Published 24 April 2023
ပါကစ္စတန်ရဲ့လက်ရှိ နိုင်ငံရေးနှင့်စီးပွားရေးအကျပ်အတည်းတွေက စစ်တပ်က အာဏာရယူမည့်အခြေအနေသို့ ဦးတည်သွားနိုင်တယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းက သတိပေးပြောကြားလိုက်ပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာတွေ ခပ်မြန်မြန်အဆုံးမသတ်ဘူးဆိုရင် စစ်တပ်က အာဏာယူဖို့ ဖြစ်နိုင်ချေရှိနေတယ်လို့ ဝန်ကြီးချုပ်ဟောင်း ရှာဟစ်ခါကန်အက်ဘာဆီက အရုဏ်ဦးသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ဘက်ဘာဆီက ပါကစ္စတန်ရဲ့ စစ်အုပ်ချုပ်ရေးရှည်ကြာခဲ့တဲ့ကာလတွေကို ရည်ညွှန်းပြောဆိုခဲ့ပြီး စစ်တပ်ဟာ သိပ်ပြီးဆိုးရွားမှုမရှိတဲ့အခြေအနေမှာတောင် အာဏာကို ထိန်းချုပ်ရယူတာမျိုးတွေရှိခဲ့တယ်လို့ပြောပါတယ်။
ဒီလိုအဖြစ်မျိုးကို ဟန့်တားနိုင်ဖို့အတွက် ထိပ်ပိုင်းခေါင်းဆောင်တွေဟာ တွေ့ဆုံဆွေးနွေးမှုတွေစတင်ဖို့လိုအပ်နေပြီလို့ သူကအလေးပေးပြောဆိုပါတယ်။ အဖွဲ့အစည်းတွေနှင့်အခြေအနေအကြား ပဋိပက္ခကို မဖြေရှင်းနိုင်ဘူးဆိုရင် စစ်အုပ်ချုပ် ရေးဥပဒေဟာ ဖြစ်လာနိုင်တယ်လို့လည်း သူကပြောပါတယ်။
“ စနစ်က အလုပ်မဖြစ်တော့တဲ့အခါ ဒါမှမဟုတ် အဖွဲ့အစည်း institutions တွေနှင့် နိုင်ငံရေးခေါင်းဆောင်မှုအကြား ပဋိပက္ခတစ်ခုရှိနေတဲ့အခါ ပြီးတော့ နိုင်ငံရေးခေါင်းဆောင်တွေက ရှေ့ကိုမတိုးနိုင်တော့ရင် စစ်အုပ်ချုပ်ရေးဟာ ဖြစ်နိုင်ချေ ရှိနေတုန်းပဲ” လို့ ပါကစ္စတန်အာဏာရပါတီဖြစ်တဲ့ ပါကစ္စတန်မူစလင်အဖွဲ့ချုပ်-နာဝက်ဇ်ရဲ့ အကြီးတန်းခေါင်းဆောင် လည်းဖြစ်တဲ့ သူကပြောပါတယ်။
ပါကစ္စတန်ရဲ့လက်ရှိအကျပ်အတည်းမှာ အဓိကကစားသမား(၃)ဦးရှိနေတယ်လို့သူကပြောပါတယ်။ အဲဒီသူတွေက ပါကစ္စတန်တီဟရက်အိုင်အင်ဆပ်(ပီတီအိုင်)ရဲ့ ဥက္ကဋ္ဌ အင်မရန်ခန်၊ ပါကစ္စတန်မူစလင်အဖွဲ့ချုပ် နာဝက်ဇ်ရဲ့ ခေါင်းဆောင် နာဝက်ဇ်ရှာရစ်နှင့် စစ်တပ်အကြီးအကဲ ဗိုလ်ချူပ်ကြီး အာဆင်မူနီယာတို့ဖြစ်ကြပြီး သူတို့ဟာ ကိုယ့်ရဲ့အကျိုးစီးပွားတွေ ကိုဘေးဖယ်ထားပြီး အတူတကွထိုင်ဆွေးနွေးဖို့လိုအပ်တယ်လို့လည်း ဆက်ပြောပါတယ်။
လက်ရှိ ပါကစ္စတန်ရဲ့ စီးပွားရေးနှင့်နိုင်ငံရေးအခြေအနေတွေဟာ အရင်တွေထက် ပိုပြီးဆိုရွားနေပြီး ဒီလိုအခြေအနေမျိုး ယခင်ကရှိခဲ့တိုင်း စစ်တပ်က အာဏာရယူလေ့ရှိတယ်လို့လည်း သူက အလေးပေးပြောဆိုပါတယ်။
ပါကစ္စတန်ရဲ့လက်ရှိ စီးပွားရေးနှင့်နိုင်ငံရေးအခြေအနေတွေက တိုးတက်လာမယ့် အရိပ်အယောင်မတွေ့ရဖြစ်နေပါတယ်။ စစ်တပ်က ကြားဝင်တာဖြစ်လာမှာမဟုတ်ဘူးလို့ သူမျှော်လင့်ကြောင်းနှင့် ကြားဝင်စွက်ဖက်လိုက်ရင် အခြေအနေက ပိုဆိုး သွားလိမ့်မယ်လို့လည်းသူကဆိုပါတယ်။
နိုင်ငံရေးအရအဖြေရှာခြင်းကသာ တိုးတက်မှဒရှိစေနိုင်မှာဖြစ်တယ်လို့လည်း သူကဆက်လက်ပြောဆိုပါတယ်။
အဲဒီအပြင် အမေရိကန်တို့၊ဗြိတိန်တို့လို နိုင်ငံခြားတိုင်းပြည်တွေက ပြဿနာတွေပြေငြိမ်းအောင် ဝင်ရောက် ဖျန်ဖြေပေးတဲ့ စိတ်ကူးကိုလည်း အက်ဘာဆီက ပယ်ချခဲ့ပါတယ်။ အဖြေဟာ ပြည်တွင်းထဲကပဲ လာဖို့လိုအပ်တယ်လို့ သူကပြောပါတယ်။
Source WION
#ပါကစ္စတန်အကျပ်အတည်း
#ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းရှာဟစ်ခါကန်အက်ဘာဆီ
#YangonMediaGroup
#World_Population
Published 25 April 2023
အိန္ဒိယနိုင်ငံဟာ လာမယ့်ရက်သတ္တပတ်အတွင်း ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံအဖြစ် တရုတ်ထံကနေ လွှဲပြောင်းတော့မှာဖြစ်ပြီး လူဦးရေ ၁.၄၃ ဘီလီယံနီးပါးရှိနေပြီဖြစ်ကြောင်း ကုလသမဂ္ဂက ဧပြီ ၂၄ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
"ယခုလအကုန်မှာ အိန္ဒိယလူဦးရေ ၁,၄၂၅,၇၇၅,၈၅၀ ယောက်ရှိလာရန်နဲ့ တရုတ်ပြည်မကြီးရဲ့လူဦးရေကို ကျော်လွန်သွားရန် ခန့်မှန်းထားပါတယ်" လို့ ကုလစီးပွားရေးနှင့်လူမှုရေးရာဌာနက ပြောပြလိုက်ပါတယ်။
ဒါဟာ အိန္ဒိယကိုယ်တိုင်က လူဦးရေအလွန်များပြားလာခြင်းနဲ့အတူ တရုတ်ကလည်း ပြီးခဲ့တဲ့နှစ်က လူဦးရေ ၁.၄၂၆ ဘီလီယံအထိ ကျဆင်းခဲ့တာကြောင့် ဖြစ်ပါတယ်။
ခရစ်နှစ် ၅ ရာစု ရောမအင်ပါယာကျဆုံးပြီးကတည်းက ကမ္ဘာ့လူဦးရေအထူထပ်ဆုံးနိုင်ငံအဖြစ် တရုတ်ကိုသတ်မှတ်ထားရာ ယခုရာစုနှစ်အကုန်မှာ တရုတ်လူဦးရေ ၁ ဘီလီယံခန့်အထိ ပုံမှန်ကျဆင်းသွားနိုင်တယ်လို့ ကုလကခန့်မှန်းထားပါတယ်။
တရုတ်ရဲ့လူဦးရေဆိုရာမှာ ထိုင်ဝမ်၊ ဟောင်ကောင်၊ မကာအိုတို့မှ လူဦးရေတို့ကို ထည့်မတွက်ထားပါဘူး။
ထိုအချိန်မှာပဲ အိန္ဒိယလူဦးရေကတော့ လာမယ့်ဆယ်စုနှစ်များအတွင်း ဆက်လက်မြင့်တက်နေဦးမယ်လို့လည်း ဖော်ပြထားပါတယ်။
ရာစုနှစ်ဝက်အရောက်မှာ အိန္ဒိယလူဦးရေ ၁.၅ ဘီလီယံရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
၂၀၁၆ ခုနှစ်မှာအဆုံးသတ်ခဲ့တဲ့ တရုတ်ရဲ့ကလေးတစ်ယောက်မူဝါဒကြောင့် တရုတ်တို့လူဦးရေ အလွန်အမင်းကျဆင်းလာရတာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် တရုတ်မှာ နေထိုင်စရိတ်မြင့်တက်လာကာ အလုပ်ခွင်ဝင်ရောက်လာကြတဲ့ တရုတ်အမျိုးသမီး များပြားလာကြပြီး အဆင့်မြင့်ပညာရေးကို မျှော်မှန်းလာကြတာကြောင့်လည်း ပတ်သက်နေပါတယ်။
ပြီးခဲ့တဲ့နှစ်က တရုတ်နိုင်ငံရဲ့ကလေးမွေးဖွားနှုန်းဟာ ကမ္ဘာမှာ အနည်းဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ခဲ့ပြီး အမျိုးသမီးတစ်ဦးလျှင် ကလေး ၁.၂ ယောက်နှုန်းဖြစ်ခဲ့ပါတယ်။
လူဦးရေထိန်းချုပ်ရန် ခက်ခဲနေတဲ့အိန္ဒိယကတော့ အမျိုးသမီးတစ်ဦးလျှင် ၂ ယောက်နှုန်းမွေးဖွားခဲ့တာဖြစ်ပါတယ်။
တရုတ်နဲ့အိန္ဒိယကြား အဓိကကွာခြားချက်တစ်ခုက တရုတ်ကလေးတစ်ယောက်မူဝါဒဖြစ်ပြီး နောက်တစ်ချက်ကတော့ အိန္ဒိယရဲ့ နိမ့်ပါးတဲ့လူသားရင်းနှီးမြှုပ်နှံမှုနဲ့ ၁၉၇၀၊ ၁၉၈၀ ခုနှစ်များအတွင်း စီးပွားရေးတိုးတက်မှု နှောင့်နှေးတာကြောင့်ဖြစ်ပါတယ်။
အဆိုပါနှစ်နိုင်ငံစလုံးအနေနဲ့ သက်ကြီးလူဦးရေများလာတာကိုလည်း ရင်ဆိုင်နေရပြီး တရုတ်ကပိုဆိုးရွားနေပါတယ်။
အိန္ဒိယမှာ လူဦးရေများလာတာနဲ့အလျောက် လျှပ်စစ်၊ စားသောက်ကုန်၊ နေရာထိုင်ခင်းတို့နဲ့ပတ်သက်ပြီး အခက်အခဲများရှိလာကာ မြို့တွေမှာ ရေရှားပါးပြတ်လပ်ခြင်း၊ လေထုရေထုညစ်ညမ်းခြင်း၊ စွန့်ပစ်ပစ္စည်းများပြားခြင်းတို့ ဖြစ်ပေါ်နေပါတယ်။
များပြားလာတဲ့လူဦးရေအတွက် အလုပ်အကိုင်နေရာပေါင်းများစွာဖန်တီးဖို့လည်း ဝန်ကြီးချုပ်'နာရန်ဒရာမိုဒီ'မှာ တာဝန်ရှိနေပါတယ်။
တရုတ်မှာလည်း အသက်အရွယ်ကြီးလာတဲ့သူတွေနေရာမှာ အစားထိုးဖို့ပြဿနာတွေ မြင့်တက်နေပါတယ်။
Source: CNA #World_Population #ကမ္ဘာ့လူဦးရေ #အိန္ဒိယ #တရုတ်
#YMG#Yangon_Media_Group
#World_Health
Published 25 April 2023
နွေရာသီမှာ ကိုယ့်ကိုယ်ကို သေချာဂရုမစိုက်ရင် နေရောင်က မျက်လုံးတွေကို ထိခိုက်စေနိုင်ပါတယ်။
နေကာခရင်မ်က အသားအရည်ကို နေရောင်ခြည်ဒဏ်မှကာကွယ်ရန် အရေးကြီးသလို ပူပြင်းတဲ့ကာလတွေမှာ မျက်လုံးတွင်အကာအကွယ်တပ်ဆင်ခြင်းဖြင့် ယိုယွင်းရောဂါအမျိုးမျိုးမှ ကင်းဝေးစေနိုင်မှာဖြစ်ပါတယ်။
ခရမ်းလွန်ရောင်ခြည်ဆိုတာ လျှပ်စစ်သံလိုက်ရောင်ခြည်တစ်မျိုးဖြစ်ပါတယ်။
မျက်စိနဲ့မမြင်ရပေမယ့် မျက်လုံးတစ်ရှူးတွေကို ဖောက်ဝင်နိုင်ကာ မျက်လုံးပြဿနာအမျိုးမျိုး ဖြစ်နိုင်ချေများပါတယ်။
ဒါကြောင့် မျက်စိရောဂါအမျိုးမျိုး မဖြစ်ပွားရအောင် မျက်လုံးကို နေရောင်နဲ့မထိအောင် ကာကွယ်ဖို့က အရေးကြီးပါတယ်။
နေရောင်ထိတွေ့မှုပြင်းထန်နှုန်း၊ အကြိမ်အရေအတွက်တို့အပေါ် မူတည်ပြီး အတွင်းတိမ်၊ မျက်စိယိုယွင်းခြင်း၊ မျက်ခမ်းခြောက်ခြင်း၊ မျက်ကြည်လွှာလောင်ကျွမ်းခြင်း၊ မျက်လုံးအတွင်းသားအတွင်းတိမ်ကင်ဆာတို့ ဖြစ်စေနိုင်ကြောင်း မျက်စိခွဲစိတ်ဆရာဝန်'နီရာဂျ်ဆန်ဒူဂျာ'က ပြောကြားလိုက်ပါတယ်။
- နေကာမျက်မှန်တပ်ပါ
နေကာမျက်မှန်ရွေးချယ်တပ်ဆင်ဖို့က အရေးကြီးပြီး ခရမ်းလွန်ရောင်ခြည်အပြည့်အဝကာကွယ်ပေးတဲ့ မျက်မှန်၊ UV 400 လို့တံဆိပ်တပ်ထားတဲ့မျက်မှန်တွေဖြစ်ဖို့ အရေးကြီးပါတယ်။
- ဦးထုပ်ဆောင်းပါ
နေပူထဲထွက်လို့ ဦးထုပ်ဆောင်းတဲ့အခါ နေရောင်အများစုကို ကာကွယ်နိုင်တဲ့ဟာမျိုး ဝတ်ဆင်ပါ။
မျက်စိကိုအကာအကွယ်ဖြစ်စေမယ့် ဦးထုပ်မျိုး၊ နေကာမျက်မှန်တို့ဖြင့် ခရမ်းလွန်ရောင်ခြည်တွေကို အရိုးရှင်းဆုံးကာကွယ်နိုင်မှာဖြစ်ပါတယ်။
- မွန်းတည့်ချိန်အပြင်မထွက်ပါနှင့်
နေ့လယ် ၁၂ နာရီမှ ၃ နာရီအတွင်း နေအပြင်းဆုံးဖြစ်ပြီး ထိုအချိန်အပြင်ရောက်နေတယ်ဆိုရင် မျက်လုံးကိုအထိခိုက်နိုင်ဆုံး အခြေအနေဖြစ်ပါတယ်။
ဒါကြောင့် ခရမ်းလွန်ရောင်ခြည်ထိတွေ့မှု အတတ်နိုင်ဆုံးလျှော့ချနိုင်အောင် အပြင်မထွက်သင့်ပါဘူး။
နေလုံးကိုတိုက်ရိုက်ကြည့်ရှုခြင်းကလည်း မျက်လုံးအိမ်အပေါက်ဖြစ်ခြင်းနဲ့ မျက်ကြည်လွှာရောဂါများ ဖြစ်နိုင်ပါတယ်။
Source: India Today #World_Health #နေရောင်ခြည် #ဘယ်လိုကာကွယ်ရမလဲ
#YMG #Yangon_Media_Group
#World_Health
Published 25 April 2023
အချို့လူတွေက နေ့စဉ်ဘဝဖိစီးမှုများကြောင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်လာမှာကို ကြောက်ရွံ့နေတတ်ပါတယ်။
ထိုပြဿနာအတွက် ဖိစီးမှုလျော့နည်းအောင်ပြုလုပ်ခြင်းဖြင့် ရက်ပိုင်းအတွင်းမှာပင် ဇီဝဖြစ်စဉ်အသက်အရွယ်နုပျိုလာနိုင်တယ်လို့ လေ့လာမှုတစ်ခုက အကြံပြုထားပါတယ်။
ပြင်ပလောကသက်တမ်းရှိသကဲ့သို့ ခန္ဓာကိုယ်ထဲက ဆဲလ်တွေ တစ်ရှူးတွေရဲ့လက်ရှိအခြေအနေပေါ်မူတည်ပြီး ဇီဝဖြစ်စဉ်သက်တမ်းလည်း ရှိနေပါတယ်။
သင်ဟာ ကျန်းမာကြံ့ခိုင်နေတယ်ဆိုရင် ဇီဝဖြစ်စဉ်သက်တမ်းက ပြင်ပလက်တွေ့အသက်ထက် ပိုမိုငယ်ရွယ်နေနိုင်ပါတယ်။
အထိုင်များတဲ့သူ၊ နာတာရှည်ရောဂါရှိသူ၊ ရုပ်ပိုင်းဆိုင်ရာချို့တဲ့သူတွေမှာတော့ ဇီဝဖြစ်စဉ်သက်တမ်းကြီးရင့်နေနိုင်ပြီး ရောဂါဘယပိုမိုဖြစ်နိုင်ချေရှိကာ သက်တမ်းတိုစေနိုင်ပါတယ်။
ဇီဝဖြစ်စဉ်အသက်အရွယ်က စိတ်ဖိစီးမှုကြောင့် အလျင်အမြန်ရင့်ရော်လာတယ်လို့ သုတေသနပြုလုပ်ထားပြီးဖြစ်ပါတယ်။
ဟားဗတ်ဆေးတက္ကသိုလ်မှ ဒေါက်တာ'ဗာဒင်ဂလေဒီရှက်ဗ်'ပါဝင်တဲ့အဖွဲ့က ဇီဝဖြစ်စဉ်အသက်အရွယ် ဘယ်လိုပြောင်းလဲနိုင်လဲဆိုတာကို စူးစမ်းချင်ကြပါတယ်။
ဘဝတလျှောက်လုံး ဇီဝဖြစ်စဉ်သက်တမ်း ပြန်ပြောင်းနိုင်တဲ့အတိုင်းအတာနဲ့ ဖြစ်စဉ်တွေကိုတော့ မသိရသေးပါဘူး။
သူ့အဖွဲ့နဲ့အတူ ဒုခ်ဆေးတက္ကသိုလ်မှ သိပ္ပံပညာရှင်များက လူသားတွေနဲ့ကြွက်တွေမှာ စိတ်ဖိစီးမှုအခြေအနေအမျိုးမျိုးကို တုန့်ပြန်ရာကနေ ဇီဝဖြစ်စဉ်အသက်အရွယ်ပြောင်းလဲပုံတွေကို တိုင်းတာခဲ့ကြပါတယ်။
လက်တွေ့ဘဝမှာ တကယ့်ဖိစီးမှုတွေဆိုတာ ခွဲစိတ်မှုကြီးတွေ၊ ကိုယ်ဝန်ဆောင်ချိန်၊ ရောဂါဆိုးဖြစ်ပွားချိန်တို့ဖြစ်ပါတယ်။
ဖိစီးမှုဖြစ်လာတဲ့အခါ ဇီဝဖြစ်စဉ်အသက်အရွယ်လည်း လျင်မြန်စွာကြီးရင့်လာပြီး ဖိစီးမှုပြန်ကျသွားချိန်မှာလည်း မူလအနေအထားပြန်ရောက်သွားကြပါတယ်။
လေ့လာချက်များအရ အခြေခံအကျဆုံးအချက်ကတော့ ဇီဝဖြစ်စဉ်အသက်အရွယ်ရဲ့ သဘာဝကို ဖော်ထုတ်လိုက်ကာ ဖိစီးမှုကြောင့် သက်တမ်းအိုမင်းလာနိုင်သလို အပြန်အလှန်သဘောလည်း သက်ရောက်နေပါတယ်။
ကယ်လိုရီလျှော့ချစားသုံးခြင်းဖြင့် လူတွေရဲ့ဇီဝဖြစ်စဉ်အသက်အရွယ် လျင်မြန်စွာနုပျိုစေနိုင်တယ်လို့ တွေ့ရှိထားပါတယ်။
ကယ်လိုရီကို ၂ နှစ်ကျော်ကြာသည့်တိုင်အောင် ၂၅ ရာခိုင်နှုန်းလျှော့စားသူတွေဟာ ပုံမှန်ကယ်လိုရီစားသုံးသူတွေထက် ဇီဝဖြစ်စဉ်သက်တမ်းရင့်ရော်လာတဲ့အခြေအနေ ၂ - ၃ ရာခိုင်နှုန်း ပိုမိုကြာရှည်စေပါတယ်။
ဒါ့အပြင် စောစီးစွာအသက်ဆုံးပါးနိုင်ချေဟာလည်း ၁၀ -၁၅ ရာခိုင်နှုန်းလျော့ကျလာတာနဲ့လည်း ဆက်စပ်နေပါတယ်။
Source: Daily Mail
#YMG #Yangon_Media_Group
Published 24 April 2023
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ ကမ္ဘာခန်းမကြီးတွင် တရုတ်ပုံစံခေတ်မီတိုးတက်ရေးနှင့်ကမ္ဘာဆိုတဲ့ခေါင်းစဉ်နှင့် Lanting ဖိုရမ်ကို ပြီးခဲ့တဲ့သောကြာနေ့ကကျင်းပခဲ့ရာ တရုတ်သမ္မတရှီကျင့်ဖျင်က ဂုဏ်ပြုသဝဏ်လွှာပါးခဲ့တယ်လို့ တရုတ်မီဒီယာတွေကသတင်းရေးသားပါတယ်။
တရုတ်ကွန်မြူနစ်ပါတီအနေနှင့် နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားပြည်သူအသီးသီးကို စည်းလုံးညီညွတ်စွာ ဦးဆောင်ပြီး ကာလကြာရှည်စွာ ခက်ခဲကြမ်းတမ်းမှုများကို ဖြတ်သန်းခဲ့ပြီးနောက် တရုတ်နိုင်ငံအခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ရှီက ပြောပါတယ်။
တရုတ်နိုင်ငံအနေနှင့် နိုင်ငံအသီးသီးနှင့်အတူ တရုတ်ပုံစံခေတ်မီမှု အောင်မြင်မှုအသစ်များဖြင့် ကမ္ဘာကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းသစ်များ ပံ့ပိုးပေးနိုင်ရန် ကြိုးပမ်းရင်း ခေတ်မီမှုလမ်းကြောင်းနှင့် ပိုမိုကောင်းမွန်သော လူ့အဖွဲ့အစည်းစနစ်ကို လူသားများ ရှာဖွေတွေ့ရှိနိုင်ရေးအတွက် အားသစ်လောင်းပေးကာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရန် မြှင့်တင်ဆောင်ရွက်မယ်လို့လည်း သမ္မတရှီက သူ့ရဲ့ သဝဏ်လွှာထဲမှာ ဖော်ပြထားပါတယ်။
အဆိုပါဖိုရမ်ကို နိုင်ငံပေါင်း ၈၀ခန့်က အစိုးရကိုယ်စားလှယ်တွေ၊ဉာဏ်ကြီးရှင်အဖွဲ့တွေနှင့် မီဒီယာတွေတက်ရောက်ခဲ့ကြပါတယ်။
တရုတ်နိုင်ငံဟာ ယင်းရဲ့ကိုယ်ပိုင်ပုံစံနှင့်ပဲ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကိုလျှောက်လှမ်းမယ်လို့ တရုတ်ခေါင်းဆောင်တွေက ထပ်ခါတလဲလဲ ပြောကြားခဲ့ကြတာဖြစ်ပါတယ်။
Source CCTV
#Lantingဖိုရမ်၊
#တရုတ်နိုင်ငံကိုယ်ပိုင်ပုံစံဖြင့်ခေတ်မီခြင်း
#YangonMediaGroup
#World_Climate
Published 24 April 2023
ရာသီဥတုပြောင်းလဲမှုတွေက စံချိန်တင်မြင့်မားနေကြောင်း ညွှန်ပြနေကြပြီး ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာ့ရေခဲပြင်ကြီးများ ကြောက်စရာကောင်းလောက်တဲ့နှုန်းဖြင့် အရည်ပျော်သွားခဲ့ကြောင်း ကုလသမဂ္ဂက သောကြာနေ့မှာ ဖော်ပြခဲ့ပါတယ်။
#World_Climate #ကမ္ဘာ့ရေခဲပြင်ကြီး # စံချိန်တင်အရည်ပျော်
#YMG #Yangon_Media_Group
#Daily_News
Published_ 24 April 2023
၁။ နေပြင်း၍ သဘာဝတရားရိပ်သာတွင် ရေရှားပါးခြင်းနှင့်ဘိုးဘွားအချို့လေဖြန်းခြင်းများရှိနေ
၂။ ကမ္ဘာ့ရွှေဈေးအတက်ကြမ်းနေသည့် ရန်ကုန်ရွှေကုန်သည်များအရူံးပေါ်နေ
၃။ မန္တလေးမှာ မူးယစ်ဆေးသိန်းတစ်သောင်းကျော်ဖိုးဖမ်းမိ
၄။ ကမ္ဘာ့ရေခဲပြင်ကြီးများ စံချိန်တင်အရည်ပျော်လာပြီဟု ကုလသမဂ္ဂဖော်ပြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Page 577 of 984