#DailyNews
Published_ 25 February 2023
၁။ ခိုးဆိုးလုနှိုက်များပေါများနေသဖြင့် ကြိုတင်သတိပြုကာကွယ်ရန်လိုဟုဆို
၂။ BUS ကားစောင့်နေစဉ် လုယက်ခံရပြီး ဓားထိုးခံရမှု ဖြစ်ပွား
၃။ ဖေဖော်ဝါရီလနောက်ဆုံးအပတ်မှာ ကမ္ဘာ့ရွှေဆင်းအကျဘက် ဦးတည် လာပြီး ပြည်တွင်းရွှေဈေးဆက်တိုက်ကျဆင်း
၄။ အသက်(၃၀)အရွယ် ပန်ဒါကြီးနှင့်အမွှာသမီး(၂)ကောင်အား ဂျပန်မှတရုတ်သို့ ပြောင်းရွှေ့ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#World_Politics
Published 25 February 2023
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အရေးပေါ်ငြိမ်းချမ်းရေးဆွေးနွေးမှုပြုလုပ်ရန် တရုတ်က တောင်းဆိုခဲ့ပြီးနောက်မှာ ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'က တရုတ်သမ္မတ'ရှီကျင့်ဖင်'နဲ့ တွေ့ဆုံဖို့စီစဉ်နေကြောင်း သောကြာနေ့က ပြောကြားလိုက်ပါတယ်။
ရှီကျင့်ဖင်နဲ့ ဘယ်အချိန်ဘယ်နေရာမှာ တွေ့ဆုံဖို့စီစဉ်နေသလဲဆိုတာကို မဖော်ပြခဲ့ပေမယ့် ယူကရိန်းမှာငြိမ်းချမ်းရေးရဖို့အရေးကိုပဲ တရုတ်အနေနဲ့ ထောက်ပံ့သွားမယ်လို့ မျှော်လင့်ထားကြောင်း AFP က ဖော်ပြခဲ့ပါတယ်။
"ကျွန်တော် ရှီကျင့်ဖင်နဲ့တွေ့ဆုံသွားမှာပါ၊ ဒါက ကမ္ဘာ့လုံခြုံရေးအတွက် အရေးကြီးတဲ့ကိစ္စပါ" လို့ သတင်းထောက်တွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။
စစ်ပွဲ ၁ နှစ်ပြည့်လာတဲ့အချိန်မှာ တတိယကမ္ဘာစစ်ဖြစ်မလာစေရန် တရုတ်လက်နက်တွေ ရုရှားထံပေးပို့တာမျိုးဖြစ်မလာအောင် တားဆီးဖို့အရေး အစွမ်းကုန်ကြိုးစားနေကြောင်း ဆိုပါတယ်။
တရုတ်က ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး အစီအစဉ်ကိုကြေညာခဲ့ကာ အရေးပေါ်ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ဖို့ တောင်းဆိုထားပါတယ်။
အနောက်နိုင်ငံအများအပြားက တရုတ်ရဲ့အစီအစဉ်တွေကို ငြင်းပယ်လိုက်ကာ ရုရှားနဲ့ဆက်ဆံရေးနီးကပ်နေတဲ့ တရုတ်ကို သတိပေးလိုက်ပါတယ်။
တရုတ်က ယခုပဋိပက္ခအတွင်း ကြားနေအဖွဲ့အစည်းအဖြစ် ထိန်းသိမ်းနေထိုင်လျက်ရှိသလို ဗျူဟာမြောက်မဟာမိတ်ဖြစ်တဲ့ ရုရှားနဲ့ ဆက်ဆံရေးနီးနီးစပ်စပ် ရှိနေဆဲဖြစ်ပါတယ်။
ကိုယ့်နယ်မြေတိုက်ခိုက်ခံနေရတဲ့ တိုင်းပြည်ကသာ ငြိမ်းချမ်းရေးအစီအစဉ်တွေ စတင်အကောင်အထည်ဖော်နိုင်မယ်လို့ ယုံကြည်ထားကြောင်း ဇယ်လန်စကီက ဆိုပါတယ်။
ထိုနေ့မှာပဲ ရုရှားအနေနဲ့ ယူကရိန်းနယ်မြေတွေကနေ ဆုတ်ခွာပေးဖို့ ကုလသမဂ္ဂက သမိုင်းဝင်မဲခွဲခဲ့ပါတယ်။
အမေရိကန်၊ ဩစတြေးလျ၊ ကနေဒါအပါအဝင် နိုင်ငံအချို့က ရုရှားအပေါ် နောက်ထပ်ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ပါတယ်။
အမေရိကန်ဘဏ္ဍာရေးဌာနနဲ့ နိုင်ငံခြားရေးဌာနတို့က အဓိကဝင်ငွေရရှိစေတဲ့ ကဏ္ဍများကို ကျယ်ကျယ်ပြန့်ပြန့် အရေးယူပိတ်ဆို့မှာဖြစ်တဲ့အပြင် တစ်ပိုင်းလျှပ်ကူးပစ္စည်းအသုံးပြုခွင့်ကိုလည်း ပိတ်ပင်သွားမှာဖြစ်ပါတယ်။
ဩစတြေးလျက ရုရှားဘက်မှ ပုဂ္ဂိုလ်အယောက် ၉၀၊ အဖွဲ့အစည်း ၄၀ကို ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သလို ကနေဒါကလည်း ရုရှားဒုဝန်ကြီးချုပ်နဲ့ အရာရှိများအပါအဝင် ပုဂ္ဂိုလ် ၁၂၉ ဦးနဲ့ အဖွဲ့အစည်း ၆၃ ခုတို့ကို နောက်ထပ်ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ထားပါတယ်။
#Source: WION #World_Politics #ယူကရိန်းစစ်ပွဲ
#YMG #Yangon_Media_Group
#World_Health
Published 25 February 2023
လူတွေပြုလုပ်ထားတဲ့ တာရှည်ခံဓာတုပစ္စည်းတွေနဲ့ထိတွေ့ခြင်းဟာ ကလေးတွေရဲ့ ဇီဝဖွံ့ဖြိုးမှုကို ပြောင်းလဲစေပြီး ရောဂါဘယများဖြစ်စေနိုင်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။
ပိုလီဖလိုရိုအယ်လ်ကိုင်း (PFAS)တွေကို အိမ်သုံးပစ္စည်းအမျိုးမျိုးမှာတွေ့ရပြီး သူတို့က ပြိုကွဲပျက်စီးရာမှာ အလွန်နှေးကွေးကာ လူ့ခန္ဓာကိုယ်ထဲနဲ့ ပတ်ဝန်းကျင်မှာ တိုးများလာနိုင်တာကြောင့် တာရှည်ခံဓာတုပစ္စည်းများလို့ သတ်မှတ်ပါတယ်။
လတ်တလောလေ့လာချက်အရ PFAS တွေဟာ သိုင်းရွိုက်လုပ်ဆောင်ချက်ကိုပါ ထိခိုက်စေပြီး ကလေးတွေအတွက် အလွန်စိုးရိမ်နေရပါတယ်။
PFAS ထိတွေ့ခံရပြီး သိုင်းရွိုက်ဟော်မုန်းလုပ်ဆောင်ချက်အပေါ် သက်ရောက်ပုံက အံ့အားသင့်ဖွယ်ဖြစ်ပြီး ဇီဝဖြစ်ပျက်မှုနဲ့ ကြီးထွားမှုတို့မှာ အရေးကြီးနေပါတယ်။
သိုင်းရွိုက်ဟော်မုန်းတွေက ကလေးတွေအရွယ်ရောက်စဉ်မှာ ဖွံ့ဖြိုးမှုအတွက်အရေးပါပြီး အင်္ဂါတစ်ရှူးတွေကြီးထွားရင့်ကျက်ရာမှာ အရေးပါပါတယ်။
သိုင်းရွိုက်လုပ်ဆောင်ချက်ထိခိုက်တဲ့အခါ ကလေးတွေမှာ ဆီးချိုရောဂါ၊ နှလုံးသွေးကြောရောဂါ၊ ကင်ဆာရောဂါတို့ ဖြစ်နိုင်ချေများလာနိုင်ပါတယ်။
စမ်းသပ်ချက်တွေမှာတော့ ဓာတုပစ္စည်းတစ်မျိုးတည်း ထိတွေ့မိတာမဟုတ်ဘဲ PFAS အမျိုးအစားတွေရောနှော ထိတွေ့ခဲ့ကြတာဖြစ်ပါတယ်။
ဒီဓာတုပစ္စည်းတွေက လူသားတွေရဲ့ကျန်းမာရေးမှာ ဘယ်လောက်အထိသက်ရောက်နေလဲဆိုတာကို စတင်သဘောပေါက်လာပြီဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးသိပ္ပံပရော်ဖက်ဆာ ဒေါက်တာ'လီဒါချက်ဇီ'က ဖော်ပြခဲ့ပါတယ်။
၁၉၃၀ ခုနှစ်တွေတုန်းက တာရှည်ခံဓာတုပစ္စည်းများကို စတင်ထုတ်ဖော်ခဲ့ကာ အိမ်သုံးပစ္စည်းတွေ၊ ထုပ်ပိုးမှုတွေ၊ မကပ်အိုးတွေမှာ တွေ့ရတတ်ပြီး အသည်းကင်ဆာဖြစ်စေကြောင်း တွေ့ရှိခဲ့ကြပါတယ်။
ဒီဓာတုပစ္စည်းတွေက ခန္ဓာကိုယ်မှာ ဂလူးကို့စ်၊ သည်းခြေအက်ဆစ်၊ အမိုင်နိုအက်ဆစ်တွေ ဇီဝဖြစ်ပျက်ပုံကို အဟန့်အတားဖြစ်စေပြီး အဆီဓာတ်များ အန္တရာယ်ဖြစ်စေတဲ့အထိ စုပြုံလာစေပါတယ်။
#Source: New York Post #World_Health #YMG
#Yangon_Media_Group
#World_Health
Published 25 February 2023
အီရန်နိုင်ငံ ဘာဂျန်ဆေးသိပ္ပံတက္ကသိုလ်မှ သုတေသီများက ဦးနှောက်နဲ့ သိမြင်မှုစွမ်းရည်တို့အပေါ် သစ်ကြံပိုးခေါက်ရဲ့ သက်ရောက်မှုတွေကို အနီးကပ်လေ့လာခဲ့ကြပါတယ်။
လေ့လာချက်များကို ခွဲခြမ်းစိတ်ဖြာကြပြီးနောက် ယူဂျီနောလ်၊ စင်နာမယ်ဒီဟိုက်ဒ်၊ စင်နာမစ်အက်ဆစ်တို့ရဲ့ အစိတ်အပိုင်းတွေဟာ ဦးနှောက်သိမြင်မှုစွမ်းရည်အပေါ် ကောင်းမွန်တဲ့ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေကြောင်း တွေ့ရှိခဲ့ကြပါတယ်။
နောက်ထပ်လေ့လာတစ်ခုဆိုရင် သစ်ကြံပိုးခေါက်ပါဝင်တဲ့ ပီကေဝါးခြင်းဖြင့် မှတ်ဉာဏ်စွမ်းရည်တိုးတက်စေကာ စိုးရိမ်ပူပန်မှုကိုပင် လျော့ကျစေပါတယ်။
ဒီလေ့လာချက်က သစ်ကြံပိုးခေါက်နဲ့ ပါဝင်ပစ္စည်းတွေဟာ မှတ်ဉာဏ်စွမ်းရည်နဲ့ သင်ယူမှုစွမ်းရည်တို့မှာ ပါဝင်ပတ်သက်နေပုံကို လေ့လာရန်ဖြစ်ပါတယ်။
ဦးနှောက်အပေါ် သစ်ကြံပိုးခေါက်ရဲ့ အာနိသင်များကို အခြားသိပ္ပံပညာရှင်များပါ လေ့လာစေဖို့ လှုံ့ဆော်ပေးနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။
ဒါမှ ဦးနှောက်လုပ်ဆောင်ချက်ကို ထိန်းသိမ်းရန်နဲ့ မှတ်ဉာဏ်ချို့ယွင်းမှုကို နှောင့်နှေးစေရာမှာ အသုံးပြုနိုင်ရန် အကြံပြုနိုင်မှာဖြစ်ပါတယ်။
သစ်ကြံပိုးခေါက်ထဲမှာ ထူးခြားတဲ့ရနံ့ကိုဖြစ်စေတဲ့ စင်နာမယ်ဒီဟိုက်ဒ်မော်လီကျူးကို ကြွက်တွေနဲ့ လူသားတွေထံမှရယူထားတဲ့ အဆီဆဲလ်တွေအပေါ် သက်ရောက်မှုကို မီချီဂန်တက္ကသိုလ်မှ သုတေသီများလေ့လာခဲ့ကြပါတယ်။
ကြွက်နဲ့လူတွေရဲ့ဆဲလ်တွေဟာ သစ်ကြံပိုးခေါက်ဆီနဲ့ထိတွေ့တဲ့အခါ ကယ်လိုရီစတင်လောင်ကျွမ်းလာကြောင်း တွေ့ရှိခဲ့ကြပါတယ်။
ထိုဆီက မျိုးဗီဇအမျိုးမျိုး၊ အင်ဇိုင်းတွေနဲ့ ပရိုတိန်းတို့လှုပ်ရှားမှုကို တိုးပွားစေကာ ဇီဝဖြစ်ပျက်မှုဖြစ်စဉ် မြန်ဆန်စေပါတယ်။
ဒါ့အပြင် သစ်ကြံပိုးခေါက်က အစာစားပြီးနောက် ဗိုက်ဆာတဲ့စိတ်ကိုလျှော့ချပေးကာ သွေးအတွင်းသကြားဓာတ်များပြားခြင်းကိုလည်း လျှော့ချပေးပါတယ်။
ဆီးချိုလူနာတွေမှာ အင်ဆူလင်ထွက်စေတဲ့ ဆဲလ်တွေကိုလှုံ့ဆော်ပေးပြီး သွေးတွင်းသကြားဓာတ်ညီမျှအောင် ကူညီပေးပါတယ်။
#Source: The Jerusalem Post #World_Health #သစ်ကြံပိုး #အီရန်သုတေသီ #YMG #Yangon_Media_Group
#World_Record
Published 24 February 2023
ချီလီနိုင်ငံမှ ရေကူးသမား'ဘာဘရာဟာနန်ဒက်ဇ်'ဟာ တောင်ပိုင်းသမုဒ္ဒရာရေပြင်မှာ ၂.၅ ကီလိုမီတာကူးခတ်နိုင်ခဲ့တဲ့ ပထမဆုံးလူသားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
#World_Record #အန္တာတိကရေခဲပြင် #ချီလီနိုင်ငံ
#YMG #Yangon_Media_Group
Published 24 Feb 2023
Nord Stream ပိုက်လိုင်းကို ဖျက်ဆီးပစ်တဲ့နောက်ကွယ်မှ, အမေရိကန်ပြည်ထောင်စုရှိနေတယ်လို့ အမေရိကန်သတင်းစာဆရာ ဆေမော ဟတ်ချ်က ရေးသားခဲ့တဲ့အတိုင်းဟုတ်တယ်ဆိုရင် ဂျာမန်အစိုးရအနေနှင့် အမေရိကန်နှင့် ဆက်ဆံရေးကို ပြန်လည်သုံးသပ်ရလိမ့်မယ်လို့ ဂျာမန်အရာရှိတစ်ဦးကပြောလိုက်ပါတယ်။
၂၀၂၂ခုနျစ် ဇွန်လက အမေရိကန်နှင့်နော်ဝေးတို့ဟာ ထိပ်တန်းလျှို့ဝှက် စစ်ဆင်ရေးတစ်ခုကိုပူးပေါင်းကြံစည်ခဲ့ကြြပြီးနောက် သုံးလအကြာမှာ အဆိုပါ Nord Stream ပိုက်လိုင်းလေးလိုင်းထဲက သုံးလိုင်းကို အဝေးထိန်းစနစ်နှင့် ဖောက်ခွဲဖျက်ဆီးခဲ့ကြတယ်လို့ ယခုနှစ်ဖေဖော်ဝါရီလဆန်းပိုင်းက ပူလစ်ဇာဆုရ အမေရိကန်သတင်းစာဆရာ ဆေမောဟတ်ချ်က ဖွင့်ချရေးသားခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလက Nord Stream ပိုက်လိုင်းဖောက်ခွဲဖျက်ဆီးမှုဟာ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဖြစ်တယ်လို့ ဂျာမာန်ဖက်ဒရယ်ပါလီမန်ရဲ့ နိုင်ငံခြားရေးရာကော်မတီအဖွဲ့ဝင် ပက်တာဘိုင်စထရွန်က တရုတ်မီဒီယာအုပ်စုကိုပြောခဲ့ပါတယ်၊
“ အစိုးရနှစ်ခုက ဂျာမနီအပေါ် ဒီအကြမ်းဖက်တိုက်ခိုက်မှုလုပ်ခဲ့တယ်ဆိုရင် အမေရိကန်ဟာ ကျွန်တော်တို့ရဲ့ မဟာမိတ်မဟုတ်တော့သလို ကိုယ့်အကျိုးစီးပွားသက်သက်ကြည့်တဲ့ သိပ်တစ်ကိုယ်ကောင်းဆန်သူလည်း ဖြစ်တယ်ဆိုတာကိုပြန်စဉ်းစားသုံးသပ်ရလိမ့်မယ်။ အဲဒါကြောင့် အမေရိကန်ပြည်ထောင်စုနှင့်ပတ်သက်တဲ့ ဂျာမနီရဲ့ နိုင်ငံခြားရေးမူဝါဒကို သိသိသာသာ ပြောင်းလဲရလိမ့်မယ်Ó လို့ သူကပြောပါတယ်။
တစ်နှစ်ကြာ ယူကရိန်းပဋိပက္ခနှင့်ပတ်သက်ပြီးတော့လည်း ကာလရှည်ပဋိပက္ခတစ်ခုကို မီးမွှေးခြင်းဖြင့် အမေရိကန်ဟာ အမြတ်အကြီးအကျယ်ထုတ်နေတယ်လို့လည်း ဘိုင်စထရွန်က စွပ်စွဲလိုက်ပါတယ်။
“ အစကနေ အဆုံးအထိ ကြည့်ရင် အမေရိကန်ဟာ ဒီစစ်ပွဲထဲကို ရုရှားကိုဆွဲသွင်းခဲ့တယ်ဆိုတာ သိပ်ကိုထင်ရှားတယ်။ အထူးသဖြင့် ယခုနေအခါမှာ အမေရိကန်ဟာ ယူကရိန်းကို စစ်ပွဲဆက်တိုက်ဖို့ မြှောက်ပေးနေတယ်။ အများသိကြရတဲ့ သတင်းအချက်အလက်တွေအရ ပြီးခဲ့တဲ့ နွေဦးတုန်းက အစ္စတန်ဘူမှာ ရုရှားနှင့်ယူကရိန်းကိုယ်စားလှယ်တွေဟာ ငြိမ်းချမ်းရေးသဘောတူညီချက်တွေရဖို့ အတော်ကြီးနီးကပ်ခဲ့ကြတယ်။ ဒါပေမယ့် အဲဒီတုန်းက ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျန်ဆင်နှင့် အမေရိကန်တွေက ကြားဝင်စွက်ဖက်ခဲ့ကြတယ်။ သူတို့ဟာ မီးလောင်ရာလေပင်ဆက်လုပ်နေ ကြပြီးယူကရိန်းကိုလက်နက်တွေဆက်ပေးမယ်လို့ ကတိတွေပေးခဲ့ကြတယ်” လို့လည်း သူကပြောပါတယ်။
အမေရိကန်က ပထဝီနိုင်ငံရေးဩဇာတွေ တက်လာနေပြီး လက်နက်တွေရောင်းပြီး စွမ်းအင်တွေတင်ပို့နေပေးနေရာကနေ အမြတ်တွေထွက်လာပေမယ့် ရုရှားဆီက စွမ်းအင်ကိုမှီခိုနေရတဲ့ ဂျာမနီအဖို့တော့ အမေရိကန်နှင့်ဆန့်ကျင်ခြားနားစွာ အရှုံးကြီးရှုံးနေတယ် လို့လည်း သူကပြောပါတယ်။
“ စစ်ပွဲကရှည်ကြာတယ်။ ဂျာမနီ အထူးသဖြင့်ဂျာမန်စက်မှုလုပ်ငန်းတွေနှင့် ပြည်သူတွေဟာ ဒီအပေါ်မှာ အဲဒီဒဏ်တွေကို ခံနေကြရတယ်။ ရုရှားအပေါ် ညံ့ဖျင်းတဲ့ နိုင်ငံရေးဆုံးဖြတ်ချက်တွေနှင့် အရေးယူပိတ်ဆို့မှုတွေဟာ စွမ်းအင်ဈေးနှုန်းတွေ မြင့်တက်လာတာပဲ အဖတ်တင်တယ်။ လူတွေက စစ်ပွဲခပ်မြန်မြန်ပြီးဆုံးဖို့ သိပ်ကိုလိုလားနေကြတယ်” လို့ သူကပြောကြားခဲ့ပါတယ်။
Source: CCTV
#NordStreamပိုက်လိုင်း
#ဂျာမနီ
#အမေရိကန်
#ထိပ်တန်းလျှို့ဝှက်စစ်ဆင်ရေး
#WorldNews
#YangonMediaGroup
#DailyNews
Published_ 24 February 2023
၁။ ဆန်နှင့်ဆန်ထွက်ပစ္စည်းများ နိုင်ငံခြားတင်ပို့မှုမှရရှိသည့် နိုင်ငံခြားငွေ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်နှုန်းအတိုင်းလဲလှယ်ရမည်
၂။ ကမ္ဘာ့ရွှေဈေး ၁၈၂၂ ဒေါ်လာ ပေါက်ဈေးရှိပြီး ပြည်တွင်ရွှေဈေးဆက်တိုက်ကျဆင်းနေ
၃။ ရုပ်ရှင်ဇာတ်ကားများကို တရားမဝင်ပြသရောင်းချနေသည့် Channel များ၊ Website များ၊ Page များကို အရေးယူရန်ရှိဟုဆို
၄။ အန္တာတိကရေခဲပြင်တွင်(၂.၅)ကီလိုမီတာ ရေကူးခတ်ပြီး စံချိန်တင်ခဲ့သည့် ချီလီရေကူးမယ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Page 579 of 949