#World_News
Published 24 June 2026

■ မြောက်ကိုရီးယားအနေဖြင့် လာမယ့် ၅ နှစ်အတွင်း မက်ထရစ်တန်ချိန် ၅,၀၀၀ ရှိတဲ့ ချွဲဟျွန်းစစ်ရေယာဉ်ကဲ့သို့ ကြီးမားတဲ့ ဖျက်သင်္ဘောနှစ်စင်းကို နှစ်စဉ် တည်ဆောက်သွားသင့်ကြောင်း ခေါင်းဆောင် ကင်မ်ဂျုံအန်းက အင်္ဂါနေ့ တာဝန်ပေးအပ်ခြင်း အခမ်းအနားမှာ ပြောကြားခဲ့ကြောင်း KCNA က ဖော်ပြထားပါတယ်။

■ ကင်မ်ဂျုံအန်းက ဘက်စုံသုံး ဖျက်သင်္ဘောအသစ်ဖြစ်တဲ့ ချွဲဟျွန်းကို တာဝန်‌ေနရာချခြင်း ပွဲတက်ရန် မြောက်ကိုရီးယား နမ်ပိုဆိပ်ကမ်းမှာ ပြုလုပ်တဲ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပါတယ်။

■ ဒီဖျက်သင်္ဘောက ပြီးခဲ့တဲ့ ၁၄ လအတွင်း စစ်ဆင်ရေးစမ်းသပ်မှုများကို အောင်မြင်ခဲ့ပါတယ်။

■ မကြာမီ ကန်ကွန်လို့ခေါ်တဲ့ နောက်ထပ် ၅,၀၀၀ တန်ချိန် ဖျက်သင်္ဘောတစ်စင်းကို တန်ချိန် ၁၀,၀၀၀ ရှိတဲ့ မဟာဗျူဟာမြောက် စစ်ရေယာဉ်များနဲ့အတူ တပ်ဖြန့်ရန် စီစဉ်နေတယ်လို့လည်း ဖော်ပြထားပါတယ်။

■ မြောက်ကိုရီးယား စစ်တပ်မှာ ရေတပ်က အားအနည်းဆုံး ဖြစ်ခဲ့ဖူးပေမယ့် အခုအခါ စွမ်းဆောင်ရည်မှာ မယုံနိုင်စရာ ကောင်းလောက်အောင် ဖြစ်လာတော့မယ်လို့ ကင်မ်ဂျုံအန်းက ပြောပါတယ်။

■ ခေတ်မီရေတပ်အခြေစိုက်စခန်းတစ်ခု တည်ဆောက်ခြင်းက အရေးတကြီး လိုအပ်ပြီး မဖြစ်မနေ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တစ်ခု ဖြစ်လာပြီလို့ ကင်မ်ဂျုံအန်းက ပြောပါတယ်။

■ ရေတပ်အတွက် အရေးအကြီးဆုံး ပြောင်းလဲမှုမှာ အဆင့်အတန်း၊ အခန်းကဏ္ဍနဲ့ စစ်ဆင်ရေးနယ်ပယ် ပြောင်းလဲလာခြင်း ဖြစ်လိမ့်မယ်လို့ ကင်မ်က ပြောဆိုခဲ့ပါတယ်။

Source: Reuters