#World_News
Published 23 June 2026

■ ငြိမ်းချမ်းရေးသဘောတူညီချက်အရ ပထမဆုံးအကြိမ် ဆွေးနွေးပွဲများ ပြုလုပ်ပြီးနောက် တနင်္လာနေ့ကစပြီး အီရန်အပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုများကို ရက်ပေါင်း ၆၀ ကြာ အမေရိကန်က ကင်းလွတ်ပေးခဲ့သလို ဒေသတွင်း ပဋိပက္ခများ အဆုံးသတ်ရန် ရည်ရွယ်ကာ လက်ဘနွန်နိုင်ငံအတွင်း တိုက်ပွဲများ ငြိမ်သက်သွားကြောင်း တာဝန်ရှိသူများ ပြောသွားပါတယ်။

■ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဟော်မုဇ်ရေလက်ကြားတလျှောက် သင်္ဘောဖြတ်သန်းသွားလာမှုတွေကို အီရန်နှောင့်ယှက်ပါက သမ္မတဒေါ်နယ်ထရမ့်က စစ်ပွဲပြန်စမယ်လို့ ခြိမ်းခြောက်ပြီးနောက် ဒီလိုသဘောတူညီချက် ရလာတာ ဖြစ်ပါတယ်။

■ ဆွစ်ဇာလန်မှာ အီရန်တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ပြီး နောက်ဆုံးပိတ် ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် အခြေခံအုတ်မြစ်ကောင်း ချမှတ်နိုင်ခဲ့တယ်လို့ အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်က ပြောပါတယ်။

■ ကြားဖြတ်သဘောတူညီချက်ထဲမှာ လက်ဘနွန်အတွင်း တိုက်ခိုက်မှုများ အဆုံးသတ်ရန်နဲ့ ဟော်မုဇ်ရေလက်ကြားကနေ ဖြတ်သန်းသွားလာမယ့် သင်္ဘောများအတွက် ဘေးကင်းလုံခြုံစေရန်တို့ ပါဝင်ပါတယ်။

■ အီရန်က ရေနံနဲ့ ရေနံဓာတုပစ္စည်းများ တင်ပို့ခွင့်ဆိုင်ရာ ပိတ်ဆို့မှုကင်းလွတ်ခွင့်များနဲ့ ထိန်းချုပ်ခံထားရတဲ့ ပိုင်ဆိုင်မှုအချို့ ပြန်လည်အသုံးပြုခွင့် ရရှိခဲ့ပါတယ်။

■ အီရန်က နျူကလီးယား စစ်ဆေးရေးမှူးများ လာရောက်ခွင့်ပြုရန် သဘောတူခဲ့ပေမယ့် ဆွေးနွေးမှုများအတွင်း နျူကလီးယားအစီအစဉ်အကြောင်း ထည့်သွင်းဆွေးနွေးခဲ့ခြင်း မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

■ လက်ဘနွန်မှာ တိုက်ပွဲများ လျော့နည်းသွားပြီး အပစ်အခတ်ရပ်စဲရေး ၂ ရက်တိုင်တိုင် တည်မြဲနေပေမယ့် အစ္စရေးလ်ကတော့ စစ်တပ်များ ပြန်လည်ရုပ်သိမ်းရန် သဘောမတူသေးပါဘူး။

Source: Reuters