#World_News
Published 29 January 2025
▪️ အမေရိကန်မှာ အစိုးရဝန်ထမ်းအင်အား သိသိသာသာ လျှော့ချသွားမယ့် အစီအစဉ်အစိတ်အပိုင်းအနေဖြင့် အရပ်သားအချိန်ပြည့် အစိုးရဝန်ထမ်းအားလုံးနီးပါးအတွက် အလုပ်နုတ်ထွက်ရင် များပြားတဲ့ ငွေကြေးပေးသွားမယ်လို့ မက်လုံးပေးကမ်းလှမ်းထားကြောင်း ဒေါ်နယ်ထရမ့် စီမံအုပ်ချုပ်ရေးအဖွဲ့က အင်္ဂါနေ့မှာ ပြောသွားပါတယ်။
▪️ ရက်ရွှေ့ဆိုင်းနုတ်ထွက်ခြင်း ပရိုဂရမ်အရ အစိုးရဝန်ထမ်းတွေဟာ စက်တင်ဘာ ၃၀ အထိ အလုပ်လုပ်စရာမလိုဘဲ လစာရရှိနေမှာဖြစ်တယ်လို့ ဝန်ထမ်းတွေထံပေးပို့တဲ့ အီးမေးလ်မှာ ဖော်ပြထားပါတယ်။
▪️ အစိုးရဝန်ထမ်းတွေ အလုပ်နုတ်ထွက်ခြင်းအတွက် ငွေကြေးမက်လုံးက များသောအားဖြင့် ဒေါ်လာ ၂ သောင်းခွဲ အများဆုံးအထိရှိပါတယ်။
▪️ ဒီအစီအစဉ်မှာ ပါဝင်ခြင်းရှိမရှိ ဆုံးဖြတ်ဖို့ ဖေဖော်ဝါရီ ၆ ရက်နေ့အထိ အချိန်ပေးထားပါတယ်။
▪️ စိတ်ပါဝင်စားတဲ့ ဝန်ထမ်းများက အစိုးရအကောင့်တစ်ခုရဲ့ အီးမေးလ်ကို စာပြန်ပြီး 'နုတ်ထွက်မည်'ဆိုတဲ့ စာလုံးရေးသားဖို့ အမေရိကန်အစိုးရက ညွှန်ကြားထားပါတယ်။
▪️ ဒီဝန်ထမ်းတွေထဲမှာ လူဝင်မှုကြီးကြပ်ရေး၊ နိုင်ငံတော် လုံခြုံရေးနဲ့ ဆက်စပ်နေရာများ၊ အမေရိကန်စာတိုက်မှာ အလုပ်လုပ်တဲ့ သူတွေကလွဲပြီး အရပ်သားဝန်ထမ်းတွေ အကျုံးဝင်နေပါတယ်။
▪️ စာတိုက်လုပ်ငန်း မပါဘဲနဲ့ဆိုရင် အမေရိကန်အရပ်သားဝန်ထမ်းပေါင်း ၂.၃ သန်းရှိနေပါတယ်။
▪️ စစ်တပ်နဲ့ အချို့အေဂျင်စီတွေက ဝန်ထမ်းအင်အား တိုးချဲ့သွားဖွယ်ရှိပေမယ့် အများစုကတော့ အင်အားလျှော့ချသွားဖွယ် ရှိနေကာ ဝန်ထမ်းများအတွက် အလုပ်အာမခံချက် မပေးနိုင်ဘူးလို့ အီးမေးလ်မှာ ဖော်ပြထားပါတယ်။
▪️ ဒါပေမဲ့ ရာထူးမှ ဖယ်ရှားခံရပါက ဂုဏ်သိက္ခာရှိရှိဖြင့် ဆက်ဆံခံရမှာဖြစ်ကြောင်း၊ အစိုးရဝန်ထမ်းအင်အား ပြန်လည်ဖွဲ့စည်းရာမှာ သိသာထင်ရှားစွာ လုပ်ဆောင်မှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
▪️ အစိုးရဝန်ထမ်း အများအပြားဟာ အလုပ်သမားသမဂ္ဂတွေကို ကိုယ်စားပြုပြီး အလုပ်ခန့်အပ်ခြင်းဆိုင်ရာ ကာကွယ်မှုများ ရှိထားပါတယ်။
▪️ ထရမ့်အစိုးရအဖွဲ့ဟာ ဖက်ဒရယ်အစိုးရကြီးကို အဆိပ်သင့်ဝန်းကျင်ဖြစ်အောင် လုပ်နေပြီး ဝန်ထမ်းတွေဟာ ဆက်ပြီးနေချင်ရင်တောင် မနေနိုင်တဲ့ အခြေအနေဖြစ်တယ်လို့ အမေရိကန် အစိုးရဝန်ထမ်းအဖွဲ့ချုပ်ဥက္ကဌ အဲဗရတ်ကယ်လီက ဆိုလိုက်ပါတယ်။
▪️ အစိုးရဝန်ထမ်းများအနေနဲ့ အခြားအလုပ်တစ်ခု ဝင်လုပ်နိုင်ပြီး စက်တင်ဘာ ၃၀ အထိ အငြိမ်းစားခံစားခွင့် ဆက်လက်ရရှိနိုင်မယ်လို့ သိရပါတယ်။
#Source: Reuters
#World_Health
Published 29 January 2025
▪️ ပြုပြင်ထုတ်လုပ်ထားတဲ့ အသားကြီးတွေ စားသုံးခြင်းနဲ့ ဒီမန်ရှာ၊ ဦးနှောက်စွမ်းရည် ကျဆင်းခြင်းတို့ကြား ဆက်စပ်မှုရှိနေတာကို မကြာသေးမီက Neurology ဂျာနယ်မှာ လေ့လာဖော်ပြခဲ့ကြပါတယ်။
▪️ ပျမ်းမျှအသက် ၄၉ နှစ်ရှိတဲ့ လူပေါင်း ၁၃၃၇၇၁ ဦးထံမှ ကျန်းမာရေးအချက်အလက်များ ဆန်းစစ်ခဲ့ကြပါတယ်။
▪️ ဝက်ပေါင်ခြောက် ၂ ချပ်ခန့် ပမာဏကို နေ့စဉ်စားသုံးပါက ဒီမန်ရှာဖြစ်နိုင်ခြေ ပိုများနေတာ တွေ့ရပါတယ်။
▪️ အသားကြီးနေရာမှာ ငါး၊ အခွံမာသီး၊ ကြက်ဘဲတို့ဖြင့် အစားထိုးရင်တော့ ဒီမန်ရှာနဲ့ ဦးနှောက်စွမ်းရည်ကျဆင်းမှု ဖြစ်နိုင်ခြေ လျော့နည်းနိုင်တယ်လို့ ဟားဗတ်ဒ်ဆေးတက္ကသိုလ်မှ တွဲဖက်ပရော်ဖက်ဆာ ဒန်နီယယ်ဝမ်က ပြောပြပါတယ်။
▪️ အဆင့်ဆင့်ထုတ်လုပ်တဲ့ အသားကြီးတွေကို လက်တစ်ဖဝါးစာရဲ့ ၄ ပုံ ၁ ပုံခန့် နေ့စဉ်စားသုံးခြင်းဖြင့် ဦးနှောက်အိုမင်းခြင်း ၁.၆၁ နှစ်ပိုမြန်လာပြီး ဦးနှောက်စွမ်းဆောင်ရည် ကျဆင်းစေပါတယ်။
▪️ ငါးနဲ့အစားထိုးစားလိုက်ရင်တော့ ဒီမန်ရှာဖြစ်နိုင်ခြေ ၂၈ ရာခိုင်နှုန်း လျော့ကျသွားပြီး အခွံမာသီး၊ ပဲအမျိုးမျိုးတို့ဖြင့် အစားထိုးရင်တော့ ၂၀ ရာခိုင်နှုန်းခန့် လျော့ကျနိုင်ပါတယ်။
▪️ ဦးနှောက်စွမ်းရည် မြှင့်တင်ဖို့အတွက် အသားကြီးလျှော့စားပြီး အခြားပရိုတိန်းများ၊ အပင်အခြေပြုအစာများဖြင့် အစားထိုးသင့်တယ်လို့ ဒေါင်ဝမ်က ပြောထားပါတယ်။
▪️ အသားကြီးတွေနဲ့ အဆင့်ဆင့်ထုတ်လုပ် အသားတွေမှာပါတဲ့ ပြည့်ဝဆီများနဲ့ ဆားများက ဦးနှောက်ဆဲလ်တွေရဲ့ ကျန်းမာရေးကို ထိခိုက်စေကာ လုပ်ဆောင်ချက်များ ချို့ယွင်းစေတယ်လို့ သုတေသီများ ယူဆထားပါတယ်။
▪️ ဒီထက်ပိုမိုကွဲပြားတဲ့ လူတွေမှာတော့ သုတေသနတွေ ထပ်လုပ်ဖို့လိုသေးတယ်လို့ ဒေါက်တာဒေါင်ဝမ်က ဆိုပါတယ်။
▪️ ဒီရလဒ်တွေကနေ အစားအစာနဲ့ ဦးနှောက်ကျန်းမာရေးတို့ကြား ဆက်စပ်ပုံကို ပိုမိုသတိထားဆင်ခြင်နိုင်ဖို့ တွန်းအားဖြစ်လာစေမယ်လို့ မျှော်လင့်နေပါတယ်။
#Source: The Jerusalem Post
#World_Science
Published 29 January 2025
▪️ Ozempic နဲ့ Wegovy တို့လို ကိုယ်အလေးချိန်ချတဲ့ဆေးတွေက ကျန်းမာရေး တိုးတက်စေနိုင်မယ်လို့ လေ့လာချက်မှာ ဖော်ပြထားပေမယ့် ဒီဆေးတွေဟာ ဘေးထွက်အန္တရာယ်တွေတော့ ရှိနေနိုင်တယ်လို့ သုတေသီများ သတိပေးထားပါတယ်။
▪️ Ozempic ၊ Wegovy နဲ့ သာမန်ကုသမှုတွေ အသုံးပြုနေပြီး ဆီးချိုရောဂါရှိတဲ့ အမေရိကန်လူမျိုး ၂ သန်းထံမှ အချက်အလက်များ ဆန်းစစ်ခဲ့ကြပါတယ်။
▪️ ဒီဆေးတွေရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေထဲမှာ..
- နှလုံးဖောက်နိုင်ခြေ၊ လေဖြတ်နိုင်ခြေ၊ နှလုံးရောဂါ၊ သွေးပေါင်ချိန်မြင့်မားခြင်းတို့ကို လျှော့ချပေးပါတယ်။
- ဒီမန်ရှာရောဂါ၊ စိတ်ကစဉ့်ကလျားဖြစ်ခြင်း၊ တက်ခြင်း၊ မူးယစ်ဆေးသုံးစွဲခြင်းတို့ လျော့ကျနိုင်ပါတယ်။
- အသည်းကင်ဆာ၊ ကျောက်ကပ်ရောဂါ၊ ဘက်တီးရီးယားရောဂါများ ဖြစ်နိုင်ခြေ လျော့နည်းပါတယ်။
▪️ ဒီဆေးတွေကို ၃ နှစ်ခွဲကြာအောင် အသုံးပြုပြီးနောက် အယ်လ်ဇိုင်းမားဖြစ်နိုင်ခြေ ၁၂ ရာခိုင်နှုန်းနည်းသွားတယ်လို့ လေ့လာချက်အရ သိရပါတယ်။
ဒါပေမဲ့ ဘေးထွက်ဆိုးကျိုးများအနေနဲ့..
- မူးဝေအော့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ သွေးလွန်ခြင်းစတဲ့ အစာခြေပြဿနာများ
- အရိုးအဆစ်ကိုက်ခဲခြင်း
- ပန်ကရိယနဲ့ ကျောက်ကပ်တို့ ရောင်ရမ်းခြင်းတို့ ဖြစ်နိုင်ပါတယ်။
▪️ ဒီဆေးတွေမှာပါတဲ့ semaglutide က ဗိုက်ပြည့်တဲ့အခါ ဦးနှောက်ကို လှုံ့ဆော်ပြီး ဆာလောင်မှုကို ထိန်းချုပ်ပေးပါတယ်။
▪️ ပညာရှင်တွေကတော့ ဒီဆေးတွေကို မရှိမဖြစ် လိုအပ်မှသာ အကြံပြုထားပြီး အဝလွန်ပြဿနာ မရှိတဲ့သူတွေအတွက်တော့ ဘေးထွက်ဆိုးကျိုးက အကျိုးကျေးဇူးထက် ပိုများနေနိုင်တယ်လို့ ဆိုပါတယ်။
#Source: WION
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ လူဝင်မှုကြီးကြပ်ရေး၊ နယ်စပ်လုံခြုံရေး၊ ချမှတ်လာနိုင်တဲ့ အခွန်အခများနဲ့ ပတ်သက်ပြီး ညွှန်ကြားချက်များ ထုတ်ပြန်နေခြင်းရဲ့ သက်ရောက်မှုတွေကို မက္ကဆီကိုခံစားနေရပြီး စီးပွားရေးနဲ့ လုံခြုံရေးတိုအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိလာပါတယ်။
#World_News
Published 28 January 2025
#ဒေါ်နယ်ထရမ့် #အမေရိကန်-မက္ကဆီကို
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 28 January 2025
၁။ မန္တလေး- ချင်းမိုင်ခရီးစဉ်အသစ် MAI ဖေဖော်ဝါရီ၌ ပြေးဆွဲမည်
၂။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဇာတ်လမ်းတိုပြိုင်ပွဲ ကျင်းပမည်
၃။ အင်းလေးကန်အတွင်း ကမ္ဘာ့ရှားပါးငှက်မျိုးစိတ်များတွေ့ရှိ
၄။ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးညွှန်ကြားချက်များကြောင့် အမေရိကန်-မက္ကဆီကိုကုန်သွယ်မှုဆက်ဆံရေးထိခိုက်လာဖွယ်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၂၈ ဇန်နဝါရီ ၂၀၂၅
တရုတ်မီဒီယာအုပ်စုက လာမည့် ၂၀၂၅ တရုတ်နှစ်သစ်ကူးပွဲတော်ဖျော်ဖြေရေးပွဲအစီအစဉ်စာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။
တရုတ်မီဒီယာအုပ်စုက ကြီးမှူးကျင်းပတဲ့ အဆိုပါနှစ်သစ်ကူးဖျော်ဖြေပွဲမှာ အက၊အော်ပရာ၊ ဟာသ၊ ဟာသတို၊ကိုယ်ခံ့ပညာစွမ်းရည်၊ မျက်လှည့်နှင့် အခြားသော အစီအစဉ်များစွာပါဝင်မှာဖြစ်ပါတယ်။
Source CCTV+
#World_News
Published 28 January 2025
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အပေါ် ရာဇဝတ်မှု တရားစွဲဆိုချက်တွေမှာ ပါဝင်လုပ်ဆောင်ခဲ့တဲ့ ဝန်ထမ်းတစ်ဒါဇင်ကျော်ကို တရားစီရင်ရေးဌာနက အလုပ်ထုတ်ခဲ့ကြောင်း တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။
▪️ ဒါဟာ စုံစမ်းစစ်ဆေးမှုတွေမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ရှေ့နေတွေကို ဒဏ်ခတ်သွားဖို့ အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေပြီး သမ္မတရဲ့ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားကို အလေးပေးလိုတဲဆန္ဒ မြင်တွေ့နေရတာ ဖြစ်ပါတယ်။
▪️ အထူးအကြံပေး ဂျက်ခ်စမစ်အဖွဲ့မှာ အလုပ်လုပ်ခဲ့တဲ့ ရှေ့နေတွေအပေါ် ပစ်မှတ်ထားခြင်းကို ရုတ်တရက် အဆုံးသတ်လိုက်ခြင်းက တရားစီရင်ရေးဌာနအတွင်း အုံကြွခြင်း နောက်ဆုံးအရိပ်အယောင် ဖြစ်နေပြီး သမ္မတအပေါ် သစ္စာမရှိဘူးလို့ ယူဆရတဲ့ အစိုးရဝန်ထမ်းတွေကို ရှင်းလင်းမယ့် အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အတိုင်း ကိုက်ညီနေပါတယ်။
▪️ ဌာနခွဲများတလျှောက် အကြီးတန်းအရာရှိ အများအပြား ပြန်လည်တာဝန်ပေးအပ်ပြီးနောက် အစဉ်အလာအရ သမ္မတအုပ်ချုပ်ရေးအပိုင်းမှာ ကျန်ရှိနေတဲ့ သာမန်အဆင့်ရှိ ရှေ့နေများကိုပင် ဒီလိုဆောင်ရွက်ခဲ့ပေမယ့် စုံစမ်းစစ်ဆေးမှုတွေမှာ ပါဝင်ခဲ့ခြင်းကြောင်းတော့ အပြစ်ပေးခံရမှာမဟုတ်ပါဘူး။
▪️ ရာထူးမှထုတ်ပယ်ခြင်းတွေက ချက်ချင်းအသက်ဝင်လာမှာ ဖြစ်ပါတယ်။
"ယနေ့ဆိုရင် သမ္မတထရမ့်အပေါ် တရားစွဲဆိုမှုတွေမှာ ထင်ရှားစွာပါဝင်ခဲ့တဲ့ တရားစီရင်ရေးဌာနမှ အရာရှိအချို့ကို ယာယီအစိုးရရှေ့နေချုပ် ဂျိမ်းစ်မက်ဟင်နရီက တာဝန်မှဖယ်ရှားလိုက်ပါပြီ။ ဒီလိုအရာရှိတွေက သမ္မတအရေးကိစ္စတွေ ဆောင်ရွက်ရာမှာ ယုံကြည်စိတ်ချရမယ်လို့ မထင်ပါဘူး" လို့ တရားစီရင်ရေးဌာနက ဖော်ပြထားပါတယ်။
▪️ ဘယ်ရှေ့နေတွေကို အမိန့်ချမလဲ၊ ဌာနအတွင်း ဘယ်သူတွေ ဆက်ကျန်မလဲဆိုတာ သေချာမသိရသေးပါဘူး။
▪️ ပြီးခဲ့တဲ့နှစ်တွေမှာ ထရမ့်ရဲ့အရိပ်မည်းကြီး ဖြစ်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ အခြေအနေကို ပြောင်းလဲစေမယ့် အားထုတ်မှုတွေ ဖြစ်ပါတယ်။
▪️ ထရမ့်သမ္မတတာဝန် စတင်ထမ်းဆောင်တဲ့နေ့မှာပဲ ဇန်နဝါရီ ၆ ရက်နေ့ အမေရိကန်ကပ်ပီတိုလ်ကို တိုက်ခိုက်ခဲ့သူ ၁၅၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။
▪️ ထရမ့်ဟာ သူ့အပေါ်စုံစမ်းစစ်ဆေးခဲ့တဲ့ တရားစီရင်ရေးဌာနကို ပြီးခဲ့တဲ့နှစ်များအတွင်းက ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။
#Source: AP News
Page 57 of 928