#World_Science
Published 24 June 2026
■ တေးဂီတတစ်ခုကို တစ်ကြိမ်နားထောင်ပြီးနောက် မိနစ်ပိုင်းအတွင်း စန္ဒရားပေါ်မှာ ကိုယ်တိုင်လေ့ကျင့်ကာ ပြန်လည်တီးခတ်နိုင်တဲ့ စက်ရုပ်လက်တစ်ခုကို အမေရိကန်သုတေသီများ တီထွင်လိုက်ပါတယ်။
■ ဒီစက်ရုပ်လက်ဟာ ဘယ်လိုဂီတသင်္ကေတတွေ၊ ကြိုတင်ထည့်သွင်းထားတဲ့ ဂီတမှတ်စုများအပေါ် မှီခိုခြင်းမရှိဘဲ နှစ်မိနစ်ခန့်သာ ကိုယ်တိုင်လေ့ကျင့်ပြီးနောက် ပြန်လည်တီးခတ်နိုင်တာ ဖြစ်ပါတယ်။
■ ဒီနည်းလမ်းဖြင့် ပါကင်ဆန်ရောဂါ ကုသနည်းသစ်များအတွက် လမ်းစဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
■ စက်ရုပ်လက်က ကလေးငယ်များ ခြေလက်လှုပ်ရှားမှု သင်ယူတဲ့နည်းလမ်းနဲ့ ဆင်တူတဲ့ မော်တာဘက်ဘလင်းနည်းစနစ်ကို အသုံးပြုထားပါတယ်။
■ ဒါက အသံကို ခွဲခြိမ်းစိတ်ဖြာပြီး လှုပ်ရှားမှုအမိန့်ပေးချက်များအဖြစ် ပြောင်းလဲရန် အာရုံကြောကွန်ရက်များ ပါဝင်တဲ့ အရွတ်လက်ချောင်းများကို အသုံးပြုထားပါတယ်။
■ ဒီနည်းလမ်းက စက်ရုပ်တွေဟာ များပြားလှတဲ့ လေ့ကျင့်ရေးဒေတာများ မလိုအပ်ဘဲ အာရုံခံခြင်း၊ စမ်းသပ်ခြင်းနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်စွမ်းရှိတဲ့ နည်းပညာကို ပြသနေပြီး သမားရိုးကျ စက်ရုပ်နည်းပညာ အယူအဆဟောင်းတွေကို စိန်ခေါ်သလို ဖြစ်နေပါတယ်။
■ ပါကင်ဆန်ရောဂါဝေဒနာရှင်များအတွက် ကူညီပေးမယ့် နည်းပညာများ၊ လူတစ်ဦးချင်းစီရဲ့ လှုပ်ရှားမှုပုံစံအတိုင်း လိုက်လျောညီထွေဖြစ်စေမယ့် စက်ရုပ်အင်္ကျီများ၊ လူနာတစ်ဦးချင်းစီအတွက် သီးသန့်ပြုလုပ်ထားတဲ့ ကာယကုထုံးသုံးစက်ရုပ်များ ပါဝင်ပါတယ်။
■ ဂီတပညာရှင်စက်ရုပ်လက် နမူနာပုံစံရဲ့ အခြေခံမူများကို အသုံးပြုပြီး သုတေသီတွေက လေဖြတ်ဝေဒနာရှင်များ၊ ဆောက်လုပ်ရေးလုပ်သားများ၊ သက်ကြီးရွယ်အိုများကို ကူညီပေးနိုင်ရန်နဲ့ ပိုမိုကျယ်ပြန့်တဲ့ နယ်ပယ်တွေမှာ အသုံးပြုရန် မျှော်မှန်းထားပါတယ်။
Source: NR Times