#World_News
Published 10 January 2026

■ ရုရှားတို့က အိုရက်ရှ်နစ် အသံထက်မြန်ဒုံးကျည်ပစ်လွှတ်ခြင်းဟာ ဗလာဒီမာပူတင်က ယူကရိန်းကို ခြိမ်းခြောက်ဖို့ ရည်ရွယ်ပုံရပြီး စစ်ပွဲအဆုံးသတ်ရေး အရေးပါတဲ့ကာလမှာ ဥရောပနဲ့ အမေရိကန်တို့ကို ရုရှားစစ်အင်အား ပြသလိုက်တဲ့သဘော မြင်ရပါတယ်။

■ ၂၀၂၄ နိုဝင်ဘာမှာ ယူကရိန်းဘက်ကို ရုရှားပထမဆုံး ပစ်ခတ်ခဲ့တဲ့ အိုရက်ရှ်နစ်ဒုံးကျည်ရဲ့ အမြန်နှုန်းနဲ့ ဖျက်စွမ်းအားကို ပူတင်က အကြိမ်ကြိမ်မြှင့်တင်နေခဲ့ပါတယ်။

■ ညဘက်အချိန်ကြီး ယူကရိန်းအနောကဘက်ခြမ်းကို အိုရက်ရှ်နစ်ဖြင့် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

■ စနေနေ့က ပူတင်ရဲ့ မဟာမိတ် ဗင်နီဇွဲလားသမ္မတကို အမေရိကန်အထူးတပ်များ ဖမ်းဆီးပြီးနောက် ဗုဒ္ဓဟူးနေ့က မြောက်အတ္တလန္တိတ်ရှိ ရုရှားအလံထူထားတဲ့ ရေနံတင်သင်္ဘောကြီးကို အမေရိကန်တို့ သိမ်းဆည်းခဲ့ပါတယ်။

■ ဗြိတိန်နဲ့ ပြင်သစ်တို့က ယူကရိန်းမှာ တပ်ဖွဲ့များချထားမယ့် အစီအစဉ်ကြေညာခဲ့ရာ ဒါဟာ တိုက်ခိုက်ရေးပစ်မှတ်တွေ ဖြစ်လာနိုင်တယ်လို့ ရုရှားက တုံ့ပြန်ခဲ့ပါတယ်။

■ ယခုဒုံးကျည်ပစ်ခွှတ်ခြင်းက လက်ရှိ ငြိမ်းချမ်းရေးညှိနှိုင်းများ ပြုလုပ်နေစဉ် ရုရှားတို့ဘက်က စိတ်ပျက်နေတဲ့လက္ခဏာ မြင်နေရတာလို့ ကျွမ်းကျင်သူတွေ သုံးသပ်ထားပါတယ်။

■ ဒုံးကျည်ထိပ်ဖူးမှာ ဘာမှမပါတာကြောင့် ပျက်စီးစေလိုတာထက်စာရင် သတိပေးခြိမ်းခြောက်တဲ့သဘော ဖြစ်နေပါတယ်။

■ အနောက်တိုင်းခေါင်းဆောင်တွေက ယခုတိုက်ခိုက်မှုဟာ တင်းမာမှုဖြစ်လာနိုင်တယ်ဆိုပြီး ရှုတ်ချလိုက်ပါတယ်။

■ ဒါဟာ ရုရှားတို့ရဲ့ နျူကလီးယားစွမ်းအား ဆက်လက်ထိန်းသိမ်းတဲ့ ရည်ရွယ်ချက်ကို ဖော်ပြသလိုဖြစ်နေပါတယ်။

■ အိုရက်ရှိနစ်က အကန့်အသတ်ဖြင့်သာ ရနိုင်ပြီး ဗျူဟာမြောက်သတိပေးချက်များ ထုတ်ပြန်ဖို့ ထိန်းချုပ်အသုံးပြုခဲ့ဟန်ရှိတယ်လို့ ယူဆရပါတယ်။

Source: Reuters