ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ်မဒူရိုနဲ့ ဇနီးသည်တို့ အမေရိကန်ကို ခေါ်ဆောင်သွားပြီးနောက် ဗင်နီဇွဲလားအစိုးရအဖွဲက နိုင်ငံရေးတည်ငြိမ်မှုရဖိုအတွက် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်များ အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။
#World_Politics
Published 08 January 2026
#ဗင်နီဇွဲလားသမ္မတ #အမေရိကန်
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 08 January 2026
■ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက လာမယ့်သီတင်းပတ်အတွင်း ဒိန်းမတ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံသွားမယ်လို့ ဗုဒ္ဓဟူးနေ့က ပြောခဲ့ပြီး သမ္မတဒေါ်နယ်ထရမ့်က ဂရင်းလန်းကို သိမ်းယူမယ့်ရည်ရွယ်ချက် နောက်ဆုတ်မယ့်ပုံမပေါ်ပါဘူး။
■ ဗင်နီဇွဲလားခေါင်းဆောင်ကို အမေရိကန် စစ်ဆင်ရေးဖြင့် ဖမ်းဆီးခဲ့ပြီးနောက် ဂရင်းလန်းအပေါ်လည်း စိုးရိမ်စရာ ဖြစ်လာပါတယ်။
■ ထရမ့်ရဲ့ ရည်ရွယ်ချက်တွေကို စစ်အင်အားဖြင့် ဖြေရှင်းသွားမလားဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ရူဘီယိုက စစ်ရေးမပါနိုင်ဘူးလို့ မပြောသွားသလို နည်းလမ်းမျိုးစုံဖြင့် ဖြေရှင်းရန်ကြိုးပမ်းနေကြတယ်လို့ ပြောပါတယ်။
■ ဒိန်းမတ်ရဲ့ သတ္တုကြွယ်ဝတဲ့ ဂရင်းလန်းကျွန်းကို အမေရိကန် စစ်ရေးဖြင့် သိမ်းယူမယ့်ကိစ္စက နေတိုးမဟာမိတ်အတွင်း ရိုက်ခတ်နိုင်ပြီး ထရမ့်နဲ့ ဥရောပခေါင်းဆောင်များကြား ကွဲပြားလာနိုင်ပါတယ်။
■ အမေရိကန် ဂရင်းလန်းကို ပိုင်ဆိုင်ဖို့ ကြိုးပမ်းနေရာမှာ ထရမ့်က ဒီကျွန်းကို ဗျူဟာမြောက်နေရာနဲ့ အမေရိကန်လုံခြုံရေးအတွက် အရေးပါတဲ့ရင်းမြစ်အဖြစ် မြင်ထားပါတယ်။
■ ဥရောပမဟာမိတ်တွေဖြစ်တဲ့ ပြင်သစ်၊ ဂျာမနီ၊ ကနေဒါတို့ အပါအဝင် နိုင်ငံတွေဟာ ဂရင်းလန်းရဲ့ အချုပ်အခြာအာဏာကို အလေးထားပြီး အမေရိကန် သိမ်းလိုတဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်နေပါတယ်။
■ ဒိန်းမတ်နဲ့ ဂရင်းလန်းတို့က ဂရင်းလန်းကို ရောင်းချသွားမှာမဟုတ်ဘူးလို့ အခိုင်အမာဆန့်ကျင်နေပြီး သံတမန်ရေးရာနည်းလမ်းဖြင့် ထပ်မံဖြေရှင်းသွားဖို့ တောင်းဆိုထားပါတယ်။
■ ဥရောပခေါင်းဆောင်တွေကလည်း ဒိန်းမတ်နဲ့ ဂရင်းလန်းကို ထောက်ခံအားပေးဖို့ အတူတကွ လုပ်ဆောင်နေပြီး ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲဆိုတာ ဆွေးနွေးနေကြပါတယ်။
■ ဂရင်းလန်းအနီး ရုရှားနဲ့ တရုတ်လှုပ်ရှားမှုတွေအကြောင်း ထရမ့်ရဲ့ တင်ပြချက်တွေကို ဒိန်းမတ်က အငြင်းပွားပြောကြားထားပါတယ်။
Source: Reuters
#World_Health
Published 08 January 2026
■ တစ်နေ့ကို ဒိန်ခဲ(ချိစ်) ၅၀ ဂရမ်စားသုံးခြင်းဖြင့် ဒီမန်ရှာရောဂါ ဖြစ်နိုင်ခြေ လျော့ကျခြင်းနဲ့ ဆက်စပ်တယ်လို့ တွေ့ရှိထားပါတယ်။
■ ဆွီဒင်မှ လူပေါင်း ၂၇၆၇၀ ကို ၂၅ နှစ်ကြာအောင် ရေရှည်လေ့လာခဲ့ရာမှာ အဆီပါဝင်မှု ၂၀ ရာခိုင်နှုန်းကျော်တဲ့ ချိစ်တွေကို နေ့စဉ်စားသုံးခြင်းနဲ့ ဒီမန်ရှာရောဂါ ဖြစ်နိုင်ခြေတို့ ဆက်စပ်ပုံကို တွေ့ရှိခဲ့ကြပါတယ်။
■ အဆီပါဝင်မှုမြင့်မားတဲ့ အစားအစာတွေက ကျန်းမာရေးအတွက် မကောင်းဘူးလို့ ယူဆထားကြပေမယ့် ယခုလေ့လာချက်မှာတော့ အဆီမြင့်မားတဲ့ နို့ထွက်ပစ္စည်းတွေဟာ ဒီမန်ရှာဖြစ်နိုင်ခြေ လျော့ကျနိုင်ဖွယ်ရှိကြောင်း ဆွီဒင် လွန်းတက္ကသိုလ်မှ အာဟာရပညာရှင် အမ်မလီဆိုနက်စ်တက်ဒ်က ပြောပါတယ်။
■ နှစ်စဉ်နှစ်တိုင်း ဒီမန်ရှာရောဂါ ဖြစ်ပွားလာသူ ၁၀ သန်းခန့်ရှိနေပြီး ၂၀၅၀ အရောက်မှာ ၁၅၃ သန်းအထိ ရှိလာမယ်လို့ ခန့်မှန်းရပါတယ်။
■ စမ်းသပ်လေ့လာချက်ထဲမှာ အဆီမြင့်မားတဲ့ချိစ် တစ်နေ့ကို ၅၀ ဂရမ်ကျော် စားသုံးသူတွေဟာ ၁၅ ဂရမ်အောက်သာ စားသုံးသူတွေထက် ဒီမန်ရှာဖြစ်နိုင်ခြေ ၁၃ ရာခိုင်နှုန်းလျော့နည်းတာ တွေ့ရပါတယ်။
■ ထောပတ်စားသုံးခြင်းက ရလဒ်အကောင်းအဆိုး ရောနေပြီး ထောပတ်မြင့်မားစွာ စားသုံးသူတွေမှာ အယ်ဇိုင်းမားဖြစ်နိုင်ခြေ မြင့်မားနိုင်တာလည်း ပါဝင်နေပါတယ်။
■ ယခုသုတေသနအရ နို့ထွက်ပစ္စည်းစားသုံးခြင်းနဲ့ ဒီမန်ရှာဖြစ်ခြင်းတို့ကြား ယခင်လေ့လာမှုတွေ တသမတ်တည်းမဖြစ်တာကို တွေ့နိုင်မှာဖြစ်ပြီး ဒီလိုဆက်စပ်ရတဲ့ အကြောင်းအရင်းကို ရှာဖွေသွားမှာဖြစ်ပါတယ်။
■ ယခုလေ့လာချက်ဟာ ပြီးခဲ့တဲ့ ၂၅ နှစ်အတွင်း စမ်းသပ်ခံသူတွေထံမှ စားသောက်ပုံစံ အချက်အလက် ကိုယ်တိုင်တင်ပြချက်များကို ဆန်းစစ်ထားတာဖြစ်ပြီး နေထိုင်စားသောက်မှုပုံစံတွေက သုံးသပ်ချက်တွေကို အပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်။
Source: ScienceAlert
#World_Health
Published 08 January 2026
■ လည်ချောင်းနာခြင်းဆိုတာက အအေးမိခြင်း၊ ဗိုင်းရပ်စ်ကူးစက်ခြင်းတို့ကြောင့် ဖြစ်တတ်ပြီး မျိုချရ စကားပြောရ ခက်ခဲတတ်ပါတယ်။
■ အဖြစ်နိုင်ဆုံး အကြောင်းအရင်းက ဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့ နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ မအီမသာဖြစ်ခြင်းတို့ ဖြစ်တတ်တယ်လို့ ဘေလာဆေးပညာကောလိပ်မှ လက်ထောက်ပရော်ဖက်ဆာ ဒေါက်တာ ဂျူလီနာအွန်ကာဆူဝမ်က ပြောပါတယ်။
■ သုတေသနတွေနဲ့ ပညာရှင်တွေ ထောက်ခံထားတဲ့ လည်ချောင်းနာခြင်းအတွက် အိမ်တွင်းကုထုံးတွေ ရှိပါတယ်။
■ (၁) အကြမ်းရည် - ပူနွေးတဲ့ လက်ဖက်ခြောက်ရည်က လည်ချောင်းစိုစွတ်စေပြီး ချိုသလိပ်တွေကို ပျော်စေကာ အချို့သော လက်ဖက်ခြောက်တွေဆိုရင် ရောင်ရမ်းဆန့်ကျင်အာနိသင်လည်း ပါဝင်ပါတယ်။
■ (၂) ပျားရည် - ချောမွေ့ချိုမြတဲ့အပြင် ဓာတ်တိုးဆန့်ကျင်အာနိသင်လည်း ပါဝင်တာကြောင့် ဘက်တီးရီးယားများ သေစေပြီး ပျားရည်တစ်စက်နှစ်စက်မျှဖြင့် ချောင်းဆိုးခြင်းကို သက်သာစေပါတယ်။
■ (၃) ဆားရည် - ဆားရည်ဖြင့် အာလုတ်ကျင်းခြင်းကလည်း ရောင်ရမ်းခြင်းနဲ့ နာကျင်ခြင်းကို သက်သာစေကာ ချွဲတွေကို ရှင်းလင်းပေးပြီး ပိုးသတ်ဆေးပါတဲ့ ခံတွင်းသန့်စင်ဆေးတွေထက် ပိုပြီးထိရောက်မှုရှိပါတယ်။
■ (၄) အစပ် - ပူစပ်တဲ့အစားအစာတွေမှာ ပါဝင်တဲ့ ကပ်ဆိုင်စင်က ရောင်ရမ်းခြင်းနဲ့ နာကျင်မှုတို့ကို သက်သာစေနိုင်ပြီး ငရုတ်ကောင်း ဒါမှမဟုတ် ငရုတ်ဆီတို့ကို ရေနွေးထဲထည့်ပြီး အာလုတ်ကျင်းနိုင်ပါတယ်။
■ (၅) ငုံဆေးပြား - ငုံဆေးပြား ငုံခြင်းဖြင့် တံတွေးထွက်စေကာ လည်ချောင်းစိုစွတ်စေပြီး လည်ချောင်းနာခြင်းကို သက်သာစေတဲ့ မန်သောလ်လည်း ပါဝင်တာကြောင့် ချက်ချင်းသက်သာစေပါတယ်။
Source: Independent
ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ်မဒူရိုနဲ့ ဇနီးကို အမေရိကန်တို စစ်ရေးအရ ဖမ်းဆီးခဲ့တဲ့အပေါ် ဗင်နီဇွဲလားကရာကက်စ်မှာ တနင်္ဂနွေနေ့က ဆန္ဒပြပွဲများပေါ်ပေါက်ခဲ့ပြီး အများစုက မဒူရိုကို ထောက်ခံနေကြပါတယ်။
#World_Crisis
Published 07 January 2026
#ဗင်နီဇွဲလားသမ္မတ # အမေရိကန်
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 07 January 2026
■ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ဗင်နီဇွဲလားနိုင်ငံကို အမေရိကန်တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ပြီး ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ်မဒူရိုကို ဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့နောက် ဒဏ်ခတ်အရေးယူမှုအနေနဲ့ ဗင်နီဇွဲလားမှ အမေရိကန်သို့ပို့ဆောင်ရမယ့ ရေနံစည်ကို သန်း ၃၀ ကနေ သန်း ၅၀ အထိ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အင်္ဂါနေ့မှာ ပြောပါတယ်။
■ "ဒီရေနံတွေကို ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချမှာဖြစ်ပြီး ဗင်နီဇွဲလားနဲ့ အမေရိကန်ပြည်သူတွေ အကျိုးစီးပွားအတွက် အမေရိကားပြည်ထောင်စုရဲ့ သမ္မတအနေနဲ့ ထိုမှရတဲ့ဝင်ငွေတွေကို ထိန်းချုပ်သွားမှာဖြစ်ပါတယ်" လို့ ထရမ့်က ဆိုရှယ်မီဒီယာတစ်ခုမှာ ပြောသွားပါတယ်။
■ ဗင်နီဇွဲလားဟာ သိုလှောင်ကန်တွေနဲ့ သင်္ဘောတွေပေါ်မှာ ရေနံစည်ပေါင်းသန်းနဲ့ချီရှိနေပြီး ထရမ့်ရဲ့ ပိတ်ဆို့ထားမှုကြောင့် တင်ပို့လို့မရဘဲ ဖြစ်နေပါတယ်။
■ ထရမ့်ကတော့ စွမ်းအင်ဝန်ကြီး ခရစ္စရိုက်ကို ဒီအစီအစဉ် အကောင်အထည်ဖော်ခိုင်းမှာဖြစ်ကာ ရေနံတွေကို သင်္ဘောတွေနဲ့ တင်ဆောင်ပြီး အမေရိကန်ရှိ ဆိပ်ကမ်းများသို့ တိုက်ရိုက်သယ်ယူသွားခိုင်းမယ်လို့ ပြောထားပါတယ်။
■ အစောပိုင်း တင်ပြချက်များအရ ဗင်နီဇွဲလားရေနံစိမ်းများကို အမေရိကန်မှာ ရေနံချက်ပြီး တရုတ်ထံကနေ လမ်းကြောင်းလွှဲကာ ဗင်နီဇွဲလားကုမ္ပဏီ PDVSA အနေနဲ့ ဖြတ်တောက်ခြင်းမခံရဖို့အတွက် ကရာကက်စ်နဲ့ ဝါရှင်တန်မှ အရာရှိများ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
■ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း တရုတ်က ဗင်နီဇွဲလားမှ ရေနံအများဆုံး ဝယ်ယူသူ ဖြစ်နေခဲ့ပါတယ်။
Source: Reuters
#World_News
Published 07 January 2026
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှ ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ်မဒူရိုကို ဖမ်းဆီးပြီးနောက် မဒူရိုဟာ မူးယစ်ဆေးတရားစွဲဆိုချက်များမှာ အပြစ်မရှိဘူးလို့ ထွက်ဆိုဝန်ခံလိုက်ပါတယ်။
■ "ကျွန်ုပ် အပြစ်ကင်းစင်ပါတယ်။ သင့်တင့်လျောက်ပတ်တဲ့သူပါ။
ဒီနိုင်ငံရဲ့ သမ္မတဖြစ်နေတုန်းပါပဲ" လို့ မန်ဟက်တန် ဖက်ဒရယ်တရားရုံးမှာ အသက် ၆၃ နှစ်ရှိ မဒူရိုက စကားပြန်မှတဆင့် ပြောဆိုခဲ့ပါတယ်။
■ မဒူရိုရဲ့ဇနီး စီစီလီယာဖလော်ရက်စ်ကလည်း အပြစ်မရှိကြောင်း ဝန်ခံပြီး မတ်လ ၁၇ ရက်နေ့ကို နောက်ထပ်ရုံးချိန်လိုက်ပါတယ်။
■ အမှုမကြားနာခင် တရားရုံးအပြင်ဘက်မှာ မဒူရိုလိုလားသူတွေရော ဆန့်ကျင်သူတွေရော စုဝေးခဲ့ကြပါတယ်။
■ နာရီပိုင်းအကြာ ကရာကက်စ်မြို့မှာ မဒူရိုရဲ့ လက်ထောက်သမ္မတ ဒယ်စီရိုဒရီဂွက်ဇ်က ဗင်နီဇွဲလားကြားဖြတ်သမ္မတအဖြစ် သစ္စာဆိုခဲ့ပြီး မဒူရိုအတွက် ထောက်ခံစကားများ ဆိုခဲ့ပါတယ်။
■ အမေရိကန်ထောက်လှမ်းရေးတွေက ရိုဒရီဂွက်ဇ်ဦးဆောင်တာကို ထောက်ခံအားပေးတဲ့သဘော မြင်ရပါတယ်။
■ ဒါ့အပြင် ဒေါ်နယ်ထရမ့်ကလည်း ရိုဒရီဂွက်ဇ်နဲ့အတူ အလုပ်လုပ်ကိုင်လိုကြောင်း အကြံပြုထားပါတယ်။
■ မဒူရိုဟာ အကြမ်းသမားများ၊ သူပုန်အဖွဲ့များနဲ့ ဆက်နွယ်နေတဲ့ ကိုကိန်းဖောက်ကားရေးနယ်ပယ်ကွန်ရက်ကို ဦးဆောင်နေတယ်လို့ စွပ်စွဲခံထားရပါတယ်။
■ အမေရိကန်တိုက်ခိုက်မှုအတွင်း ထိခိုက်သွားတဲ့ ဗင်နီဇွဲလား ရေနံအဆောက်အဦများ ပြန်လည်တည်ဆောက်ဖို့အတွက် အမေရိကန်ရေနံကုမ္ပဏီများ ပါဝင်ပေးဖို့ ထရမ့်အစိုးရအဖွဲ့က စီစဉ်ထားပါတယ်။
■ မဒူရိုကို ဖမ်းဆီးခြင်းနဲ့ အမေရိကန် ဝင်ရောက်စွက်ဖက်မှုရဲ့ တရားဝင်မှုရှိမရှိကို ကမ္ဘာ့ခေါင်းဆောင်များနဲ့ ကျွမ်းကျင်သူများက မေးခွန်းထုတ်နေကြပါတယ်။
Source: Reuters
Page 58 of 1152