလိုကြည့်ခြင်းဟာ မျက်လုံးပိုမိုအားစိုက်ရပါတယ်။
(၆) စာဖတ်ရာမှာ ခေါင်းစောင်းပြီး ဖတ်လေ့ရှိတယ်ဆိုရင် အမြင်အာရုံမှာ ပြဿနာရှိနေပါပြီ။
(၇) စာသင်ခန်းရဲ့ ရှေ့ဆုံးတန်းမှာ ထိုင်ခြင်းက သေချာမမြင်ရလို့ ထိုင်ရတာဖြစ်ပါတယ်။
(၈) မျက်လုံးတစ်ဖက်ပိတ်လေ့ရှိတယ်ဆိုရင် ကလေးတွေမှာ အမြင်အာရုံ ပြဿနာဖြစ်နေတာကို ညွှန်ပြပါတယ်။


#World_Health #သင့်ကလေးမျက်မှန်တပ်ရန် #လက္ခဏာများ #Source: New York Post
#World_Science
Published 13 November 2023
၁၉၇၈ နောက်ပိုင်းကတည်းက ဂရင်းလန်းရေခဲကျောက်ဆောင်တွေဟာ ၃ ပုံ ၁ ပုံကျော်တဲ့အထိ ပျောက်ကွယ်လာကြောင်း သုတေသီများ ဖော်ပြခဲ့ကြပါတယ်။
သမုဒ္ဒရာရေများ ပူနွေးလာခြင်းကြောင့် ရေခဲကျောက်ဆောင် အောက်ခြေကနေ အရည်ပျော်လာပြီး ပြိုကျလာကာ ရေခဲကျောက်ဆောင်တွေ အရှိန်အဟုန်မြန်မြန်ဖြင့် ပျက်စီးလာတာ ဖြစ်ပါတယ်။
ဂရင်းလန်းမြောက်ပိုင်း ရေခဲမြစ်များကို ထောက်ပံ့ထားတဲ့ ရေခဲကျောက်ဆောင် ၈ ခုထဲက ၃ ခုဟာ လုံးဝပြိုလဲသွားပြီဖြစ်ပြီး ကျန်တဲ့ ၅ ခုဟာလည်း အလျင်အမြန် အရည်ပျော်နေပါတယ်။
သမုဒ္ဒရာရေများ ပူနွေးလာခြင်းကြောင့် ရေခဲကျောက်ဆောင်များ အလျင်အမြန် အရည်ပျော်လာပြီး ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမယ့် အန္တရာယ်ရှိနေပါတယ်။
ပြင်သစ် သိပ္ပံသုတေသန စင်တာမှ ပညာရှင်များ ပြောပုံအရ အဆိုပါ ရေခဲကျောက်ဆောင်အားလုံး လုံးဝအရည်ပျော် ပျောက်ကွယ်သွားပါက ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင် ၆.၈ ပေ မြင့်တက်လာနိုင်ဖွယ် ရှိနေပါတယ်။
ဒါတွေဟာ ဂရင်းလန်းရဲ့ အကြီးဆုံးရေခဲမြစ်များ ဖြစ်ပြီး အရေးကြီးဆုံး ရေခဲပြင်တွေထဲမှာ ပါဝင်ကြောင်း ဂရီနိုဘယ်အဲ့ပ်စ်တက္ကသိုလ်မှ ရေခဲမြစ်ပညာရှင် ရိုမိန်းမီလန်က CNN ကို ပြောပြခဲ့ပါတယ်။
ရေခဲကျောက်ဆောင်တွေ ယခင်နဲ့ ယခုပြောင်းလဲမှုတွေအကြောင်း ပိုမိုသိရှိစေရန် မီလန်နဲ့အဖွဲ့က ဂြိုဟ်တုပုံရိပ်များ၊ ကွင်းပြင်နဲ့ ရာသီဥတုပုံစံ အတိုင်းအတာများကို အသုံးပြုခဲ့ပါတယ်။
၁၉၇၈ နောက်ပိုင်း ဂရင်းလန်းမြောက်ပိုင်း ရေခဲမြစ်များကို ထောက်ပံ့ထားတဲ့ ရေခဲကျောက်ဆောင် စုစုပေါင်းထုထည်ရဲ့ ၃၅ ရာခိုင်နှုန်းကျော်ဟာ အရည်ပျော်လာပါတယ်။
#World_Science #ဂရင်းလန်း #ရေခဲကျောက်ဆောင် #(၃)ခုပြိုလဲ #Source: WION
၁၂ နိုဝင်ဘာ ၂၀၂၃
ဟားမာ့စ်ရဲ့ ဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားနိုင်ဖို့ အစ္စရေးက ယင်းရဲ့နိုင်ငံတောင်ပိုင်းမှာ “ သံမဏိလိပ်ခုံး” လို့ အမည်ပေးထားတဲ့ ဒုံးကျည်ဖျက်စနစ်ကို ယာယီတပ်ဆင်နေရာချထားလိုက်ပါတယ်။
ဒုံးကျည်တိုက်ဖျက်ရေးစနစ်တပ်ဆင်ထားတဲ့နေရာဟာ ဂါဇာကမ်းမြောင်မှ ၁၅ ကီလိုမီတာခန့်အကွာမှာရှိပါတယ်။ အဆိုပါ ဒုံးကျည်ဖျက်စနစ်ကို ဒေါင်လိုက်တပ်ဆင်ထားတာဖြစ်ပါတယ်။ “သံမဏိလိပ်ခုံး” ရဲ့ ရေဒါစနစ်ကိုတော့ အနီးက ထရပ်တစ်စီးအပေါ်မှာ တပ်ဆင်ထားပါတယ်။
Page 595 of 1151