လစာအငြင်းပွားမှုနှင့်ပတ်သက်၍ ဗြိတိန်အငယ်တန်းဆရာဝန်များ (၁၀)ကြိမ်မြောက် သပိတ်မှောက်ဆန္ဒပြ
အစိုးရနဲ့လစာအငြင်းပွားမှုများ ဆက်လက်ဖြစ်ပွားတာနဲ့ ပတ်သက်ပြီး အင်္ဂလန်မှ အငယ်တန်းဆရာဝန်တွေဟာ ပြီးခဲ့တဲ့ မတ်လကစလို ၁၀ ကြိမ်မြောက် ဆန္ဒပြသပိတ်မှောက်မှုကို စနေနေ့က ပြုလုပ်ခဲ့ပါတယ်။
#World_Industry
Published 27 February 2024
#ဗြိတိန်အငယ်တန်းဆရာဝန် #သပိတ်မှောက်ဆန္ဒပြ
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_ 27 February 2024
၁။ ဝိဇ္ဇာလိုင်းပုံတူဆီလီကွန်ရုပ်တုတော်များကို အိန္ဒိယအပါအဝင် ပြည်ပမှမှာယူလာ
၂။ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများယနေ့ စတင်ထုတ်ပေး
၃။ နေပြည်တော် အိမ်ခြံမြေအရောင်းဝယ် ဈေးကွက်အေးနေပြီး အငှားဈေးကွက် သွက်နေ
၄။ လစာအငြင်းပွားမှုနှင့်ပတ်သက်၍ ဗြိတိန်အငယ်တန်းဆရာဝန်များ(၁၀)ကြိမ်မြောက် သပိတ်မှောက်ဆန္ဒပြ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#World_News
Published 27 February 2024
ကာတာနိုင်ငံမှာ စစ်ပွဲအပစ်အခတ် ရပ်စဲရေး ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေရာ အစ္စရေးလ်နဲ့ ဟားမတ်စ်တို့ဘက်က သဘောတူညီမှုရရန် နီးစပ်တဲ့ အခြေအနေ မြင်တွေ့နေရတာကြောင့် လာမယ့် တနင်္လာနေ့ကစပြီး ဂါဇာမှာ အပစ်အခတ် ရပ်စဲတော့မယ်လို့ မျှော်လင့်ရကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
လာမယ့်ရက်ပိုင်းအတွင်း ရက်သတ္တပတ် အကူးအပြောင်းလောက်မှာ အပစ်အခတ် ရပ်စဲရေး စတင်ရန်မျှော်လင့်နေတယ်လို့ ဘိုင်ဒင်က ပြောပြပါတယ်။
မတ်လ ၁၀ ရက်နေ့ မွတ်ဆလင်ဥပုသ်လ စတင်တဲ့နေ့အမီ ဓားစာခံလွှတ်ပေးရေး သဘောတူညီချက်ရရှိရန် အမေရိကန်မှ စေ့စပ်ညှိနှိုင်းသူများ အသည်းအသန် အားထုတ်နေကြကြောင်း အမေရိကန် အရာရှိတစ်ဦးက ဆိုလိုက်ပါတယ်။
အများအမြင်မှာတော့ အစ္စရေးလ်နဲ့ ဟားမတ်တို့ဟာ ငြိမ်းချမ်းရေးယူဖို့ နေနေသာသာ တစ်ဖက်နဲ့တစ်ဖက် အပြစ်တင်နေကြပါတယ်။
ဟားမတ်စ်အကြီးအကဲ အစ္စမေးလ်ဟာနီယဲက ကာတာအာရပ်မင်းသား ရှိတ်ခ်တာမင်ဘင်ဟာမက်အယ်ထာနီနဲ့ တွေ့ဆုံကာ ယင်းတို့က စစ်ပွဲအဆုံးသတ်ရန် ကြိုးပမ်းနေကြပြီး ဂါဇာဒေသခံတွေ သေဆုံးခြင်းအတွက် အစ္စရေးလ်ကို စွပ်စွဲလိုက်ပါတယ်။
ရာဇဝတ်မှုကို ဖုံးကွယ်ဖို့ ရန်သူတွေ ညှိနှိုင်းရေးကို အသုံးချတာမျိုး အဖြစ်မခံနိုင်ဘူးလို့ ဆိုလိုက်ပါတယ်။
အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူ ပြောကြားရာမှာတော့ အစ္စရေးလ်က သဘောတူညီချက်ယူဖို့ အသင့်ဖြစ်နေကြောင်း၊ ကျန်တာက ဟားမတ်စ်တို့အပေါ်သာ မူတည်ကြောင်း ဆိုပါတယ်။
ဂါဇာကမ်းမြောင်မှာ ချက်ချင်းအပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ရရှိရန် ကြားဝင်စေ့စပ်ပေးနေတဲ့ ကာတာရဲ့ အားထုတ်မှုတွေကို အယ်ထာနီနဲ့ ဟားမတ်စ်အကြီးအကဲတို့ ဆွေးနွေးခဲ့ကြတယ်လို့ ကာတာဘက်က ဖော်ပြခဲ့ပါတယ်။
ညှိနှိုင်းရေးအတွက် အထောက်အပံ့ဖြစ်စေရန် အစ္စရေးလ်ကိုယ်စားလှယ်အဖွဲ့က ကာတာသို့ ပျံသန်းလာကြတယ်လို့ သတင်းရင်းမြစ်တစ်ခုက ဆိုပါတယ်။
အစ္စရေးလ်တို့က ဟားမတ်စ်တို့ကို အမြစ်မကျန် သုတ်သင်ပြီးမှ စစ်ပွဲအဆုံးသတ်မယ်လို့ အများရှေ့မှာ ဆက်လက်ပြောကြားနေပြီး ဟားမတ်စ်တို့ကလည်း စစ်ပွဲအဆုံးသတ်ရေး သဘောတူညီမှု မရဘူးဆိုရင် ဓားစာခံတွေ လွှတ်ပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ဆိုတာက တိုက်ခိုက်မှု အဆုံးသတ်ခြင်း၊ သိမ်းပိုက်ထားရာမှ ဆုတ်ခွာခြင်း၊ စစ်ဘေးရှောင်များ ပြန်လည်ရောက်ရှိလာခြင်း၊ အကူအညီများ ဝင်ရောက်လာခြင်းနဲ့ ပြန်လည်ဆောက်လုပ်ခြင်းတို့ ပါဝင်ကြောင်း ဟားမတ်စ်အကြီးတန်းအရာရှိ ဆမ်မီအဘူဇူရီက ရိုက်တာသတင်းဌာနကို ပြောကြားလိုက်ပါတယ်။
ရာဖာမြို့ကို တိုက်ခိုက်ရန် ခြိမ်းခြောက်နေတာကို ရပ်တန့်ပြီး ငြိမ်းချမ်းရေး သဘောတူညီမှုရယူရန် အမေရိကန်က အစ္စရေးလ်ကို ဖိအားပေးနေပါတယ်။
#World_News #အစ္စရေးလ်နှင့်ဟားမတ်စ် #အပစ်အခတ်ရပ်စဲရန်ဘိုင်ဒင်မျှော်လင့် #Source: Reuters
Published 27 February 2024
တီဗီအကြည့်များခြင်းက ညဘက်မှာ ခဏခဏအပေါ့သွားချင်ရတဲ့ အကြောင်းအရင်း ဖြစ်နေနိုင်ပါတယ်။
တီဗီအကြည့်များသူ အများစုဟာ ညဘက်မှာ နှစ်ခါသုံးခါလောက် ထပြီးအပေါ့သွားရတတ်ကြောင်း တရုတ်သုတေသီအဖွဲ့က ဖော်ပြထားပါတယ်။
အသက် ၂၀ နဲ့အထက် လူပေါင်း ၁၃၀၀၀ ကျော်ကို လေ့လာခဲ့ကြရာမှာ ညဘက်ခဏခဏအပေါ့သွားလိုတဲ့ ဝေဒနာ ခံစားရသူ ရာခိုင်နှုန်းရှိခဲ့ပါတယ်။
တစ်နေ့ကို တီဗီတွေ၊ ဗီဒီယိုတွေ ၅ နာရီနဲ့အထက် ကြည့်ရှုကြသူတွေဟာ ထိုဝေဒနာဖြစ်နိုင်ခြေ ၄၈ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ တွေ့ရှိခဲ့ကြပါတယ်။
တီဗီကြည့်ခြင်းနဲ့ ညဘက်ခဏခဏ ဆီးသွားခြင်းတို့ကြား ဆက်စပ်မှု အတိအကျကို မသိရှိကြသေးပါဘူး။
တီဗီအကြည့်များခြင်းနဲ့ ဆီးချိုရောဂါ ဖြစ်နိုင်ခြေများခြင်းတို့ကြား ဆက်စပ်တာကိုတော့ သိရှိထားပြီး ထိုကနေ ညဘက်ခဏခဏ ဆီးသွားခြင်း ဖြစ်လာတတ်ပါတယ်။
တီဗီကြည့်ပြီး အထိုင်များခြင်းကြောင့် ခြေထောက်မှာ အရည်စုပြုံလာကာ ခဏခဏဆီးသွားချင်တာလည်း ဖြစ်နိုင်ပါတယ်။
တီဗီကြည့်တဲ့အခါ တစ်ခုခု သောက်သုံးတာမျိုး ပြုလုပ်တတ်ကြတာကြောင့် အရည်များလာနိုင်ကြောင်း၊ အာရုံကြောထိခိုက်ကာ ဆီးအိမ်ယိုယွင်းလာကြောင်း၊ အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေကြောင်း သုတေသီများ ဖော်ပြထားပါတယ်။
အဆိုပါ ကျန်းမာရေးပြဿနာနဲ့ ပတ်သက်ပြီး လူအများသိရှိအောင် သတိပေးသင့်တယ်လို့ ဖော်ပြသွားပါတယ်။
Source: WION.
#World_Health
#Published_ 27 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 27 February 2024
အသက်ရှည်ကျန်းမာစေမယ့် နည်းလမ်းများစွာထဲမှာ အစားအစာ ရွေးချယ်စားသုံးခြင်းကလည်း အပါအဝင်ဖြစ်ပါတယ်။
ထိုနေရာမှာ အဆင့်ဆင့် ထုတ်လုပ်ထုပ်ပိုးထားတဲ့ အစားအစာတွေကိုတော့ ရှောင်ရှားရမှာ ဖြစ်ပါတယ်။
သက်ရှည်ကျန်းမာရေးအတွက် သင့်လျော်တဲ့ အစားအစာတွေရဲ့ လျှို့ဝှက်ချက်က ရောင်ရမ်းခြင်းကို ဆန့်ကျင်ခြင်း၊ ကင်ဆာဆန့်ကျင်ခြင်း၊ အိုမင်းခြင်းကို ဆန့်ကျင်ခြင်းတို့ ပေးစွမ်းနိုင်တဲ့ အာဟာရဓာတ်တွေ ပါဝင်တာကြောင့် ဖြစ်တယ်လို့ မာဆာချူဆက်စ် အာလ်ထရာဝဲလ်နက်စ်စင်တာမှ ဒေါက်တာ မာ့ခ်ဟိုင်မန်က ပြောပြပါတယ်။
(၁) အစိမ်းရင့်ရောင်ဟင်းရွက်များ
ယင်းတို့မှာ အမျှင်ဓာတ်ပါဝင်မှု မြင့်မားပြီး နှလုံးအတွက် အကျိုးပြုတဲ့ ဖောလိတ်တို့ ပါဝင်ပါတယ်။
(၂) အဆီပါသောငါးများ
ဆယ်လ်မွန်လို ငါးတွေမှာ ပရိုတိန်းနဲ့ အိုမီဂါ၃ တို့ပါဝင်ပြီး တစ်ပတ်နှစ်ကြိမ် စားသုံးပေးပါက နှလုံးဖောက်နိုင်ခြေ၊ နှလုံးခုန်မမှန်ခြင်း၊ သွေးတိုးခြင်း၊ မကောင်းတဲ့အဆီ မြင့်မားခြင်းတို့ကို လျှော့ချပေးနိုင်တယ်လို့ ဟိုင်မန်က ဆိုပါတယ်။
(၃) သံလွင်ဆီကြမ်း
တစ်နေ့ကို သံလွင်ဆီ လက်ဖက်ရည်ဇွန်း တဝက်ခန့် စားသုံးခြင်းဖြင့် နှလုံးသွေးကြောရောဂါများ၊ အာရုံကြော ချို့ယွင်းရောဂါများ၊ အသက်ရှူလမ်းကြောင်း ရောဂါများ၊ ကင်ဆာရောဂါတို့ကြောင့် အသက်သေဆုံးမှုကို သိသိသာသာ လျှော့ချပေးပါတယ်။
(၄) ဘယ်ရီသီးများ
ဘယ်ရီသီးတွေက သကြားပါဝင်မှုနည်းပါးပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝပါတယ်။
(၅) အချဥ်ဖောက်ထားသောအစားအစာများ
ထိုအစားအစာတွေမှာ ပါဝင်တဲ့ ဘက်တီးရီးယားတွေက အူလမ်းကြောင်းကို အကျိုးပြုပြီး ရေရှည်ကျန်းမာရေးအတွက် လိုအပ်ပါတယ်။
(၆) အစေ့အဆန်များ
အခွံမာသီးလိုမျိုး အစားအစာတွေမှာ အိုမီဂါ၃ ဖက်တီးအက်ဆစ် ပါဝင်ပြီး အမျှင်ဓာတ်နဲ့ ပရိုတိန်း ကြွယ်ဝပါတယ်။
(၇) ရိုးရိုးဒိန်ချဥ်
စူပါးမားကတ်တွေမှာ တွေ့ရတတ်တဲ့ အရောဒိန်ချဥ်မဟုတ်တဲ့ ရိုးရိုးဒိန်ချဥ်မှာ ပရိုတိန်း၊ ကယ်လ်စီယံ၊ မဂ္ဂနီဆီယံတို့ ကြွယ်ဝပြီး ဖိစီးမှုကို ပြေလျော့စေကာ ကောင်းစွာအိပ်စက်စေပါတယ်။
(၈) ချောကလက်မည်း
ကိုကိုးပါဝင်မှု ၇၅ ရာခိုင်နှုန်းထက်ပိုများတဲ့ ချောကလက်တွေဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပိုမိုပါဝင်ပြီး ဦးနှောက်ကျန်းမာရေးအတွက်လည်း သင့်လျော်ပါတယ်။
(၉) ပဲအမျိုးမျိုး
ပဲနီလေး၊ မြေပဲတို့က သွေးတွင်းသကြားဓာတ်နဲ့ ကိုလက်စ်ထရောလ်တို့ တည်ငြိမ်စေပြီး အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
(၁၀) ခရမ်းချဥ်သီး
သူ့မှာပါတဲ့ လိုင်ကိုပင်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းက နှလုံးသွေးကြောကျန်းမာရေးနဲ့ ကိုယ်ခံအားတို့အတွက် ကူညီပေးပါတယ်။
Source: New York Post.
#World_Health
#Published_ 27 February 2024
#YMG_News #Yangon_Times #Yangon_Media_Group



တရုတ်နည်းပညာကုမ္ပဏီကြီး Huawei က ဟိုတယ်အသေးစားလုပ်ငန်း Vessel နဲ့ ပူးပေါင်းကာ ပြပွဲတစ်ခုပြုလုပ်ရန် စီစဥ်နေပြီး ဇိမ်ခံယာဥ်(RV) စီမံကိန်းအသစ်နဲ့အတူ အပြည့်အဝ ထိန်းချုပ်နိုင်တဲ့ ရွေ့လျားအိမ်ကို မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။
#World_Technology
#Published_ 26 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 26 February 2024
၁။ ဒေသ(၄)ခုမှ Passport လျှောက်မည့်သူများ အွန်လိုင်းဘိုကင်စနစ်ဖြင့် ကိုယ်တိုင် Passport လျှောက်ထားနိုင်
၂။ မှိုအနက် Black Oyster မျိုးထုပ်များ နယ်စုံမှ မှာယူမှု များပြား
၃။ ဆိတ်သားသ-တ်ဈေးကွက် တစ်ပိသာ ကျပ် ၁၀၀၀ကျော် မြင့်တတ်
၄။ အလိုအလျောက် ထိန်းချုပ်ရေးစနစ်အပြည့် ဇိမ်ခံအိမ်ယာဥ်အား တရုတ်ကုမ္ပဏီကြီးနှစ်ခု ပူးပေါင်းထုတ်လုပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 579 of 1211