#World_Science
Published 03 May 2025
▪️ စကြဝဠာကြီးဟာ အလွန်နှေးကွေးစွာ လှည့်ပတ်နေနိုင်ဖွယ်ရှိတယ်လို့ Royal Astronomical Societyမှာ လေ့လာဖော်ပြထားပြီး ဖြေရှင်းရအခက်ဆုံး ပဟေဌိတွေထဲက တစ်ခုဖြစ်တဲ့ Hubble tension ကို ဖြေရှင်းပေးနိုင်ဖွယ်ရှိပါတယ်။
▪️ ဒီသုတေသနကို ဟာဝိုင်အီတက္ကသိုလ်မှ အစ္စဗန်ဆာပူဒီက ဦးဆောင်ပြုလုပ်တာ ဖြစ်ပါတယ်။
▪️ လက်ရှိ စကြဝဠာဆိုင်ရာယူဆချက်များအရ စကြဝဠာဟာ လှည့်ပတ်ခြင်းမရှိဘဲ ဦးတည်ချက်အဖက်ဖက်သို့ ညီမျှစွာချဲ့ထွင်နေပါတယ်။
▪️ ဒါပေမဲ့ စကြဝဠာချဲ့ထွင်နှုန်း အတိုင်းအတာတွေနဲ့တော့ ကိုက်ညီခြင်းမရှိပါဘူး။
▪️ Hubble tensionက မူလနည်းလမ်း ၂မျိုးကနေ ကွဲပြားတဲ့ ချဲ့ထွင်မှုတန်ဖိုးဖြစ်စေရာကနေ ဖြစ်ပေါ်လာပါတယ်။
▪️ ဆာပူဒီနဲ့အဖွဲ့က အနည်းငယ်သော လှည့်ပတ်နှုန်းကနေ စကြဝဠာချဲ့ထွင်ခြင်းအထိ ပူးပေါင်းဖြစ်ပေါ်တဲ့ သင်္ချာနည်းလမ်းပုံစံတစ်ခုကို ထုတ်ဖော်ခဲ့ပါတယ်။
▪️ ယင်းတို့ရဲ့ ခန့်မှန်းချက်ပုံစ့အရ စကြဝဠာကြီးဟာ နှစ်ပေါင်း ၅၀၀ ဘီလီယံအတွင်း တစ်ပတ်ပြည့်အောင် လည်ပတ်နိုင်ကာ ဒါကိုတွေ့ရှိဖို့ရာ နှေးလွန်းပေမယ့် စကြဝဠာတိုးချဲ့ခြင်းအပေါ် သက်ရောက်နိုင်တဲ့သဘော ဖြစ်နေပါတယ်။
▪️ ဒီစိတ်ကူးက ရူပဗေဒဥပဒေတွေကို ချိုးဖောက်ခြင်းမရှိပါဘူး။
▪️ နောက်ထပ်သုတေသနအဆင့်မှာတော့ ကွန်ပျူတာ သရုပ်ဖော်ပုံစံများ အသုံးပြုပြီး စကြဝဠာလည်ပတ်သီအိုရီနဲ့ သိသာထင်ရှားတဲ့ လည်ပတ်မှုလက္ခဏာတွေကို စမ်းသပ်သွားမှာ ဖြစ်ပါတယ်။
▪️ ဒါကိုသာအတည်ပြုနိုင်ရင် စကြဝဠာကြီးရဲ့ လှုပ်ရှားမှုပုံစံကို ပိုမိုနားလည်လာနိုင်ပြီး နှစ်ပေါင်းများစွာ ပဟေဌိဖြစ်နေတဲ့ Hubble tensionကို ဖြေရှင်းစေနိုင်ဖွယ် ရှိပါတယ်။
#Source: India Today
#World_Health
Published 05 May 2025
▪️ ဆိုဒီယမ်များတဲ့ အစားအစာတွေက သွေးပေါင်ချိန်မြင့်တက်စေကာ နှလုံးရောဂါဖြစ်နိုင်ခြေ များစေတယ်လို့ သိထားပါတယ်။
▪️ ကနေဒါလေ့လာချက်တစ်ခုမှာတော့ ပိုတက်ဆီယမ်ကြွယ်ဝတဲ့ အချို့သောစားစရာတွေဟာ သွေးပေါင်ချိန်ထိန်းညှိရာမှာ သက်ရောက်မှုရှိစေတယ်လို့ တွေ့ရှိလာပါတယ်။
▪️ ခါတိုင်းဆိုရင် သွေးပေါင်ချိန်တိုးတယ်ဆိုရင် ဆားလျှော့စားရမှာဖြစ်တယ်လို့ ဝါတာလိုတက္ကသိုလ်မှ ပရော်ဖက်ဆာအန်နီတာလေတန်က ပြောပါတယ်။
▪️ ပိုတက်ဆီယမ်ကြွယ်ဝတဲ့ ငှက်ပျောသီး၊ ပန်းဂေါ်ဖီစိမ်းတို့လို စားစရာတွေစားခြင်းက ဆိုဒီယမ်လျှော့စားတာထက်ပိုပြီး အကျိုးသက်ရောက်မှုကြီးတယ်လို့ ပြောပါတယ်။
▪️ ယောက်ျားတွေက ဓမ္မတာမဆုံးသေးတဲ့အမျိုးသမီးတွေထက် သွေးတိုးနိုင်ခြေပိုများပေမယ့် ပိုတက်ဆီယမ် ပိုစားပေးရင် တုံ့ပြန်မှုပိုရှိပါတယ်။
▪️ ယနေ့ခေတ် အနောက်တိုင်း အစားအစာတွေမှာ ဆိုဒီယမ်များပြီး ပိုတက်ဆီယမ် နည်းလာတာကြောင့် သွေးတိုးရောဂါ အဖြစ်များလာပါတယ်။
▪️ ငှက်ပျောသီးက သွေးတိုးအတွက် အကျိုးပြုတဲ့အပြင် အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အစာခြေခြင်းနဲ့ ဝမ်းသွားခြင်းကို ကူညီပေးပါတယ်။
▪️ ဗိုက်တာမင်-ဘီ၆နဲ့ ထရစ်တိုဖန်တို့က စိတ်အခြေအနေ၊ ဦးနှောက်ကျန်းမာရေး၊ အာရုံကြောစနစ်တို့ကို တိုးတက်စေပါတယ်။
▪️ သဘာဝသကြားနဲ့ ကာဗိုဟိုက်ဒရိတ်တို့က စွမ်းအင်အလျင်အမြန် ထောက်ပံ့ပေးပြီး မုန့်တစ်ထုပ်လျှင် ၁၀၅ ကယ်လိုရီပါဝင်ပါတယ်။
▪️ လေ့ကျင့်ခန်းလုပ်ပြီးနောက် အီလက်ထရိုလိုက်များ ပြန်ဖြည့်ပေးသလို ငှက်ပျော်ခွံနဲ့ မျက်နှာပွတ်တိုက်ခြင်းဖြင့် သဘာဝအတိုင်း ကြည်လင်စေတဲ့ အစွမ်းသတ္တိရှိပါတယ်။
#Source: New York Post
#World_Health
Published 04 May 2025
▪️ ဒေလီတက္ကသိုလ်ပရော်ဖက်ဆာတစ်ဦးဖြစ်တဲ့ အသက် ၄၆ နှစ်အရွယ်အမျိုးသမီး ဂျိုစနာဟာ အန္တရာယ်များတဲ့ကိုယ်ဝန်ကနေ သုံးမွှာပူးမွေးဖွားနိုင်ခဲ့ပါတယ်။
▪️ ဒီသုံးမွှာပူးကို ကိုယ်ဝန်သက်တမ်း ၂၅ ပတ်ဖြင့် လမစေ့ဘဲမွေးဖွားခဲ့ပြီးနောက် ဘာအန္တရာယ်မှမရှိဘဲ ကလေးအထူးကြပ်မတ်ဆောင်(NICU)မှာ ၂၂၅ရက်တိုင်အောင် အသက်ရှင်နေပါတယ်။
▪️ ဖန်ပြွန်သန္ဓေနည်းလမ်းဖြင့် ရရှိခဲ့တဲ့ မိန်းကလေး ၃ဦးရဲ့ စုစုပေါင်းမွေးဖွားအလေးချိန် ၂.၅ ကီလိုဂရမ်သာရှိခဲ့ပြီး ကျန်းမာရေးပြဿနာဘာမှမရှိဘဲ အမ်ရီတာဆေးရုံမှ ဆင်းသွားခဲ့ပြီဖြစ်ပါတယ်။
▪️ ဂျိုစနာဟာ ဖန်ပြွန်သန္ဓေကို နှစ်တွေကြာအောင် ကြိုးစားခဲ့ပြီး ဆီးချိုအမျိုးအစား(၁)၊ သွေးတိုးရောဂါတို့ ခံစားနေသူဖြစ်ပါတယ်။
▪️ ကိုယ်ဝန်နောက်ဆုံးရက်သတ္တပတ်တွေမှာ အဆုတ်ရောင်လည်းဖြစ်ပွားခဲ့ပြီး အရေးပေါ် ဗိုက်ခွဲမွေးဖွားခဲ့ရပါတယ်။
▪️ ဒီလိုမျိုးအခြေအနေတွေ ခက်ခဲခဲ့ပေမယ့် ခွဲစိတ်မှုရလဒ်ကတော့ ကောင်းမွန်ခဲ့ပါတယ်။
▪️ ဒေါက်တာ ဟမ်မန့်ရှာမာဦးဆောင်တဲ့ အဖွဲ့ကတော့ နည်းပညာအဆင့်အတန်းနဲ့ စိတ်ရောကိုယ်ပါ ကြိုးစားမှုတို့ကို ပြသခဲ့ကြပါတယ်။
▪️ ၂၅ပတ်ဖြင့် မွေးဖွားခဲ့ပေမယ့် သုံးမွှာပူးဟာ အသက်ရှူဖို့ရာ စက်ကိရိယာအကူအညီ မလိုအပ်ခဲ့ပါဘူး။
▪️ အထူးကြပ်မတ်ဆောင်မှာ ၂၂၅ရက်ကျော်ကြာအောင်နေပြီးနောက် ရောဂါကူးစက်မှုတွေ၊ ကိုယ်တွင်းသွေးယိုစိမ့်မှုတွေ မရှိခဲ့ကြပါဘူး။
▪️ ဂျိုစနာက ကလေးတွေရဲ့ ရောဂါခုခံအားနဲ့ အာဟာရဓာတ်တို့အတွက် မရှိမဖြစ်အရေးကြီးတဲ့ မိခင်နို့ကို ဆက်လက်တိုက်ကျွေးနေပါတယ်။
▪️ အိန္ဒိယမှာ နှစ်စဉ်နှစ်တိုင်း လမစေ့ဘဲမွေးဖွားမှုပေါင်း ၃ သန်းခွဲကျော်ရှိနေပြီး အသက် ၅ နှစ်အောက်သေဆုံးသူ ၃ သိန်းနီးပါးရှိနေပါတယ်။
▪️ ဒါကြောင့် အဆင့်မြင့်ကလေးစောင့်ရှောက်ရေး၊ ကျွမ်းကျင်သူနာပြု၊ လှူဒါန်းနို့ချိုရရှိရေး၊ မိခင်ထောက်ပံ့ရေးစနစ်တို့ အရေးကြီးပုံကို အိန္ဒိယက အလေးပေးဖော်ပြနေပါတယ်။
#Source: India Today
ရှန်ကျိုး-၁၉ အာကာသယာဉ်မှူးများမှ ပြန်လည်ယူဆောင်လာတဲ့ အာကာသစမ်းသပ်နမူနာများ လေ့လာရခြင်းက ကမ္ဘာပေါ်ရှိ ပစ္စည်းအသစ်များထုတ်လုပ်ခြင်းနဲ့ အနာဂတ်မှာ လူသားတို့ရဲ့ အာကာသလှုပ်ရှားမှုများအတွက် နည်းပညာဆိုင်ရာပံ့ပိုးပေးနိုင်လိမ့်မယ်လို့ တရုတ်သိပ္ပံအကယ်ဒမီမှ သုတေသီများဆိုပါတယ်။
#Asia_Space
Published 03 May 2025
#ရှန်ကျိုး-၁၉အာကာသခရီး #အာကာသပစ္စည်းနမူနာများ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 03 May 2025
၁။ တရုတ်နိုင်ငံဆေးဝါးအဖွဲ့ မန္တလေးတွင် ငလျင်ဘေးနှင့်ဆက်စပ်သော ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေ
၂။ ပို့ကုန်အားလုံး လိုင်စင်ပြန်လည်လျှောက်ထားရမည်
၃။ “ငလျင်အပြီး အဆောက်အဦး အကဲဖြတ်ခြင်းနှင့် ပြုပြင်ခြင်းနည်းပညာ” တစ်ရက်သင်တန်းပြုလုပ်မည်
၄။ ရှန်ကျိုး-၁၉ အာကာသခရီး၌အာကာသပစ္စည်းနမူနာများအား ကမ္ဘာပေါ်သို့ယူဆောင်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Asia_Lifestyle
Published 03 May 2025
▪️ အိမ်မွေးတိရိစ္ဆာန်ထိန်းကျောင်းသူလီက ခွေးတစ်ကောင် သင်ကြားမှုတစ်ခုတတ်မြောက်တိုင်း ပျော်ရွှင်မှုခံစားရပါတယ်။
▪️ လီက တရုတ်အလယ်ပိုင်း ဟူဘေပြည်နယ်မြို့တော်ဝူဟန်မှာ ခွေးမူကြိုဖွင့်ထားပြီး ခွေးထိန်းကျောင်းပေးသလို အလေ့အကျင့်ကောင်းတွေ တတ်မြောက်လာစေရန် လေ့ကျင့်သင်ကြားပေးပါတယ်။
▪️ လီရဲ့ဂေဟာမှာ ခွေးတွေက နေ့ပိုင်းအတွင်း လွတ်လပ်စွာသွားလာနိုင်ပြီး အချို့ကတော့ နေ့ပိုင်းထိန်းကျောင်းခံဖို့ လာကြသလို အချို့ကတော့ ပိုင်ရှင်တွေခရီးသွားတဲ့အခါ ခေတ္တလာရောက်နေထိုင်ကြပါတယ်။
▪️ "ခွေးတွေက အိမ်မှာဘယ်သူမှမရှိရင် အထီးကျန်ရတာမျိုး၊ လှောင်အိမ်ထဲ ထည့်ရတာမျိုးကို ပိုင်ရှင်တွေက မလိုလားကြတာကြောင့် ဂေဟာမှာဆိုရင် လွတ်လပ်စွာလှုပ်ရှားခွင့် ပေးထားတယ်" လို့ လီကပြောပါတယ်။
▪️ အစားစားချိန်ကို လေ့ကျင့်သင်ကြားပေးတဲ့ကဏ္ဍ သတ်မှတ်ကာ ထိုင်ခြင်း၊ လှည့်ခြင်း၊ လက်လှုပ်ခါခြင်းစတဲ့ အပြုအမူများ လေ့လာသင်ကြားရပြီး စနစ်ကျတဲ့ အစာကျွေးခြင်းနဲ့ တစ်ကောင်ချင်း ညွှန်ကြားပြသမှုတွေကနေ အမိန့်ပေးချက်တွေကို ဖြည်းဖြည်းချင်း နားလည်လာကြပါတယ်။
▪️ တုပေါင်လို့ခေါ်တဲ့ ခွေးဖြူလေးကတော့ ဂေဟာစဖွင့်ထဲက တက်ရောက်နေသူဖြစ်ပြီး ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာနိုင်စွမ်းကြောင့် ခွေးတွေကြားမှာ အတန်းခေါင်းဆောင်နေရာ ရထားပါတယ်။
▪️ တုပေါင်ကို စခေါ်လာတုန်းကဆိုရင် နေရာတိုင်းလိုက်ပြီး သန့်ရှင်းခဲ့ရကြောင်း၊ အခုတော့ ပြောသမျှကို နားထောင်သဘောပေါက်လာပြီ ဖြစ်ကြောင်း တုပေါင်ရဲ့ပိုင်ရှင်က ပြောပါတယ်။
▪️ ခွေးတွေအတွက် ရုပ်ပိုင်းဆိုင်ရာ အသိပညာပေးအချိန်လည်းရှိပြီး ညနေကျရင်တော့ လီက ပိုင်ရှင်တွေထံ တင်ပြရပါတယ်။
▪️ ခွေးလေးတွေ သင်ကြားမှုတစ်ခု တတ်မြောက်တိုင်း အောင်မြင်မှုလို ခံစားရသလို ပိုင်ရှင်တွေအတွက်လည်း စိတ်ချလက်ချ ခရီးသွားနိုင်တယ်လို့ လီကပြောသွားပါတယ်။
#World_Health
Published 03 May 2025
▪️ တစ်ပတ်ကို အရက် ၈ ခွက်လောက်သောက်ရင်ပဲ ဦးနှောက်ကို စွဲမြဲထိခိုက်စေနိုင်တယ်လို့ လေ့လာချက်တစ်ခုမှာ တွေ့ရှိထားပါတယ်။
▪️ ဒီထိခိုက်မှုကနေ မှတ်ဉာဏ်ဆုံးရှုံးခြင်း၊ ဦးနှောက်အသိဉာဏ်ကျဆင်းခြင်း၊ အယ်လ်ဇိုင်းမားရောဂါတို့ ဖြစ်နိုင်ခြေများစေနိုင်ပါတယ်။
▪️ Neurologyဂျာနယ်မှာ ဖော်ပြချက်အရ တစ်ပတ်ကို အရက် ၈ ခွက်နဲ့အထက် သောက်သုံးသူတွေဟာ ဦးနှောက်ဒဏ်ရာရခြင်းနဲ့ အာရုံကြောဆုတ်ယုတ်ပြောင်းလဲမှုများ ပိုမိုဖြစ်နိုင်ခြေများကာ ဒီလက္ခဏာတွေဟာ ဒီမန်ရှာရောဂါနဲ့ အတော်လေးဆက်စပ်နေပါတယ်။
▪️ ဦးနှောက်ထိခိုက်မှုလက္ခဏာများ ရှာဖွေစစ်ဆေးဖို့အတွက် သေဆုံးပြီးသားလူ ၁,၇၀၀ ကျော်ရဲ့ ဦးနှောက်တစ်ရှူးတွေကို သုတေသီများ လေ့လာခဲ့ကြပါတယ်။
▪️ hyaline arteriolosclerosisလို့ခေါ်တဲ့ ထိခိုက်မှုတွေနဲ့ tauလို့ခေါ်တဲ့ ပရိုတိန်းအရစ်အနှောင်တို့ကို ထည့်သွင်းလေ့လာတာဖြစ်ပါတယ်။
▪️ စမ်းသပ်ပါဝင်သူတွေရဲ့ အယ်ကိုဟောသောက်သုံးမှုအကြောင်းကိုတော့ မိသားစုဝင်များထံကနေ ရယူပါတယ်။
▪️ အရက်အလွန်အကျွံသောက်သူတွေက မသောက်တဲ့သူတွေထက်စာရင် ဦးနှောက်ထိခိုက်မှု ၁၃၃ ရာခိုင်နှုန်းဖြစ်နိုင်ခြေ ပိုများကြောင်းတွေ့ရှိရပါတယ်။
▪️ ဒါ့အပြင် အလွန်အကျွံသောက်သူတွေဟာ လုံးဝမသောက်သူတွေထက် ဦးနှောက်ပြောင်းလဲမှု ပိုဖြစ်နိုင်သလို သက်တမ်း ၁၃နှစ်လောက်စောပြီး သေဆုံးနိုင်ခြေများနေပါတယ်။
▪️ ဒါတွေကို နားလည်သဘောပေါက်စေပြီး အလွန်အကျွံသောက်သုံးခြင်းမှ ကာကွယ်နိုင်ဖို့ အများသိရှိရန်အရေးကြီးကြောင်း သုတေသနပြုစုသူ အယ်ဘာတိုဖာနန်ဒိုအီလီဗီရာဂျက်စတိုက ပြောပါတယ်။
▪️ အယ်ကိုဟောက ဘယ်လောက်ပမာဏပဲဖြစ်ဖြစ် ဘေးကင်းစိတ်ချရခြင်းမရှိဘူးလို့ WHOကပြောထားပါတယ်။
#Source: India Today
Page 61 of 999