၂၂ အောက်တိုဘာ ၂၀၂၃
ယခုတလော ဒေသအတွင်း အမေရိကန်တပ်များကို တိုက်ခိုက်နေသည့်အပေါ် တုန့်ပြန်သည့်အနေဖြင့် အမေရိကန်က အရှေ့ အလယ်ပိုင်းကို နောက်ထပ် ဒုံးကျည်ကာကွယ်ရေးစနစ်အသစ်များ ဖြန့်ကျက်နေရာချထားလျှက်ရှိနေပါတယ်။ အစ္စရေး-ဟာမတ် ပဋိပက္ခအတွင်း ဒေသဆိုင်ရာတင်းမာမှုတွေမြင့်တက်လာတဲ့အပေါ် အမေရိကန်အစိုးရက စိုးရိမ်ပူပန်မှုတွေ ထုတ်ဖော်ပြောကြား ပြီးနောက် ယခုလို ဒုံးကျည်ကာကွယ်ရေးစနစ်အသစ်တွေထပ်တိုးချလာတာဖြစ်ပါတယ်။
ပင်တဂွန်စစ်ဌာနချုပ်အနေနှင့် တာမင်နယ်မြင့်မားဧရိယာကာကွယ်ရေးစနစ် Terminal High Altitude Area Defence (THAAD) နှင့် နောက်ထပ် ပတ်ထရီရော့လေကြောင်းဒုံးကျည်ကာကွယ်ရေးစနစ်ဘက်တဲလီယမ် Patriot air defence missile system battalions တို့ကို အရှေ့အလယ်ပိုင်းဒေသသို့ပေးပို့မှာဖြစ်တယ်လို့ကြေညာခဲ့ပါတယ်။အဆိုပါစနစ်တွေဟာ ဒုံးကျည်ခြိမ်းခြောက် မှုတွေကို ကာကွယ်ဖို့အတွက် အရေးပါတဲ့စနစ်တွေလို့ သတ်မှတ်ထားကြတာဖြစ်ပါတယ်။
အင်အားကြီးမားလှတဲ့ ရေဒါစနစ်တွေကြောင့် ထင်ရှားတဲ့ THAAD စနစ်ဟာ ဒေသဆိုင်ရာကာကွယ်ရေးမြှင့်တင်ဖို့ ဖြန့်ကျက်နေရာချထားခဲ့ပြီးစနစ်ပါ။
မကြာသေးခင်က ရက်သတ္တပတ်များအတွင်း အမေရိကန်ပြည်ထောင်စုဟာ အရှေ့အလယ်ပိုင်းဒေသမှာ ရေတပ်တည်ရှိမှုတွေ တိုးချဲ့ခဲ့ပြီး လေယာဉ်တင်သင်္ဘောနှစ်စီးကိုယင်းတို့ရဲ အထောက်အကူပြု သင်္ဘောတွေနှင့် မရင်းတပ်သား နှစ်ထောင်နီးပါးကို နေရာချထားခဲ့ပြီးဖြစ်ပါတယ်။ သိသာထင်ရှားလှတဲ့ ရေတပ်ဖြန့်ကျက်ထားရှိမှုဟာ ဒေသဆိုင်ရာတင်းမာမှုတွေအပေါ် အမေရိကန်ရဲ့ တုန့်ပြန်မှုတွေထဲက တစ်ခုပါ။
ယခုလိုစစ်အင်အားဖြန့်ကျက်မှုတွေမှာ ရည်ရွယ်ချက်များစွာရှိနေပါတယ်။ ဒေသတွင်း အခြိမ်းအခြောက်အဟန့်အတားတွေ တိုးမြှင့်ဖို့၊ ဒေသထဲက အမေရိကန်တပ်တွေကာကွယ်ရေးတိုးမြှင့်ဖို့နှင့် အစ္စရေးရဲ့ကာကွယ်ရေးကို ပံ့ပိုးပေးဖို့စတာတွေပဲ ဖြစ်ပါတယ်။
Source WION
၂၂ အောက်တိုဘာ ၂၀၂၃
ရုရှားအနေနှင့် နိုင်ငံအတွက် တရားဝင်လုံခြုံရေးအကျိုးစီးပွားအကာအကွယ်ဖြစ်စေမယ်ဆိုရင် ယူကရိန်း အကျပ်အတည်း အတွက် ငြိမ်းချမ်းတဲ့အဖြေတစ်ခုအပေါ် ထောက်ခံအားပေးသွားမယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က အင်တာဗျူးတစ်ခုမှာ ပြောကြားလိုက်ပါတယ်၊
မော်စကိုမှာ အောက်တိုဘာလလယ်ပိုင်းက တရုတ်မီဒီယာအုပ်စုက ပြုလုပ်တဲ့ အဆိုပါအင်တာဗျူးမှာ အနောက်နိုင်ငံတွေဟာ ရုရှားပါဝင်ပတ်သက်မှုမတိုင်ခင် အရှေ့ယူကရိန်းမှာ စစ်ဆင်ရေးတွေကို အရင်အစပျိုးခဲ့ကြတယ်လို့ ပူတင်က ပြောပါတယ်။
Source CCTV+
Published_ 22 October 2023
နှိုးစက်မြည်တဲ့အခါ တရေးမှိန်းခလုတ်နှိပ်ပြီး မိနစ်အနည်းငယ်မျှ မျက်လုံးမှိတ်အိပ်တတ်ပါက နိုးကြားဖို့ အထောက်အကူ ဖြစ်စေကြောင်း သုတေသနအသစ်တစ်ခုမှာ ဖော်ပြထားပါတယ်။
Sleep Research ဂျာနယ်မှာ ဖော်ပြထားရာမှာ နှိုးစက်မြည်ပြီးနောက် တရေးဆက်အိပ်သူတွေက အိပ်ချိန်ပိုရပြီး နိုးတဲ့အခါ ဦးနှောက်ပိုင်းဆိုင်ရာ ပိုပြီးတက်ကြွနေပါတယ်။
မနက်ခင်းအိပ်ရာထတဲ့ အလေ့အကျင့်နဲ့ ပတ်သက်ပြီး စတော့ခ်ဟုမ်းတက္ကသိုလ်မှ သုတေသီတွေက လူပေါင်း ၁,၇၃၂ ဦးကို စစ်တမ်းကောက်ယူခဲ့ပါတယ်။
၁,၁၉၅ ဦးက တရေးမှိန်းတဲ့ခလုတ်ကို နှိပ်ကြောင်းဝန်ခံခဲ့ကာ ၄ ပုံ ၁ ပုံကတော့ ထိုခလုတ်ကို ထပြီးနှိပ်ဖို့ကို ဝန်လေးနေကြပါတယ်။
တရေးဆက်မအိပ်တဲ့သူတွေထက် ပျမ်းမျှ ၆ နှစ်ခန့် ငယ်ရွယ်ပြီး တရေးဆက်အိပ်တတ်တဲ့ သူတွေဟာ ညဘက်နောက်ကျမှ အိပ်တတ်သူတွေဖြစ်ပြီး ချက်ချင်းအိပ်ရာထရတဲ့အခါ လူနုံးနေတတ်ပါတယ်။
ဒီလူတွေက နိုးတဲ့အခါ အိပ်တဲ့အရှိန်ပြေဖို့ အချိန်ယူရတတ်ပြီး တရေးဆက်အိပ်ခြင်းက ဒီအရှိန်ပြေဖို့ နည်းလမ်းတစ်မျိုး ဖြစ်လာနိုင်တယ်လို့ ပြုစုဖော်ပြထားပါတယ်။
နောက်ထပ်လေ့လာချက်မှာတော့ တရေးမှိန်းတဲ့ခလုတ်ကို နှိပ်လေ့ရှိပြီး နာရီဝက်ခန့် ဆက်အိပ်တတ်သူ ၃၁ ဦးကို လေ့လာခဲ့ပါတယ်။
နှိုးစက်မြည်သံတွေကြောင့် အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေပေမယ့် မိနစ် ၂၀ ကျော်မျှ ဆက်မှေးနေတတ်သူတွေဟာ အတင်းအိပ်ရာထတာမျိုး မလုပ်ရသလို မှတ်ဉာဏ်စမ်းသပ်မှုမှာ အမှတ်ပိုများနေပါတယ်။
နိုးတဲ့အခါ ငိုက်မျဥ်းနေတာခြင်း တူပေမယ့် ဦးနှောက်စွမ်းဆောင်ရည် စစ်ဆေးချက် ၄ မျိုးအနက် ၃ မျိုးမှာ ပိုကောင်းအောင် ဖြေဆိုနိုင်တယ်လို့ သုတေသီများ မှတ်သားခဲ့ပါတယ်။
ယခင်သုတေသနမှာလည်း ထိုသို့တရေးဆက်အိပ်သူတွေဟာ လူမှုပေါင်းသင်းရေး တိုးတက်လာတယ်လို့လည်း တွေ့ရှိဖူးပါတယ်။
အိပ်စက်ခြင်းဟာ ကျန်းမာရေး အကျိုးကျေးဇူးတွေနဲ့ ဆက်စပ်နေပြီး အိပ်ချိန်နည်းလွန်းပါက ဆိုးကျိုးများ ဖြစ်လာနိုင်ပါတယ်။
အိပ်ချိန်မလုံလောက်ပါက ဦးနှောက်ရင့်ရော်ခြင်း၊ ဖျားနာခြင်း၊ ကျားအင်္ဂါမထောင်မတ်နိုင်ခြင်း ပြဿနာများ ကြုံလာနိုင်ကာ ချောကလက်၊ ရေခဲမုန့်တို့လို စားစရာတွေ ရှောင်ရှားပြီး ဖုန်း ကွန်ပျူတာ ကြည့်ချိန်လျှော့ချခြင်းတို့ဖြင့် ထိုပြဿနာများ သက်သာစေနိုင်ပါတယ်။
Source: New York Post
Yangon_Times
#World_Health
#Published_ 22 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 22 October 2023
လူတစ်ဦးကို ၆ - ၁၀ စက္ကန့်မျှ စကားပြောရုံဖြင့် ဆီးချိုရောဂါ ဒုတိယအမျိုးအစား ရှိမရှိ ရှာဖွေနိုင်မယ့် ဉာဏ်ရည်တုနည်းပညာကို တွေ့ရှိထားပါတယ်။
Klick Labs မှ လေ့လာထားတာဖြစ်ပြီး အမျိုးသမီးတွေမှာ ရောဂါရှာဖွေတွေ့ရှိမှု တိကျနှုန်း ၈၉ ရာခိုင်နှုန်းရှိပြီး အမျိုးသားတွေမှာ ၈၆ ရာခိုင်နှုန်းရှိပါတယ်။
ဆီးချိုရှိသူတွေနဲ့ မရှိသူတွေကြား အသံပိုင်းကွာခြားသွားပုံကို လေ့လာတာဖြစ်ကြောင်း သုတေသနပြုစုသူ ဂျေစီကော့ဖ်မန်းက ပြောပြခဲ့ပါတယ်။
လက်ရှိရောဂါရှာဖွေနည်းလမ်းတွေက အချိန်၊ ကုန်ကျစရိတ်၊ သွားလာရေးတွေမှာ အကုန်အကျ များပြားပါတယ်။
အသံနည်းပညာကတော့ ထိုအခက်အခဲတွေကို ကျော်လွှားနိုင်မယ်လို့ ရှင်းပြခဲ့ပါတယ်။
သုတေသီတွေက လူပေါင်း ၂၆၇ ယောက်ကို ဆန်းစစ်ခဲ့ကြပါတယ်။
အသံဆန်းစစ်နည်းပညာက လူတွေရဲ့သာမန်နားနဲ့ မကြားနိုင်တဲ့ အသံနှုန်းတွေကို ဖမ်းယူနိုင်ပါတယ်။
အသံနည်းပညာက ဆီးချိုရောဂါနဲ့ အခြားရောဂါများကို ရှာဖွေရာမှာ အသုံးဝင်နိုင်ပုံကို လေ့လာကြတာဖြစ်ကြောင်း Klick မှ စစ်ဆေးရေးမှူး ယန်ဖော့ဆက်က ဆိုပါတယ်။
အသံနည်းပညာက လူတိုင်းအသုံးပြုနိုင်တဲ့ ဒီဂျစ်တယ်ပစ္စည်းအဖြစ် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍမှာ အသုံးဝင်လာနိုင်တယ်လို့ ဆိုပါတယ်။
နောက်တစ်ဆင့်ကတော့ စမ်းသပ်ချက်ကို ထပ်ပွားပြီး သွေးတိုးနဲ့ အခြားရောဂါများ ရှာဖွေနိုင်ဖို့ကိုလည်း ပြုလုပ်သွားမှာဖြစ်ပါတယ်။
Source: New York Post
#World_Science
#Published_ 22 October 2023
#YMG #Yangon_Times #Yangon_Media_Group
သုံးစွဲသူတွေရဲ့ ချေးငွေလိုအပ်ချက်က အနည်းငယ်ကျဆင်းလာကြောင်း ဘဏ်တွေကဆိုပါတယ်။
အမေရိကန်စီးပွားရေးဟာ စက်တင်ဘာလမှ အောက်တိုဘာလဆန်းအထိ အနည်းငယ်မျှ တိုးချဲ့လာတယ်လို့ အမေရိကန်ဗဟိုဘဏ်ရဲ့ ဘေ့ဂျ်ဘွတ်ခ် နောက်ဆုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စက်တင်ဘာလကတည်းက သုံးစွဲသူတွေရဲ့ ဝယ်ယူမှုဟာ သိသိသာသာ အတက်အကျ မတွေ့ရကြောင်း ဖော်ပြထားပါတယ်။
Yangon_Times
#World_Economy
#Published_ 21 October 2023
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 21 October 2023
၁။ အယ်နီညိုကြောင့် မွေးမြူရေးငါးများ အောက်ဆီဂျင်ပြတ်ပြီး မသေဆုံးအောင် ရေလှုပ်ရှားသည့်စနစ်၊ ရေလှယ်သည့်စနစ်များ အခမဲ့ပေးနေ
၂။ အကျိုးတူ လယ်ယာစနစ်ဖြင့် ကြံစိုက်ပျိုးပါက အထွက်နှုန်းတိုးတက်နိုင်
၃။ ပြည်တွင်းဈေးကွက်အတွင်း အုန်းသီးဈေးမြင့်နေတာကြောင့် ဘင်္ဂလားဒေရှ်မှ ဝယ်လိုမှုရှိပေမယ့် ဈေးအချေအနေစောင့်ကြည့်နေ
၄။ လတ်တလောလများအတွင်း အမေရိကန် စီးပွားရေးအခြေအနေ အနည်းငယ်မြင့်တက်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Published 21 October 2023
ဟားမတ်စ်စစ်သွေးကြွများက ယင်းတို့ဖမ်းဆီးထားတဲ့ ဓားစာခံတွေထဲက အမေရိကန် ၂ ဦးကို လွှတ်ပေးပြီးနောက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူက ဂါဇာမှာ အောင်ပွဲမရမချင်း တိုက်ခိုက်သွားမယ်လို့ အခိုင်အမာဆိုလိုက်ကာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲမယ့်ပုံမပေါ်သလို ဆက်လက်ကျူးကျော်သွားမယ့် သဘောရှိနေပါတယ်။
အောက်တိုဘာ ၇ ရက်နေ့က အစ္စရေးလ်တောင်ပိုင်းကို ဟားမတ်စ်တို့ တိုက်ခိုက်စဥ် ပြန်ပေးဆွဲခံရသူတွေထဲမှာ ပါဝင်ခဲ့တဲ့ အမေရိကန်လူမျိုး သားအမိ ဂျူဒစ်နဲ့ နာတယ်လီရာနန်တို့ကို သောကြာနေ့က ပြန်လွှတ်ပေးလိုက်ပါတယ်။
ဒါဟာ ဟားမတ်စ်တို့ ဝင်ရောက်သောင်းကျန်းခဲ့သဖြင့် ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်း ပြန်လွှတ်ပေးခဲ့တဲ့ ပထမဆုံးဓားစာခံတွေ ဖြစ်လာကြောင်း နှစ်ဘက်စလုံးမှ အတည်ပြုလိုက်ပါတယ်။
‘’ဓားစာခံ ၂ ဦးကတော့ အိမ်ပြန်ရောက်ပါပြီ။ ပြန်ပေးဆွဲခံရတဲ့လူတွေ အားလုံး ပြန်မရမချင်း လက်လျှော့သွားမှာ မဟုတ်ပါဘူး။ တစ်ချိန်တည်းမှာပဲ အောင်ပွဲမရမချင်း ဆက်လက်တိုက်ခိုက်သွားမှာပါ’’ လို့ နေတန်ညာဟူက သောကြာနေ့ညမှာ ကြေညာခဲ့ပါတယ်။
အစ္စရေးလ်တို့က ဂါဇာပတ်ပတ်လည် အနီးတဝိုက်မှာ တင့်ကားများ တပ်သားများ စုစည်းထားပြီ မြေပြင်ကျူးကျော် တိုက်ခိုက်မှုပြုလုပ်ရန် စီစဥ်နေပါတယ်။
ယခုအချိန်အထိ ဂါဇာကို တိုက်ခိုက်ထားရာမှာ ပါလက်စ်တိုင်းလူမျိုး အနည်းဆုံး ၄,၁၃၇ ဦးသေဆုံးထားပြီး ကလေးရာကျော်ပါဝင်ကာ လူ ၁ သန်းကျော် စွန့်ခွာထွက်ပြေးနေရကြောင်း ပါလက်စ်တိုင်းအရာရှိများက ဆိုပါတယ်။
အစ္စရေးလ်ကာကွယ်ရေးဝန်ကြီး ယိုအက်ဗ်ဂယ်လန့်က ပါလီမန်ကော်မတီတစ်ခုမှာ ပြောကြားရာမှာ ဟားမတ်စ်အဖွဲ့အစည်းကို ဖြိုခွဲပြီး ယင်းတို့ရဲ့စစ်တပ်နဲ့ အုပ်ချုပ်ရေးပိုင်း အခြေခံအဆောက်အအုံများကို ဖျက်ဆီးသွားမှာ ဖြစ်ကြောင်း၊ ဒါတွေဟာ လျင်မြန်လွယ်ကူမှာ မဟုတ်ဘဲ တန်ရာတန်ကြေး ပေးဆပ်ရမှာဖြစ်ကြောင်း ဆိုသွားပါတယ်။
ဓားစာခံတွေကို လွှတ်ပေးတာဟာ ကာတာတို့က လူသားချင်းစာနာမှု အကြောင်းပြချက်များဖြင့် ကြားဝင်စေ့စပ်မှုကြောင့် ဖြစ်ကြောင်း၊ ဘိုင်ဒင်နဲ့ ဖက်ဆစ်အုပ်ချုပ်ရေးပိုင်းတွေ အခြေအမြစ်မရှိ မှားယွင်းနေတယ်ဆိုတာကို သက်သေပြချင်လို့ဖြစ်ကြောင်း ဟားမတ်စ်လက်နက်ကိုင်တပ်မှ ပြောရေးဆိုခွင့်ရှိသူ အဘူယူဘိုင်ဒါက ပြောပြခဲ့ပါတယ်။
ဒါပေမဲ့ စနေနေ့အစောပိုင်းအထိ တိုက်ခိုက်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။
အစ္စရေးလ်တို့က တုန့်ပြန်တိုက်ခိုက်တဲ့နေရာမှာ စစ်ပွဲဥပဒေများအတိုင်း လိုက်နာနေရဲ့လားဆိုတာကို မေးမြန်းခဲ့ရာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က အစ္စရေးလ်ဟာ ကိုယ်ပိုင်ကာကွယ်ခွင့်ရှိပြီး ဟားမတ်စ်တို့ နောက်ထပ်တိုက်ခိုက်မှုများ မလုပ်လာစေရန် စီမံခွင့်ရှိကြောင်း ဖြေကြားခဲ့ပါတယ်။
ဂါဇာသို့ပေးပို့မယ့် ကူညီထောက်ထားခြင်း ပစ္စည်းများတင်ဆောင်လာတဲ့ ကုန်တင်ကားတွေဟာ နောက်ထပ် ၂၄ နာရီမှ ၄၈ နာရီအတွင်း ရောက်ရှိလိမ့်မယ်လို့ ဘိုင်ဒင်က ပြောကြားခဲ့ပါတယ်။
Source: Reuters.
#World_News
#YMG #Yangon_Times #Yangon_Media_Group
Page 588 of 1128