၂၂ ဖေဖော်ဝါရီ၊၂၀၂၆
ပြီးခဲ့တဲ့ စနေနေ့က အီရန်နိုင်ငံဟာ အမျိုးသားစည်းလုံးညီညွတ်မှုကို ထိန်းသိမ်းသွားမယ်လို့ ကတိပြုခဲ့ သလို၊ ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံတွေရဲ့ ရေတပ်နဲ့ လေတပ်တွေကိုလည်း အကြမ်းဖက် အဖွဲ့ အစည်းတွေအဖြစ် သတ်မှတ်လိုက်ပါတယ်။ ဒီလိုလုပ်ဆောင်လာတာဟာ အမေရိကန် သံတမန်တစ်ဦးရဲ့ အငြင်းပွားဖွယ်ရာ စကားတွေအပေါ် အာရပ်နိုင်ငံတွေကြားမှာ ပြစ်တင်ရှုတ်ချမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
တီဟီရန်မြို့မှာလုပ်တဲ့ အစည်းအဝေးတစ်ခုမှာ အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန် က အမေရိကန်နဲ့ နျူကလီးယားစေ့စပ်ဆွေးနွေးမှုတွေ လုပ်နေချိန်အတွင်း ပြင်ပဖိအားတွေကို အီရန်အနေနဲ့ ဒူးထောက် အလျှော့ပေးမှာ မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ပြောခဲ့ပါတယ်။ ဘယ်လိုအခက်အခဲမျိုးကိုမဆို အရှုံး မပေးဘဲ ရင်ဆိုင်သွားမယ်လို့ သူက ဆိုပါတယ်။ ဒါ့အပြင် ပြည်သူတွေအနေနဲ့လည်း သဘောထား ကွဲလွဲမှုတွေကို ဘေးဖယ်ထားပြီး စည်းစည်းလုံးလုံး နေထိုင်ကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။ အခုလို သမ္မတရဲ့ ပြောဆိုမှုတွေဟာ အရှေ့အလယ်ပိုင်းမှာ အမေရိကန်က စစ်အင်အားတွေ တိုးချဲ့ချထား လာတာ ရယ်၊ ဝါရှင်တန်နဲ့ တီဟီရန်အကြား နျူကလီးယားနဲ့ ပိတ်ဆို့မှုရုပ်သိမ်းရေး ဆွေးနွေးပွဲ နှစ်ကြိမ် လုပ်ပြီး နောက်မှာ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။
EU တပ်တွေကို အခုလို အကြမ်းဖက်အဖွဲ့အဖြစ် အီရန်က သတ်မှတ်လိုက်တာဟာ မကြာသေးခင်က အီရန်ရဲ့ အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် EU က သတ်မှတ် ခဲ့တဲ့ အပေါ် တုံ့ပြန်လိုက်တာဖြစ်တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။ EU ရဲ့ အဲဒီဆုံးဖြတ် ချက်ဟာ တရားမဝင်သလို ကုလသမဂ္ဂ ပဋိညာဉ်နဲ့ နိုင်ငံတကာဥပဒေတွေကိုလည်း ဆန့်ကျင်နေတယ်လို့ သူတို့က ထောက်ပြထားပါတယ်။
တစ်ချိန်တည်းမှာပဲ ဒေသတွင်း တင်းမာမှုတွေ မြင့်တက်နေချိန် အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မိုက်ခ် ဟပ်ကာဘီ က သောကြာနေ့ အင်တာဗျူးတစ်ခုမှာ အစ္စရေးအနေနဲ့ အရှေ့အလယ် ပိုင်းတစ်ခုလုံး (ဒါမှမဟုတ် နေရာအများစု) ကို ထိန်းချုပ်ဖို့ "သမ္မာကျမ်းစာဆိုင်ရာ အခွင့်အရေး" ရှိတယ် လို့ ပြောလိုက်ပါတယ်။ ဒီစကားတွေကြောင့် အာရပ်နိုင်ငံတွေကြားမှာ အကြီးအကျယ် ပြစ်တင်ရှုတ်ချမှု တွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဒီမှတ်ချက်တွေကို အာရပ်အဖွဲ့ချုပ်က "အလွန်အမင်း အစွန်းရောက်တယ်" လို့ ဝေဖန်ခဲ့ပြီး၊ အထွေထွေ အတွင်းရေးမှူးချုပ် Ahmed Aboul-Gheit ကလည်း ဒါဟာ ယုတ္တိမတန်ဘဲ သံတမန်ရေးရာ စံနှုန်းတွေနဲ့ မကိုက်ညီဘူးလို့ ပြောပါတယ်။ နိုင်ငံတွေက ဂါဇာအပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်း နေချိန်မှာ ဒီလိုပြောတာဟာ ဘာသာရေးနဲ့ အမျိုးသားရေးခံစားချက်တွေကို သွေးထိုးလှုံ့ဆော်ဖို့လောက်ပဲ အသုံးဝင်တယ်လို့ သူက ဆိုပါတယ်။
အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဒီမှတ်ချက်တွေအပေါ် အလွန်တရာ အံ့သြမိကြောင်းနဲ့ ဒါဟာ နိုင်ငံတကာဥပဒေတွေကို ဗြောင်ကျကျ ချိုးဖောက်တာဖြစ်တယ်လို့ ပြောပါတယ်။ ဆော်ဒီနိုင်ငံခြား ရေးဝန်ကြီးကလည်း ဟပ်ကာဘီရဲ့ ပြောဆိုချက်တွေဟာ ဒေသတွင်းနိုင်ငံတွေကို ရန်စတာဖြစ်ပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတာကြောင့် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လာ နိုင်တယ်လို့ အဲဒီနေ့မှာပဲ သတိပေး ပြောကြားသွားခဲ့ပါတယ်။
အရင်းအမြစ်-ဆင်ဟွာ
#World_Science
Published 22 February 2026
■ ပေကျင်းရှိ ဂျူရာဆစ်အလယ်ပိုင်းကျောက်လွှာမှာ ကုန်းနေရေနေသတ္တဝါ လမ်းကြောင်းခြေရာရုပ်ကြွင်းများ တွေ့ရှိခဲ့ကြောင်း တရုတ်ဦးဆောင်တဲ့လေ့လာချက်မှာ ဖော်ပြထားပါတယ်။
■ ဒါဟာ အာရှတခွင် ဂျူရာဆစ်ကုန်းနေရေနေသတ္တဝါ ရုပ်ကြွင်းများအတွက်သာမက လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၆၀ ခန့်က တရုတ်မြောက်ပိုင်းရဲ့ ရှေးခေတ်ဘူမိ၊ ရှေးခေတ်ဂေဟနဲ့ ဇီဝမျိုးကွဲတို့ နားလည်သိရှိစေမယ့် အဓိကအထောက်အထား ဖြစ်လာနိုင်ပါတယ်။
■ ခြေရာနှစ်ခုပါဝင်ကာ ရှေ့ခြေနဲ့နောက်ခြေအစုံလိုက် ဖြစ်တယ်လို့ တရုတ်ဘူမိသိပ္ပံတက္ကသိုလ်မှ ဒိုင်နိုဆောပညာရှင် ရှင်လီဒါက ပြောပါတယ်။
■ အရွယ်အစား၊ ကွာဝေးပုံ၊ တန်းတူညီဦးတည်ချက်များအရ သတ္တဝါတစ်ကောင်တည်းကပဲ ရွေ့လျားသွားတာ ဖြစ်နိုင်ပါတယ်။
■ ခြေရာတစ်ခုက ကောင်းစွာထိန်းသိမ်းကျန်ရှိနေပြီး ရှေ့ဘယ်ခြေရာလို့ သတ်မှတ်ထားကာ ခြေချောင်း ၄ ချောင်းဖြင့် ယပ်တောင်ပုံသဏ္ဍာန် ပုံပေါ်နေပြီး ခြေဖဝါးက အလျား ၁.၅ စင်တီမီတာ၊ အကျယ် ၁.၃ စင်တီမီတာသာ ရှိပါတယ်။
■ ခြေရာငယ်လေးတွေကနေ အချက်အလက် ကောင်းကောင်းရရှိဖို့ ခေတ်မီ ဒီဂျစ်တယ်နည်းပညာများ၊ 3D ပုံစံများဖြင့် အသုံးပြုခဲ့ကြပါတယ်။
■ ဆန်းစစ်ချက်များအရ ခြေရာပိုင်ရှင်ဟာ ရေပုတ်သင်မျိုးနွယ်ထဲ ပါဝင်နိုင်ဖွယ်ရှိပါတယ်။
■ တရုတ်နဲ့ အာရှတခွင် ကုန်းနေရေနေသတ္တဝါ ခြေရာရုပ်ကြွင်းတွေ တွေ့ရှိတာဟာ ပထမဆုံးဖြစ်တယ်လို့ ရှင်လီဒါက ဆိုပါတယ်။
■ ရှေးခေတ်ရုပ်ကြွင်းရှာဖွေမှုတွေထဲမှာ မျှော်လင့်ချင်စရာဖြစ်ပြီး ပတ်ပတ်လည်နေရာတွေထဲမှာ ကမ္ဘာကြီးရဲ့ သမိုင်းကြောင်းတွေ တွေ့ရှိနိုင်တယ်လို့ ပြောသွားပါတယ်။
Source: News CGTN.
#World_Health
Published 22 February 2026
■ ထမင်းစားပြီးနောက် ကော်ဖီလေးသောက်လိုက်ရင် အစာကြေဖို့ အကူအညီဖြစ်နိုင်ပေမယ့် အမြဲတမ်းတော့ မဟုတ်ဘူးလို့ ကင်းစ်ကောလိပ်လန်ဒန်မှ အာဟာရပညာရှင် ဒေါက်တာ အမ်မလီလီမင်က ပြောပါတယ်။
■ ကဖင်းဓာတ်က အူတွေကိုလှုံ့ဆော်ပြီး ကြွက်သားအလုပ်လုပ်စေကာ အစာခြေမှုကို အရှိန်ကောင်းကောင်း လုပ်စေပါတယ်။
■ ဒါပေမဲ့ ဗိုက်မကောင်းသူတွေမှာတော့ ပိုမိုဆိုးရွားစေပြီး အစာခြေခြင်းကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။
■ ကော်ဖီပုံမှန်သောက်ရင် အူလမ်းကြောင်းကျန်းမာရေး ကောင်းစေတယ်လို့ တွေ့ရှိထားပြီး ပုံမှန်သောက်သူတွေမှာ အူလမ်းကြောင်း ပိုးမွှားစနစ် ကွဲပြားနေတာကို အထောက်အထား တွေ့ရှိထားပါတယ်။
■ ပိုလီဖီနော ဓာတ်တိုးဆန့်ကျင်ပစ္စည်းလည်း ပါဝင်ကာ အမျှင်ဓာတ်အနည်းငယ်လည်း ပါဝင်ပါတယ်။
■ အူလမ်းကြောင်း ကျန်းမာရေးအတွက် ကော်ဖီသောက်မယ်ဆိုရင် သင့်တော်တဲ့အချိန်မှာ သောက်ဖို့လိုအပ်ပြီး အူလမ်းကြောင်းကျန်းမာရေး တစ်ကိုယ်လုံးရဲ့စနစ်တွေနဲ့ ဆက်စပ်နေတာကြောင့် ဖြစ်ပါတယ်။
■ ကဖင်းဓာတ်က ခန္ဓာကိုယ်ထဲမှာ ၁၂ နာရီလောက်အထိ လှည့်ပတ်နေနိုင်ပြီး အချို့လူတွေမှာ အိပ်စက်မှုကို ထိခိုက်တတ်ပါတယ်။
■ ကောင်းစွာ မအိပ်ရတဲ့အခါ အူလမ်းကြောင်းကျန်းမာရေး ထိခိုက်စေပြီး အိပ်ရေးမဝတာကနေ ကျန်းမာရေးထိခိုက်စေတဲ့ အစားအစာတွေ စားမိစေနိုင်ပါတယ်။
■ ဒါကြောင့် ကဖင်းဓာတ်ပါတဲ့ ကော်ဖီကို မွန်းလွဲမတိုင်ခင် သောက်သုံးဖို့ အကြံပြုထားပါတယ်။
Source: The Guardian
အရေးပေါ်စစ်အုပ်ချုပ်ရေးဥပဒေထုတ်ပြန်ခဲ့တဲ့ တောင်ကိုရီးယားသမ္မတဟောင်း ယွန်ဆော့ယောကို နိုင်ငံတော်ပုန်ကန်မှုဖြင့် ထောင်ဒဏ်တသက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း ကြာသပတေးနေ့တိုက်ရိုက်ထုတ်လွှင့်မှုမှာ မြင်တွေ့ရပါတယ်။
#Local_News
Published 21 February 2025
#တောင်ကိုရီးယားသမ္မတဟောင်းယွန်ဆော့ယော
#YMG #Yangon_Times #Yangon_Media_Group
၂၁ ဖေဖော်ဝါရီ ၂၀၂၆-
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိကရှယ်ယာရှင်နှင့်ပိုင်ရှင် ဂျင်မ် ရက်ကလစ်ဖ်ဟာ ဗြိတိန်နိုင်ငံကို ရွှေ့ပြောင်းနေထိုင်သူတွေက "နယ်ချဲ့ကျူးကျော်နေပြီ" လို့ ပြောကြားခဲ့တဲ့အတွက် ဝေဖန်မှုတွေ ထွက် ပေါ်ခဲ့ပေမဲ့၊ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) ကတော့ သူ့ကို အရေးယူမှာမဟုတ်ဘူးလို့ စနေနေ့မှာ အတည်ပြုလိုက်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ရက်ကလစ်ဖ်က သူသုံးနှုန်းခဲ့တဲ့ အသုံးအနှုန်းအတွက် ပြီးခဲ့တဲ့အပတ်က တောင်းပန်ခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံရဲ့စီးပွားရေးမှာ လူဝင်မှုကြီးကြပ်ရေးပြဿနာက ဆွေးနွေးဖို့ အရေးကြီးတဲ့အချက်ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ သူရဲ့ ကနဦးပြောကြားချက်တွေကြောင့် ဝန်ကြီးချုပ် ကီယာ စတာမာရဲ့ ပြစ်တင်ဝေဖန်မှုကိုတောင် ခံခဲ့ရတာပါ။
FA ရဲ့ ထုတ်ပြန်ချက်အရ ရက်ကလစ်ဖ်ကို အရေးယူမှုမလုပ်ပေမဲ့၊ အင်္ဂလိပ်ဘောလုံးလောကမှာ ပါဝင်ပတ်သက်နေသူတစ်ဦးအနေနဲ့ မီဒီယာတွေမှာ စကားပြောတဲ့အခါ ပိုပြီးတာဝန်ယူမှုရှိဖို့ သတိပေး ချက်တစ်ခုတော့ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
ရက်ကလစ်ဖ်ဟာ ဖေဖော်ဝါရီ ၁၁ ရက်နေ့က အင်တာဗျူးမှာ "အစိုးရထောက်ပံ့ကြေးနဲ့ နေနေသူ ၉ သန်းလောက်ရှိပြီး ရွှေ့ပြောင်းနေထိုင်သူတွေ ဒီလောက်အလုံးအရင်းနဲ့ ဝင်လာနေရင် စီးပွားရေးက ဘယ်လိုမှ မကောင်းနိုင်ဘူး။ တကယ်တော့ ယူကေဟာ နယ်ချဲ့ခံနေရတာပါ၊ ဒါဟာ ကုန်ကျစရိတ်တွေ အရမ်းများလွန်းတယ်" ဆိုပြီး ထည့်သွင်းပြောကြားခဲ့တာပါ။
အသင်းပိုင်ရှင်ရဲ့ ဒီလိုအငြင်းပွားဖွယ်ရာ မှတ်ချက်တွေနဲ့ ပတ်သက်ပြီး မန်ယူမန်နေဂျာ မိုက်ကယ် ကာရစ်ကို မေးမြန်းတဲ့အခါမှာတော့ သူက ဒီကိစ္စထဲကို ဝင်မပါဘဲ ရှောင်လွှဲသွားခဲ့ပါတယ်။ ကာရစ်က "ကျွန်တော်တို့ ကလပ်အသင်းအနေနဲ့ တစ်ဦးကိုတစ်ဦး လေးစားဖို့၊ တန်းတူညီမျှရှိဖို့နဲ့ ကွဲပြား ခြားနားမှုတွေကို လက်ခံဖို့ဆိုတဲ့ မူဝါဒတွေကိုပဲ နေ့စဉ်ကျင့်သုံးသွားမှာပါ" လို့သာ တုံ့ပြန်ခဲ့ပါတယ်။
လောလောဆယ် မန်ချက်စတာယူနိုက်တက်ဟာ ၂၆ ပွဲကစားအပြီးမှာ ရမှတ် ၄၅ မှတ်နဲ့ အဆင့် ၄ နေရာ မှာ ရှိနေပါတယ်။ လာမယ့်တနင်္လာနေ့မှာ အဲဗာတန်နဲ့ ကစားရမှာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆင့် ၄ အတွင်း မြဲနေအောင် ဆက်လက်ကြိုးစားသွားရမှာ ဖြစ်ပါတယ်။
Source: Reuters
#World_News
Published 21 February 2026
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၃၁ ရက်နေ့မှ ဧပြီ ၂ ရက်နေ့အထိ တရုတ်သို့ သွားရောက်မှာဖြစ်ပြီး ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နှစ်နိုင်ငံခေါင်းဆောင်ကြား တွေ့ဆုံဆွေးနွေးဖို့ မျှော်လင့်နေကြပါတယ်။
■ အိမ်ဖြူတော်အရာရှိတစ်ဦးက ဒီခရီးစဉ်အကြောင်း သောကြာနေ့မှာ အတည်ပြုခဲ့ပြီးနောက် အမေရိကန် တရားရုံးချုပ်က ထရမ့်ရဲ့ စည်းကြပ်ခွန်ကိစ္စတွေကို ဥပဒေအရ ပယ်ဖျက်ခဲ့ပါတယ်။
■ ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ဆွေးနွေးမှုတွေကနေ နောက်ထပ်အခွန်တိုးမြှင့်မလာအောင် ကုန်သွယ်ရေးသဘောတူညီချက် ရယူသွားနိုင်ဖို့ မျှော်လင့်နေကြပါတယ်။
■ တရုတ်ရဲ့လုပ်ရပ်တွေကို တန်ပြန်တဲ့အနေနဲ့ ထရမ့်က တရုတ်အပေါ် အခွန်တိုးမြှင့်စည်းကြပ်ခဲ့ပြီးနောက်မှာမှ မကြာသေးမီ အမေရိကန်-တရုတ် ဆက်ဆံရေး ပြန်လည်တည်ငြိမ်လာတဲ့အပေါ် တရားရုံးရုပ်က မေးခွန်းထုတ်နေပါတယ်။
■ ဒီအခွန်တွေက ဖန်တနိုင်းဖြန့်ဝေခြင်းနဲ့ ကုန်သွယ်ရေး မညီမမျှဖြစ်တာတွေနဲ့ ပတ်သက်တဲ့ အရေးပေါ်ကိစ္စတွေနဲ့ ဆက်စပ်နေပါတယ်။
■ အမေရိကန်သမ္မတ တစ်ယောက်အနေနဲ့ တရုတ်ကို နောက်ဆုံးလည်ပတ်ခဲ့တာဟာ ၂၀၁၇ ခုနှစ်က ထရမ့်သွားခဲ့တာ ဖြစ်ပါတယ်။
■ အမေရိကန်မှ တရုတ်သံရုံးနဲ့ တရုတ်ဘက်ကနေတော့ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး ဘာမှမပြောသေးပါဘူး။
Source: Reuters
၂၁ ဖေဖော်ဝါရီ၊၂၀၂၆
တရားလွှတ်တော်ချုပ်မှာ အမှုရှုံးသွားပြီးတဲ့နောက် ထရမ့်က ကမ္ဘာတစ်ဝန်းကို ၁၀ ရာခိုင်နှုန်း အကောက် ခွန် ချမှတ်ဖို့ ရှိနေပါတယ်။ တရားလွှတ်တော်ချုပ်က ပယ်ဖျက်လိုက်တဲ့ အကောက်ခွန် တချို့နေရာမှာ အစားထိုးဖို့အတွက် နိုင်ငံအားလုံးအပေါ် ၁၀ ရာခိုင်နှုန်း အကောက်ခွန် ချမှတ်မယ့် အုပ်ချုပ်ရေးအမိန့် တစ်ခုကို လက်မှတ်ရေးထိုးမယ်လို့ သမ္မတထရမ့်က သောကြာနေ့မှာ ပြောပါတယ်။
ဘာကြောင့် အရေးကြီးတာလဲ -
တရားမဝင်ဘူးလို့ သတ်မှတ်ခံလိုက်ရတဲ့ ကြီးမားလှတဲ့ အခွန်အခတွေနေရာမှာ အစားထိုးဖို့ အစိုးရအဖွဲ့ ကနေ အသစ်ချမှတ်မယ့် အကောက်ခွန်အစီအစဉ်သစ်တွေရဲ့ အစပြုမှုလေးပဲ ဖြစ်နိုင်ပါတယ်။
သူတို့ ဘာတွေပြောနေကြလဲ
"ပုံမှန်ကောက်ခံနေကျ အကောက်ခွန်တွေအပြင် ပုဒ်မ ၁၂၂ အရ ကမ္ဘာတစ်ဝန်းလုံးကို ၁၀ ရာခိုင်နှုန်း အကောက်ခွန် ထပ်ချမှတ်မယ့် အမိန့်တစ်ခုကို ဒီကနေ့ ကျွန်တော် လက်မှတ်ထိုးပါမယ်" လို့ ထရမ့်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ဒါဟာ အကောက်ခွန်တွေချမှတ်ဖို့ ဒီလိုကုန်သွယ်ရေးအာဏာပိုင်အဖွဲ့အစည်းကို အမေရိကန်က ပထမဆုံး အကြိမ် အသုံးပြုတာလည်း ဖြစ်လာမှာပါ။ ဒီအကောက်ခွန်တွေက လာမယ့်အပတ်မှာ စတင်သက်ဝင်မယ် လို့ ထရမ့်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဒီလုပ်ရပ်ဟာ ပြီးခဲ့တဲ့ ဧပြီလ အမေရိကန်"လွတ်မြောက်ရေးနေ့" မှာ အစိုးရအဖွဲ့က ကြေညာခဲ့တဲ့ ကမ္ဘာ့ ကုန်စည်တွေအပေါ် ကောက်ခံမယ့် အခွန်နှုန်းတွေနေရာမှာ၁၀ ရာခိုင်နှုန်း အကောက်ခွန်ကို အစား ထိုးသွားမှာ ဖြစ်ပါတယ်။
ဘာကိုဆိုလိုကြတာလဲ
၁၉၇၄ ခုနှစ် ကုန်သွယ်ရေးအက်ဥပဒေမှာပါတဲ့ ပြဋ္ဌာန်းချက်က အတော်လေးကျယ်ပြန့်ပေမယ့် အကန့် အသတ်တော့ ရှိပါတယ်။
အကောက်ခွန်ချမှတ်ဖို့ အသုံးပြုလို့မရဘူးလို့ တရားလွှတ်တော်ချုပ်က ဆုံးဖြတ်ထားတဲ့ နိုင်ငံတကာ အရေးပေါ် စီးပွားရေးလုပ်ပိုင်ခွင့် အက်ဥပဒေနဲ့ မတူတာက၊ ပုဒ်မ ၁၂၂ မှာ အကောက်ခွန်တွေကို အချိန် ဘယ်လောက်ကြာကြာ ထားရှိနိုင်သလဲဆိုတာနဲ့ အခွန်နှုန်းထား ဘယ်လောက်အထိ ကောက်ခံနိုင်သလဲဆိုတာကို ကန့်သတ်ထားတာပဲ ဖြစ်ပါတယ်။
ကုန်သွယ်မှုလိုငွေပြတာ ဒါမှမဟုတ် ဒေါ်လာငွေကြေး အကျပ်အတည်းဖြစ်တာတွေကို ဖြေရှင်းဖို့အတွက် သမ္မတအနေနဲ့ ၁၅ ရာခိုင်နှုန်းအထိရှိတဲ့ အကောက်ခွန်ကို ရက်ပေါင်း ၁၅၀ အထိ ချမှတ်နိုင်တယ်လို့ ဥပဒေ မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် လွှတ်တော်ရဲ့ ခွင့်ပြုချက်မရဘဲ အဲဒီကာလထက်တော့ ကျော်လွန်ပြီး ကောက်ခံလို့ မရပါဘူး။
စောင့်ကြည့်ရမယ့်အချက်
တရုတ်နိုင်ငံနဲ့ သံမဏိ/အလူမီနီယံတွေအပေါ် အကောက်ခွန်ချဖို့ သုံးခဲ့တဲ့ ပြဋ္ဌာန်းချက်တွေ အပါအဝင်၊ တရားလွှတ်တော်ချုပ်က ပယ်ဖျက်လိုက်တဲ့ အခွန်အခတွေနေရာမှာ အစားထိုးနိုင်ဖို့ ကုန်သွယ်ရေး ဥပဒေ မှာပါတဲ့ တခြားပြဋ္ဌာန်းချက်တွေကိုလည်း အစိုးရအဖွဲ့က အထောက်အကူရယူသွားမယ်လို့ ထရမ့် က ပြောပါတယ်။
ထရမ့်ရဲ့ ထိပ်တန်း ကုန်သွယ်ရေး ညှိနှိုင်းရေးမှူး ဂျေမီဆင် ဂရီးယားကတော့ ဒီအစီအမံတွေဟာ "ဥပဒေ ကြောင်းအရ အင်မတန် ခိုင်မာပါတယ်" လို့ ဆိုပါတယ်။
"ကျွန်တော်တို့ ဆက်တိုက်လုပ်ဆောင်သွားမှာပါ၊လိုငွေပြမှုကို ဆက်ပြီးလျှော့ချနိုင်ဖို့အတွက် ဒါကိုဆက်လက်ဖြေရှင်းသွားမှာပါ" လို့ သောကြာနေ့မှာ ဂရီးယားက ပြောခဲ့ပါတယ်။
"ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ခန့်မှန်းချက်တွေအရ ပုဒ်မ ၁၂၂ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုတာဟာ၊ ပိုမိုအားကောင်းလာနိုင်တဲ့ ပုဒ်မ ၂၃၂၊ ၃၀၁ ပါ အကောက်ခွန်တွေနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် ၂၀၂၆ ခုနှစ်အတွက် အကောက်ခွန်ဝင်ငွေတွေက လက်တွေ့မှာပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ပြသနေပါတယ်" လို့ ဘဏ္ဍာရေးဝန်ကြီး စကော့တ် ဘက်စ်ဆင့် (Scott Bessent) က သောကြာနေ့မှာ ပြောခဲ့ပါတယ်။
အရင်းအမြစ်။ AXIOS
Page 63 of 1181