၂၀၂၃ ကမ္ဘာ့စွမ်းအင်သစ်ယာဥ်များကွန်ဂရက် (WNEVC)ဟာ တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်ကော်မှာ စနေနေ့က ပြီးဆုံးခဲ့ပြီး စွမ်းအင်သစ် မော်တော်ယာဥ်လုပ်ငန်းကဏ္ဍရဲ့ နောက်ဆုံးပေါ်တိုးတက်မှုများနဲ့ အနာဂတ်လမ်းကြောင်းများကို ပြသခဲ့ပါတယ်။
၃ ရက်တာပွဲမှာ စတီယာရင်မပါတဲ့ အဆင့်မြင့်မောင်းသူမဲ့ယာဥ်များနဲ့ သတ်မှတ်ထားတဲ့ လမ်းကြောင်းတွေကနေ အဓိကနဲ့ နေရာခွဲများကြား စီးနင်းသူများကို လမ်းပြပေးပါတယ်။
#Asia_Industry
#Published 13 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#Daily_News
Published 13 December 2023
၁။ ကျိုက်ထီးရိုးသို့ ပိတ်ရက်ဘုရားဖူးတစ်ထောင်ခန့် ဝင်ရောက်၊ ဇန်နဝါရီလ၌ ပဌာန်းပွဲ၊ ဆီမီးကိုးထောင်ပူဇော်ပွဲများရှိ
၂။ ရန်ကုန်ကားဈေးကွက် အရောင်းအဝယ်အေးနေပြီး ပွဲတော်ချိန်များ၌ ဈေးမာနိုင်
၃။ ကော့ကရိတ်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်သူများပြားနေပြီး စစ်ရှောင်များအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေဟုဆို
၄။ ကမ္ဘာ့စွမ်းအင်သစ်ယာဥ်များ ကွန်ဂရက်တွင် နောက်ဆုံးပေါ်ထုတ်လုပ်မှုများနှင့် အနာဂတ်လမ်းကြောင်းများ ပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 13 December 2023
ကုလသမဂ္ဂက ဂါဇာကမ်းမြောင်မှာ လူသားချင်းစာနာမှု ချက်ချင်းအပစ်အခတ် ရပ်စဲရေးကို အင်္ဂါနေ့က တောင်းဆိုလိုက်ပါတယ်။
ဟားမတ်စ်စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ အစ္စရေးလ်အနေနဲ့ စစ်ပွဲထဲမှာ အရပ်သားတွေကိုပါ မခွဲခြားဘဲ ပစ်ခတ်နေတာကြောင့် နိုင်ငံတကာမှ ထောက်ခံမှုကို ဆုံးရှုံးလာရပြီလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သတိပေးလိုက်ပါတယ်။
ဂါဇာမှာ လူသားချင်းစာနာမှု အခက်အခဲနဲ့ ပတ်သက်ပြီး ကုလအရာရှိများက အပြင်းအထန် သတိပေးလာပြီးနောက် အဖွဲ့ဝင် ၁၉၃ နိုင်ငံပါဝင်တဲ့ ကုလအထွေထွေ ညီလာခံကနေ အပစ်အခတ်ရပ်စဲရေးအတွက် တောင်းဆိုလိုက်တဲ့ ဆုံးဖြတ်ဖြေရှင်းချက်တစ်ခုကို ထုတ်ပြန်လိုက်ကာ ၁၅၃ နိုင်ငံက ထောက်ခံခဲ့ကြပြီး ၂၃ နိုင်ငံက ကြားနေမဲ ပေးခဲ့ကြပါတယ်။
အမေရိကန်နဲ့ အစ္စရေးလ်တို့ကတော့ ဒီလိုအပစ်အခတ် ရပ်စဲတာဟာ ဟားမတ်စ်တို့အတွက်ပဲ အကျိုးရှိစေလိမ့်မယ်လို့ ငြင်းခုံနေကြပြီး အခြား ၈ နိုင်ငံနဲ့အတူ ကန့်ကွက်မဲ ပေးခဲ့ကြပါတယ်။
အဆိုပါ ဆုံးဖြတ်ဖြေရှင်းချက်ဟာ ခိုင်မာသေချာမှု မရှိပေမယ့် နိုင်ငံရေးအရ ဖိအားသက်ရောက်နေပြီး စစ်ပွဲအပေါ် တစ်ကမ္ဘာလုံးရဲ့ရှုမြင်ပုံကို မြင်သာစေပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ် ၁၅ နိုင်ငံ လုံခြုံရေးကောင်စီမှာတုန်းက အမေရိကန်ဟာ အလားတူတောင်းဆိုချက်မျိုးကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့ပါတယ်။
ပါလက်စ်တိုင်း အာဏာပိုင်များက ထိုဆုံးဖြတ်ဖြေရှင်းချက်ကို ကြိုဆိုလိုက်ကာ အပစ်အခတ်ရပ်စဲရေးအတွက် အစ္စရေးလ်ကို ဝိုင်းဝန်းဖိအားပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။
အစ္စရေးလ်အနေနဲ့ ရန်လိုမှုတွေ၊ လူမျိုးသုဥ်း သတ်ဖြတ်မှုတွေ လုပ်နေတာတွေကို ရပ်တန့်သင့်ပြီလို့ ဟားမတ်စ်အရာရှိတစ်ဦးက တယ်လီဂရမ်မှာ ဖော်ပြလိုက်ပါတယ်။
အစ္စရေးလ်တို့က ဟားမတ်စ်တို့ကို အမြစ်ပြတ်ချေမှုန်းဖို့ တိုက်ခိုက်နေရာမှာ ပါလက်စ်တိုင်းလူမျိုး အနည်းဆုံး ၁၈,၀၀၀ သေဆုံးထားပြီး ၅ သောင်းနီးပါး ဒဏ်ရာရရှိထားကြောင်း ဂါဇာကျန်းမာရေး ဝန်ကြီးဌာနက ဆိုပါတယ်။
ဂါဇာမှ လူဦးရေတဝက်ခန့်ဟာ ငတ်ပြတ်နေကြပြီး လျှပ်စစ်မီး၊ လောင်စာ၊ ရေ၊ ဆေးများ မရရှိကြဘူးလို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ပြောပြခဲ့ပါတယ်။
ဂါဇာမှာ ဝမ်းပျက်ဝမ်းလျှောခြင်း၊ အစာအဆိပ်သင့်ခြင်း၊ ဦးနှောက်အမြှေးရောင်ခြင်း၊ အသက်ရှူလမ်းကြောင်း ရောဂါများ၊ ကူးစက်ရောဂါများ ဖြစ်ပွားနေကြပါတယ်။
ဟားမတ်စ်တို့ကို ချေမှုန်းခြင်းကြောင့် ပါလက်စ်တိုင်းပြည်သူတွေ ဆက်လက်ခံစားနေရမှာ မဖြစ်သင့်ဘူးလို့ ဩစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်တို့မှ ခေါင်းဆောင်များက ပူးတွဲထုတ်ပြန်ထားပါတယ်။
Source: Reuters
#World_News
#Published 13 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group

Published 13 December 2023
Published 13 December 2023
တရုတ်ပြည်ရဲ့ ပထမဆုံးပြည်တွင်းထုတ် အပျော်စီးသင်္ဘောရဲ့ အစိတ်အပိုင်းများ တပ်ဆင်မှုပြီးစီးကာ တနင်္ဂနွေနေ့က နိုင်ငံပေါင်းစုံမှ သင်္ဘောဝန်ထမ်း ၁,၂၉၂ ဦး ရောက်ရှိခဲ့ပြီဖြစ်ရာ စမ်းသပ်ပြေးဆွဲရန် အသင့်ဖြစ်နေပြီ ဖြစ်ပါတယ်။
Adora Magic City လို အမည်ပေးထားတဲ့ အပျော်စီးသင်္ဘောကြီးဟာ ဒီဇိုင်းဆွဲခြင်း၊ ဆောက်လုပ်ခြင်း၊ စမ်းသပ်ပြေးဆွဲမှုများ ဆက်တိုက်ပြုလုပ်ပြီးနောက် နိုဝင်ဘာ ၄ ရက်နေ့က ရှန်ဟိုင်းမှာ ရေချခဲ့ပြီး ၂၀၂၄ ဇန်နဝါရီ ၁ ရက်နေ့မှာ ပထမဆုံးခရီးစဥ်ပြေးဆွဲရန် စီစဥ်ထားပါတယ်။
#Asia_News
#Published 12 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 12 December 2023
ဒေါ်နယ်ထရမ့်ဟာ ၂၀၂၄ ရီပတ်ဘလစ်ကင် သမ္မတလောင်း အမည်စာရင်းယှဥ်ပြိုင်မှုမှာ ဆက်လက်ဦးဆောင်နေဆဲဖြစ်ပြီး ပါတီမဲဆန္ဒရှင်တဝက်ကျော်ရဲ့ ထောက်ခံမှုကို ရရှိထားကြောင်း တနင်္လာနေ့မှာ ပြီးစီးခဲ့တဲ့ Reuters/Ipsos ရဲ့ သဘောထားစစ်တမ်းအရ သိရှိရပါတယ်။
စစ်တမ်းများအရ ရီပတ်ဘလစ်ကင် ၆၁ ရာခိုင်နှုန်းဟာ ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒင်ကို ယှဥ်ပြိုင်ရန်အတွက် ပြည်နယ်အလိုက် အမည်စာရင်းယှဥ်ပြိုင်မှုတွေမှာ သမ္မတဟောင်းကို မဲပေးသွားကြမယ်လို့ ကောက်ယူရရှိထားပါတယ်။
ထရမ့်ရဲ့မဲရာခိုင်နှုန်းရရှိမှုကို အနီးစပ်ဆုံး ယှဥ်ပြိုင်နိုင်သူ ရှိမနေဘဲ ဖလော်ရီဒါ အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်းတစ်နဲ့ ကယ်လီဖိုးနီးယား တောင်ပိုင်းအုပ်ချုပ်ရေးမှူးဟောင်း နစ်ကီဟာလေတို့ကတော့ ရီပတ်ဘလစ်ကင် ၁၁ ရာခိုင်နှုန်းစီရဲ့ ထောက်ခံမှု ရရှိထားပါတယ်။
စွန့်ဦးတီထွင်သူ ရာမတ်စ်ရာဝီက ၅ ရာခိုင်နှုန်း၊ နယူးဂျာစီ အုပ်ချုပ်ရေးမှူးဟောင်း ခရစ္စခရစ္စတီက ၂ ရာခိုင်နှုန်းရှိနေပြီး ၈ ရာခိုင်နှုန်းက မဆုံးဖြတ်ရသေးပါဘူး။
၂၀၂၄ အမေရိကန်ရွေးကောက်ပွဲရဲ့ ပထမဆုံးမဲပေးမှုများကို ဇန်နဝါရီ ၁၅ ရက်နေ့ အိုင်အိုဝါပြည်နယ် ရီပတ်ဘလစ်ကင်အစည်းအဝေးမှာ ကြေညာသွားမှာ ဖြစ်ပါတယ်။
စစ်တမ်းများအရ ရီပတ်ဘလစ်ကင် မဲဆန္ဒရှင်များက ထရမ့်ရင်ဆိုင်နေရတဲ့ တိုင်းနဲ့ပြည်နယ် ရာဇဝတ်မှုများကြောင့် စိတ်ပြောင်းလဲယိမ်းယိုင်မှု သိပ်ပြီးမရှိဘူးလို့ တွေ့ရှိရပါတယ်။
စစ်တမ်းဖြေကြားသူ ရီပတ်ဘလစ်ကင် တွေထဲက ၄ ပုံ ၁ ပုံကတော့ ထရမ့်က ရွေးကောက်ပွဲလိမ်လည် စွပ်စွဲတာတွေ၊ ၂၀၂၁ ဇန်နဝါရီ ၆ ရက်နေ့ အမေရိကန် လွှတ်တော်အဆောက်အအုံကို တိုက်ခိုက်ရန် လူအုပ်ကြီးကို လှုံ့ဆော်ခဲ့တာတွေ စတဲ့ တရားစွဲချက်တွေကို ယုံကြည်ကြောင်း ဖြေကြားခဲ့ပါတယ်။
ထရမ့်ကိုဆန့်ကျင်တဲ့ ရီပတ်ဘလစ်ကင် လူနည်းစုက သူ့ရဲ့ပြိုင်ဘက် ဟာလေကို ထောက်ခံလာကြပြီး သူ့ရဲ့မဲဆန္ဒရပ်တည်ချက်က စတုတ္ထနေရာမှာ ၄ ရာခိုင်နှုန်းဖြင့် ရပ်တည်နေပါတယ်။
ဒီဇင်ဘာ ၅ ရက်နေ့မှ ၁၁ ရက်နေ့အတွင်း ရီပတ်ဘလစ်ကင် ၁,၆၈၉ ဦးကို အွန်လိုင်းကနေ စစ်တမ်းကောက်ယူမှု လုပ်ခဲ့တာဖြစ်ပြီး ရာခိုင်နှုန်း ၃ ခုလောက် အလျော့အတင်း ရှိနိုင်ပါတယ်။
Source: Reuters
#World_News
#Published 12 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 573 of 1151