#World_Politics
Published 19 February 2026
■ ဘင်္ဂလားဒေ့ရှ်ရဲ့ ၁၃ ကြိမ်မြောက် ပါလီမန်ရွေးကောက်ပွဲမှာ ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ BNP က ၂၉၇ နေရာအနက် ၂၀၉ နေရာ ရရှိခဲ့ပါတယ်။
■ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ တာရစ်ရာမန်ဟာ နာမည်ပြောင်တစ်ခု ရနေတဲ့သဘော မြင်နေရပါတယ်။
■ အမျိုးသားရေးနိုင်ငံသားများပါတီ NCP နဲ့ ဂျာမက်အယ်အစ္စလာမီအဖွဲ့ဝင်တွေက ရာမန်ဟာ ရွေးကောက်ပွဲရလဒ်ကို လိုသလိုတည်ဆောက်နေတဲ့အတွက် အင်ဂျင်နီယာလို့ စွပ်စွဲခေါ်ဝေါ်နေကြတာ ဖြစ်ပါတယ်။
■ NCP ခေါင်းဆောင်က ဖေ့စ်ဘွတ်ခ်ပေါ်မှာ "ဂုဏ်ယူပါတယ် အင်ဂျင်နီယာတာရစ်ရာမန်။ ၁၃ ကြိမ်မြောက် အမျိုးသားရွေးကောက်ပွဲအင်ဂျင်နီယာမှာ အနိုင်ရတဲ့အတွက် ဂုဏ်ပြုပါတယ်" လို့ ဖော်ပြခဲ့ပါတယ်။
■ ဒီနောက် ဆိုရှယ်မီဒီယာပေါ်မှာ လူတွေက ရာမန်ကို စတင်ပြီး လှောင်ပြောင်သရော်တဲ့ သဘောတွေနဲ့ ရေးသားလာကြပါတယ်။
■ ထိုထဲကတစ်ယောက်ဆိုရင် "ရာမန်ဟာ ပညာရပ်ခန်းမသင်ကြားရဘဲ အင်ဂျင်နီယာဖြစ်လာသူ" လို့ ပြောထားပါတယ်။
■ AI ဖြင့်ဖန်တီးတဲ့ရုပ်ပုံတွေထဲမှာဆိုရင် ရာမန်ကို ဆောက်လုပ်ရေးအင်ဂျင်နီယာဝတ်စုံဖြင့် အင်တာနက်ပေါ်မှာ ပလူပျံနေပါတယ်။
■ NCP နဲ့ ဂျာမက်အယ်အစ္စလာမီတို့က ရွေးကောက်ပွဲဟာ လိမ်လည်ထားတယ်လို့ စွပ်စွဲနေကြပြီး NCP မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အထောက်အထားတွေ ရှိထားတယ်လို့ ဆိုနေပါတယ်။
■ ရာမန်ဟာ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး ပြည်သူတွေရဲ့ ထောက်ခံမှုကိုသာ အနိုင်ရအောင် ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။
Source: NDTV
#World_Health
Published 19 February 2026
■ မန်ကျည်းသီးဟာ အိန္ဒိယမီးဖိုချောင်တွေမှာ အသုံးများပြီး အစာခြေခြင်းအတွက် အကျိုးကျေးဇူးများစွာ ရစေပါတယ်။
■ အာဖရိကမှ စတင်အခြေပြုကာ tamarindus indica အပင်ကနေ ဆင်းသက်လာပါတယ်။
သူ့ရဲ့ ဆေးဖက်ဝင်ပုံများကို အသိအမှတ်ပြုထားကြပြီး ယခုသုတေသနမှာလည်း အကျိုးကျေးဇူးတွေ တွေ့ရပါတယ်။
■ မန်ကျည်းသီးရဲ့ ကျန်းမာရေးအာနိသင်ဝင်ပုံတွေထဲက တစ်ခုက သဘာဝအတိုင်း ဝမ်းပျော့စေတာ ဖြစ်ပါတယ်။
■ အမျှင်ဓာတ်တွေက အူလမ်းကြောင်းတလျှောက် ဝမ်းသွားရလွယ်ကူစေကာ ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးပါတယ်။
■ သူ့ရဲ့အချဉ်ဓာတ်က စွမ်းအားမြင့် ဓာတ်တိုးဆန့်ကျင်အာနိသင် ပေးစွမ်းနိုင်ပြီး အသည်းထဲက သည်းခြေရည်ကို လှုံ့ဆော်ပေးပါတယ်။
■ ဒီအတွက် အဆီတွေကို ဖြိုခွဲပေးပြီး တံတွေးကိုလည်း လှုံ့ဆော်ပေးကာ ကာဗိုဟိုက်ဒရိတ်တွေ ချေဖျက်ပေးပါတယ်။
■ သင့်တင့်စွာ စားသုံးပေးရင် အစာအိမ်ထဲက pH ပမာဏ ညီမျှစေပြီး ပိုတက်ဆီယံနဲ့ မဂ္ဂနီဆီယံတို့က အစာအိမ်နံရံတွေ ချောမွေ့စေပါတယ်။
■ မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ချပေးကာ ရောင်ရမ်းဆန့်ကျင်အာနိသင်ရှိတဲ့အတွက် အစာမကြေ ဗိုက်အောင့်ဗိုက်နာခြင်းမှ ကာကွယ်ပေးပါတယ်။
■ အဆီချေဖျက်ပေးတာကြောင့် ထိန်းသိမ်းစားသောက်နေထိုင်ပါက ကိုယ်အလေးချိန် ထိန်းချုပ်နိုင်စေမှာ ဖြစ်ပါတယ်။
■ ၂၀၂၃ လေ့လာချက်အရ မန်ကျည်းသီးဟာ အန္တရာယ်ပြုဘက်တီးရီးယားများကို တိုက်ခိုက်ပြီး အစာအဆိပ်သင့်ခြင်း၊ အစာအိမ်ရောဂါကူးစက်ခြင်းတို့ကို လျှော့ချပေးနိုင်ပါတယ်။
Source: NDTV
#World_Health
Published 19 February 2026
■ အိမ်မှာ သွေးပေါင်ချိန်တိုင်းတော့ ပုံမှန်ပဲဖြစ်နေပြီး ဆေးခန်းရောက်တော့မှ သွေးပေါင်ချိန်တက်နေတာမျိုး ဖြစ်တတ်ပါသလား။
■ ဂလင်းအီးဂဲဆေးရုံမှ ဒေါက်တာ ရာဟူဂူ့ပ်တာက ဒါကို ဆေးရုံသွေးတိုးခြင်းလို့ သတ်မှတ်ပါတယ်။
■ လူတွေက ဆေးရုံသွားတဲ့အခါ စိုးရိမ်ပူပန်ခြင်း၊ စိတ်ဖိစီးခြင်းတို့ ခံစားရတဲ့အပြင် ဆေးစစ်ခြင်း၊ စောင့်ဆိုင်းခြင်း၊ ဆရာဝန်နဲ့တွေ့ခြင်းတို့မှာပင် ယာယီ သွေးပေါင်ချိန် မြင့်တက်တတ်ပါတယ်။
■ စိုးရိမ်ပူပန်တဲ့အခါ ဖိစီးမှုဟော်မုန်းတွေ ထွက်လာပြီး နှလုံးခုန်မြန်စေကာ သွေးကြောတွေ ကျဉ်းလာတဲ့အတွက် သွေးပေါင်ချိန် ရုတ်တရက်မြင့်တက်တာ ဖြစ်ပါတယ်။
■ စစ်ဆေးချက်တွေအပေါ် စိုးရိမ်ခြင်း၊ မရင်းနှီးတဲ့နေရာ ရောက်နေခြင်း၊ ယခင်ကျန်းမာရေးအကြောင်းတွေ ပြန်စဉ်းစားမိခြင်းတို့ဖြင့် ဖိစီးမှုဟော်မုန်းတွေ ထွက်လာစေပါတယ်။
■ ဒီအတွက် စိတ်ချရတဲ့ ဒီဂျစ်တယ်သွေးပေါင်ချိန်စက်ဖြင့် ပုံမှန်တိုင်းပေးသင့်ပါတယ်။
■ မတိုင်းခင် ၅ မိနစ်အလို ငြိမ်သက်စွာ ထိုင်နေရမှာဖြစ်သလို မတိုင်းခင် မိနစ် ၃၀ အတွင်း လက်ဖက်ရည်၊ ကော်ဖီ၊ ဆေးလိပ်၊ လေ့ကျင့်ခန်းတို့ ရှောင်ရှားရပါမယ်။
■ အိမ်မှာတိုင်းတဲ့ သွေးပေါင်ချိန်ရလဒ်တွေကို ဆရာဝန်နဲ့ တိုင်ပင်မယ်ဆိုရင် မှန်ကန်တဲ့ ရောဂါသုံးသပ်ချက် ရရှိစေနိုင်မှာ ဖြစ်ပါတယ်။
■ ဖိစီးမှုထိန်းချုပ်ခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ ဆားလျှော့စားခြင်း၊ ကောင်းစွာအိပ်စက်ခြင်းတို့ဖြင့် သွေးပေါင်ချိန် ထိန်းသိမ်းနိုင်စေမှာပါ။
■ ဆရာဝန်ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာပြီး သွေးပေါင်ချိန်ကို ပုံမှန်အတိုင်းအတာအတွင်း ဖြစ်နေအောင် ထိန်းသိမ်းရမယ်လို့ ဒေါက်တာဂူ့ပ်တာက ပြောသွားပါတယ်။
Source: Indian Express.
ဂရင်းလန်းကို ဈေးသတ်မှတ်လို့မရကြောင်း၊ အချုပ်အခြာအာဏာနဲ့ ပြည်သူတွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ကို လေးစားရမှာဖြစ်ကြောင်း ဒိန်းမတ်ဝန်ကြီးချုပ် မတ်ဖရက်ဒရစ်ဆန်က ၆၂ ကြိမ်မြောက် မြူးနစ်လုံခြုံရေးကွန်ဖရန့်မှာ ပြောခဲ့ပါတယ်။
#World_Politics
Published 18 February 2025
#ဂရင်းလန်း #ဒိန်းမတ်ဝန်ကြီးချုပ်
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 18 February 2026
■ အီရန်နဲ့ အမေရိကန်တို့ နျူကလီးယား အငြင်းပွားမှုနဲ့ပတ်သက်လို့ဖြေရှင်းနေရာမှာ အင်္ဂါနေ့ ဆွေးနွေးမှုများအတွင်း အဓိကစည်းမျဉ်းများအပေါ် နားလည်မှုရရှိခဲ့ကြပြီဖြစ်ပေမယ့် သဘောတူညီချက်ရတာမျိုးတော့မဟုတ်ဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဘက်စ်အာရက်ချီက ပြောပါတယ်။
■ အာရက်ချီပြောပြီးနောက် ရေနံနဲ့ရေနံစိမ်းဈေးတွေ ၁ ရာခိုင်နှုန်းကျော် ကျဆင်းလာကာ ဒေသတွင်း ပဋိပက္ခစိုးရိမ်မှုတွေ လျော့နည်းလာစေပါတယ်။
■ အချို့သော စည်းမျဉ်းနည်းနာများ သဘောတူညီမှု ရထားပြီး အမျိုးမျိုးသောစိတ်ကူးတွေ တင်ပြထားကြတယ်လို့ အာရက်ချီကပြောပါတယ်။
■ ဆွေးနွေးတိုးတက်မှုတွေ ရထားပေမယ့် ညှိနှိုင်းစရာများစွာ ရှိနေသေးတယ်လို့ အမေရိကန်အရာရှိတစ်ဦးက ပြောပါတယ်။
■ ကြားဝင်စေ့စပ်ပေးတဲ့ အိုမန်နိုင်ငံခြားရေးဝန်ကြီး လုပ်စရာအများကြီးကျန်သေးပေမယ့် နောက်ထပ်ခြေလှမ်းတွေ ရှင်းလင်းစွာချပြနိုင်ခဲ့တယ်လို့ ပြောပါတယ်။
■ အီရန်ကတော့ တိုက်ခိုက်ခံရပါက ရေကြောင်းပို့ဆောင်ရေးလမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။
■ အီရန်က နျူကလီးယားကိစ္စကိုသာ ဆွေးနွေးလိုပြီး အပြန်အလှန်အနေဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုများ လျှော့ချသွားဖို့အလိုရှိနေပါတယ်။
Source: Reuters
#World_Health
Published 18 February 2026
■ အသီးတွေက အမျှင်ဓာတ်ကြွယ်ဝပြီး အူလမ်းကြောင်း၊ နှလုံး၊ အစာခြေခြင်း၊ ကိုယ်အလေးချိန်တို့ကို ထောက်ကူပေးပါတယ်။
■ မပျော်ဝင်နိုင်တဲ့ အမျှင်က အစာခြေခြင်းနဲ့ ဝမ်းချုပ်ခြင်းကို ကူညီပေးပြီး ပျော်ဝင်အမျှင်ကတော့ ကိုလက်စထရော၊ သွေးတွင်းသကြားဓာတ်တို့ကို ကူညီပေးတဲ့ ဂျယ်လိုမျိုးပစ္စည်းဖြစ်ပါတယ်။
■ ပျော်ဝင်အမျှင်ဓာတ် အများဆုံးပါဝင်တဲ့ သစ်သီးတွေကတော့..
■ (၁) တရုတ်ဆီးသီး - ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ ဗိုက်တာမင်-စီ၊ ဗိုက်တာမင်-အီး၊ ဘီတာကယ်ရိုတင်းတို့ ကြွယ်ဝကာ လူတိန်းနဲ့ ဇီဇန်သင်းတို့လည်း ပါဝင်ပါတယ်။
■ (၂) လိမ္မော်သီး - ဗိုက်တာမင်-စီ အဓိကပါဝင်ပြီး ပိုတက်ဆီယံကလည်း သွေးပေါင်ချိန်နဲ့ အရည်တို့ကို ထိန်းညှိပေးကာ ကယ်စီယံအများဆုံး ပါဝင်ပါတယ်။
■ (၃) သရက်သီး - ပျော်ဝင်အမျှင်ဓာတ် များစွာပါဝင်ပြီး နေ့စဉ်လိုအပ်တဲ့ ဗိုက်တာမင်-စီရဲ့ ၆၇ ရာခိုင်နှုန်း ပေးစွမ်းနိုင်ပါတယ်။
■ (၄) သဖန်းသီး - မက်ဒီတာရေးနီးယန်း စားသောက်ပုံစံထဲ ပါဝင်ပြီး ချိုမြတဲ့အရသာက ကောင်းမွန်တဲ့စွမ်းအင်အတွက် အချိုဓာတ် ထောက်ပံ့ပေးပါတယ်။
■ (၅) စတော်ဘယ်ရီ - လိမ္မော်သီးထက် ဗိုက်တာမင်-စီ ပိုမိုပါဝင်ပြီး တစ်နေ့ကို စတော်ဘယ်ရီ ၈ လုံးစားပေးဖို့ အကြံပြုထားပါတယ်။
■ (၆) ဂရိတ်ဖရုသီး - အရည်ရွှမ်းပြီး အချဉ်သီးတွေထဲ ပါဝင်ကာ အမျှင်လေးတွေက ပျော်ဝင်အမျှင်ဓာတ် ကြွယ်ဝတာကြောင့် စားပေးဖို့ အကြံပြုထားပါတယ်။
■ (၇) သစ်တော်သီး - သစ်တော်သီးကို အခွံမနွှာဘဲ စားပေးပါက အမျှင်ဓာတ်တွေနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများစွာ ရရှိနိုင်ပါတယ်။
■ (၈) ဆီးသီး - ပိုတက်ဆီယံနဲ့ မဂ္ဂနီဆီယံ ကြွယ်ဝစွာပါဝင်ပြီး ပုံစံအမျိုးမျိုးဖြင့် စားသုံးနိုင်ပါတယ်။
■ (၉) ပန်းသီး - အာဟာရဓာတ်တွေ၊ ရေဓာတ်တွေ၊ ဗိုက်ပြည့်ဝမှုတွေ ပေးစွမ်းနိုင်ကာ နှလုံး၊ ဆီးချို၊ ကင်ဆာ၊ အူလမ်းကြောင်း၊ ကိုယ်အလေးချိန်၊ ရောင်ရမ်းခြင်းတို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။
Source: Today
#World_Health
Published 18 February 2026
■ ဦးနှောက်ကို သံလိုက်စွမ်းအင်အသုံးပြုတဲ့ ဦးခေါင်းခွံဖြတ် သံလိုက်လှုံ့ဆော်မှု(TMS)နည်းလမ်းဟာ စိတ်ဓာတ်ကျဝေဒနာရှင်တွေကို ကုသရာမှာ အကုန်အကျသက်သာတဲ့ ရွေးချယ်မှုဖြစ်နိုင်တယ်လို့ တွေ့ရှိထားပါတယ်။
■ အခြားသော စိတ်ကျန်းမာရေးကုသမှုတွေနဲ့ယှဉ်ရင် TMS နည်းလမ်းက စိတ်ကျလက္ခဏာတွေ သက်သာစေသလို NHS အတွက် ဖိအားတွေ လျော့ကျစေနိုင်မယ်လို့ သုံးသပ်ထားပါတယ်။
■ အချိန်ကြာလာတာနဲ့အမျှ ကုန်ကျစရိတ် သက်သာစေပြီး အလုပ်အကိုင်ပျက်ရတဲ့နေ့တွေ လျော့နည်းလာနိုင်ပါတယ်။
■ စိတ်ကျန်းမာရေးဝန်ဆောင်ဌာန ၆ ခုနဲ့ စမ်းသပ်ပါဝင်သူ ၄၄၂ ဦးတို့ထံကနေ ရရှိတဲ့ အချက်အလက်တွေကို သုံးသပ်ထားတာဖြစ်ကြောင်း သုတေသနဦးဆောင်သူ နော်တင်ဂမ်တက္ကသိုလ်မှ အက်ဝပ်ကောက်စ်က ပြောပါတယ်။
■ TMS နည်းလမ်းက ဦးနှောက်ကို သံလိုက်ရိုက်ခတ်မှု အသုံးပြုတာဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ NICE မှ အသိအမှတ်ပြုခဲ့ပါတယ်။
■ ဒါပေမဲ့ ဒီနည်းလမ်းရဲ့ ထိရောက်သက်သာမှုကို အထောက်အထား သိပ်မတွေ့ရတာကြောင့် သိပ်ပြီးအသုံးမပြုခဲ့ကြပါဘူး။
■ စိတ်ဓာတ်ကျဝေဒနာ ခံစားခဲ့ရသူ ဆူဆန်ဗာလီက "စိတ်ကျဝေဒနာ ပြင်းထန်စွာ ခံစားရတာကြောင့် ဆေးရုံတက်ရောက်ခဲ့ရပါတယ်။ နည်းလမ်းအမျိုးမျိုး သုံးခဲ့ပေမယ့် တစ်ခုမှ အဆင်မပြေခဲ့ပါဘူး။ ဒါကြောင့် TMS နည်းလမ်း ကုသမှုခံခဲ့ရာမှာ အခြေအနေ ပြောင်းလဲနိုင်ခဲ့ပြီး မိသားစုတွေ မိတ်ဆွေတွေနဲ့ ပြန်လည်ပျော်ရွှင်နေရပါပြီ။ အခြားသူတွေလည်း NHS ရဲ့ TMS ကုသနည်းကို ရွေးချယ်ကြဖို့ အကြံပြုချင်ပါတယ်" လို့ ပြောသွားပါတယ်။
Source: NR Times
Page 36 of 1152