#World_Health
Published 30 March 2024


တန်နက်ဆီမှ ဗစ်တာရှာရာဟာ လူတွေကို မကောင်းဆိုးဝါးလို့ မြင်နေတဲ့ အလွန်ရှားပါးရောဂါတစ်မျိုး ခံစားနေရပါတယ်။

 

မကောင်းဆိုးဝါးမျက်နှာ မြင်ရတဲ့ ရောဂါလို့ခေါ်ပြီး ကြည့်လိုက်တဲ့လူတိုင်းဟာ မကောင်းဆိုးဝါးလို ပြုံးနေတယ်လို့ မြင်နေရတာ ဖြစ်ပါတယ်။

 

ထရပ်ကားယာဥ်မောင်းရှာရာက ၂၀၂၀ ခုနှစ်မှာ စတင်သတိထားမိခဲ့ပြီး သူ့အခန်းဖော်ကို မျက်နှာပုံပျက်နေတယ်လို့ မြင်ခဲ့ပြီး အပြင်ထွက်တော့လည်း အားလုံးက ထိုကဲ့သို့ဖြစ်နေပါတယ်။

 

အမှန်တော့ PMO လို့ခေါ်တဲ့ ရောဂါလက္ခဏာဟာ လူတွေကိုကြည့်လိုက်ရင် မျက်နှာတွေက တွန့်ခေါက်တဲ့ပုံစံ မြင်တွေ့ရတာဖြစ်ပြီး မကောင်းဆိုးဝါးပုံသဏ္ဍာန် မြင်တွေ့ရ ဖြစ်ပါတယ်။

 

မျက်လုံးပုံစံ၊ အရွယ်အစား၊ အရောင်၊ မျက်နှာကျပုံစံတို့က တစ်ယောက်နဲ့တစ်ယောက် မတူညီသလို ထိုလက္ခဏာဟာ ရက်တွေ လတွေ နှစ်တွေကြာအောင် ခံစားရတတ်ပါတယ်။

 

ဒီရောဂါကို ၇၅ ဦးသာ တွေ့ရှိထားတယ်လို့ ဒါ့မောက်ကောလိပ်မှ သုတေသီများက လေ့လာဖော်ပြထားပါတယ်။

 

လူမျက်နှာတွေ ကြည့်တဲ့အခါမှာ တွန့်ခေါက်တာကို မြင်တွေ့ရပေမယ့် အရာဝတ္ထုတွေကို ကြည့်တဲ့အခါမှာတော့ တွန့်ခေါက်တာ မတွေ့ရဘူးလို့ ဖော်ပြထားပါတယ်။

 

လူနာတွေက မျက်နှာတွန့်တာကို မြင်ရပေမယ့် မည်သူမည်ဝါဆိုတာတော့ မှတ်မိတယ်လို့ ဆိုပါတယ်။

 

ရှာရာမြင်တွေ့ရတဲ့ မျက်နှာတွန့်ခေါက်ပုံတွေကို ဓာတ်ပုံများဖြင့် ဖန်တီးနိုင်ခဲ့ပြီး လူအများမြင်တွေ့စေနိုင်ခဲ့ပါတယ်။



သိပ္ပံပညာရှင်များက ကွန်ပျူတာဆော့ဖ်ဝဲတစ်ခုဖြင့် ရှာရာမြင်တွေ့ရတဲ့ တွန့်ခေါက်ပုံတွေကို တိကျစွာ ဖန်တီးခဲ့ကြပါတယ်။

 

အချို့လူတွေကတော့ ဒီလိုမျိုး အမြင်အာရုံ ချို့ယွင်းခြင်းကို စိတ်ရောဂါတစ်မျိုးလို့ ထင်မြင်တတ်ကြပါတယ်။

 

ဒီရောဂါအကြောင်း သေချာမသိကြသေးပေမယ့် မျက်နှာတွကိုပုံဖတ်တဲ့ အာရုံကြောကွန်ရက်မှာ ပြဿနာရှိတယ်လို့ ထင်နေကြပါတယ်။

 

ရှာရာရဲ့အခြေအနေကတော့ ယခင်က ဦးခေါင်းထိခိုက်ခဲ့တဲ့ ဒဏ်ရာ ဒါမှမဟုတ် ကာဗွန်မိုနောက်ဆိုဒ်အဆိပ်တို့ကြောင့် ဖြစ်နိုင်တယ်လို့ သုတေသီများ ယုံကြည်နေကြပါတယ်။

 

ဦးခေါင်းဓာတ်မှန်ရိုက်ရာမှာလည်း ဦးနှောက်ဘယ်ဘက်အခြမ်းမှာ အဖုအလုံးတစ်ခု ရှိနေတာကို မြင်တွေ့ရပါတယ်။

 

#World_Health #မကောင်းဆိုးဝါးမျက်နှာကဲ့သို့မြင်နေရ #အလွန်ရှားပါးရောဂါတစ်မျိုး #Source: New York Post