#World_Health
Published 09 December 2023
ခပ်မြန်မြန် လမ်းလျှောက်ခြင်းဟာ ဆီးချိုရောဂါ ဒုတိယအမျိုးအစား ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးနိုင်ကြောင်း မကြာသေးမီက လေ့လာချက်မှာ တွေ့ရှိခဲ့ပါတယ်။
ဆီးချိုရောဂါဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ကျန်းမာရေးပြဿနာတွေထဲက တစ်ခုဖြစ်ပြီး အိန္ဒိယဆေးသုတေသနကောင်စီရဲ့ လေ့လာချက်အရ အိန္ဒိယမှာ ဆီးချိုရောဂါ ဖြစ်ပွားနေသူ သန်း ၁၀၀ ကျော်ရှိပြီး ရောဂါဖြစ်နိုင်ခြေရှိသူ ၁၃၆ သန်းခန့် ရှိနေနိုင်တယ်လို့ သိရပါတယ်။
ဆီးချိုရောဂါ ဒုတိယအမျိုးအစားဟာ အင်ဆူလင် မထုတ်လုပ်နိုင်တာမျိုး ရှိသလို ရှိပြီးသားအင်ဆူလင်ကို အသုံးမပြုနိုင်တာလည်း ရှိပါတယ်။
ရောဂါလက္ခဏာတွေကတော့ မကြာခဏ ရေဆာခြင်း ဆီးသွားခြင်း၊ ဆာလောင်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အမြင်ဝါးခြင်းတို့ ဖြစ်တတ်ပြီး အချို့လူတွေမှာတော့ လက္ခဏာ မပြတတ်ပါဘူး။
အစားအစာ ထိန်းချုပ်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ တရားထိုင်ခြင်း၊ အင်ဆူလင်ကုသခြင်းတို့ဖြင့် သက်သာစေနိုင်ပါတယ်။
ယခုလေ့လာချက် အသစ်မှာတော့ ခပ်မြန်မြန် လမ်းလျှောက်ခြင်းက ဆီးချိုဖြစ်နိုင်ခြေကို ၄၀ ရာခိုင်နှုန်းလောက် လျှော့ချနိုင်တယ်လို့ တွေ့ရှိထားပါတယ်။
အမေရိကန်၊ ဗြိတိန်၊ ဂျပန်တို့မှ လူကြီးများကြား ဆီးချိုရောဂါဖြစ်နိုင်ခြေနဲ့ လမ်းလျှောက်အမြန်နှုန်းတို့ရဲ့ ဆက်စပ်မှုကို လေ့လာခဲ့ကြပါတယ်။
တစ်နာရီကို ၆.၄ ကီလိုမီတာနှုန်း အထက်ကို မြန်မြန်လမ်းလျှောက်တယ်လို့ သတ်မှတ်ပြီး လမ်းလျှောက်အမြန်နှုန်း ၁ ကီလိုမီတာများလာတိုင်း ဆီးချိုဖြစ်နိုင်ခြေ ၉ ရာခိုင်နှုန်း ကျဆင်းလာပါတယ်။
ယေဘုယျယူဆချက်ကတော့ ဆီးချိုကာကွယ်ဖို့အတွက် အားစိုက်ထုတ်မှုက အရေးကြီးတာပဲ ဖြစ်ပါတယ်။
တစ်နာရီကို ၆ ကီလိုမီတာနှုန်းကျော်အောင် လမ်းလျှောက်ရင်တော့ ဆီးချိုဖြစ်နိုင်ခြေ ၃၉ ရာခိုင်နှုန်း လျော့ကျစေပါတယ်။
လမ်းလျှောက်ခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေဖို့ ခပ်မြန်မြန်လမ်းလျှောက်ရန် လိုအပ်ကြောင်း လူတွေကို အားပေးချင်ပါတယ်လို့ သုတေသီများ ပြောကြားသွားပါတယ်။
#World_Health #သွေးတွင်းသကြားဓာတ် #လမ်းလျှောက်သည့်အမြန်နှုန်း #Source: India Today
ထိုင်းနိုင်ငံမှာ ကလေးငယ်များကြား အသက်ရှူရောဂါ ကူးစက်မှုများ တွေ့ရှိလာရပေမယ့် ဒါတွေဟာ ကိုဗစ်ကပ်ရောဂါရဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှုတွေ ဖြစ်တာကြောင့် အရမ်းကြီးစိုးရိမ်မနေကြဖို ဆရာဝန်များက ပြောကြားလိုက်ပါတယ်။
#Asia_Health
Published 08 December 2023
#ထိုင်းနိုင်ငံမှကလေးငယ် #အသက်ရှူလမ်းကြောင်းရောဂါများဖြစ်ပွား
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published 08 December 2023
၁။ စားအုန်းဆီတင်သွင်းခွင့်ပမာဏ(ကိုယ်တာ)တိုးရန်ရှိ၍ စားအုန်းဆီ ပိုပေါလာကာဈေးကွက်အေးလာနိုင်ဟုဆို
၂။ စက်သုံးဆီဈေးအနည်းငယ် ပြန်ကျသော်လည်း ဆီ၀ယ်ယူရာတွင် လိုအပ်သလိုဝယ်ယူ၍မရဘဲ အခက်အခဲ ဖြစ်နေဆဲဟုဆို
၃။ စက်သုံးဆီအခက်အခဲရှိနေသော်လည်း ဘုရင့်နောင်ကုန်စည်ဒိုင်သို့ကုန်များ ပုံမှန်ဝင်ရောက်နေပြီး အရောင်းအေးနေသည့်အတွက် အခြေခံစာကုန်ဈေးနှုန်းများကျဆင်းဟုဆို
၄။ ထိုင်းနိုင်ငံမှကလေးငယ်များတွင် အသက်ရှူလမ်းကြောင်းရောဂါများ ဖြစ်ပွားနေ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#World_News
Published 08 December 2023
ဂျပန်နိုင်ငံမှ ရန်ပုံငွေကောက်ခံမှုနဲ့ ပတ်သက်ပြီး လွှတ်တော်အမတ်များ စုံစမ်းစစ်ဆေးခံရမယ်လို့ သတင်းများထွက်ပေါ်နေကာ အာဏာရပါတီဟာလည်း ကြာသပတေးနေ့က စိစစ်စုံစမ်းခံရမှုများ တိုးများလာခဲ့ပါတယ်။
ဒီအရှုပ်တော်ပုံဟာ ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါရဲ့ ဂုဏ်သိက္ခာ ကျဆင်းလာစေရန် ခြိမ်းခြောက်နေပါတယ်။
တရားဝင်မှတ်တမ်းတွေထဲမှာ မရှိတဲ့ ရန်ပုံငွေ ယန်းသန်း ၁၀၀ ကျော်ကိစ္စနဲ့ ပတ်သက်ပြီး လက်ရှိဝန်ကြီးများ အပါအဝင် လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP)မှ လွှတ်တော်အမတ် အများအပြားကို လာမယ့်ရက်သတ္တပတ်အတွင်း တိုကျိုအစိုးရရှေ့နေများက စတင်စုံစမ်းသွားမယ်လို့ ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့ကြပါတယ်။
လက်မှတ်ရောင်းချခြင်းကစလို့ ပါတီအခမ်းအနားများအထိ ရရှိခဲ့တဲ့ ရန်ပုံငွေတွေကို အဓိကထားပြီး စုံစမ်းသွားမှာ ဖြစ်ကာ အချို့အရာတွေဆိုရင် ပါတီကနေ လွှတ်တော်အမတ်တွေထံ တိုက်ရိုက်ပေးအပ်ပြီး စာရင်းချန်ထားတာမျိုးတွေ ဖြစ်နေပါတယ်။
လက်ရှိစုံစမ်းမှုတွေ ပြုလုပ်နေရာမှာ ထိုကိစ္စနဲ့ပတ်သက်ပြီး အမတ်တွေက မေးတာတွေကို မဖြေရှင်းနိုင်ဘဲ ဖြစ်နေတယ်လို့ တိုကျိုပြည်သူ့ရှေ့နေရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပြခဲ့ပါတယ်။
ကီရှီဒါရဲ့ အစိုးရအဖွဲ့က လက်ရှိစစ်တမ်းများအရ ရေပန်းစားမှု ၃၀ ရာခိုင်နှုန်းအောက်သာ ရှိနေပြီး ဆန္ဒမဲပေးသူတွေက ကုန်ကျစရိတ် မြင့်တက်လာမှုများ၊ အခွန်အခမြင့်တက်လာမှုများအပေါ် စိုးရိမ်နေကြပါတယ်။
အချို့သုံးသပ်သူများက အတိုက်အခံပါတီတွေက ကီရှီဒါရဲ့ပါတီကို ခြိမ်းခြောက်နိုင်စွမ်း မရှိရင်တောင် ကီရှီဒါတို့ဟာ ဆက်လက်ရပ်တည်ရန် ရုန်းကန်ရဖွယ်ရှိတယ်လို့ သုံးသပ်ထားကြပါတယ်။
ဂျပန်စစ်ပြီးကာလတစ်ခုလုံးနီးပါး အာဏာထိန်းချုပ်ထားတဲ့ LDP ပါတီဟာ ၂၀၂၅ အောက်တိုဘာလမှာ အထွေထွေ ရွေးကောက်ပွဲတစ်ရပ် ကျင်းပရန် စီစဥ်ထားပါတယ်။
ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးဦးဆောင်ခဲ့တဲ့ LDP ပါတီရဲ့ အကြီးမားဆုံးအုပ်စုရဲ့ ရန်ပုံငွေတွေကို အဓိကထား စုံစမ်းသွားမှာဖြစ်ကာ ကုန်သွယ်ရေးဝန်ကြီး ယာဆူတိုရှီနီရှီမူရာနဲ့ ဝန်ကြီးများအဖွဲ့ အတွင်းရေးမှူးချုပ် ဟီရိုကာဇူမာဆူနိုတို့က ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ထိုအဖွဲ့ရဲ့ စာရင်းအင်းကို ကြီးကြပ်နေခဲ့တာဖြစ်ကြောင်း ယိုမီယူရီသတင်းစာက ဖော်ပြခဲ့ပါတယ်။
ကြာသပတေးနေ့က နေ့စဥ်သတင်းစာရှင်းလင်းပွဲမှာ မီဒီယာမှ မေးခွန်းအများအပြား မေးခဲ့ပေမယ့် မာဆူနိုနဲ့ နီရှီမူရာတို့က စွပ်စွဲချက်များအပေါ် ပြောဆိုရန် ငြင်းပယ်ခဲ့ပါတယ်။
ပါတီခေါင်းဆောင်များဟာ သူတို့ရဲ့ ရန်ပုံငွေအကြောင်း စုံစမ်းစစ်ဆေးခံရမှာဖြစ်ပြီး လိုအပ်ပါက မှန်ကန်အောင် ပြင်ဆင်ထားဖို့ မှာကြားခဲ့ကြကြောင်း LDP ပါတီ အတွင်းရေးမှူးချုပ် တိုရှီမီဆူမိုတဲဂီက ပြောကြားသွားပါတယ်။
အစိုးရရှေ့နေများက ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ပြီးဆုံးမယ့် လက်ရှိပါလီမန်အစည်းအဝေးပြီးနောက် လွှတ်တော်အမတ်တွေကို စတင်စုံစမ်းမေးမြန်းသွားမှာ ဖြစ်ပါတယ်။
#World_News #ဂျပန်အာဏာရပါတီ #ရန်ပုံငွေအရှုပ်တော်ပုံ #ဝန်ကြီးချုပ်ကီရှီဒါ #Source Reuters
Published 08 December 2023
လတ်တလောကာလ နိုင်ငံတကာ ရွှေဈေးမြင့်တက်လာခြင်းကြောင့် နိုဝင်ဘာလအတွင်း တောင်ကိုရီးယားမှာ ရွှေရောင်းချမှု စံချိန်တင်မြင့်မားခဲ့ပြီး ရွှေတုံးရွှေထည်များကို ရင်းနှီးမြှုပ်နှံလာကြပါတယ်။
တောင်ကိုရီးယားမှာ နိုဝင်ဘာလအတွင်း အရောင်းအဝယ်လုပ်ခဲ့ရာမှာ ရွှေ ၁,၂၂၀ ကီလိုဂရမ်နဲ့ ၁၀၀ ဘီလီယံဝမ် (ဒေါ်လာ ၇၇ သန်း)တန်ဖိုးရှိခဲ့ကာ ယခုနှစ်ဧပြီလနောက်ပိုင်း အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။
#World_Economy
#Published 07 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 576 of 1151