#World_Health
Published 24 December 2025
■ မိမိကလေးရဲ့ အတန်းဖော်တွေ စမတ်ဖုန်းကိုင်ကြတဲ့အခါ ကိုယ့်ကလေးတွေကိုလည်း ဖုန်းပေးလိုက်ဖို့ မိဘတွေ ဖိအားများလာတတ်ပါတယ်။
■ ဒါပေမဲ့ မပေးဘဲ စောင့်ဆိုင်းခြင်းဖြင့် ကလေးကျန်းမာရေးကို ကာကွယ်နိုင်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေ ပြောထားပါတယ်။
■ ဖုန်းအသုံးပြုတဲ့ ကလေးအယောက်တစ်သောင်းကို လေ့လာခဲ့ရာမှာ အသက် ၁၂ နှစ်အရွယ်မှာ စမတ်ဖုန်းကိုင်တဲ့ ကလေးတွေက စိတ်ဓာတ်ကျခြင်း၊ အိပ်ရေးပျက်ခြင်း၊ ကိုယ်အလေးချိန်မမှန်ခြင်း စတာတွေ ဖြစ်နိုင်ခြေ များစေတယ်လို့ ဖီလာဒယ်ဖီယာ ကလေးဆေးရုံလေ့လာချက်မှာ ဖော်ပြထားပါတယ်။
■ ဖုန်းအသုံးပြုတဲ့ အသက်အရွယ်စောလေလေ အန္တရာယ်ပိုများလေ ဖြစ်တယ်လို့ တွေ့ရှိထားပါတယ်။
■ ကလေးတွေ ဖုန်းအသုံးပြုတဲ့အတွက် ခဏခဏဖုန်းကိုကြည့်မိပြီး ပညာရေးစွမ်းဆောင်ရည်နဲ့ စိတ်အခြေအနေတို့ကို ထိခိုက်စေတယ်လို့ ဝါရှင်တန်ဒီစီ အမျိုးသားကလေးဆေးရုံမှ ဒေါက်တာ အန်နီရှာအေဘရာဟမ်က ပြောပါတယ်။
■ အိပ်စက်ခြင်းက ကျန်းမာရေးအတွက် လွန်စွာအရေးကြီးပြီး လုံလောက်စွာ မအိပ်တဲ့အခါ စိတ်ဓာတ်ကျခြင်းနဲ့ အခြားစိတ်ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်ခြေ များစေပါတယ်။
■ အလယ်တန်းလောက် ရောက်တဲ့အခါမှ ဖြည်းဖြည်းချင်း အသုံးပြုစေပြီး ကန့်သတ်ချက်စည်းမျဉ်းတွေနဲ့ စတင်သင့်ပါတယ်။
■ ဒါ့အပြင် ကလေးတွေ မမြင်သင့်တာတွေ မမြင်စေရန် ဖုန်း setting တွေကို ချိန်ညှိထားသင့်ပါတယ်။
■ တတ်နိုင်သမျှ ဖုန်းအကြည့်နည်းစေဖို့ တိုက်တွန်းသင့်ပြီး စိတ်ကျန်းမာရေးနဲ့ အဝလွန်ခြင်းမှ ကာကွယ်ရန် ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်စေသင့်ပါတယ်။
■ မိဘတွေနဲ့ အုပ်ထိန်းသူတွေအနေနဲ့လည်း စံပြအနေဖြင့် ဖုန်းကို အချိန်အနည်းဆုံး အသုံးပြုသင့်ပါတယ်။
Source: wtop news
တရုတ်ဘူမိပညာရှင်တွေက အဆင့်မြင့် နီကယ်-ကိုဘော့တွင်းတစ်ခုထဲကနေ "ကျင်ရွှက်"လိုခေါ်တဲ့ သတ္တုအသစ်တစ်မျိုး တွေ့ရှိထားကာ နိုင်ငံရဲ့ သယံဇာတဖူလုံရေး အားကောင်းလာစေဖို့ မျှော်လင့်နိုင်ပါတယ်။
#Asia_Industry
Published 23 December 2025
#နီကယ်_ကိုဘော့
#YMG #Yangon_Times #Yangon_Media_Group
#World_Science
Published 23 December 2025
■ နှစ်ပေါင်း ၁၂,၀၀၀ နီးပါးအကြာမှာ ပေါက်ကွဲခဲ့တဲ့ အီသီယိုးပီးယားမီးတောင်ကြောင့် ကမ္ဘာကြီးဟာ ဒီလိုသဘာဝဘေးအန္တရာယ်ကြီးအတွက် အဆင်သင့် ဖြစ်မနေသေးတဲ့ သတိပေးခေါင်းလောင်းသံ ဖြစ်လာပါတယ်။
■ ဆစ္စလီမှ အက်နာတောင်၊ အမေရိကန်မှ ယဲလိုးစတုန်းတို့လို လှုပ်ရှားမီးတောင်တွေဟာ နောက်ထပ် မီးတောင်ကပ်ဘေး ဖြစ်လာလိမ့်မယ်လို့ မိုက်ခ်ကက်ဆီဒီက ဖော်ပြထားပါတယ်။
■ နိုဝင်ဘာ ၂၃ ရက်နေ့မှာ ပေါက်ကွဲခဲ့တဲ့ အီသီယိုးပီးယားမြောက်ပိုင်းမှ ဟေလီဂက်ဘီမီးတောင်ဟာ နောက်ဆုံးရေခဲခေတ်နောက်ပိုင်း ပထမဆုံးဥပမာပေးရမယ့် ဖြစ်ရပ်ပါ။
■ ပြာမှုန်တွေက အမြင့်ပေ ၄ သောင်းခွဲအထိ မြင့်တက်သွားကာ အိန္ဒိယမြောက်ပိုင်းသို့ ရွေ့သွားပါတယ်။
■ နောက်တစ်ခုက မက္ကဆီကိုမီးတောင် အယ်ချီချွန်ဖြစ်ပြီး ရာစုနှစ်တွေတိုင်အောင် ငြိမ်သက်နေခဲ့ရာကနေ ၁၉၈၂ ခုနှစ်မှာ ပေါက်ကွဲခဲ့ကာ ကျောက်ရည်ပူတွေ၊ ပြာမှုန်တွေက အပျက်အစီးများစေပြီး လူပေါင်း ၂ ထောင်ကျော် သေဆုံးခဲ့ပါတယ်။
■ ရာသီဥတုပြောင်းလဲမှုကြီးလည်း ဖြစ်ခဲ့ပြီး ကမ္ဘာ့မြောက်ဘက်ခြမ်း အေးမြသွားကာ အာဖရိကကတော့ မိုးခေါင်ရေရှားသွားပါတယ်။
■ ကမ္ဘာပေါ်က လှုပ်ရှားမီးတောင်တွေရဲ့ တဝက်အောက်ကိုသာ စောင့်ကြည့်နေကြပြီး လူသိများတဲ့တောင်တွေကိုပဲ ဦးစားပေးသလို ဖြစ်နေတယ်လို့ ကက်ဆီဒီက ဆိုပါတယ်။
■ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗန်နျူတူတို့က မီးတောင် ၁၆၀ ကျော်အားလုံးထက် အက်နာမီးတောင်တစ်ခုတည်းကို လေ့လာချက်တွေ ပိုပြီးပြုလုပ်နေကြပါတယ်။
■ မီးတောင်ပေါက်ကွဲမှုကြီးတွေရဲ့ ၄ ပုံ ၃ ပုံလောက်ဟာ အနည်းဆုံး နှစ် ၁၀၀ အတွင်း ငြိမ်သက်နေတဲ့ မီးတောင်တွေဖြစ်ပြီး မီးတောင်ခန့်မှန်းမှုတွေကို စောင့်ကြည့်တဲ့စနစ်တွေက လိုအပ်ချက်ရှိနေတယ်လို့ သတိပေးသွားပါတယ်။
Source: WION
#World_News
Published 23 December 2025
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Trump class အမျိုးအစား စစ်သင်္ဘောသစ် အစီအစဉ်တွေကို တနင်္လာနေ့မှာ ကြေညာလိုက်ပါတယ်။
■ ဒါဟာ ရေတပ်ဖွဲ့စည်းမှု တိုးချဲ့လာခြင်းရဲ့အစဖြစ်သလို ကာကွယ်ရေး ကန်ထရိုက်တာတွေ ထုတ်လုပ်မှုနှောင့်နှေးတာတွေ ကုန်ကျစရိတ် ကျော်လွန်နေတာတွေအတွက် တိုးမြှင့်စိစစ်တဲ့လက္ခဏာတွေ ဖြစ်ပါတယ်။
■ စစ်သင်္ဘောအသစ်တွေက ယခင်သင်္ဘောတွေထက် အဆ ၁၀၀ လောက်ပိုပြီး ကြီးမားမြန်ဆန် အစွမ်းထက်မှာဖြစ်တယ်လို့ ဆိုလိုက်ပြီး အမေရိကန်ရေတပ်စိုးမိုးရေး ခိုင်မာဖို့ ရွှေရောင်ရေတပ်ကြီး တိုးချဲ့ရန်အတွက် အခရာဖြစ်ကြောင်း ပြောသွားပါတယ်။
■ စစချင်းမှာ သင်္ဘောနှစ်စင်းဖြင့် စတင်မှာဖြစ်ပြီး အစင်း ၂၀ မှ ၂၅ စင်းကြား တိုးမြှင့်သွားဖို့ရှိပါတယ်။
■ ပထမဆုံးအမျိုးအစားကို USS Defiant လို့ သတ်မှတ်သွားမှာဖြစ်ပါတယ်။
■ ဒါဟာ သမ္မတက သူ့ရဲ့ပုံရိပ်ဖြင့် ဖက်ဒရယ်အစိုးရ ရှုထောင့်ကနေ အမည်ပြောင်းလိုက်တဲ့သဘော ဖြစ်နေပါတယ်။
■ ယခင်က အမေရိကန် စစ်သင်္ဘောပုံစံတွေကို ဝေဖန်ခဲ့တဲ့ ထရမ့်ကတော့ ယခုအခါ ဒီဇိုင်းထုတ်လုပ်ပုံတွေမှာ ပါဝင်ပတ်သက်လာပြီ ဖြစ်ပါတယ်။
■ ယခုသင်္ဘောတွေက တန်ချိန် ၃ သောင်းလောက် ပိုလေးလာပြီး ဉာဏ်ရည်တုစနစ်၊ လေဆာစနစ်များ အပါအဝင် နောက်ဆုံးပေါ် နည်းပညာများ တပ်ဆင်ထားပါတယ်။
■ ကာကွယ်ရေး ကန်ထရိုက်တာတွေကို ကုန်ကျစရိတ် ထိရောက်စွာဖြင့် အရှိန်မြှင့်ထုတ်လုပ်ပေးဖို့လည်း ဖိအားပေးထားပါတယ်။
■ ကာကွယ်ရေးကန်ထရိုက်တာတွေရဲ့ စီမံကိန်းတွေ ဘက်ဂျက်များလွန်းနေပြီး အချိန်ကြန့်ကြာတာတွေကို အစိုးရက ဖြေရှင်းဖို့စီစဉ်နေတာ ဖြစ်ပါတယ်။
Source: Reuters
#World_Science
Published 23 December 2025
■ အသက်ကြီးလာတာနဲ့အမျှ ဦးနှောက်ထဲမှာ ကာလအပိုင်းအခြားအလိုက် ဖြစ်စဉ်ပြောင်းလဲလာပြီး ဦးနှောက်အာရုံကြောကွန်ရက် ပြောင်းလဲကာ စဉ်းစားတွေးခေါ်ပုံတွေလည်း မတူတော့ပါဘူး။
■ ပျမ်းမျှအားဖြင့် အသက် ၉ နှစ်၊ ၃၂ နှစ်၊ ၆၆ နှစ်၊ ၈၃ နှစ်တို့မှာ ဦးနှောက်ဖွဲ့စည်းပုံ စရိုက်လက္ခဏာတွေ သိသိသာသာ ပြောင်းလဲသွားကြတယ်လို့ သိပ္ပံပညာရှင်တွေ တွေ့ရှိလာပါတယ်။
■ အသက် ၉ နှစ်မှ ၃၂ နှစ်ကြားကာလက အာရုံကြောကွန်ရက်များ အလွန်အကျိုးရှိထိရောက်တဲ့ တစ်ခုတည်းသောကာလ ဖြစ်နေပါတယ်။
■ ၃၂ နှစ်နဲ့ ၆၆ နှစ်ကြား အရွယ်ရောက်ပြီးကာလမှာ ဦးနှောက်က ပြောင်းလဲမှုကြီးတွေ မရှိတော့ဘဲ တည်ငြိမ်သွားကြပါတယ်။
■ ၈၃ နှစ်နောက်ပိုင်းမှာတော့ ဦးနှောက်ကြား ချိတ်ဆက်မှုတွေ စတင်ယုတ်လျော့လာပါတယ်။
■ ဒါဟာ ဦးနှောက်ပြောင်းလဲမှုက အသက်အရွယ်အလိုက် အတက်အကျရှိနိုင်တယ်ဆိုတာကို နားလည်စေတဲ့ ပထမဆုံးလေ့လာချက်ဖြစ်ကြောင်း ကိမ်းဘရစ်ချ်တက္ကသိုလ်မှ သုတေသီ အလက်ဆာမော်စလေက ပြောပါတယ်။
■ သုတေသီအဖွဲ့က မွေးကင်းစအရွယ်ကနေ အသက် ၉၀ ကြားရှိတဲ့ လူပေါင်း ၃,၈၀၀ ခန့်ကို ဦးနှောက်အတွင်း မော်လီကျူးရွေ့လျားမှုပုံရိပ်တွေကို ဓာတ်မှန်ရိုက်ခဲ့ကာ အာရုံကြောချိတ်ဆက်မှုတွေကို လေ့လာဖို့ ကြိုးစားခဲ့ပါတယ်။
■ ၉ နှစ်မှ ၃၂ နှစ်ကြားကာလဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ အများဆုံးဖြစ်တတ်ကြတာကို တွေ့ခဲ့ကြပါတယ်။
■ တွေ့ရှိချက်တွေက စိတ်ဝင်စားစရာ ကောင်းတယ်ဆိုပေမယ့် ဒါတွေကို အတည်ပြုနိုင်ဖို့နဲ့ ဦးနှောက်ပြောင်းလဲတဲ့ အသက်အရွယ်တွေကို အတိအကျသတ်မှတ်နိုင်ဖို့ဆိုတာ နောက်ထက်သုတေသနတွေ လိုအပ်နေပါသေးတယ်။
Source: NBC News
ဆစ်ဒနီမှ ဘွန်ဒီကမ်းခြေ သေနတ်ပစ်ခတ်မှုဟာ ဩစတြေးလျရဲ့ ထောက်လှမ်းရေးစနစ် ပြဿနာတွေရှိနေတာကို ပြသနေပြီး ပြန်လည်သုံးသပ်စစ်ဆေးဖို လိုလာပြီဆိုတာကို ဝန်ကြီးချုပ် သိုနီအယ်ဘေးနိစ်က ဝန်ခံလိုက်ပါတယ်။
#World_News
#ဩစတြေးလျ #ဘွန်ဒီကမ်းခြေ
Published 22 December 2025
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 22 December 2025
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့က သံအမတ်နဲ့ အခြားသော အကြီးတန်းသံရုံးရာထူးများမှ နှစ်ရှည်သံတမန် ၃၀ နီးပါးခန့်ကို တာဝန်မှပြန်လည်ခေါ်ယူလိုက်ပါတယ်။
■ အမေရိကန်သံတမန်ရေး ရပ်တည်မှုကို အမေရိကန်ဦးစားပေးစနစ် အပြည့်အဝထောက်ခံတယ်လို့ ယူဆရတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပြန်လည်ပုံသွင်းသွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
■ အနည်းဆုံး ၂၉ နိုင်ငံလောက်မှ သံတမန်ရေးရာအကြီးအကဲတွေကို ဇန်နဝါရီမှာ တာဝန်ပြီးဆုံးမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်က အသိပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိနှစ်ဦးက ဆိုပါတယ်။
■ သူတို့အားလုံးဟာ ဂျိုးဘိုင်ဒင်အစိုးရလက်အောက်မှာ ရာထူးတာဝန်တွေ ရရှိခဲ့တာဖြစ်ပြီး ထရမ့်အစိုးရအစောပိုင်းလတွေမှာ ကျန်ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။
■ ဒါပေမဲ့ ဖယ်ရှားခံရသူတွေဟာ နိုင်ငံခြားရေးရာအလုပ်တွေကို ဆုံးရှုံးတာမျိုးမဟုတ်ဘဲ ဝါရှင်တန်သို့ပြန်လာကာ ယင်းတို့ဆန္ဒရှိတဲ့ အခြားသောတာဝန်တွေ ရယူနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
■ သံအမတ်ဆိုတာဟာ သမ္မတရဲ့ ပုဂ္ဂိုလ်ရေးကိုယ်စားလှယ်ဖြစ်ပြီး အမေရိကားသာဦးစားပေး အစီအစဉ်အတွက် သမ္မတကြိုက်နှစ်သက်ရာ ပုဂ္ဂိုလ်တွေကို ခန့်အပ်နိုင်တယ်လို့ ဆိုပါတယ်။
■ ထိုနိုင်ငံတွေထဲမှာ အာဖရိကတိုက်မှ အများဆုံးပါဝင်ပြီး ကမ်မရွန်၊ အိုင်ဗရီကို့စ်၊ မာဒါဂတ်စ်ကာ၊ နိုင်ဂျီးရီးယား၊ ရဝမ်ဒါ၊ ဆိုမာလီယာတို့လို နိုင်ငံတွေပါဝင်ပါတယ်။
■ ဒုတိယအများဆုံးက အာရှတိုက်ဖြစ်ကာ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်တို့လို နိုင်ငံတွေအပါအဝင် ၆ နိုင်ငံပါဝင်ပါတယ်။
■ ဥရောပမှ အာမေးနီးယား၊ မက်ဆီဒိုးနီးယား၊ မွန်တီနီဂရိုး၊ ဆလိုဗေးကီးယားနဲ့ အရှေ့အလယ်ပိုင်းမှ အယ်ဂျီးရီးယား၊ အီဂျစ်၊ အာရှအလယ်ပိုင်းမှ နီပေါ၊ သီရိလင်္ကာ၊ အနောက်ဘက်ခြမ်းမှ ဂွာတီမာလာနဲ့ ဆူရီနမ်တို့ ပါဝင်ပါတယ်။
■ အချို့သောလွှတ်တော်အမတ်တွေနဲ့ အမေရိကန်သံတမန်သမဂ္ဂတွေကတော့ ဒီလိုပြန်လည်ခေါ်ယူတဲ့အပေါ် စိုးရိမ်ပူပန်မိကြောင်း ဖော်ပြလာပါတယ်။
Source: AP News
Page 66 of 1152