၁၃ ဇွန် ၂၀၂၅
▪️အစ္စရေးက ဇွန် ၁၃ ရက် စောစောပိုင်းတွင် အီရန်ရှိ နေရာတော်တော်များများကို “Rising Lion” စစ်ဆင်ရေးအမည်ဖြင့် စတင် တိုက်ခိုက်လိုက်ပါတယ်။
▪️ထိုသို့တိုက်ခိုက်သည့်အထဲတွင် နက်တန့် Natanz လိုသိကြတဲ့ နျူကလီယား အဆောက်အအုံ တွေ၊ တိုက်ချင်းပစ် ဒုံးကျည်စက်ရုံတွေ၊ IRGC လို့ခေါ်တဲ့ အစ္စလမ်မစ်တော်လှန်ရေး အစောင့်တပ်တွေနှင့် နျူကလီးယားသိပ္ပံပညာရှင်တွေရဲ့ နေအိမ်တွေ လည်း ပါဝင်ပါတယ်။
▪️ယင်းတိုက်ခိုက်မှုကြောင့် မြို့တော် တီဟီရန်တွင် ပေါက်ကွဲမှုကြီးများဖြင့် တုန်ခါသွားခဲ့ပြီး ယူရေနီယမ် သန့်စင်စက်ရုံများ အတိုက်အခိုက်ခံရတယ်လို့ နက်တန့်ခ် ကအတည်ပြုပါတယ်။
▪️အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကက်ဇ်က နိုင်ငံအရေးပေါ်အခြေအနေကြေညာလိုက်ပြီး အီရန် ဘက်ကနေ ဒုံးကျည်တွေ ဒရုန်းတွေနှင့်ပြန်လည်တိုက်ခိုက်လာနိုင်ကြောင်း သတိပေးလိုက်ပါတယ်။
▪️တိုက်ခိုက်မှုကြောင့် အီရန် တော်လှန်ရေးအစောင့်တပ်မှူး ဟူစိန်ဆာလာမီသေဆုံးခဲ့ပြီး အခြားသော စစ်တပ်အကြီးတန်းခေါင်းဆောင်တွေနှင့် နျူကလီးယားသိပ္ပံပညာရှင်တွေလည်း အတိုက်ခိုက်ခံရတယ်လို့ သတင်းများကရေးသားပါတယ်။
#Source- News Agencies
Nay Pyi Taw, June 12, 2025- Chairman of the State Administration Council and Prime Minister of Myanmar, Senior General Min Aung Hlaing, sent messages of condolence to Indian President Droupadi Murmu and Prime Minister Narendra Modi following the tragic crash of Air India flight AI-171.
According to Myanmar’s Ministry of Foreign Affairs, the condolence messages were sent on June 12, expressing profound sorrow over the loss of many lives in the air disaster near Ahmedabad, India.
The Air India commercial aircraft, flight AI171, was en route from Ahmedabad to London Gatwick Airport when it crashed shortly after takeoff at 1:38 PM local time on June 12. Reports indicate that out of 242 passengers on board, 204 lost their lives.
Senior General Min Aung Hlaing conveyed his deepest sympathies to the Indian leaders and to the families of the victims, noting the shared grief between the people of Myanmar and India in the face of this tragic incident.
#ymg/knl
ယခုနှစ် တောင်အာဖရိကမှာ ငါးသေတ္တာငါးများ ရွှေ့ပြောင်းတဲ့အလေ့အထကို ကြည့်ပြီးတော့ သဘာဝပတ်ဝန်းကျင် ပိုမိုထိန်းသိမ်းကြဖို့ လိုအပ်လာကြောင်း ထောက်ပြနေပါတယ်။
#World_Environment
Published 12 June 2025
#တောင်အာဖရိကကမ်းရိုးတန်း #ငါးသေတ္တာငါးရွှေ့ပြောင်းမှုဖြစ်စဉ်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 12 June 2025
၁။ မြန်မာ-ရုရှားခရီးသွားလုပ်ငန်းမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုခရီးစဉ်များအပြန်အလှန်စီစဉ်ရေးဆွေးနွေး
၂။ ရွှေဘိုနှင့်ဧရာဝတီပေါ်ဆန်းဆန်များကို သက်သာသောနှုန်းထားများဖြင့် ရောင်းချပေးသွားမည်
၃။ အပူပိုင်းမုန်တိုင်းအရှိန်ကြောင့် နေရာကွက်၍ မိုးကြီးနိုင်
၄။ တောင်အာဖရိကကမ်းရိုးတန်းမှ ငါးသေတ္တာငါးရွှေ့ပြောင်းမှုဖြစ်စဉ်ကနေ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန် လိုအပ်ကြောင်းထောက်ပြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၁၂ ဇွန် ၂၀၂၅
အဲယားအိန္ဒိယ Air India လေကြောင်း ဘိုအင်း ၇၈၇-၈ လေယာဉ်ပျံသည် ယနေ့ ဇွန်လ ၁၂ ရက် မွန်းလွဲ ပိုင်းက အာမက်ဒါဘတ် မြို့မှ ပျံတက်ပြီး မကြာခင်မှာပင် ပျက်ကျသွားခဲ့ပါတယ်။ လေယာဉ်သည် ပျံတက်ပြီးသိပ်မကြာ အမြင့်ပေ ၈၂၅ ပေခန့်မှ ပျက်ကျခဲ့တာဖြစ်ပါတယ်။
အဲဒီ ခရီးစဉ်အမှတ် AI171 လေယာဉ်ဟာ အိန္ဒိယနိုင်ငံ အာမက်ဒါဘတ် မြို့မှ လန်ဒန် ဂက်ဝစ်လေဆိပ်သို့ ပျံသန်းရန် လေဆိပ်မှ အတက်ပျက်ကျခဲ့တာလို့ သတင်းများကဆိုပါတယ်။
လေယဉ်ဟာ အာမက်ဒါဘတ် မြို့မှ မွန်းလွဲ ၁နာရီ ၃၈မိနစ်မှာ ခရီးသည် ၂၄၂ဦးတင်ဆောင်ပြီး ပျံတက်ခဲ့တာဖြစ်ပါတယ်။ ခရီးသည်တွေအထဲမှာ အိန္ဒိယနိုင်ငံသား ၁၆၉ ဦး၊ ဗြိတိန်နိုင်ငံသား ၅၃ ဦး၊ ကနေဒါနိုင်ငံသားတစ်ဦးနှင့် ပေါ်တူဂီနိုင်ငံသား ၇ ဦးတို့လိုက်ပါသွားကြပါတယ်။
သေဆုံးသူအရေအတွက်အတိအကျမသိရပေမယ့် ဒဏ်ရာရသူတွေကို နီးစပ်ရာ ဆေးရုံများထံသို့ ပို့ဆောင်ပေးခဲ့ကြတယ်လို့သတင်းများကဆိုပါတယ်။
#ymg/knl
#World_News
Published 12 June 2025
▪️ ဘီလျံနာစီးပွားရေးသမား အီလွန်မက်စ်နဲ့ အမေရိကန်အုပ်ချုပ်ရေး အရာရှိများ အချေအတင်ဖြစ်ပြီးနောက်မှာ မက်စ်က သမ္မတဒေါ်နယ်ထရမ့်အပေါ် ပြောဆိုခဲ့တာတွေကို ရုပ်သိမ်းလိုက်ကာ အလွန်အကျွံ ပြောဆိုခဲ့မိတယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောသွားပါတယ်။
▪️ ယင်းတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ဆိုရှယ်မီဒီယာအသီးသီးမှာ ပြောဆိုတိုက်ခိုက်မှုများ အပြန်အလှန်ပြုလုပ်ခဲ့ကြကာ မက်စ်က ထရမ့်ရဲ့ အခွန်အခနှုန်းထားနဲ့ သုံးစွဲစရိတ်မူကြမ်းတွေဟာ ရွံရှာဖွယ်ကောင်းတယ်လို့ ပြောခဲ့တာကို နောင်တရမိတယ်လို့ ဆိုလာပါတယ်။
▪️ မက်စ်က နိုင်ငံရေးပြိုင်ဘက်ပါတီ တည်ထောင်ဖို့ ခြိမ်းခြောက်ခဲ့ပြီး ထရမ့်ဟာ တရားစွဲဆိုခံရသင့်တယ်လို့ ပြောတဲ့အထိ တင်းမာခဲ့ပါတယ်။
▪️ ရင်းနှီးမြှုပ်နှံသူတွေအတွက်တော့ ဒီလိုမျိုး အချေအတင်ဖြစ်ကြတာဟာ Tesla, SpaceX, Starlink အပါအဝင် မက်စ်ရဲ့စီးပွားရေးလုပ်ငန်းတွေမှာ အခက်အခဲဖြစ်စေနိုင်မှာပါ။
▪️ ဗုဒ္ဓဟူးနေ့က X ဆိုရှယ်မီဒီယာမှာ မက်စ်က သမ္မတထရမ့်အကြောင်း ပို့စ်တင်ခဲ့တာတွေနဲ့ ပတ်သက်ပြီး နောင်တရမိကြောင်း ပြောထားကာ ပို့စ်အချို့ကို ပြန်ဖျက်ခဲ့ပေမယ့် ထရမ့်ရဲ့ အခွန်နှုန်းထားမူကြမ်းအကြောင်း ဝေဖန်ထားတဲ့ပို့စ်ကိုတော့ မဖျက်ထားပါဘူး။
▪️ ဒုသမ္မတ ဂျေဒီဗန့်စ်က သတင်းထောက်တွေကို ပြောကြားရာမှာ မက်စ်က သမ္မတလမ်းစဉ်အတိုင်း ထောက်ပံ့လုပ်ဆောင်နေတယ်ဆိုတဲ့ အကြောင်းတွေကို ယင်းတို့နဲ့ ပြောထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
▪️ ထရမ့်ဟာလည်း မက်စ်ပြောကြားချက်တွေနဲ့ ပတ်သက်လို့ အလွန်စိတ်ပျက်ရပေမယ့် စည်းရုံးရေးတုန်းက အများဆုံးပါဝင်ကူညီခဲ့တဲ့မက်စ်နဲ့ ရေရှည်မှာ အငြိုးအတေးမဖြစ်ချင်ဘူးလို့ ဆိုပါတယ်။
▪️ ၂၀၂၄ ရွေးကောက်ပွဲမှာ မက်စ်က ရီပတ်ဘလစ်ကန်တွေအတွက် အကြမ်းဖျင်းဒေါ်လာသန်း ၃၀၀ ခန့် ပါဝင်ကူညီခဲ့ပါတယ်။
▪️ မက်စ်ရဲ့ တောင်းပန်မှုကို ထရမ့်က လက်ခံခဲ့တယ်လို့ သတင်းမီဒီယာဆိုင်ရာဝန်ကြီး ကယ်ရိုလိုင်းလီဗစ်က သတင်းထောက်တွေကို ပြောသွားပါတယ်။
#Source: Reuters
#World_Health
Published 12 June 2025
▪️ ရာသီဥတု ပြောင်းလဲမှုက ကျန်းမာရေးဆိုးရွားမှုများ ဖြစ်စေနိုင်တာနဲ့ ဆက်စပ်နေတာ တွေ့ရှိထားသလို ယခုလေ့လာချက်မှာလည်း အပူချိန်မြင့်မားလာခြင်းဟာ မိခင်နဲ့ကလေး ကျန်းမာရေးအပေါ် ဆိုးရွားနိုင်တဲ့အပြင် မွေးဖွားမှုရလဒ်ကိုပါ သက်ရောက်နိုင်တာကို တွေ့ရှိလာပါတယ်။
▪️ နိုင်ငံပေါင်း ၂၄၇ နိုင်ငံကျော်မှာ သုတေသနများ ပြုလုပ်ခဲ့ရာ အပူချိန်အလွန်မြင့်မားခြင်းက ကိုယ်ဝန်ဆောင်များအတွက် အန္တရာယ်ရှိနိုင်တာကို တွေ့ခဲ့ကြပါတယ်။
▪️ သာမန်ထက် အပူချိန်ပိုများတဲ့ နေ့ရက်တွေကြောင့် လမစေ့ဘဲ မွေးဖွားတတ်တာကို တွေ့ခဲ့ကြပါတယ်။
▪️ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ရာသီဥတုပြောင်းလဲမှုကြောင့် နိုင်ငံနဲ့နယ်ပယ်ပေါင်း ၉၀ ရာခိုင်နှုန်းနီးပါးမှာ ကိုယ်ဝန်ဆောင်များအတွက် အန္တရာယ်ဖြစ်စေလောက်အောင် ပူပြင်းတဲ့နေ့ရက်တွေဟာ နှစ်ဆလောက် ပိုများလာပါတယ်။
▪️ ကျောက်မီးသွေး၊ ရေနံ၊ ဓာတ်ငွေ့တို့ လောင်ကျွမ်းခြင်းကနေ ရာသီဥတုပြောင်းလဲလာရာမှာ သာမန်ထက်အပူချိန်ပိုများတဲ့နေ့တွေ များလာတယ်လို့ သုံးသပ်ရပါတယ်။
▪️ ထို ၅ နှစ်အတွင်း ကိုယ်ဝန်ဆောင်တွေဟာ သာမန်ထက်အပူချိန်ပိုများတဲ့နေ့တွေ ခံစားရတာဟာ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပါတယ်။
▪️ ဒါမျိုးက အပူချိန်မြင့်မားတဲ့ ကာရစ်ဘီယန်၊ တောင်အမေရိကနဲ့ အမေရိကန်အလယ်ပိုင်း၊ ပစိဖိတ်ကျွန်းများ၊ အရှေ့တောင်အာရှနဲ့ ဆာဟာရအာဖရိကတို့ ပါဝင်နေပါတယ်။
▪️ အပူချိန်မြင့်မားခြင်း ခံစားရတဲ့ ကိုယ်ဝန်တွေမှာ သွေးဖိအားများခြင်း၊ ကိုယ်ဝန်ဆောင်ဆီးချို၊ ဆေးရုံတက်ရခြင်း၊ မိခင်အသက်အန္တရာယ်များခြင်း၊ ကလေးအသေမွေးခြင်း၊ လမစေ့ဘဲမွေးဖွားခြင်းတို့ကနေ ကလေးကျန်းမာရေးထိခိုက်သည်အထိ ဖြစ်လာနိုင်ပါတယ်။
▪️ ဒီအတွက် ရုပ်ကြွင်းလောင်စာ ထုတ်လွှတ်မှုများ လျှော့ချခြင်းက ကမ္ဘာမြေအတွက်သာမက ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးငယ်များကို ကာကွယ်ဖို့အတွက်ပါ အရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်နေကြောင်း အမျိုးသမီးကျန်းမာရေးဆရာဝန် ဘရုစ်ဘက်ကာက ပြောသွားပါတယ်။
#Source: India Today
Page 40 of 1008