Published 21 November 2023
တူရကီနိုင်ငံမှာ ရှေးဟောင်းရွှံ့စေးကမ္ပည်းတိုင်များ သောင်းနဲ့ချီ တွေ့ရှိခဲ့ပြီး လျှို့ဝှက်စာသားများ ပါဝင်နေပါတယ်။
ထိုကျောက်စာတိုင်များကို ဒုတိယထောင်စုနှစ် BCE ကာလက ဟစ်တိုက်အင်ပါယာ ကြီးစိုးစဥ် ရေးသားခဲ့တာ ဖြစ်ပါတယ်။
စာအရေးအသားတွေကို မသိရှိရသေးပေမယ့် နှစ်ပေါင်း ၃၀၀၀ ကျော် ပျောက်ဆုံးနေခဲ့တဲ့ ဘာသာစကား ဖြစ်နိုင်တယ်လို့ ပညာရှင်များ ယူဆနေကြပါတယ်။
အန်နာတိုလီယန်- အင်ဒို- ဥရောပ ဘာသာစကားတွေနဲ့ ဆင်တူသလိုရှိပေမယ့် အရှေ့အလယ်ပိုင်းမှာ တွေ့ရှိခဲ့တဲ့ အခြားရှေးဟောင်း အရေးအသားများနဲ့ ကွဲပြားနေပါတယ်။
ယခုစာသားရဲ့ နိဒါန်းမှာ ပညာရှင်များ ဘာသာပြန်ဆိုတဲ့ အဓိပ္ပာယ်အရ ‘’ယခုကစပြီး ကာလက််စ်မာ ဘာသာစကားဖြင့် ဖတ်ပါ’’ လို့ သိရှိရပါတယ်။
ဘာသာပြန်ဆိုချက်အရ ကာလက်စ်မာလို့ ဆိုရာမှာ ရှေးဟောင်း အန်နာတိုလီယာ ဟစ်တိုက်အင်ပါယာ အနောက်မြောက်ဘက် ကြေးခေတ်မှ စနစ်ကျတဲ့ လူမျိုးစုကို ဆိုလိုပါတယ်။
ထိုဒေသဟာ ကျောက်စာတွေ့ရှိရာ ဟတ်တူဆာမြို့တော်မှ အနည်းငယ်သာ ကွာဝေးတယ်လို့ ယူဆရပါတယ်။
တူရကီ ဗဟိုမြောက်ပိုင်း ယူနက်စ်ကို သမိုင်းဝင်နေရာ ဘိုဂက်ဇ်ကွိုင် ဟတ်တူရှာမှာ တူးဖော်စဥ် ထိုအရေးအသားများကို တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ကမ္ပည်းတိုင်ကို ပထမဆုံးထိလိုက်တဲ့အချိန်မှာ ဘယ်လောက်အရေးကြီးလဲ ဆိုတာကို ခံစားမိတယ်လို့ ဟက်တူဆာရှေးဟောင်း အပျက်အစီးတူးဖော်ရေး အကြီးအကဲ အန်ဒရီယာရှက်ခ်နာက ပြောပြသွားပါတယ်။
ထိုနေရာမှာပဲ တွေ့ရှိခဲ့တဲ့ အခြားကျောက်စာပေါင်း ၂၅,၀၀၀ နဲ့ယှဥ်ရင် ဒီစာကို ထိန်းသိမ်းစောင့်ရှောက်ထားပုံက အထင်ကြီးစရာကောင်းတယ်လို့ ဆိုပါတယ်။
ထိုစာများကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ဖော်ပြမယ့် ၇ ကြိမ်မြောက် သတ်ပုံစာရေးနည်း အရေးအသားစာစဥ်မှာ ဖော်ပြသွားမှာဖြစ်ပါတယ်။
Source: WION
#World_Archaeology
#Published_ 21 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News
ကမ္ဘောဒီးယား အနောက်မြောက်ပိုင်း ဆိုင်ယမ်ရိပြည်နယ်မှာ တရုတ်ရင်းနှီးမြှုပ်နှံထားတဲ့ ဆိုင်ယမ်ရိ အပြည်ပြည်ဆိုင်ရာလေဆိပ် (SAI)ကို ကြာသပတေးနေ့က တရားဝင်ဖွင့်လှစ်လိုက်ပါတယ်။
ဖွင့်ပွဲအခမ်းအနားသို့ လူပေါင်း ၁ ထောင်ကျော် တက်ရောက်ခဲ့ကြပါတယ်။
နိုဝင်ဘာ ၁၂ ရက်နေ့မှာတော့ တရုတ် ကူမင်းချန်ရွှေ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ SAI လေဆိပ်သို့ ပထမဆုံး တိုက်ရိုက်ပျံသန်းမှု စတင်ခဲ့ပါတယ်။
#Asia_Development
#Published_ 20 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News
၂၀ နိုဝင်ဘာ ၂၀၂၃
ထိုင်းနိုင်ငံရှိ ဟိုတယ်တစ်လုံးတွင် သေဆုံးလျက်တွေ့ရှိခဲ့ရတဲ့ တိုင်ဝမ်အမျိုးသားရဲ့ မီးခံသေတ္တာတွေထဲမှာ အမေရိကန် ဒေါ်လာ အတုများ၊ မိတ္တူကူးပစ္စည်းများကို သိမ်းဆည်းရမိတယ်လို့ ဘန်နာရဲဌာနက ပြောတဲ့ အကြောင်း ဘန်ကောက်ပို့စ်သတင်းအရသိရပါတယ်။
ရဲတွေဟာ အမေရိကန်ဒေါ်လာငွေစက္ကူအတုတွေ၊ ရောင်စုံစက္ကူတွေနှင့် မိတ္တူကူးပစ္စည်းတွေကို ပြီးခဲ့တဲ့အပတ်က ဘန်နာခရိုင် ဟိုတယ်တစ်ခုမှာ အသတ်ခံရတဲ့ ထိုင်ဝမ်အမျိုးသားတစ်ဦးရဲ့ မီးခံသေတ္တာတွေထဲမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
အကြီးတန်းရဲအရာရှိတွေနှင့် မှုခင်းဆေးပညာအရာရှိတွေဟာ တနင်္လာနေ့က ဘန်နာရဲဌာနမှာ မီးခံသေတ္တာနှစ်လုံးကို ဖွင့်ခဲ့တာပါ။ အဲဒီမီးခံသေတ္တာတွေကို သူတို့ဟာ နီရန်ဂရင်းဟိုတယ် ခြောက်ထပ်မှာရှိတဲ့ သေဆုံးသူ အသက် ၄၈နှစ်အရွယ် ချူကျန်းရှန်းရဲ့ အခန်းထဲမှ ယူဆောင်ခဲ့ကြတာဖြစ်ပါတယ်။
အရာရှိတွေဟာ ငွေစက္ကူအတု အရွက်ပေါင်း ၁၃၁၂ရွက်၊ အမည်းရောင်စက္ကူ၁၈၂၁ရွက် အစိမ်းရောင်စက္ကူ ၈၇၉၀ ရွက်တို့ကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
ရဲတွေက ငွေစက္ကူအတုလုပ်ရာမှာ ပတ်သက်တယ်လို့သံသယရှိထားတဲ့ ထိုင်းနိုင်ငံသားနှင့် နိုင်ငံခြားသားတွေကို ကြိုးစားရှာဖွေနေကြပါတယ်။
ချူကို ပြီးခဲ့တဲ့အပတ်ကြာသပတေးနေ့က သူ့ဟိုတယ်ခန်းထဲ သေဆုံးလျက်တွေ့ရှိခဲ့ကြပါတယ်။ သူ့ခြေလက်တွေကို ကြိုးတုပ်ထားပြီး သူ့မျက်နှာလည်း ပလပ်စတစ်အစနှင့်ပတ်ခံထားရတာတွေ့ရပြီး သူဟာ အသက်ရှုကြပ်ပြီးသေဆုံး ရတာလို့ ရဲက ကောက်ချချထားပါတယ်။
သူဟာ ပြီးခဲ့တဲ့အပတ်အင်္ဂါနေ့က ဟိုတယ်မှာ စတည်းခိုခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။ လူသတ်မှုဟာ ဗုဒ္ဓဟူးနေ့ ညဉ့်နက်ပိုင်းနှင့် ကြာသပတေးမနက်စောစောအပိုင်းအကြား ဖြစ်ပွားခဲ့တာလို့ ရဲက ယူဆထားပါတယ်။
လူသတ်မှုဖြစ်ပွားပြီးသိပ်မကြာခင်မှာပဲ မြန်မာနှင့် ကင်မရွန်နိုင်ငံသား နှစ်ဦးတို့ကို ရဲကဖမ်းဆီးခဲ့ပါတယ်။ လွတ်မြောက်နေတဲ့ ထိုင်းအမျိုးသမီးတစ်ဦးကို လိုက်ရှာနေပေမယ့် သူမဟာ ထိုင်းကထွက်သွားလောက်ပြီလို့ ရဲက ယူဆထားပါတယ်။
#Daily_News
Published_ 20 November 2023
၁။ ဆောင်းကာလ နေ့ပူ၍ ညချမ်းသည့်ဒေသများတွင် နှာစေး၊ ချောင်းဆိုးနှင့် အပြင်းထန်ဆုံး လေဖြတ်ခြင်းများ မဖြစ်အောင် သတိပြုနေထိုင်ရန်လို
၂။ စားနပ်ရိက္ခာအခက်ခဲမဖြစ်စေရန် အခြေခံစားသောက်ကုန်များ ဈေးလျော့ရောင်းပေးသော်လည်း ဈေးတင်ပြီး တစ်ဆင့်ပြန်လည် ရောင်းချသူများကြောင့် အခက်တွေ့
၃။ ရွှေဘိုပေါ်ဆန်းဆန်များအား ကုန်အမှတ်တံဆိပ်လိုဂိုများဖြင့် တစ်နိုင်ငံလုံးသို့ ဖြန့်ချီမည်
၄။ ကမ္ဘောဒီးယားတွင်တရုတ်မှ ရင်းနှီးထောက်ပံ့မှုဖြင့် ဆောက်လုပ်သည့် ဆိုင်ယမ်ရိအပြည်ပြည်ဆိုင်ရာလေဆိပ်ကြီး တရားဝင်ဖွင့်ပွဲကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG News
၂၀ နိုဝင်ဘာ ၂၀၂၃
ကေပေါ့တ် BIGBANG အဖွဲ့သားတစ်ဦးဖြစ်တဲ့ ဂျီဒရယ်ဂွန် G-Dragon ရဲ့ ဆံပင်နမူနာကိုယူပြီး မူးယစ်ဆေးဝါး အသေးစိတ်စစ်ဆေးမှုတစ်ခုကို တောင်ကိုရီးယားနိုင်ငံ မှုခင်းဆေးပညာဌာနက စစ်ဆေးခဲ့ရာ နဂ္ဂတစ်အဖြေ ထွက်ရှိတယ်လို့ အရာရှိတွေက နိုဝင်ဘာ ၂၀ ရက် တနင်္လာနေ့ကပြောပါတယ်။
အမျိုးသားမှုခင်းဆေးပညာဌာနက လတ်တလောအဖြေရလာဒ်ကပို အင်ချီယွန်မြို့ပြရဲဌာနကို အကြောင်းကြား ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုတော်ရဲံလက်သည်း ခြေသည်းတွေကို စစ်ဆေးအဖြေထုတ်ဖို့တော့ လိုပါသေးတယ်။
ဂျီဒရယ်ဂွန်လို့သိကြတဲ့ အမည်ရင်း ကွမ်ဂျီယွန်း Kwon Ji-yong ဟာ အောက်တိုဘာ ၂၅ ရက်နေ့က မူးယစ်ဆေးဝါး တရားမဝင်သုံးစွဲတယ်ဆိုကာ အမှုဖွင့်ခံရပြီးနောက် နိုင်ငံကထွက်မသွားဖို့ တားမြစ်လည်းခံခဲ့ရပါတယ်။
နိုဝင်ဘာ ၆ ရက်က သူ့ကို ပထမဆုံမေးမြန်းမှုတွေပြုလုပ်စဉ်အတွင်း စစ်ဆေးထားတဲ့ အဖြေ ယခုထွက်ရှိလာတာ ဖြစ်ပါတယ်။ အသေးစိတ်ထပ်သိရအောင်လို့ သူတို့က အဆိုတော်ရဲ့ ဆံပင်နှင့် လက်သည်းခြေသည်းတွေကို မှုခင်းဆေးပညာဌာနကိုပေးပို့ထားတာပါ။
မူးယစ်ဆေးဝါးကို မစစ်ဆေးခင် ငါးရက်နှင့် ၁၀ရက်အတွင်းသုံးစွဲခဲ့လျှင် စစ်ဆေးရင် ပေါ့စတစ်အဖြေပေါ်မှာပါ။ ဒါပေမယ့် မူးယစ်ဆေးဝါးကိုအကြာကြီးသုံးစွဲတဲ့ကိစ္စတွေမှာတော့ တိကျမှန်ကန်တဲ့အဖြေရဖို့ ခက်ခဲလှပါတယ်။
ဆံပင်ကိုစစ်ဆေးလို့ရတဲ့အဖြေဟာ အဲဒီပုဂ္ဂိုလ်အနေနှင့် တစ်နှစ်အတွင်းမူးယစ်ဆေးဝါးသုံးမသုံး သိနိုင်မှာဖြစ်ပါတယ်။ ဆံပင်အတိုအရှည်ပေါ်တော့မူတည်ပါတယ်။ လက်သည်းခြေသည်းကိုစစ်ဆေးရင်တော့ လွန်ခဲ့တဲ့ ငါးလ ခြောက်လခန့်က သုံးမသုံးအဖြေထွက်ပါတယ်။
ရဲတွေအနေနှင့် ပိုပြီးသေချာအောင် ကျန်တဲ့ စစ်ဆေးချက်အဖြေတွေမရခင်မှာ သူ့ကို အခြား အထောက်အထားတွေ ဆက်လက်စစ်ဆေးဦးမှာဖြစ်ပါတယ်။
၂၀၁၁ခုနှစ်တုန်းက ဂျီဒရယ်ဂွန်ဟာ ဆေးခြောက်သုံးစွဲခဲ့ပေမယ့် သူက ဘာမှန်းမသိခဲ့လို့ပါလို့ပြောတဲ့အတွက် အမှုစွဲ အရာရှိတွေက အမှုကိုပြန်ရုပ်သိမ်းပေးခဲ့ပါသေးတယ်။
Source Yna
၂၀ စက်တင်ဘာ ၂၀၂၃
ကိုလံဘီယာ စူပါစတားအဆိုတော် ရှာကီးယားသည် အခွန်လိမ်လည်မှုနှင့် စပိန်နိုင်ငံ ဘာစီလိုနာမှာ တနင်္လာနေ့ နိုဝင်ဘာ ၂၀ရက်က တရားရင်ဆိုင်နေရပါတယ်။ စပိန်တရားလိုရှေ့နေတွေက ဂရမ်မီဆုရှင်ဖြစ်တဲ့ သူမကို ထောင်(၈)နှစ်ကျော် ကျခံရအောင် ကြိုးစားနေကြပါတယ်။ အသက် ၄၆နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရှာကီးယားဟာ ၂၀၁၂ခုနှစ်မှ ၂၀၁၄ခုနှစ်အထိ ရရှိခဲ့တဲ့ဝင်ငွေအပေါ် လိမ်လည်ခဲ့တယ်လို့ သူတို့က စွပ်စွဲထားပါတယ်။ ဒါပေမယ့် ရှာကီးယားက အဲဒါတွေကို ငြင်းဆိုလိုက်ပြီး သူမအနေနှင့် စပိန်ကို ၂၀၁၅ခုနှစ်ရောက်မှသာ လုံးဝရွှေ့ပြောင်းခဲ့တာ ဖြစ်တယ်လို့ချေပပြောဆိုထားပါတယ်။
ယခုအမှုမှာ “Hips Don't Lie"၊"Whenever, Wherever" နှင့် ၂၀၁၀ ကမ္ဘာ့ဖလားသီချင်း "Waka Waka"တို့နှင့် အကြီး အကျယ်ပေါက်ခဲ့တဲ့ အဆိုတော်ရှာကီးယားအနေနှင့် ၂၀၁၂ခုနှစ်မှ ၂၀၁၄ ခုနှစ် အတွင်း စပိန်မှာ အချိန်ဘယ်လောက် နေခဲ့သလဲဆိုတဲ့အပေါ် မူတည်နေပါတယ်။
စပိန်အာဏာပိုင်တွေကတော့ သူမဟာ အဲဒီကာလအတွင်းမှာ အချိန်တစ်ဝက်ကျော် စပိန်မှာနေခဲ့တာဖြစ်လို့ စပိန်ကို အခွန်ဆောင်ရမယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။သူမဟာ အက်စီဘာစီလိုနာက နောက်တန်းကစားသမား Gerard Pique နှင့် ဇာတ်လမ်း လူသိရှင်ကြား ဖြစ်ပြီးနောက် စပိန်ကို ၂၀၁၁ မှာ ပြောင်းလာတယ်လို့ စပိန်အာဏာပိုင်တွေက ပြောထားပါတယ်။ ဒါပေမယ့် ၂၀၁၅ခုနှစ်အထိ ဘာဟာမားမှာ တရားဝင်အခွန်ဆောင်ရာနေရပ်အဖြစ်သူမက ဆက်လက်ထားရှိခဲ့ပါတယ်တဲ့။ သူမဟာ ဝင်ငွေခွန်သက်သာတဲ့နိုင်ငံတွေမှာရှိတဲ့ ကုမ္ပဏီအတွဲကြီးလိုက် အသုံးပြုခဲ့ပြီး စပိန်မှာ အခွန်မပေးရအောင်ရည်ရွယ်လုပ်ဆောင်ခဲ့တယ်လို့လည်း တရားစွဲရှေ့နေတွေက ပြောကြပါတယ်။
သူတို့က ရှာကီးယားအပေါ် ထောင်ဒဏ် (၈)နှစ်နှင့် (၂)လ ၊ ဒဏ်ကြေးငွေ ယူရို ၂၄သန်း ခန့် (အမေရိကန်ဒေါ်လာ ၂၄သန်း) ဆောင်ရအောင် ကြိုးစားနေကြတာဖြစ်ပါတယ်။
ရှာကီယားရဲ့ရှေ့နေတွေကတော့ သူမဟာ ၂၀၁၄ခုနှအထိ နေရာအတည်တကျမနေဘဲ လှည့်လည်သွားလာနေတဲ့ အချိန်ဖြစ်ပြီး သူမရဲ့ ဝင်ငွေအများစုဟာ နိုင်ငံတကာခရီးလှည့်ဖျော်ဖြေရေးတွေက ရရှိခဲ့တာဖြစ်တယ်လို့ ပြောကြပါတယ်။ ၂၀၁၅ ဇန်နဝါရီလကျမှသာ သူမရဲ့ ဒုတိယကလေးမမွေးခင်ကလေးမှာ ဘာစီလိုနာကို အပြီးရွှေ့ခဲ့တာဖြစ်တယ်လို့လည်း သူတို့ကဆိုပါတယ်။
“ သူတို့ တရားမစွဲခင်အထိ ကျွန်မပေးစရာရှိတာ အကုန်ပေးပြီးပြီ။အဲဒါကြောင့် ဒီကနေ့မှာ သူတို့ကိုပေးစရာ သုညပဲ” လို့ အဆိုတော်ရှာကီးယားက အယ်လ်မဂ္ဂဇင်းကို ၂၀၂၂မှာ အင်တာဗျူးဖြေခဲ့ပါတယ်။
သူမဟာ ၂၀၂၂ ဇွန်မှာ Pique နှင့် ကွဲခဲ့ပြီး ကမ္ဘာ့ လူသိအများဆုံးဆယ်လီစုံတွဲတွေထဲက တစ်တွဲရဲ့ ဆယ်စုနှစ်တစ်စု ကြာ ဇာတ်လမ်းအဆုံးသတ်ခဲ့ပါတယ်။ အဲဒီနောက်သူမဟာ သားနှစ်ဦးဖြစ်တဲ့ မီလန်နှင့်ဆာရှာနှင့်အတူ မီယာမီကို ဧပြီလာမှာ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
Source: NDTV
Published 20 November 2023
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူပြည်နယ် မြို့တော်အမ်ဖာလေဆိပ် ပြေးလမ်းအနီးမှာ အမည်မသိယာဥ်ပျံတစ်ခုကို နိုဝင်ဘာ ၁၉ ရက်နေ့က တွေ့ရှိခဲ့တာကြောင့် သတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။
ဗဟိုစက်မှုလုံခြုံရေးတပ်(CISF) စစ်မှုထမ်းတစ်ဦးက ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီမှာ အမည်မသိယာဥ်ပျံတစ်ခုကို တွေ့ရှိခဲ့တာဖြစ်ကြောင်း သတင်းရင်းမြစ်မှ ရရှိတဲ့သတင်းကို Times of India သတင်းဌာနက ဖော်ပြခဲ့ပြီး ထိုနောက်မှာ လေဆိပ်ဝန်ဆောင်မှုများ ရပ်ဆိုင်းခဲ့ကာ ခရီးစဥ် ၃ ခုမှ ခရီးသည်ပေါင်း ငါးရာခန့် မထွက်ခွာရဘဲ ဖြစ်နေခဲ့ပါတယ်။
လေဆိပ်အာဏာပိုင်များက အိန္ဒိယပိုင် လေပိုင်နက်ကို ပိတ်ချခဲ့ပြီး လေယာဥ်ခရီးစဥ်အားလုံးကို ချက်ချင်းရပ်ဆိုင်းလိုက်ပါတယ်။
ခရီးစဥ် ၂ ခုကို လမ်းကြောင်းလွှဲခဲ့ပြီး ၃ ခုကတော့ နှောင့်နှေးကြန့်ကြာခဲ့ပါတယ်။
လေကြောင်းလမ်းထိန်းသိမ်းရေးနဲ့ မြေပြင်မှလူတွေရဲ့ ပြောကြားချက်အရ ထိုနောက်မှာ ဒရုန်းတွေ ပျံသန်းနေတာကို တွေခဲ့ကြပါတယ်။
အာဏာပိုင်များမှ လေကြောင်းရှင်းလင်းကြောင်း ထောက်ခံခဲ့ပြီးနောက်မှာတော့ လေကြောင်းလုပ်ငန်းစဥ်များ ပြန်လည်စတင်ခဲ့တယ်လို့ လေဆိပ်ညွှန်ကြားရေးမှူးက ထုတ်ပြန်ခဲ့ပါတယ်။
မွန်းလွဲ ၄ နာရီအထိ အမည်မသိယာဥ်ပျံဟာ လေဆိပ်အနောက်ဘက်ခြမ်းသို့ ရွေ့လျားနေပုံကို သာမန်မျက်စိဖြင့်ပင် မြင်နိုင်တယ်လို့ လေကြောင်းလမ်းထိန်းသိမ်းရေး အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။
လေကြောင်းပိုင်နက်ကို အိန္ဒိယလေတပ်ထံ လွှဲပြောင်းခဲ့ကာ ရှင်းလင်းကြောင်း အချက်ပြခဲ့ပြီးနောက် လေကြောင်းခရီးစဥ်များ ပြန်လည်ပြေးဆွဲခဲ့ပါတယ်။
အရပ်ဘက် အထွေထွေ လေကြောင်းညွှန်ကြားရေးမှူးအဖွဲ့နဲ့ အိန္ဒိယလေကြောင်းတပ်ဖွဲ့တို့ ပူးပေါင်းပြီး ထိုဖြစ်ရပ်ကို စူးစမ်းဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။
Source: WION
#Asia_News
#Published_ 20 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Page 590 of 1151