#World_Science
Published 12 June 2025
▪️ သိပ္ပံပညာရှင်တွေက အနီအောက်မြင်ကွင်းကို အသုံးပြုကာ အမှောင်ထဲမြင်နိုင်မယ့် မျက်ကပ်မှန်တွေကို ဖန်တီးလိုက်ပြီး အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ တိုးတက်လာနိုင်မှာ ဖြစ်ပါတယ်။
▪️ ညကြည့်မျက်မှန်တွေနဲ့ မတူတာက ဒီမျက်ကပ်မှန်တွေဟာ စွမ်းအားရင်းမြစ်မလိုအပ်ဘဲ အနီအောက်အရောင်နဲ့ အလင်းတို့ကို တပြိုင်တည်း မြင်စေနိုင်မှာဖြစ်ပါတယ်။
▪️ မျက်ကပ်မှန်က အလွန်သေးငယ်တဲ့ နာနိုအမှုန်များဖြင့် အနီအောက်ရောင်ခြည်ကို ဖမ်းယူကာ နို့တိုက်သတ္တဝါမျက်လုံးတွေနဲ့ မြင်နိုင်မယ့် လှိုင်းအလျားအဖြစ်သို့ ပြောင်းလဲပေးပါတယ်။
▪️ ဒီအမှုန်တွေက လှိုင်းအလျား ၈၀၀ မှ ၁၆၀၀ နာနိုမီတာရှိတဲ့ အနီအောက်ရောင်ခြည်တွေကို တွေ့မြင်နိုင်ပါတယ်။
▪️ တရုတ်သိပ္ပံပညာရှင်တွေက ခန္ဓာကိုယ်ထဲ ဝင်ရောက်စရာမလိုတဲ့ နည်းလမ်းဖြင့် ဒီလိုမျိုးမြင်နိုင်အောင် ကြွက်တွေနဲ့ စမ်းသပ်ခဲ့ပါတယ်။
▪️ ဒီနောက် မျက်ကပ်မှန်တွေနဲ့ ပေါင်းစပ်ခဲ့ပြီး လူသားတွေရော ကြွက်တွေမှာပါ စမ်းသပ်ခဲ့ပါတယ်။
▪️ ကြွက်တွေကို တပ်ပေးပြီးတော့ အမည်းရောင်သေတ္တာနဲ့ အနီအောက်အရောင် သေတ္တာတို့ကို ရွေးချယ်စေခဲ့ရာမှာ မျက်ကပ်မှန်တပ်ထားတဲ့ ကြွက်တွေက အမည်းရောင်သေတ္တာကို ရွေးချယ်ခဲ့ကြပါတယ်။
▪️ မျက်ကပ်မှန်တပ်တဲ့ လူသားတွေမှာ အနီအောက်အချက်ပြမှုတွေကို တိကျစွာ တွေ့မြင်ရပါတယ်။
▪️ မျက်လုံးပိတ်တဲ့ အခါမှာတောင် အနီအောက်အလင်းရောင်က မျက်ခွံကို ဖြတ်သန်းနိုင်တာကြောင့် ဒီအလင်းကို မြင်တွေ့နိုင်ပါသေးတယ်။
▪️ အနာဂတ်မှာ သိပ္ပံပညာရှင်တွေနဲ့ စက္ခုပညာရှင်များ ပူးပေါင်းပြီး ပုံရိပ်ပိုမိုပြတ်သားကြည်လင်ပြီး ပိုမိုမြင်တွေ့နိုင်တဲ့ မျက်ကပ်မှန်တွေ ထုတ်လုပ်ဖို့ ရည်မှန်းထားကြပါတယ်။
#Source: Independent
တနင်္ဂနွေနေ့က တရုတ်အရှေ့ပိုင်း ဟန်ကျိုးမြို့မှာ တရုတ်မီဒီယာဂရု(CMG)မှ ဦးစီးကျင်းပတဲ့ Win in AI plus ပြိုင်ပွဲကြီးရဲ့ ဖိုင်နယ်ပွဲတွေကို ကျင်းပခဲ့ပါတယ်။
#World_Technology
Published 11 June 2025
#Win_in_AI_plusပြိုင်ပွဲကြီး #ဖိုင်နယ်အဆင့်ရောက်ရှိ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 11 June 2025
၁။ ပြည်ပတင်ပို့မည့်စိုက်ပျိုးရေးထွက်ကုန် အချို့ကိုအလိုအလျောက်လိုင်စင်စနစ်ဖြင့် ခွင့်ပြုမည်
၂။ ငွေကျပ် ၃၀ဘီလီယံ မတည်ထားသည့်ကမ္ဘောဇ ကယ်ဆယ်ကူညီထောက်ပံ့ရေးစင်တာ စတင်ဖွင့်လှစ်
၃။ ရန်ကုန်တိုင်း၌ မိုးစပါးဧက၁၁သိန်းကျော် စိုက်ပျိုးရန်လျာထား
၄။ တရုတ်ထိပ်သီး AI ကုမ္ပဏီများယှဉ်ပြိုင်ကြသည့် Win in AI plus ပြိုင်ပွဲကြီးဖိုင်နယ်အဆင့်ရောက်ရှိ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 11 June 2025
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လော့စ်အိန်ဂျလိစ်မှာ တပ်ဖြန့်ကျက်ထားတဲ့ ဆုံးဖြတ်ချက်ကို ကာကွယ်ဖို့အတွက် အင်္ဂါနေ့က တပ်သားများကို ဂုဏ်ပြုမိန့်ခွန်းပြောကြားခဲ့ပါတယ်။
▪️ ထရမ့်အစိုးရရဲ့ လူဝင်မှုမူဝါဒတွေနဲ့ ပတ်သက်ပြီး အတိုက်အခံဖြစ်နေကြရာမှာ ထရမ့်က လော့စ်အိန်ဂျလိစ်မှာ တပ်များဖြန့်ကျက်ထားသဖြင့် ဝေဖန်ရေးသမားများက ဒါဟာ နိုင်ငံရေးအရ အလွန်အကဲ တုံ့ပြန်လှုံ့ဆော်မှုဖြစ်တယ်လို့ ရှုတ်ချထားပါတယ်။
▪️ မြောက်ကယ်ရိုလိုင်းနား ခံတပ်ဘရက်ဂ်ရှိ စစ်အခြေစိုက်စခန်းမှာ ထရမ့်က "ခေတ်အဆက်ဆက် အသက်ပေးခဲ့ကြတဲ့ စစ်သားများဟာ တိုင်းတစ်ပါးမှ ကျူးကျော်ဝင်ရောက်ဖျက်ဆီးတာကို ဒီအတိုင်း ကြည့်မနေခဲ့ကြဘူး။
▪️ သောင်းကျန်းသူတွေက နိုင်ငံခြားအလံတွေကိုင်ပြီး ကယ်လီဖိုးနီးယားမှာ ငြိမ်းချမ်းရေးနဲ့ တိုင်းပြည်အချုပ်အခြာအာဏာတို့ကို ထိပါးနေတာ တွေ့နေရမှာပါ။ လော့စ်အိန်ဂျလိစ်ကို လွတ်မြောက်အောင် လုပ်သွားပါမယ်" လို့ စစ်သည်များကို ပြောသွားပါတယ်။
▪️ ထရမ့်သွားရောက်တဲ့ ခံတပ်ဘရက်ဂ်ဟာဆိုရင် စစ်မှုထမ်း ၅ သောင်းခန့်ရှိပါတယ်။
▪️ ထရမ့်ရဲ့ လူဝင်မှုမူဝါဒနဲ့ ပတ်သက်ပြီး လမ်းပေါ်မှာ ဆန္ဒပြနေကြတာကို တုံ့ပြန်တဲ့နေရာမှာ ထရမ့်က မရိန်းတပ်သား ၇၀၀ နဲ့ အမျိုးသားကာကွယ်ရေး အစောင့်တပ်သား ၄ ထောင်ကို လော့စ်အိန်ဂျလိစ်သို့ နေရာချခဲ့ပါတယ်။
▪️ အစိုးရပိုင်ပစ္စည်းတွေနဲ့ အမှုထမ်းတွေကို ကာကွယ်ဖို့ စစ်ရေးဖြန့်ကျက်ရန် လိုအပ်ကြောင်း ထရမ့်က ပြောပါတယ်။
▪️ မငြိမ်မသက်မှုများကြောင့် မြို့ထဲအချို့နေရာမှာ ပိတ်ဆို့နေပြီး ဆန္ဒပြသူအများစုက ရွှေ့ပြောင်းနေထိုင်သူများကို ထောက်ခံတဲ့အနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြပါတယ်။
▪️ အမေရိကန်စစ်တပ်ရဲ့ နှစ်(၁၅၀)ပြည့် အထိမ်းအမှတ်ပွဲမှာ ထရမ့်နဲ့ ကာကွယ်ရေးဝန်ကြီး ပိဟက်ဂ်ဆက်တို့က စစ်သားများ စစ်ရေးပြခြင်းနဲ့ တာဝေးပစ်ဒုံးကျည် ပစ်လွှတ်ခြင်းတို့ကို ကြည့်ရှုခဲ့ပါတယ်။
▪️ အင်္ဂါနေ့အစောပိုင်းကလည်း ဘဲဥပုံရုံးခန်းမှာ ထရမ့်က သတင်းထောက်တွေကို ပြောကြားရာမှာ ဆန္ဒပြသူတွေအနေနဲ့ အင်အားသုံးဖြိုခွဲတာကို ကြုံတွေ့ရမှာဖြစ်ကြောင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ အကြမ်းဖက်ဆန္ဒပြသူတွေဆိုပြီး ခွဲခြားနေမှာမဟုတ်ကြောင်း ဆိုပါတယ်။
#Source: Reuters
#World_Health
Published 11 June 2025
▪️ အိန္ဒိယနိုင်ငံရဲ့ လူဦးရေ ၇၆ ရာခိုင်နှုန်းနီးပါးဟာ အခုဆိုရင် အပူအန္တရာယ်မြင့်မားတယ်လို့ သတ်မှတ်ထားတဲ့ နေရာတွေမှာ နေထိုင်ကြတယ်လို့ လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
▪️ နှစ် ၄၀ ရာသီဥတု အချက်အလက်များ အသုံးပြုပြီး ခရိုင် ၇၃၄ ခုကို အကဲဖြတ်ခဲ့ရာ ၄၁၇ ခုက အပူအန္တရာယ်အလွန်များတဲ့ နေရာတွေ ဖြစ်နေပါတယ်။
▪️ နေ့ဘက်အပူချိန် ဆက်လက်မြင့်တက်နေသလို ညဘက်တွေမှာလည်း အနိမ့်ဆုံးအပူချိန်က သာမန်နှုန်းထက် ၉၅ ရာခိုင်နှုန်း ပိုများနေပါတယ်။
ညဘက်အပူချိန်များတဲ့အခါ ခန္ဓာကိုယ်က အေးမြဖို့အချိန်မရတာကြောင့် ပိုပြီးအန္တရာယ်များပါတယ်။
▪️ လူဦးရေများတဲ့ နေရာတွေမှာ ညဘက်ပူနွေးတာ ပိုပြီးသိသာတယ်လို့ ဖော်ပြထားပါတယ်။
▪️ ဒီလိုမျိုး အပူချိန်နဲ့ စိုစွတ်မှုကို ကြာရှည်ထိတွေ့တဲ့အခါ ကျန်းမာရေးအပေါ် သက်ရောက်လာနိုင်တယ်လို့ ဆရာဝန်များ သတိပေးထားပါတယ်။
▪️ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ နွမ်းနယ်ခြင်း၊ ကြွက်တက်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ အိပ်ရေးမဝခြင်းတို့ အဖြစ်များလာတယ်လို့ ဒေါက်တာ အရူနက်ရှ်ကူပါက ပြောပါတယ်။
▪️ ၁၉၉၈ မှ ၂၀၁၇ အတွင်း အပူလှိုင်းကြောင့် ကမ္ဘာတဝှမ်းမှာ သေဆုံးသူ ၁ သိန်း ၆ ခြောက်သောင်းကျော် ရှိထားတယ်လို့ WHO က ထုတ်ပြန်ထားပါတယ်။
▪️ ၂၀၂၃ ခုနှစ်က အိန္ဒိယတစ်နိုင်ငံတည်းမှာပင် အပူလျှပ်သူ ၄၈,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၅၉ ဦး ရှိထားပါတယ်။
▪️ အပူလျှပ်ခြင်းမဖြစ်ရအောင် ရေဓာတ်ပြည့်ဝစွာနေခြင်း၊ ပေါ့ပါးသောအဝတ်များ ဝတ်ခြင်း၊ အပြင်ထွက်ရင် ဦးထုပ် နေကာမျက်မှန်များအသုံးပြုခြင်း၊ နေအမြင့်ဆုံးအချိန် အပြင်မသွားခြင်း၊ အပြင်မှာ အလုပ်လုပ်ရင် အနားယူပေးခြင်း၊ အပူလျှပ်ခြင်းလက္ခဏာများ သိရှိထားခြင်း၊ အေးမြအောင် နေထိုင်ခြင်း၊ အရည်ရွှမ်းသော စားစရာများစားခြင်း၊ သက်ကြီးရွယ်အိုများနဲ့ ကလေးများကို သေချာစောင့်ကြည့်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။
#Source: India Today
#World_Health
Published 11 June 2025
▪️ ယနေ့ခေတ်လို အလျင်အမြန် တိုးတက်နေတဲ့ခေတ်ကြီးမှာ ရိုးရှင်းတဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအလေ့အထတွေကို မေ့လျော့နေတတ်ကြပါတယ်။
စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်ရင် နေ့စဉ်ဘဝဖိစီးမှုတွေကို ခံနိုင်ပြီး စိတ်အခြေအနေတွေ ပူပန်စိတ်တွေ ခံစားချက်တွေကို မြှင့်တင်ပေးနိုင်ပါတယ်။
▪️ ဒါကြောင့် စိတ်ကျန်းမာရေးအတွက် အခြေခံကောင်းဖြစ်စေမယ့် အလေ့အထများကို ဖော်ပြလိုက်ပါတယ်။
▪️ (၁) အိပ်ချိန်ထချိန် ပုံမှန်ပြုလုပ်ခြင်းဖြင့် စိတ်အခြေအနေကို တည်ငြိမ်စေပြီး ပင်ပန်းနွမ်းနယ်တာတွေ လျော့နည်းစေနိုင်ပါတယ်။
▪️ (၂) ကျေးဇူးသိနိုင်မယ့် အရာတွေကို ပြန်လည်တွေးတောကြည့်တတ်တဲ့အကျင့်က လူကိုပျော်ရွှင်စေပြီး စိတ်ဓာတ်ကျနိုင်ခြေ နည်းစေပါတယ်။
▪️ (၃) သဘာဝအလင်းရောင် ထိတွေ့ခြင်းဖြင့် စိတ်အခြေအနေ ထိန်းညှိပေးတဲ့ ဆယ်ရိုတိုနင်ကို မြှင့်တင်ပေးနိုင်သဖြင့် နံနက်ခင်း လမ်းလျှောက်ခြင်း ပြုလုပ်နိုင်ပါတယ်။
▪️ (၄) တစ်ယောက်ယောက်ကို စကားပြောပေးတာက ပူပန်စိတ်တွေနဲ့ အထီးကျန်ခြင်းတွေကို ပြေလျော့စေနိုင်ပါတယ်။
▪️ (၅) ရေအလုံအလောက် သောက်ပေးရင် အားအင်ရော စိတ်အခြေအနေပါ ထိန်းသိမ်းပေးနိုင်ပါတယ်။
▪️ (၆) ပြောင်း၊ ဂျုံ၊ ပရိုတိန်း၊ အိုမီဂါ-၃ ဖက်တီးအက်ဆစ်အပါအဝင် အာဟာရဓာတ်မျှတစွာ စားသုံးခြင်းဖြင့် စိတ်အပြောင်းအလဲဖြစ်ခြင်းကို လျော့နည်းစေပါတယ်။
▪️ (၇) ဖုန်း ကွန်ပျူတာ တီဗီတို့အကြည့်များအရင် ပူပန်စိတ်ဖြစ်ပေါ်စေပြီး အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်နိုင်တာကြောင့် ကြည့်ရှုချိန်ကန့်သတ်ထားရှိသင့်ပါတယ်။
▪️ (၈) လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးရင် ဦးနှောက်ထဲမှာ အင်ဒေါ်ဖင်းဟော်မုန်း ထွက်စေပြီး စိုးရိမ်ပူပန်မှုများ လျော့ကျစေနိုင်ပါတယ်။
▪️ (၉) ကိုယ့်ရဲ့အတွေးတွေကို ချရေးမှတ်ခြင်းက ခံစားချက်တွေကို ထိန်းချုပ်နိုင်ကာ အလွန်အကျွံတွေးတောခြင်းကို လျော့နည်းစေနိုင်ပါတယ်။
▪️ (၁၀) ငါးမိနစ်လောက် စိတ်ထဲရှုမှတ်တဲ့ အလေ့အကျင့်က အာရုံကြောစနစ် ငြိမ်သက်စေကာ အာရုံစူးစိုက်မှု၊ သည်းခံနိုင်စွမ်းတို့ကို တိုးတက်စေနိုင်ပါတယ်။
#Source: DoctorNDTV
တောင်အာဖရိကနိုင်ငံက တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းရေးမှာ ကြိုတင်လှုပ်ရှားနေပြီး မျိုးသုဉ်းအန္တရာယ်ရှိနေတဲ့ အာဖရိကပင်ဂွင်း ပေါက်ဖွားရာအဓိကနေရာ ၆ ခုမှာ ငါးမမျှားရနယ်မြေအဖြစ် သတ်မှတ်ဖို့ ၁၀ နှစ်တာ သဘောတူညီချက်ကို ဖော်ပြလာပါတယ်။
#World_Wildlife
Published 10 June 2025
#အာဖရိကပင်ဂွင်းမျိုးစိတ် #မျိုးသုဉ်းပျောက်ကွယ်
#YMG #Yangon_Times #Yangon_Media_Group
Page 41 of 1008