#World_Science
Published 07 July 2026

■ အမေရိကန် ကယ်လီဖိုးနီးယားတောင်ပိုင်းမှ ဆန်အန်ဒရီယာနဲ့ ဆန်ယာဆင်တိုနယ်မြေတွေမှာ ငလျင်ပြတ်ရွေ့ကြောများဟာ နှစ်ပေါင်း ၁ ထောင်အတွင်း ဖိအားအများဆုံး သက်ရောက်မှုဖြစ်နေပါတယ်။

■ လေ့လာချက်အရ အဆိုပါပြတ်ရွေ့ကြောစနစ်ကြောင့် ငလျင်ဘေးကြီးဖြစ်လာနိုင်ကာ ဘယ်အချိန်ဖြစ်လာမလဲဆိုတာတော့ မခန့်မှန်းနိုင်ပါဘူး။

■ မြေကြီးထဲက ကျောက်ချပ်လွှာများကြားကနေ ငလျင်ဖြစ်ပေါ်လေ့ရှိပြီး ကျောက်ချပ်လွှာတွေ တစ်ခုနဲ့တစ်ခု စောင်းသွားကြကာ ပြတ်ရွေ့ကြောတွေမှာ ဖိအားတွေ စုပြုံလာပြီး ကျောက်ချပ်လွှာတွေ ရုတ်တရက် ချော်သွားတဲ့အခါမှာ ငလျင်ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။

■ ထိုဒေသများအတွင်း နောက်ဆုံးအပြင်းအထန် ဖြစ်ပွားခဲ့တဲ့ငလျင်က ၁၈၅၇ ဖို့တယ်ဂျွန်ငလျင်ဖြစ်ပြီး ဒါဟာ ဖိအားသက်ရောက်မှုတွေ စုပြုံခဲ့တာကို ညွှန်ပြနေပါတယ်။

■ ပြီးခဲ့တဲ့နှစ်များအတွင်း ပြတ်ရွေ့ကြောများ စုပြုံလာပုံကို သုတေသီတွေက ပုံစံတုသရုပ်ဖော်ပုံတွေ၊ ဘူမိဗေဒ သက်သေအထောက်အထားတွေ အသုံးပြုပြီး ပုံဖော်ခဲ့ကြပါတယ်။

■ Cajon Pass လို့ခေါ်တဲ့ အလွန်အရေးပါတဲ့ ပြတ်ရွေ့ကြောဆုံမှတ်ဟာ အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ ငလျင်တွေရဲ့ ပြင်းထန်မှုအခြေအနေကို များစွာသက်ရောက်လာနိုင်ဖွယ် ရှိပါတယ်။

■ ပြတ်ရွေ့ကြော အပိုင်းအစများအပေါ် ဖိအားသက်ရောက်မှုအဆင့်ဟာ ပြတ်ရွေ့ကြောစနစ် နှစ်ခုစလုံးကို ဖြတ်ကျော်မယ့် အဓိကပြတ်ရွေ့ကွဲအက်မှုများနဲ့ ဆက်စပ်တဲ့အဆင့်များထံ ချဉ်းကပ်နေပြီဖြစ်ပါတယ်။

■ ဒီသုတေသနကနေ ကမ္ဘာတဝှမ်း ရှုပ်ထွေးတဲ့ ပြတ်ရွေ့ဆုံချက်များမှာလည်း အသုံးပြုနိုင်မယ့် ငလျင်ဘေးအန္တရာယ် ဆန်းစစ်ချက်အတွက် အခြေခံဘောင်အသစ်တစ်ခု ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။

Source: Gizmodo