Published 7 Nov 2022
►ဖေ့စ်ဘုတ်ခ်ရဲ့ မိခင်ကုမ္ပဏီ Meta ပလက်ဖောင်းဟာ ဒီတစ်ပတ်ထဲမှာ ဝန်ထမ်းတွေ အကြီးအကျယ်လျှော့ချဖို့ရှိလို့ ဝန်ထမ်း ထောင်ပေါင်းများစွာထိခိုက်နိုင်ဟု ဝေါစထရိဂျာနယ်ကရေးသား
►အဲဒီကြေညာချက်ကို ဗုဒ္ဓဟူးနေ့မှာ ခပ်စောစောကြေညာဖို့ စီစဉ်နေတယ်လို့ အတွင်းသိတစ်ဦးက ဝေါစထရိကို သတင်းပေး
►ဖေ့စ်ဘုတ်ခ်ဟာ ပြီးခဲ့တဲ့နှစ်က တန်ဖိုး ဒေါ်လာ (၁)ထရီလီယံဝက်ကျော် (ဒေါ်လာ ၅၀၀ဘီလျံကျော်) ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်။
►Meta ဟာ ကမ္ဘာ့စီးပွားရေးနှေးကွေးနေမှုနှင့် ရင်ဆိုင်ရတာရယ်၊ တစ်တော့ခ် TikTok နှင့် ပြိုင်ဆိုင်မှုတွေကြောင့် စီးပွားရေး ရလာဒ်တွေဟာ စိတ်ပျက်စရာဖြစ်နေခဲ့ရ
►Metaverse ရင်းနှီးမြှပ်နှံမှုကနေ အကျိုးအမြတ်ဖြစ်ထွန်းဖို့က နောက်ထပ် ဆယ်နှစ်စောင့်ရမှာဖြစ်တယ်လို့ အမှုဆောင် ချုပ် မတ်ခ် ဇူကာဘတ်က ပြော
►ဇွန်လက ဖေ့စ်ဘုတ်ခ်ဟာ အင်ဂျင်နီယာတွေကို အနည်းဆုံး ၃၀ ရာခိုင်နှုန်းလျှော့ချဖို့ စီစဉ်ခဲ့ပြီး စီးပွားရေးအကျမှာ တောင့်ထားကြဖို့ သူ့ဝန်ထမ်းတွေကို ဇူကာဘတ်က ပြောခဲ့
►မိုက်ခရိုဆော့၊ တွစ်တာနှင့် Snap ဆနက်ပ်တို့အပါအဝင် နည်းပညာကုမ္ပဏီတော်တော်များမျာဟာ အတိုးနှုန်းမြင့်မားလာမှု၊ ငွေကြေးဖောင်းပွမှုတွေနှင့် ဥရောပ လောင်စာအကျပ်အတည်းတွေကြောင့် ဖြစ်ရတဲ့ ကမ္ဘာ့စီးပွားရေးနှေးကွေးနေမှုတွေ ကြောင့် ဝန်ထမ်းတွေ လျှော့ချနေရပြီး အလုပ်တွေဖြုတ်ပစ်နေရ
Source Reuters
#Meta_Platforms_cut_jobs
#Facebook_business
#World_Military
Published 7 November 2022
တောင်ကိုရီးယားနဲ့ အမေရိကန်တို့ လတ်တလောစစ်ရေးလေ့ကျင့်မှုများဟာ ရန်စတဲ့သဘော ရှင်းရှင်းလင်းလင်းပေါ်လွင်နေပြီး အန္တရာယ်များတဲ့ စစ်ပွဲအသွင် ဖြစ်လာနိုင်ကြောင်း မြောက်ကိုရီးယားက တနင်္လာနေ့မှာ ဝေဖန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မြောက်ကိုရီးယားက ပစ်ခတ်လိုက်ပြီး တောင်ကိုရီးယားကမ်းရိုးတန်းနားကို ကျရောက်ခဲ့တဲ့ ဒုံးကျည်အစအနများကို တွေ့ရှိခဲ့တယ်လို့ တောင်ကိုရီးယားက ကြေညာလိုက်ပါတယ်။
ပြီးခဲ့တဲ့အပတ်က မြောက်ကိုရီးယားဘက်မှ ပစ်လွှတ်တဲ့ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်(ICBM)ဟာ မအောင်မြင်ခဲ့ဟန်ရှိပြီး ပင်လယ်ထဲသို့ အမြှောက်ကျည်များစွာ ပစ်ခတ်ခဲ့ပါသေးတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ လေကြောင်းစစ်ရေးလေ့ကျင့်မှုများကို ၆ ရက်တိုင် လေ့ကျင့်ခဲ့ကြပြီး စနေနေ့က ပြီးဆုံးခဲ့ပါပြီ။
မြောက်ကိုရီးယားစစ်တပ်ဘက်က ပြောကြားရာမှာ “သူတို့ရဲ့လေ့ကျင့်မှုတွေက ရန်ဆောင်တဲ့သဘောရောက်နေပြီး ရည်ရွယ်ချက်ရှိရှိနဲ့ တင်းမာမှုမြင့်တက်လာအောင် ပြုလုပ်နေတာဖြစ်ပြီး စစ်ပွဲအတွက်လေ့ကျင့်နေတဲ့ ပုံစံဖြစ်နေပါတယ်” လို့ ပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယားဟာ အဓိကရန်သူတော် တောင်ကိုရီးယားရဲ့မြို့ကြီးရှိ လေတပ်အခြေစိုက်စခန်းနဲ့ လေယာဉ်များကို တိုက်ခိုက်မယ့် ပုံရိပ်ယောင်လေ့ကျင့်မှုများ ပြုလုပ်နေကြောင်း ဆိုလိုက်ပါတယ်။
ဒုံးကျည်ပစ်လွှတ်မှုတွေက တစ်နေ့တည်းနဲ့ အများဆုံးပစ်ခတ်ခဲ့တာလည်းဖြစ်ပြီး နျူကလီးယားလက်နက်ပိုင်မြောက်ကိုရီးယားတို့ စံချိန်တင်ပစ်ခတ်ခဲ့တဲ့နှစ်လည်း ဖြစ်နေပါတယ်။
၂၀၁၇ ခုနှစ်က မြောက်ကိုရီးယားတို့ နျူကလီးယားလက်နက်ပြင်ဆင်မှုပြီးနောက်ပိုင်း အခုပြန်လည်ဆောင်ရွက်လာတာဖြစ်တယ်လို့ တောင်ကိုရီးယားနဲ့ အမေရိကန်အရာရှိများက ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့အပတ်က မြောက်ကိုရီးယားမှပစ်ခတ်ပြီး တောင်ကိုရီးယားကမ်းရိုးတန်းနား ကျရောက်ခဲ့တဲ့ တာတိုပစ်ဒုံးကျည်ရဲ့ အစအနလို့ ယူဆရတဲ့အပိုင်းအစများကို တောင်ကိုရီးယားသင်္ဘောတစ်စီးက တွေ့ရှိခဲ့ပါတယ်။
တောင်ကိုရီးယားရေတပ်ကယ်ဆယ်ရေးသင်္ဘောက ရေငုပ်စူးစမ်းလေ့လာရေးကိရိယာဖြင့် အသုံးပြုရှာဖွေခဲ့တာဖြစ်ပြီး တွေ့ရှိတဲ့အစိတ်အပိုင်းတွေကို ဆန်းစစ်လျက်ရှိပါတယ်။
Source: Reuters
#Yangon_Media_Group
#World_Science
Published 7 November 2022
အမေရိကန်နဲ့ ယူကေမှ ကလေးမိခင်များအတွက် အလှဆုံးကလေးနာမည်များကို လေ့လာဆန်းစစ်ခဲ့ကြပါတယ်။
နာမည်ရဲ့ အသံထွက်၊ သဏ္ဍာန်၊ ဘာသာစကားတည်ဆောက်ပုံနဲ့ နာမည်ခေါ်လိုက်တဲ့အခါပေါ်လာတဲ့ စိတ်ခံစားမှုတို့အပေါ်မူတည်ပြီး ဘာမင်ဂမ်တက္ကသိုလ်က လေ့လာမှုပြုထားတာဖြစ်ပါတယ်။
အမေရိကန်နဲ့ ယူကေတို့မှာ 'ဆိုဖီယာ'ဆိုတဲ့နာမည်က မိန်းကလေးနာမည်တွေထဲမှာ ထိပ်ဆုံးနေရာရှိခဲ့ပြီး ယောက်ျားလေးတွေထဲမှာတော့ 'မက်သယူး'နဲ့ 'ဇိန်း'တို့က ထိပ်ဆုံးမှာရှိခဲ့ပါတယ်။
အချို့ကလေးနာမည်တွေက တခြားနာမည်တွေထက် ပိုလှတာမျိုးရှိပေမယ့် အသံထွက်၊ ယဉ်ကျေးမှုလွှမ်းမိုးမှု၊ ကျား/မ၊ မိသားစုမျိုးရိုးတို့ကိုလည်း ထည့်သွင်းတွက်ချက်ရပါတယ်။
အင်္ဂလိပ်အက္ခရာ 'E'နဲ့စတဲ့နာမည်တွေက နားထောင်လို့ပိုကောင်းပြီး 'အယ်လီ'၊ 'အမ်မလီ'၊ 'အက်ဗဲလင်း'၊ 'အီဗာ'၊ 'အယ်လီနာ'တို့က အဆင့် ၉ ကနေ ၁၃ အတွင်း ရပ်တည်နေပါတယ်။
သစ်ပင်ပန်းမန်အစွဲပြုနာမည်တွေဖြစ်တဲ့ 'အိုင်ဗီ'၊ 'လီလီ'၊ 'ဝိုင်အိုလက်'တို့ဟာလည်း အဆင့် ၂၅ အတွင်းရှိနေပါတယ်။
ဘုရားသခင်ရဲ့လက်ဆောင်လို့ အဓိပ္ပာယ်ရတဲ့'မက်သယူး'နာမည်ကိုကျယ်ကျယ်ခေါ်တဲ့အခါ အပြုသဘောဆောင်တဲ့ အဓိပ္ပာယ်များစွာဖြစ်ပေါ်ကြောင်း ဒေါက်တာ'ဘိုဒိုဝင်းတား'က ဆိုပါတယ်။
အမေရိကန်မှာတော့ 'ဂျူလီယန်'၊ 'ဝီလျံ'၊ 'အိုင်ဆေယာ'နဲ့ 'လီယို'နာမည်တွေက ယောက်ျားလေးတွေအတွက် အလှဆုံးနာမည်များဖြစ်ပါတယ်။
အမျိုးသားတော်ဝင်မျိုးနွယ်တွေရဲ့ နာမည်တွေဖြစ်တဲ့ 'လူဝီ'၊ 'ဝီလျံ'၊ 'ဂျော့ဂျ်'တို့က ထိပ်ဆုံး ၁၀ နေရာမှာ ပါဝင်ခဲ့ပါတယ်။
'ဟယ်ရီ'နာမည်ကတော့ ထိပ်ဆုံး ၁၀ နေရာနဲ့လွဲသွားပြီး ၁၇ နေရာမှာရှိနေပါတယ်။
မိန်းကလေးနာမည်တွေမှာတော့ 'အီ'အသံထွက်နဲ့အဆုံးသတ်တဲ့ နာမည်တွေက လူကြိုက်များပြီး 'ဇိုဝီ'၊ 'ရိုစီ'၊ 'ဆိုဖီ'၊ 'အိုင်ဗီ'တို့ ထိပ်ဆုံး ၁၀ နေရာမှာ ပါဝင်ခဲ့ပါတယ်။
အလှဆုံးနာမည်စာရင်းဝင်တွေဟာ နာမည်ခေါ်လိုက်တာနဲ့ လူအများစုနားထောင်လို့ နားဝင်ချိုပြီး အပြုသဘောစိတ်ခံစားချက်များ ဖြစ်ပေါ်စေတယ်လို့ 'ဝင်းတား'ကရှင်းပြပါတယ်။
Source: Daily Mail
#Yangon_Media_Group
#World_Health
Published 7 November 2022
ဆီမလိုတဲ့ လေပူစနစ်သုံးအကြော်စက်တွေဟာ လတ်တလောနှစ်တွေမှာ လူကြိုက်များလာပေမယ့် ကျန်းမာရေးလိုက်စားသူများကတော့ ဒါတွေဟာ ကျန်းမာရေးနဲ့မညီညွတ်ဘူးလို့ ဆိုလိုက်ပါတယ်။
မီးဖိုချောင်သုံးပစ္စည်းတွေထဲမှာ အတော်လူသုံးများလာပြီး ပုံမှန်ပေါင်းအိုးထက် ဓာတ်အားတဝက်မျှသာ သုံးစွဲတာကြောင့် ချွေတာရေးလည်းဆင်းလို့ရပါတယ်။
အကြော်စက်လို့ခေါ်ပေမယ့် တကယ်ကတော့ အစားအစာတွေကို ကြော်လိုက်တာမဟုတ်ပါဘူး။
ကြော်ထားတဲ့ အစားအစာကဲ့သို့ ကြွပ်ရွနေစေပြီး ဆီမပါတာပဲကွာခြားပါတယ်။
ဒါပေမဲ့ အကြော်စက်တွေကို လေ့လာမှုပြုလုပ်ဖို့ကတော့ အကန့်အသတ်တွေရှိနေပါသေးတယ်။
ဆီနဲ့ကြော်တဲ့ အစားအစာတွေက ကင်ဆာအမျိုးမျိုးဖြစ်နိုင်တယ်လို့ သိထားကြပြီး လေပူစနစ်သုံးအကြော်စက်တွေကို ပြောင်းသုံးခြင်းဖြင့် ကင်ဆာဖြစ်စေတဲ့ဒြပ်ပေါင်းဖြစ်ပေါ်ခြင်းကို လျှော့ချနိုင်မယ်ထင်ခဲ့ကြပါတယ်။
ဒါပေမဲ့ ဒီစက်တွေနဲ့ကြော်စားတာကလည်း ဆိုးကျိုးတွေရှိနိုင်တယ်လို့ ကျွမ်းကျင်သူများက သတိပေးလာကြပါတယ်။
အဆိုပါစက်တွေနဲ့ကြော်စားခြင်းဖြင့်လည်း ကင်ဆာဖြစ်စေတဲ့ ဒြပ်ပေါင်းများထွက်လာတယ်လို့ ဆိုပါတယ်။
မှန်ကန်စွာအသုံးပြုပါကလည်း ကောင်းကျိုးများရှိစေပြီး ဓာတ်အားဆွဲသက်သာခြင်း၊ ဆီမပါခြင်း စတာတွေ အားသာနေပါတယ်။
ထိုစက်ဖြင့် အသားတွေသာ ခဏခဏစားသောက်ဖြစ်တာကြောင့် အသီးအရွက်စားခြင်းတော့ နည်းပါးသွားပြီး အဟာရမညီမျှမှု ဖြစ်ပေါ်လာနိုင်ပါတယ်။
စက်ရဲ့အလုပ်လုပ်ပုံက ပန်ကာဖြင့် လေပူက အစားအစာပတ်ပတ်လည်မှာ လှည့်ပတ်နေတာဖြစ်ပါတယ်။
သာမန်ကြော်ပုံကြော်နည်းနဲ့မတူတာက ဆီမပါဝင်လုနီးပါးအသုံးပြုနိုင်ပြီး အစားအစာတွေကို ကြွပ်ရွပြီး ညိုသွားစေပါတယ်။
Source: The Sun
#Yangon_Media_Group
Published 6 Nov 2022
ဂျပန်နိုင်ငံက ဂျပန်ရေတပ်ဖွဲ့စည်းခြင်း (၇၀)နှစ်မြောက်အခမ်းအနားအဖြစ် နိုင်ငံတကာ ရေတပ်သင်္ဘောစုများ တပ်စစ်ဆေးမှု"International Fleet Review (IFR)" ကို နိုဝင်ဘာ ၆ရက်က ကျင်းပခဲ့ပါတယ်။
အဆိုပါပွဲကို ဂျပန်နိုင်ငံ ဆာဂါမီပင်လယ်အော်မှာ ဂျပန်က အိမ်ရှင်နိုင်ငံအဖြစ်ကျင်းပခဲ့တာဖြစ်ပါတယ်။
နိုင်ငံပေါင်း ၁၃နိုင်ငံမှာ ရေတပ်သင်္ဘောပေါင်း ၄၀က အဲဒီပွဲမှာ စစ်ရေးလေ့ကျင့်မှုတွေပြသခဲ့ကြပါတယ်။
နိုင်ငံတွေထဲမှာ တောင်ကိုးရီးယားနှင့် အိန္ဒိယအပါအဝင် ဩစတေးလျ၊ကနေဒါ၊ အမေရိကန်ပြည်ထောင်စုတို့အပါအဝင် ပြင်ပနိုင်ငံ ၁၂နိုင်ငံမှ သင်္ဘော ၁၈စီးနှင့် ပြင်သစ်နှင့်အမေရိကန်စစ်လေယာဉ် ခြောက်စီးတို့ပါဝင်စမ်းသပ်ခဲ့ကြပါတယ်။
အဆိုပါအခမ်းနားကိုဂျပန် ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက တက်ရောက်ပြီး ရေတပ်သင်္ဘောစုတွေကို စစ်ဆေးခဲ့ပါတယ်။
မြောက်ကိုးရီးယားက ပဲ့ထိန်းဒုံးကျည်တွေဆက်တိုက်ပစ်ခတ်နေတဲ့အချိန်မှာ ယခုနိုင်ငံတကာရေတပ်သင်္ဘောများ တပ်စစ်ဆေးမှု(၂၀၂၂)ကိုကျင်းပခဲ့ကြတာဖြစ်ပါတယ်။
Source AFP
ရုပ်သံကြည့်ရှုရန်..⏭⏭⏭
#International_Fleet_Review_(IFR)
#Japan_hosts_IFR
#North_Korea_tension
Published 6 Nov 2022
တရုတ်နိုင်ငံက အမှီအခိုကင်းစွာ တည်ဆောက်ခဲ့တဲ့ အကြီးစား ယူအေဗွီ ဒရုန်း ဝင်းလွန်း ဝမ်း အီး Wing Loong-1E ကို တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် ကျူးဟိုင်းမြို့မှာ အင်္ဂါနေ့ ကျင်းပမယ့် တရုတ်လေကြောင်းပြပွဲ ၂၀၂၂ မှာ ပြသတော့မှာ ဖြစ်ပါတယ်။
အဆိုပါအကြီးစားလူမဲ့ ဒရုန်လေယာဉ်ကို AVIC(ချန်ဒူး) UAVစနစ်ကုမ္ပဏီက တည်ဆောက်ထားတာဖြစ်ပါတယ်။ Wing Loong-1E ဟာ ဝင်းလွန်း ယူအေဗွီ မိုဒယ်အတွဲထဲမှာ နောက်ဆုံးထုတ်ပုစံဖြစ်ပြီး ယူအေဗွီပလက်ဖောင်းကို အဆင့်မြှင့် တင်ထားပါတယ်။
“ ဝင်လွန်း ယူအေဗွီမိသားစုအတွက် ပျံသန်းချိန်ပေါင်း တစ်သိန်းလေးသောင်းကျော်နှင့် နည်းပညာဖွံဖြိုးတိုးတက်မှု နှစ်ပေါင်းများစွာ အတွေ့အကြုံတွေကို စုစည်းထားပါတယ်။ ဒီအတွေ့အကြုံတွေအားလုံးကို မိုဒယ်လ်အသစ်နှင့် ပလက်ဖောင်းအသစ် တည်ဆောက်ရာမှာ အသုံးချထားပါတယ်။ ဝန်အား တစ်တန်မှ နှစ်တန်ထိ သယ်ဆောင်နိုင်တဲ့ အခြားသော ကမ္ဘာ့ ဒရုန်းတွေအကြား ယှဉ်ပြိုင်နိုင်စွမ်းရှိအောင်တည်ဆောက်ထားပါတယ်” လို့ ဒရုန်းအသစ်ရဲ့ ဒီဇိုင်း အင်ဂျင်နီယာချုပ် တန်ယောင်းက ပြောပါတယ်။
ဒရုန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ကနဦးပျံသန်းမှု ပြီးဆုံးခဲ့ပါတယ်။ အဲဒီအပြင် မြေပြန့်လွင်ပြင်တွေ၊ ကုန်းမြေမြင့်တွေနှင့် ဝန်သုံးပျံသန်းမှုတွေအပါအဝင်စမ်းသပ်ပျံသန်းမှုများစွာလည်းပြီးဆုံးခဲ့ပါတယ်။
ဝင်လွန်း-၁ နှင့် ဝင်းလွန်း-၂ အပါအဝင် အခြားသော ဝင်လွန်း ယူအေဗွီမိသားစုဝင် ဒရုန်းတွေကိုလည်း နိုဝင်ဘာ ၁ရက်မှ ၈ရက်အထိ ပြုလုပ်မယ့် အဲဒီပြပွဲမှာ ပြသမယ်လို့လည်း တန်က ပြောပါတယ်။
“ ဝင်လွန်း၁ နှင့် ဝင်းလွန်း ၁- အီး တို့ကို ကင်းထောက်ရာနှင့် တိုက်ခိုက်ရာမှာ အဓိက အာရုံစိုက်ထားပါတယ်။ ဝင်းလွန်း-၂ ကို ကင်းထောက်ရာ၊တိုက်ခိုက်ရာနှင့် အီလက်ထရိုမဂ္ဂနက်တစ်စွက်ဖက်မှု၊အီလက်ထရွန်းနစ် ကင်းထောက်မှုနှင့် ရေဒါ ကင်းထောက်မှုတို့လိုမျိုး အထူးစစ်ဆင်ရေးတွေအတွက် လုပ်ဆောင်မှုတွေ ထည့်သွင်းထားပါတယ်။ အနာဂတ်မှာ လာမယ့် မိုဒယ်အသစ်တွေမှာ ပိုမိုကျယ်ပြန့်စွာ အသုံးချနိုင်တာတွေပါဝင်လာမှာပါ” လို့လည်း တန်ကပြောပါတယ်။
Source CCTV+
Published 6 Nov 2022
☑️ခရီးသည် ၄၃ ဦးတင်ဆောင်လာတဲ့ လေယာဉ်တစ်စီးဟာ ယနေ့ နိုဝင်ဘာ ၆ ရက် တနင်္ဂနွေနေ့က တန်ဇန်နီးယားနိင်ငံ လေယာဉ်ဆင်းသက်ခါနီးမှာ ရာသီဥတုဆိုးရွားမှုကြောင့် ဗစ်တိုးရီးယားရေကန်ကြီးအတွင်း ထိုးဆင်းပျက်ကျသွား
☑️တန်ဇန်နီးယား အနောက်မြောက်မြို့ ဘူကိုဘာသို့ မဆင်းသက်ခင် လေဆိပ်မှ မီတာ ၁၀၀ အကွာရှိ အဆိုပါရေကန်ကြီးအတွင်း ပျက်ကျခဲ့ခြင်းဖြစ်
☑️စီးပွားရေးမြို့တော် ဒါအက်စ် ဆာလမ်မှ ရေကန်ဘေးမြို့ ကာဂါရာသို့ ပျံသန်းသည့် Precision Air လေကြောင်းလိုင်းပိုင် အဆိုပါ ATR-42လေယာဉ် ခရီးစဉ်အမှတ် PW 494 တွင် ခရီးသည် ၃၉ ဦး၊ လေယာဉ်မှူးနှစ်ဦးနှင့် လေယာဉ်အမှုထမ်း (၂)ဦးတို့လိုက်ပါလာခဲ့
☑️Precision Air သည် တန်ဇန်နီးယား၏ အကြီးဆုံးပုဂ္ဂလိကလေကြောင်းလိုင်းဖြစ်
☑️လူ ၂၆ ဦးကိုကယ်ထုတ်ပြီး အနီးရှိဆေးရုံကိုပို့ဆောင်ပေးခဲ့ကြောင်း ဒေသဆိုင်ရာကော်မရှင်မင်းကြီး အဲလ်ဘတ် ချလာမီလာကပြော
☑️ကယ်ဆယ်ရေးလုပ်ငန်းတွေဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး လေယာဉ်မှူးနှင့်ဆက်သွယ်ဆောင်ရွက်နေကြာင်း သူက ဆက်လက်ပြော
☑️သမ္မတ ဆမ်မီယာဆူလူဟူက မတော်တဆဖြစ်ရပ်အတွက် ဝမ်းနည်ကြောင်းသတင်းစကားဆို
Source” Reuters/AFP
ဆက်လက်ဖတ်ရှုရန်..⏭⏭⏭
#Tanzania_plane_crash
#Lake_Victoria_Tanzania
#Precision_Air_ATR_plane-crash
Page 586 of 864