Published 21 February 2024
အစ္စရေးလ်-ဟားမတ်စ်စစ်ပွဲနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းတစ်ခုကို အမေရိကန်က အင်္ဂါနေ့မှာ ဗီတိုအာဏာသုံးပြီး ထပ်မံပယ်ချလိုက်ပါတယ်။
လူသားချင်းစာနာမှုဆိုင်ရာ ချက်ချင်းအပစ်အခတ် ရပ်စဲရေးကို အမေရိကန်က ပိတ်ပင်လိုက်တဲ့ သဘောဖြစ်ပြီး ထိုဖြေရှင်းချက်အစား ယာယီအပစ်အခတ် ရပ်စဲရေးနဲ့ ဟားမတ်စ်တို့ ဖမ်းဆီးထားတဲ့ ဓားစာခံများ လွှတ်ပေးရေးတို့ ဆက်စပ်နေတဲ့ တောင်းဆိုချက်ကိုသာ အမေရိကန်က တွန်းအားပေးလိုက်ပါတယ်။
အယ်လ်ဂျီးရီးယားမှ အဆိုပြုတဲ့ မူကြမ်းကို ကုလလုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၃ နိုင်ငံက ထောက်ခံမဲပေးလိုက်ကာ ဗြိတိန်က ကြားနေမဲ ပေးခဲ့ပါတယ်။
အောက်တိုဘာ ၇ ရက်နေ့ စစ်ပွဲစတင်ကတည်းက အမေရိကန် ဗီတိုအာဏာသုံး ပယ်ချလာတာ တတိယအကြိမ် ရှိလာပြီဖြစ်ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အယ်လ်ဂျီးရီးယားသံအမတ် အေမာဘန်ဂျာမာက မဲပေးမှုမပြုခင် ပြောကြားရာမှာ ယခုဆုံးဖြတ်ချက်မူကြမ်းကို ထောက်ခံခြင်းက ပါလက်စ်တိုင်းတွေ အသက်ရှင်ခွင့်ကို ထောက်ခံရာကျကြောင်း၊ ဆန့်ကျင်မဲပေးတာကတော့ အကြမ်းဖက်မှုကို အားပေးရာကျကြောင်း ဆိုလိုက်ပါတယ်။
စစ်ပွဲရပ်ဆိုင်းရန်နဲ့ ဂါဇာကမ်းမြောင်မှာ ဟားမတ်စ်တို့ဖမ်းဆီးထားတဲ့ ဓားစာခံများ လွှတ်ပေးရေးတို့အကြောင်း အမေရိကန်၊ အီဂျစ်၊ အစ္စရေးလ်၊ ကာတာတို့ ဆွေးနွေးနေရာမှာ အယ်လ်ဂျီးရီးယားရဲ့ အဆိုပြုမူကြမ်းက နှောင့်ယှက်မှာကို စိုးရိမ်တဲ့အတွက် ဗီတိုအာဏာသုံးပယ်ချမယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် လင်ဒါသောမတ်စ်ဂရင်းဖီးလ်က စနေနေ့မှာ ပြောလိုက်ပါတယ်။
ဟားမတ်စ်တို့ ဖမ်းဆီးထားတဲ့ ဓားစာခံတွေ လွှတ်ပေးဖို့ သဘောတူညီချက်မပါဝင်ဘဲ ခြွင်းချက်မရှိ ချက်ချင်းအပစ်အခတ် ရပ်စဲရေး အလိုရှိတာဟာ တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ဖြစ်လာမှာမဟုတ်ဘဲ ဟားမတ်စ်နဲ့ အစ္စရေးလ်တို့ကြား တိုက်ခိုက်မှု ပိုမိုကြာရှည်လာလိမ့်မယ်လို့ သောမတ်စ်ဂရင်းဖီးလ်က မဲမပေးခင်မှာ ပြောကြားလိုက်ပါတယ်။
အယ်လ်ဂျီးရီးယားမှ အဆိုပြုတဲ့မူကြမ်းမှာ အပစ်အခတ် ရပ်စဲရေးနဲ့ ဓားစာခံ လွှတ်ပေးရေးတို့ ချိတ်ဆက်ထားတာမျိုး မရှိပါဘူး။
ယခုဗီတိုအာဏာနဲ့ ပတ်သက်ပြီး အစ္စရေးလ်တွေကို ပြောချင်တာက လူသတ်ပြီး ဆက်လက်ထွက်ပြေးနေနိုင်သေးတယ် ဆိုတာပဲ ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ပါလက်စ်တိုင်းသံတမန် ရီယက်ဒ်မန်ဆော်က ကောင်စီကို ပြောကြားလိုက်ပါတယ်။
အပစ်အခတ် ရပ်စဲရေးဆိုတာဟာ ဟားမတ်စ်တို့အတွက်သာ ဖြစ်ပြီး အစ္စရေးလ်တွေနဲ့ ဂါဇာသားတွေအတွက်တော့ မမျှတတဲ့လုပ်ရပ်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အစ္စရေးလ်သံအမတ် ဂျီလတ်အာဒန်က ပြောကြားခဲ့ပါတယ်။
အမေရိကန်က ဆုံးဖြတ်ချက်မူကြမ်းတစ်ခုကို အပြိုင်တင်သွင်းရာမှာ စစ်ပွဲယာယီရပ်ဆိုင်းရေးကို တောင်းဆိုလိုက်ပြီး ရာဖာမြို့ကို အစ္စရေးလ်တို့ တိုက်ခိုက်မှာကို ဆန့်ကျင်ကြောင်း ဖော်ပြထားကာ ညှိနှိုင်းရေးအတွက် အချိန်ပိုပေးဖို့နဲ့ အလျင်စလို မဲပေးခြင်းမပြုဖို့ ဆိုလိုက်ပါတယ်။
Source: Reuters
#World_News
#Published_ 21 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 21 February 2024
အမြောက်အများ စားသောက်ခြင်းနည်းလမ်းက လတ်တလော ရေပန်းစားနေတဲ့ စားသောက်နည်းလမ်း တစ်မျိုးဖြစ်ပြီး ကယ်လိုရီနည်းပါးတဲ့ အစားအစာတွေ အများအပြား စားသောက်ကာ ဗိုက်ပြည့်ဝနေစေပြီး ကယ်လိုရီ လျော့နည်းစေတာ ဖြစ်ပါတယ်။
အစားအစာ ပိုမိုစားသောက်ပေမယ့် ကယ်လိုရီကတော့ နည်းပါးနေတာ ဖြစ်ပါတယ်။
ထိုထဲမှာမှ အများအပြား စားနိုင်တဲ့ အစားအစာတွေကတော့ အမျှင်ဓာတ်နဲ့ ရေဓာတ်များပြားတဲ့ ဖရဲသီး၊ ဆလတ်ရွက်၊ ကျောက်ဖရုံ၊ ရှောက်သီး၊ ဟင်းနုနွယ်၊ ကြက်ဥအကာ၊ သခွားသီး၊ တရုတ်နံနံ၊ အုတ်စပါး၊ ပန်းသီး၊ ဘယ်ရီသီးတို့ ဖြစ်ပါတယ်။
အဆီအနှစ်များ၊ သစ်သီးခြောက်၊ ပျားရည်၊ သကာရည်၊ ချိစ်၊ အခွံမာသီး၊ မြေပဲထောပတ်တို့ကိုတော့ သင့်တင့်ရုံ စားသင့်ပါတယ်။
အမြောက်အများ စားခြင်းဖြင့် ကိုယ်အလေးချိန် ထိန်းသိမ်းဖို့ဆိုတာက စီစဥ်တွက်ချက်စားဖို့ လိုပါတယ်။
ကိုယ်အလေးချိန်ချရာမှာ အခက်အခဲတစ်ခုက စားသောက်ပြီးနောက် မဝသေးဘူးလို့ ခံစားရတာပါပဲ။
အမျှင်ဓာတ်တွေ၊ ဗိုက်တာမင်တွေ၊ သတ္တုဓာတ်တွေ ပြည့်ဝတဲ့ အစားအစာတွေဟာ ဗိုက်ထဲမှာ နေရာပိုယူပြီး ပြည့်ဝနေစေတယ်လို့ ခံစားရစေပါတယ်။
အာဟာရဓာတ်တွေ ယခင်ကထက် ပိုမိုရရှိဖို့ကလည်း ထိုနည်းလမ်းက အသုံးဝင်နိုင်ပါတယ်။
ဒီလိုအစားအစာများ စားသုံးခြင်းဖြင့် ကယ်လိုရီများတဲ့ အစားအစာတွေ စားဖို့ဆန္ဒလျော့နည်းသွားပါတယ်။
အာဟာရဓာတ် လိုအပ်ချက်တွေ ပြည့်မီအောင်စားသုံးရင်တော့ ထိုနည်းလမ်းက အကျိုးရှိစေနိုင်ပါတယ်။
အမြောက်အများ စားသောက်ခြင်းနည်းလမ်း ဆိုပေမယ့် အာဟာရတန်ဖိုးရှိအောင် စားသောက်ဖို့ကလည်း အရေးကြီးပါတယ်။
ဥပမာအားဖြင့် ကယ်လိုရီမပါတဲ့ ကိုလာဆိုရင် ကယ်လိုရီမပါဘူးဆိုပေမယ့် အာဟာရတန်ဖိုးလည်း မရှိပါဘူး။
လိမ္မော်ရည်ဆိုရင် ကယ်လိုရီမပါတဲ့ ကိုလာထက် ကယ်လိုရီများပေမယ့် ဗိုက်တာမင်စီနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်တာကြောင့် ပိုမိုသင့်လျော်ပါတယ်။
ဒါပေမဲ့ ဒီလိုမျိုး အမြောက်အများ စားသောက်ခြင်းဟာ ရင်ပြည့်စေကာ အစာမကြေခြင်းမျိုး ဖြစ်နိုင်ပါတယ်။
အခြားအစားအစာတွေကို လုံးဝရှောင်ကြဥ်တာမျိုးလည်း ပြုလုပ်စရာ မလိုပါဘူး။
ထိုနည်းလမ်းကနေ အာဟာရမပြည့်ဝတဲ့ ပုံစံမျိုးမဖြစ်အောင်လည်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်။
Source: New York Post.
#World_Health
#Published_ 21 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 21 February 2024
ရင်သားကင်ဆာ ရှိမရှိကို လျင်မြန်သက်သာတိကျစွာ စစ်ဆေးနိုင်ပြီး အသက်ပေါင်းများစွာကို ကယ်တင်နိုင်ဖွယ်ရှိတဲ့ လက်တစ်ဖဝါးစာ အာရုံခံကိရိယာကို အမေရိကန်နဲ့ ထိုင်ဝမ်တို့မှ အဖွဲ့တစ်ဖွဲ့က ဖန်တီးလိုက်ပါတယ်။
လူနာရဲ့ တံတွေးနမူနာမှ ဇီဝအမှတ်အသားများကို ကြည့်ရှုကာ ရင်သားကင်ဆာကို စစ်ဆေးတဲ့ ကိရိယာဖြင့် စမ်းသပ်မှုများ ပြုလုပ်ရာမှာ အောင်မြင်မှုများ ရရှိထားတယ်လို့ သုတေသနအဖွဲ့က ဖော်ပြထားပါတယ်။
ရင်သားကင်ဆာက တစ်ကမ္ဘာလုံးမှာ အဖြစ်အများဆုံး ကင်ဆာတစ်မျိုးဖြစ်ပြီး တစ်နှစ်ကို ရောဂါဖြစ်ပွားသူ ၂.၃ သန်းနဲ့ သေဆုံးသူ ၆ သိန်းခွဲကျော်ရှိနေပါတယ်။
အနာဂတ်မှာ ရင်သားကင်ဆာ ဖြစ်ပွားမှု ပိုမိုမြင့်မားလာနိုင်ကာ ၂၀၄၀ လောက်မှာ လူ ၁ သန်းခန့် အသက်ဆုံးရှုံးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
စက်ပစ္စည်းက လက်တစ်ဖဝါး အရွယ်မျှသာရှိကာ ကိုင်ဆောင်သွားနိုင်ပြီး ပြန်လည်အသုံးပြုနိုင်ကြောင်း၊ စမ်းသပ်ချိန်က ၅ စက္ကန့်တောင် မကြာတာကြောင့် အလွန်ထိရောက်မှုရှိကြောင်း သုတေသနပြုစုသူတစ်ဦးက ဆိုပါတယ်။
ရင်သားကင်ဆာ စစ်ဆေးလို့ရတဲ့ ယခင်နည်းလမ်းတွေက အကုန်အကျများကာ စက်ပစ္စည်းကြီးတွေ လိုအပ်သလို ဓာတ်ရောင်ခြည်လည်း ထိတွေ့ရပြီး အဖြေသိဖို့ ရက်နဲ့ချီ ကြာမြင့်ပါတယ်။
ယခင်က ရင်သားကင်ဆာ စစ်ဆေးလို့မရနိုင်တဲ့ နေရာတွေမှာပါ ရရှိနိုင်မှာ ဖြစ်တဲ့အတွက် အလွန်စိတ်လှုပ်ရှားမိကြောင်း ဖော်ပြထားပါတယ်။
အဆိုပါ အာရုံခံကိရိယာဟာ တံတွေးတစ်စက်သာ လိုအပ်ပြီး ကင်ဆာဇီဝ အမှတ်အသား အလွန်နည်းပါးစွာ ပါဝင်လျှင်ပင် တိကျစွာ အဖြေထုတ်ပေးနိုင်ပါတယ်။
ကင်ဆာရှိမရှိ ကွဲကွဲပြားပြားသိနိုင်ပြီး ဒီလိုရရှိနိုင်ရန် ကြိုးပမ်းအားထုတ်မှုတွေနဲ့ အချိန်များစွာ ပေးဆပ်ခဲ့ရကြောင်း ပြောပြသွားပါတယ်။
Source: The Jerusalem Post
#World_Health
#Published_ 21 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
တောင်အာဖရိက သတ္တုတူးဖော်ရေးကဏ္ဍ ပြောင်းလဲရေးမှာ လူလုပ်အသိဉာဏ်တု(AI)က လျင်မြန်စွာ တိုးတက်အသုံးဝင်လာပြီး အလုပ်သမားများရဲ့ ဘေးကင်းစိတ်ချရေး၊ ပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးတို့ကို မြှင့်တင်လာပါတယ်။
တောင်အာဖရိက သတ္တုတူးဖော်ရေးကဏ္ဍမှာ လုပ်သားပေါင်း ၄ သိန်းခွဲခန့်ရှိနေရာ ဘေးကင်းစိတ်ချရရေးက အဓိကစိုးရိမ်စရာ ဖြစ်နေပါတယ်။
#World_Industry
#Published_ 20 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 20 February 2024
၁။ ချင်းရိုးရာချည်ထည်နှင့် ရိုးရာဆွဲကြိုးများကို မလေးရှား၊ စင်ကာပူနှင့် USAနိုင်ငံတို့မှ စိတ်ဝင်စားပြီးမှာယူနေ
၂။ ပြည်ထောင်စုတံခွန်စိုက်ဖလား မြန်မာ့ရိုးရာမြင်းစီးပြိုင်ပွဲ ဗိုလ်လုပွဲ၊ ဆုပေးပွဲနှင့် မြင်းလေလံပွဲပြုလုပ်
၃။ ကြက်သွန်နီဈေး မြင့်တတ်သော်လည်း ရန်ကုန်ဈေးကွက်တွင် အရောင်းဝယ် အနည်းငယ် သွက်နေဟုဆို
၄။ တောင်အာဖရိက သတ္တုတူးဖော်ရေးလုပ်ငန်း၏ ဘေးကင်းစိတ်ချရေးကို တိုးတက်လာစေသည့် AIနည်းပညာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၂၀ ဖေဖော်ဝါရီ ၂၀၂၄
ရုရှားသမ္မတ ဗလက်ဒီမာပူတင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုန်အမ်ကို ရုရှားနိုင်ငံထုတ်ဇိမ်ခံကား Aurus ကား တစ်စီးကို ကိုယ်ရေးကိုယ်တာသုံးဖို့ လက်ဆောင်ပေးလိုက်တယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက အင်္ဂါနေ့ ဖေဖော်ဝါရီ ၂၀ရက်မှာ ကြေညာပါတယ်။
အဲဒီလက်ဆောင်ကို မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ နှမ ကင်မ်ယိုဂျုန်နှင့် အာဏာရ ကိုရီးယားလုပ်သားပါတီ ဗဟိုကော်မတီ အတွင်းရေးမှူး ပတ်ဂျုန်ချွန်တို့က တနင်္ဂနွေနေ့မှာ လက်ခံရရှိခဲ့တာဖြစ်ပါတယ်။ ဘယ်နေရာမှာလက်ခံခဲ့သလဲဆိုတာကိုတော့ ကိုရီးယားဗဟိုသတင်းအေဂျင်စီရဲ့ထုတ်ပြန်ချက်ထဲမပါရှိပါဘူး။
မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက ရုရှား အရှေ့ဖျားကိုသွားရောက်လည်ပတ်ခဲ့စဉ်မှာ Aurus ကားကို စစ်ဆေးကြည့်ရှုပြီး နောက်ခုံမှာဝင်ထိုင်ကြည့်ခဲ့တဲ့အကြောင်း ရုရှားရဲ့တပ်စ်သတင်းအေဂျင်စီက သတင်းထုတ်ပြန်ခဲ့ ပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြောက်ကိုရီးယားနိုင်ငံရဲ့ ဒုံးကျည်နှင့်နျူကလီးယားအစီအစဉ်တွေကြောင့် ကားတွေအပါ အဝင် ဇိမ်ခံပစ္စည်းတွေ မြောက်ကိုရီးယားထံတင်ပို့ခြင်းတားမြစ်ထားခဲ့ပါတယ်။
ကင်မ်ယိုဂျုန်က သူမအစ်ကိုရဲ့ကျေးဇူးတင်စကားကို ပူတင်ထံ ပြောကြားခဲ့ပါတယ်။ အဲဒီလက်ဆောင်ဟာ ခေါင်းဆောင်နှစ်ဦးရဲ့ ပုဂ္ဂိုလ်ရေး အထူးခင်မင်ရင်းနှီးမှုကိုပြသနေတာဖြစ်တယ်လို့လည်း သူမကပြောပါတယ်။
ရုရှားနှင့်မြောက်ကိုရီးယားတို့ဟာ ဆက်ဆံရေးတွေတိုးမြှင့်လာနေပြီး ပြုုံယမ်းဟာ မော်စကိုသို့ စစ်လက်နက်ခဲယမ်းမီးကျောက် တွေတင်ပို့ပေးနေတယ်လို့အမေရိကန်က စွပ်စွဲထားတာဖြစ်ပါတယ်။
Source BKK Post
Published 20 February 2024
အစ္စရေးလ်နဲ့ ဟားမတ်စ်စစ်ပွဲ ချက်ချင်းအပစ်အခတ် ရပ်စဲရေးအတွက် တောင်းဆိုမယ့် အယ်လ်ဂျီးရီးယားနိုင်ငံရဲ့ ဖြေရှင်းဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့ မဲပေးဆုံးဖြတ်မှုမပြုမီမှာပဲ အမေရိကန်က ဂါဇာအရေးနဲ့ ပတ်သက်ပြီး ယင်းကိုယ်ပိုင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဖြေရှင်းဆုံးဖြတ်ချက်မူကြမ်းကို ၁၉ ရက်နေ့က အဆိုတင်ပြလိုက်ပါတယ်။
အဆိုတင်သွင်းချက်အရ ယာယီအပစ်အခတ် ရပ်စဲရန်နဲ့ အစ္စရေးလ်အနေနဲ့ ဂါဇာတောင်ဘက်စွန်း ရာဖာမြို့ကို တိုက်ခိုက်မယ့် အစီအစဥ်အတိုင်း မပြုရန် တောင်းဆိုသွားမှာ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အစ္စရေးလ်ဝန်ကြီးချုပ်တို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်က စကားပြောဆိုခဲ့ရာမှာ အပစ်အခတ်ရပ်စဲရေး စကားပါဝင်ခဲ့ပါတယ်။
အယ်လ်ဂျီးရီးယားက လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကတည်းက အဆိုတင်သွင်းခဲ့ပေမယ့် အမေရိကန်က ဗီတိုအာဏာသုံးမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
ထိုအဆိုပြုချက်က ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းနေမှုကို အနှောင့်အယှက် ဖြစ်စေလိမ့်မယ်လို့ အမေရိကန်က ယူဆတာဖြစ်ပါတယ်။
ဖြေရှင်းဆုံးဖြတ်ချက်တစ်ရပ် အတည်ပြုဖို့အတွက်ဆိုရင် အနည်းဆုံးထောက်ခံမဲ ၉ မဲရရှိရမှာဖြစ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံကနေ ဗီတိုအာဏာမသုံးဖို့ လိုအပ်ပါတယ်။
လူသားချင်း စာနာထောက်ထားမှု ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိရန် ရည်မှန်းတဲ့ တင်သွင်းချက် ၂ ခုကိုလည်း အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချထားပါတယ်။
ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိရန်နဲ့ ဟားမတ်စ်တို့မှ ဖမ်းဆီးထားတဲ့ ဓားစာခံများ လွှတ်ပေးရေးတို့ သေချာပေါက်ရရှိရန်အတွက် အမေရိကန်မှ သံတမန်တွေဟာ အစ္စရေးလ်၊ ကာတာ၊ အီဂျစ်တို့မှ သံတမန်များနဲ့ အလေးအနက် ဆွေးနွေးနေကြပါတယ်။
မွတ်ဆလင်ဥပုသ်စတင်တဲ့နေ့မှာ ဓားစာခံတွေကို မလွှတ်ဘူးဆိုရင် မတ်လ ၁၀ ရက်နေ့မှာ ရာဖာမြို့ကို မြေပြင်တိုက်ခိုက်မှု ပြုလုပ်သွားမယ်လို့ အစ္စရေးလ်တို့က ဟားမတ်စ်တို့ကို ရာဇသံပေးထားပါတယ်။
အစ္စရေးလ်ဘက်မှ စစ်ပွဲဆိုင်ရာ ဝန်ကြီးများအဖွဲ့ဝင် ဘင်နီဂန့်ဇ်က ‘’မွတ်ဆလင်ဥပုသ်စတင်တဲ့နေ့မှာ ဓားစာခံတွေ ပြန်မလွှတ်သေးဘူးဆိုရင် တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေမယ် ဆိုတာကို တစ်ကမ္ဘာလုံးရော ဟားမတ်စ်ခေါင်းဆောင်တွေရာ သိထားရပါမယ်’’ လို့ ပြောကြားသွားပါတယ်။
တိုက်ခိုက်မှုဆောင်ရွက်ရာမှာ ပူးပေါင်းစွာဖြင့် အရပ်သားများ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ပြုလုပ်သွားမယ်လို့လည်း ဂန့်ဇ်က ပြောကြားလိုက်ပါတယ်။
Source: WION
#World_News
#Published_ 20 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 584 of 1211