#World_Health
Published 28 December 2025
■ အက်စ်ပါတမီ၊ ဆူခရယ်လို့စ်နဲ့ အမျိုးမျိုးသော သကြားအယ်ကိုဟောတို့လို အချိုဓာတ်ပစ္စည်းတွေက သန့်စင်သကြားပါတဲ့ အစားအစာတွေထက် ကျန်းမာရေးပိုသင့်တော်မယ်လို့ ယူဆကြပါတယ်။
■ ဒါပေမဲ့ သကြားအယ်ကိုဟော ဆော်ဘီတိုလ်ဟာ အများယူဆထားသလို ဘေးအန္တရာယ်မရှိတာမျိုး မဟုတ်ဘူးလို့ သုတေသနအသစ်မှာ တွေ့ရှိလာပါတယ်။
■ ဖရပ်တို့စ်ဟာ အသည်းနဲ့ အခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ဘယ်လိုသက်ရောက်စေသလဲဆိုတာ ဝါရှင်တန်တက္ကသိုလ် ဂယ်ရီပက်တီဓာတ်ခွဲခန်းမှ လေ့လာဖော်ပြထားပါတယ်။
■ အသည်းထဲက ဖရပ်တို့စ်တွေက ကင်ဆာဆဲလ်တွေ ကြီးထွားစေတယ်လို့ တွေ့ရှိခဲ့ပါတယ်။
■ ဆော်ဘီတိုလ်က အူထဲက အင်ဇိုင်းတွေကနေ ထုတ်လုပ်ပြီး အသည်းသို့ရောက်တာနဲ့ ဖရပ်တို့စ်အဖြစ်သို့ ပြောင်းလဲသွားပါတယ်။
■ စားပြီးသောက်ပြီးနောက်မှာ ဂလူးကို့စ်ကနေ ဆော်ဘီတိုလ်ကို အူထဲမှာ သဘာဝအတိုင်း ထုတ်လုပ်ပေးပါတယ်။
■ ဆော်ဘီတိုလ်ကနေ ဇီဝဖြစ်စဉ်လမ်းကြောင်းအမျိုးမျိုးကနေ ဖရပ်တို့စ် ထုတ်လုပ်နိုင်ပြီး အစားအစာ၊ အူလမ်းကြောင်း ဘက်တီးရီးယားတို့ကလည်း သက်ရောက်နေပါတယ်။
■ ဆော်ဘီတိုလ်ဟာ ဖရပ်တို့စ်မဖြစ်ခင် တစ်ဆင့်သာလိုအပ်ပြီး အသည်းနဲ့ ဇီဝကမ္မဖြစ်စဉ်တို့မှာ အလားတူ သက်ရောက်စေနိုင်ပါတယ်။
■ အူလမ်းကြောင်း ဘက်တီးရီးယားတွေ လုပ်ဆောင်နိုင်တာထက် ဆော်ဘီတိုလ်ပမာဏ များပြားသွားတဲ့အခါ ပြဿနာတွေ ဖြစ်လာနိုင်ပြီး အသည်းထဲမှာ ဖရပ်တို့စ်အဖြစ်သို့ ပြောင်းလဲစေပါတယ်။
■ ဆီးချိုနဲ့ ဇီဝဖြစ်စဉ်ရောဂါ ရှိသူတွေအတွက် သကြားအစားထိုးပစ္စည်းတွေရဲ့ ဘေးကင်းစိတ်ချရမှုက မေးခွန်းထုတ်စရာဖြစ်လာပြီး နောက်ထပ်သုတေသနများ ပြုလုပ်ဖို့ လိုအပ်လာတာကို မြင်နေရပါတယ်။
Source: SciTechDaily
ဂျပန်နိုင်ငံမှ တိုကျိုအီလက်ထရစ်ပါဝါကုမ္ပဏီ (TEPCO)က ၂၀၂၆ ဇန်နဝါရီ ၂၀ ရက်နေ့မှာ ကာရှီဝါဇာကီ-ကာရီဝါ နျူကလီးယားဓာတ်အားပေးစက်ရုံရဲ့ အမှတ် ၆ ဓာတ်ပေါင်းဖိုကို ပြန်လည်အသုံးပြုသွားမှာဖြစ်တယ်လို့ ဥက္ကဌ တိုမိုအာကီကိုဘာယာကာဝါက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
#Asia_Industry
Published 27 December 2025
#ဂျပန်နိုင်ငံ #TEPCO
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 27 Decembed 2025
■ ယူကရိန်းသမ္မတ ဇယ်လန်စကီက စစ်ပွဲအဆုံးသတ်ရေး နယ်မြေကိစ္စများကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တနင်္ဂနွေနေ့မှာ ဆွေးနွေးလိုနေပါတယ်။
■ အချက် ၂၀ ပါ ငြိမ်းချမ်းရေးမူဘောင်နဲ့ လုံခြုံရေးအာမခံချက် သဘောတူညီချက်တို့က ပြီးမြောက်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။
■ နှစ်သစ်ကူးမတိုင်ခင် အကြောင်းအရာ အများအပြား ဆုံးဖြတ်ချက် ချသွားနိုင်တယ်လို့ ဇယ်လန်စကီ ပြောပါတယ်။
■ အမေရိကန်နဲ့ ယူကရိန်းတို့ကြား လုံခြုံရေးအာမခံချက်က အဆင်သင့်နီးပါး ဖြစ်နေကာ အချက် ၂၀ ပါဝင်တဲ့မူကြမ်းကလည်း ၉၀ ရာခိုင်နှုန်း ပြီးမြောက်နေပြီလို့ ဆိုပါတယ်။
■ ထရမ့်ကတော့ သူအသိအမှတ် မပြုခင်အထိ ဇယ်လန်စကီ ဘာမှမရနိုင်ဘူးလို့ ဆိုပါတယ်။
■ ယခင်က မဟာမိတ်များ လုံခြုံရေးအာမခံချက် ပျက်ယွင်းခဲ့တာကို စဉ်းစားပြီး ယူကရိန်းက တရားဝင်ခိုင်မာတဲ့ သဘောတူညီချက်မျိုး လိုချင်တာ ဖြစ်ပါတယ်။
■ ဇယ်လန်စကီနဲ့ အစည်းအဝေးမှာ မူကြမ်းထဲကကိစ္စမျ အချောသတ်ဖို့ ဆွေးနွေးသွားမယ်လို့ ထရမ့်ပြောပါတယ်။
■ ညှိနှိုင်းမှုများ ပြုလုပ်ရာမှာ နယ်မြေကိစ္စက ခက်ခဲတဲ့အခြေအနေ ရှိနေပြီး ရုရှားတို့က ဒိုနက်စ်အရှေ့ဘက်ကနေ ယူကရိန်းတို့ ဆုတ်ခွာပေးဖို့ အလိုရှိနေပါတယ်။
■ ယူကရိန်းက လက်ရှိမှာ တိုက်ခိုက်မှုတွေကို ရပ်တန့်လိုနေပါပြီ။
■ ယင်းတို့နှစ်ယောက် ဆွေးနွေးပွဲကို ဥရောပခေါင်းဆောင်တွေကလည်း အွန်လိုင်းကနေ ပါဝင်ဖွယ်ရှိနိုင်ပါတယ်။
■ ဇယ်လန်စကီက ထရမ့်နဲ့အတူ ရုရှားကို ဆက်လက်ဖိအားပေးသွားဖို့ စီစဉ်နေပါတယ်။
Source: Reuters
#World_Health
Published 27 December 2025
■ နှလုံးဖောက်ခြင်းဖြစ်စဉ်တွေရဲ့ ပျမ်းမျှအသက်က အမျိုးသားတွေမှာ ၅၆ နှစ်နဲ့ အမျိုးသမီးတွေမှာ ၆၅ နှစ် ဖြစ်ပါတယ်။
■ နှလုံးသွေးကြောကျန်းမာရေးနဲ့ ပတ်သက်လာရင် အစားအသောက်၊ နေထိုင်မှုပုံစံ၊ ဆေးဝါးတို့က အရေးပါနေပါတယ်။
■ နှလုံးကာကွယ်ရေး အာဟာရပညာရှင် မစ်ရှဲလ်ရူသန်စတိုင်က နှလုံးကျန်းမာရေးအတွက် မဂ္ဂနီဆီယံလုံလောက်ဖို့က အရေးကြီးကြောင်း ပြောထားပါတယ်။
■ မဂ္ဂနီဆီယံက အရေးပါတဲ့ သတ္တုဓာတ်ဖြစ်ပြီး နှလုံးကြွက်သားတွေမှာ လျှပ်စီးလှုပ်ရှားမှုတွေကို ထိန်းညှိပေးပြီး နှလုံးခုန်နှုန်း ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပေးတယ်လို့ ရှင်းပြပါတယ်။
■ သက်ကြီးရွယ်အိုတွေမှာ မဂ္ဂနီဆီယံချို့တဲ့ပါက သွေးတိုး၊ လေဖြတ်၊ နှလုံးခုန်မမှန်ခြင်းစတဲ့ ပြဿနာများ ဖြစ်လာနိုင်ပါတယ်။
■ အမျိုးသားတွေအတွက် တစ်နေ့ကို မဂ္ဂနီဆီယံ ၄၂၀ မီလီဂရမ်နဲ့ အမျိုးသမီးတွေမှာ ၃၂၀ မီလီဂရမ် ရရှိဖို့ အရေးကြီးပါတယ်။
■ မဂ္ဂနီဆီယံက သွေးကြောတွေကျယ်စေပြီး နှလုံးသွေးကြောကို ဝန်ပေါ့စေကာ သွေးပေါင်ချိန်ကိုလည်း ပုံမှန်ထိန်းပေးပါတယ်။
■ အရိုးကျန်းမာရေး၊ ကယ်စီယံဖြစ်စဉ် ထိန်းညှိခြင်း၊ အရိုးသိပ်သည်းဆ ထိန်းသိမ်းခြင်းတို့မှာ မဂ္ဂနီဆီယံက အရေးပါပါတယ်။
■ ဂျုံပြောင်းဆန်များ၊ အခွံမာသီးများ၊ ဟင်းနုနွယ်၊ ပဲအမျိုးမျိုး၊ အာလူးတို့မှာ မဂ္ဂနီဆီယံ ကြွယ်ဝစွာ ပါဝင်သလို အာဟာရဓာတ် ချို့တဲ့သူတွေမှာ ဖြည့်စွက်ဆေးများလည်း အသုံးဝင်နိုင်ပါတယ်။
■ အာဟာရဓာတ်မျှတတဲ့ အစားအသောက် စားခြင်းဖြင့် မဂ္ဂနီဆီယံလုံလောက်စွာ ရနိုင်ပြီး နှလုံးသွေးကြော၊ အရိုး၊ ဇီဝကျန်းမာရေးတို့ကို ကူညီထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။
Source: Parade
#World_Health
Published 27 December 2025
■ လူအများစုက ညအိပ်ပျော်သွားတဲ့အခါ လက်တွေ အထဲသို့ကွေးသွားပြီး ရင်ဘတ်နား ကပ်သွားကာ ဒါကို ဆိုရှယ်မီဒီယာပေါ်မှာ T. rex အနေအထားလို့ ခေါ်ကြပါတယ်။
■ ညတိုင်းညတိုင်း ဒီလိုမျိုး ဖြစ်လာတယ်ဆိုရင် ထုံကျဉ်ခြင်း၊ စူးရှခြင်းတို့ ခံစားရနိုင်ပြီး အာရုံကြောတွေ ထိခိုက်လာနိုင်တယ်လို့ ဆရာဝန်တွေ သတိပေးလာပါတယ်။
■ လက်တွေ အထဲသို့ကွေးတုပ်သွားတဲ့အခါ တံတောင်ဆစ်၊ လက်ကောက်ဝတ်တို့က အာရုံကြောတွေကို ဖိမိစေကာ သွေးစီးဆင်းမှု နှေးစေပြီး လက်တွေ ထုံကျဉ်စူးရှစေတဲ့အပြင် ရေရှည်မှာ ဒဏ်ဖြစ်လာစေပါတယ်။
■ မနက်အိပ်ရာနိုးလို့ လက်တွေလှုပ်မရတဲ့အခါမျိုး၊ လှုပ်ခါရတဲ့အခါမျိုးဟာ အာရုံကြောစနစ် အခြေအနေမကောင်းတဲ့ လက္ခဏာဖြစ်တယ်လို့ Sleepopolis မှ အိပ်စက်ကျန်းမာရေးအထူးကု ဒေါက်တာ ရာဂျ်ဒက်စ်ဂုတာက ပြောပါတယ်။
■ အကယ်၍ ယာယီသာ ခံစားရပြီး အိပ်စက်ပုံအနေအထား ပြောင်းလိုက်လို့ အဆင်ပြေသွားတယ်ဆိုရင် ကိစ္စမရှိပေမယ့် ရက်တွေလတွေတိုင်အောင် ဖိထားသလိုဖြစ်တယ်ဆိုရင်တော့ အာရုံကြောထိသွားတာ ဖြစ်နိုင်ပါတယ်။
■ ဖိစီးမှု စိုးရိမ်ပူပန်မှုခံစားရခြင်း၊ ကောင်းစွာ မအိပ်စက်ရခြင်းတို့ကြောင့် ခန္ဓာကိုယ်က အလိုအလျောက် T. rex အနေအထားမျိုးအဖြစ် အကာအကွယ်ယူ အိပ်ပျော်သွားတတ်ပါတယ်။
■ လက်ကွေးမသွားအောင် ခေါင်းအုံးခံခြင်း၊ ပဝါအသုံးပြုခြင်းတို့ဖြင့် ပိုမိုသင့်လျော်တဲ့ အိပ်စက်မှုပုံစံရရှိစေနိုင်ပါတယ်။
■ အသက်ရှူလေ့ကျင့်ခန်း၊ အိပ်စက်မှုအားပေးနိုင်မယ့် အလေ့အထတွေက အိပ်စက်မှုပုံစံကောင်းမွန်အောင် ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။
Source: HuffPost.
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှရေးရာ အထူးသံတမန် ဒန်ရှီကျွန်က ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံသို့သွားကာ နယ်စပ်ပဋိပက္ခနဲ့ပတ်သက်ပြီး ကြားဝင်ညှိနှိင်းပြောဆိုပေးဖို့ ခရီးစဉ်ထွက်ခွာခဲ့ကြောင်းဖော်ပြထားပါတယ်။
#Local_News
Published 26 December 2025
#ကမ္ဘောဒီးယား #ထိုင်း
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 26 December 2025
■ နိုင်ဂျီးရီးယားအစိုးရရဲ့ တောင်းဆိုမှုဖြင့် အမေရိကန်က နိုင်ဂျီးရီးယား အနောက်မြောက်ပိုင်းမှ အစ္စလာမ်စစ်သွေးကြွများကို တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ သမ္မတဒေါ်နယ်ထရမ့်နဲ့ အမေရိကန်စစ်တပ်တို့က ကြာသပတေးနေ့မှာ ပြောသွားပါတယ်။
■ ထိုစစ်သွေးကြွတွေက ဒေသတွင်းမှာရှိတဲ့ ခရစ်ယာန်တွေကို ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
■ နိုင်ဂျီးရီးယား အာဏာပိုင်များရဲ့ ပူးပေါင်းမှုဖြင့် ဆိုကိုတိုပြည်နယ်မှာ တိုက်ခိုက်မှုလုပ်ခဲ့ပြီး ISIS စစ်သွေးကြွအများအပြားကို သုတ်သင်ခဲ့တယ်လို့ အမေရိကန်စစ်တပ်ရဲ့ အာဖရိကကွပ်ကဲရေးကပြောထားပါတယ်။
■ နိုင်ဂျီးရီးယားမှာ ခရစ်ယာန်တွေ ခြိမ်းခြောက်ခံနေရပြီး စစ်ရေးဝင်ရောက် စွက်ဖက်ဖို့လိုပြီလို့ ထရမ့်က အောက်တိုဘာလမှာ သတိပေးခဲ့ပါတယ်။
■ နိုဝင်ဘာနောက်ပိုင်းတည်းက အမေရိကန်ဟာ နိုင်ဂျီးရီးယား နေရာအနှံ့အပြားမှာ သတင်းထောက်လှမ်းရယူခဲ့ကြတာ ဖြစ်ပါတယ်။
■ နိုင်ဂျီးရီးယားက အမေရိကန်နဲ့ ပူးပေါင်းကာ အချက်အလက်မျှဝေခြင်း၊ ဗျူဟာမြောက် ပူးပေါငါးဆောင်ရွက်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
■ ISIS စခန်းတွေလို့ သိထားတဲ့ နေရာတွေမှ စစ်သွေးကြွတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
■ ဒီအဖွဲ့တွေဟာ ခရစ်ယာန်တွေရော မွတ်ဆလင်တွေကိုပါ ခြိမ်းခြောက်နေတာ ဖြစ်တယ်လို့ နိုင်ဂျီးရီးယားအစိုးရက ပြောထားပါတယ်။
■ ထရမ့်က ခရစ္စမတ်နေ့မှာ တိုက်ခိုက်မှုအကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။
■ အမေရိကန်တပ်တွေဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကလည်း ဆီးရီးယားမှ အစ္စလာမ်ပစ်မှတ်များကို တိုက်ခိုက်ခဲ့ပါသေးတယ်။
Source: Reuters
Page 64 of 1152