#World_Health
Published 11 June 2026
■ အသီးအနှံနဲ့ ဟင်းရွက်များများစားခြင်းက ကျန်းမာရေးညီညွတ်ပြီး မျှတတဲ့ အစားအသောက်တွေရဲ့ အရေးကြီးအစိတ်အပိုင်း ဖြစ်ပါတယ်။
■ လူအများစုက နှလုံးကျန်းမာရေး ကာကွယ်ဖို့အတွက် အစားအစာတွေထဲမှာ ဖလေဗိုနော လုံလောက်စွာ မရရှိဘူးလို့ တွေ့ရှိထားပါတယ်။
■ ဓာတ်တိုးဆန့်ကျင်အာနိသင် ပေးစွမ်းနိုင်တဲ့ ဖလေဗိုနောကို လုံလောက်စွာ စားသုံးမယ်ဆိုရင် နှလုံးသွေးကြောရောဂါတွေကနေ သေဆုံးနိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်ကြောင်း Core Laboratory of Mars Edge ညွှန်ကြားရေးမှူး ဂျာဗီယာအော့တာဗီယာနီက ပြောပါတယ်။
■ ဖလေဗိုနောကို နေ့စဉ် ၅၀၀ မီလီဂရမ်ခန့် စားသုံးမယ်ဆိုရင် နှလုံးသွေးကြောရောဂါကြောင့် သေဆုံးနိုင်ခြေကို ၂၇ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။
■ ဒါပေမဲ့ လူအများစုဟာ နေ့စဉ်ကျန်းမာရေးညီညွတ်စွာ စားသုံးနေတာတောင် ဒီပမာဏ မရရှိကြပါဘူး။
■ ဖလေဗိုနော အများဆုံးပါဝင်တဲ့ အစားအစာတွေထဲမှာ ဆီးသီး၊ ခရန်ဘယ်ရီသီး၊ ဘလက်ဘယ်ရီ၊ လက်ဖက်စိမ်း၊ ချယ်ရီသီး၊ ပန်းသီး၊ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီတို့ ပါဝင်ပါတယ်။
■ ဥပမာအားဖြင့် ဘယ်ရီသီးများ ထည့်စားခြင်း၊ လက်ဖက်စိမ်းသောက်သုံးခြင်းစတဲ့ အလေ့အကျင့်လေးတွေကနေစပြီး ဖလေဗိုနောများလာစေကာ ရေရှည်နှလုံးကျန်းမာရေးကို ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။
■ အာဟာရညီညွတ်မျှတတဲ့ အစားအစာတွေထဲကနေ ချင့်ချိန်ပြီး ရွေးချယ်ဖို့က အရေးကြီးသလို အာဟာရကြွယ်ဝတာတွေကို ဦးစားပေးဖို့ လိုအပ်ပါတယ်။
Source: Health Line
#World_Health
Published 11 June 2026
■ ကိုယ်လက်လှုပ်ရှားပေးခြင်းက ဦးနှောက်ကို အကျိုးပြုတယ်ဆိုတာ သိထားကြပြီး ခန္ဓာကိုယ်လှုပ်ရှားလိုက်တိုင်း ဦးနှောက်က တစ်ခါဆေးကြောသန့်စင်ခံရတယ်ဆိုတဲ့ အံ့ဩစရာအကြောင်းအရင်းကို ပန်စတိတ်မှ သုတေသီတွေ တွေ့ရှိခဲ့ပါတယ်။
■ ကြွက်တွေနဲ့ စမ်းသပ်ရာမှာ ဦးနှောက်က ဝမ်းဗိုက်နဲ့ ဆက်နွယ်နေတာကို တွေ့ရှိခဲ့ပြီး ဟိုက်ဒရောလစ်စနစ်လိုမျိုး သွေးကြောကွန်ရက်ကတဆင့် ချိတ်ဆက်နေတာ ဖြစ်ပါတယ်။
■ ဝမ်းဗိုက်ကြွက်သားများ ကျုံ့ညှစ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဖိအားဟာ ဦးနှောက်နဲ့ အာရုံကြောမအရည် (CSF)ကို စီးဆင်းစေပါတယ်။
■ ဒီအရည်က အာရုံကြောဆုတ်ယုတ်ပျက်စီးစေတဲ့ ရောဂါတွေနဲ့ ဆက်စပ်နေတဲ့ ဆဲလ်အညစ်အကြေးများ ဖယ်ရှားပေးရန် ကူညီပေးပါတယ်။
■ နေ့စဉ်သုံးပစ္စည်းတွေမှာ တွေ့ရလေ့ရှိတဲ့ မိုက်ခရိုပလတ်စတစ်များကို လူတွေရဲ့ ဦးနှောက်တစ်ရှူးများမှာ ရှာဖွေတွေ့ရှိထားပြီး ဦးနှောက်ရောင်ရမ်းခြင်းနဲ့ အာရုံကြောဆုတ်ယုတ်ပျက်စီးခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
■ မိုက်ခရိုပလတ်စတစ်များဟာ ကိုယ်ခံအားစနစ် တုံ့ပြန်မှုများကို ဖြစ်စေကာ ဦးနှောက်-သွေးအကာအကွယ် အားနည်းစေခြင်းနဲ့ အာရုံကြောဆဲလ်များ အနှောင့်အယှက်ဖြစ်စေခြင်းတို့ကြောင့် အယ်ဇိုင်းမားရောဂါ၊ ပါကင်ဆန်ရောဂါတို့နဲ့ ဆက်စပ်မှု ရှိလာနိုင်ပါတယ်။
■ ပလတ်စတစ်မပါတဲ့ လက်ဖက်ရညအိတ်များ၊ သဘာဝအမျှင်ထည် အဝတ်အထည်များ၊ ရေစစ်ရေနဲ့ တကိုယ်ရည်သုံးပစ္စည်းများကို ပြောင်းလဲအသုံးပြုခြင်းဖြင့် မိုက်ခရိုပလတ်စတစ်များနဲ့ ထိတွေ့မှုကို လျှော့ချနိုင်ပါတယ်။
Source: Yahoo News
အသင့်ထုတ်လုပ်အစိတ်အပိုင်းများဖြင့် တည်ဆောက်တဲ့ ကမ္ဘာ့ပထမဆုံး ကွန်ပျူတာပါဝါစင်တာစခန်းကို တရုတ်အရှေ့ပိုင်း ရှန်တုန်ပြည်နယ် ချင်တောင်မြို့မှာ စနေနေ့ကစတင်ဖွင့်လှစ်လိုက်ပါတယ်။
#Asia_Development
Published 10 June 2026
#တရုတ်ချင်တောင် #ကွန်ပျူတာပါဝါစင်တာစခန်း
#YMG #Yangon_Times #Yangon_Media_Group
#World_Health
Published 10 June 2026
■ သကြားမပါ ထုတ်ကုန်အများအပြားမှာတွေ့ရလေ့ရှိတဲ့ အချိုအတုတစ်မျိုးဖြစ်တဲ့ အရစ်သရီတိုလ်ဟာ ဦးနှောက်နဲ့ သွေးကြောကြားရှိ အကာအကွယ်ဆဲလ်များကို ပျက်စီးစေနိုင်ပြီး လေဖြတ်ခြင်း၊ နှလုံးသွေးကြောဆိုင်ရာ ပြဿနာများပိုမိုဖြစ်ပွားစေနိုင်ပါတယ်။
■ ဒီအချိုအတုက ခန္ဓာကိုယ်အတွင်း အောက်ဆီဂျင်ဓာတ်တိုးဆန့်ကျင်မှု မမျှတခြင်းကို ဖြစ်ပေါ်စေနိုင်ပြီး ဆဲလ်များကို ပျက်စီးစေကာ ခန္ဓာကိုယ် ရောဂါခုခံအားစနစ် ကျဆင်းစေနိုင်ပါတယ်။
■ သွေးကြောများရဲ့ လုပ်ဆောင်ချက်ကို ထိခိုက်စေပြီး သွေးခဲနိုင်ခြေ ပိုမိုမြင့်မားစေနိုင်ပါတယ်။
■ အရစ်သရီတိုလ်ဟာ သွေးလည်ပတ်မှု ထိန်းညှိပေးတဲ့ အဓိကမော်လီကျူးများမျှခြေကို ပျက်ပြားစေပါတယ်။
■ ဒါကြောင့် သွေးကြောများ ကျဉ်းသွားစေပြီး ဦးနှောက်သို့ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်များ ရောက်ရှိမှု ပြတ်တောက်သွားစေနိုင်ပါတယ်။
■ သွေးခဲများကို အရည်ပျော်စေတဲ့ သဘာဝလုပ်ဆောင်ချက်ကိုလည်း ပိတ်ဆို့နိုင်တာကြောင့် လေဖြတ်နိုင်ခြေ မြင့်မားစေပါတယ်။
■ ဒီတွေ့ရှိချက်ကို လက်တွေ့အခြေအနေတွေမှာ အတည်ပြုဖို့အတွက်တော့ နောက်ထပ်သုတေသနတွေ လိုအပ်ပါသေးတယ်။
■ အရစ်သရီတိုလ်ကို သကြားအယ်ကိုဟောအဖြစ် သတ်မှတ်ထားပြီး အရသာနဲ့ အသုံးပြုပုံမှာ သကြားနဲ့ ဆင်တူတာကြောင့် ကျန်းမာရေးပိုင်းမှာ စိုးရိမ်စရာဖြစ်ပေမယ့် လူကြိုက်များနေဆဲ ဖြစ်ပါတယ်။
■ ကွပ်ကဲရေးအဖွဲ့တွေက အရစ်သရီတိုလ်ဟာ ဘေးကင်းစိတ်ချရတယ်လို့ အတည်ပြုထားပေမယ့် နောက်ဆုံးသုတေသနများအရ ရေရှည်မှာဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ထောက်ပြနေပါတယ်။
■ ယေဘုယျအားဖြင့် အချိုအတုတွေရဲ့ ဘေးကင်းမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာစေပါတယ်။
Source: Science Alert
#World_Health
Published 10 June 2026
■ ကျန်းမာသန်စွမ်းတဲ့ ဥများကို ထိန်းသိမ်းရန်နဲ့ သွေးဆုံးခြင်း နှေးစေရန်အတွက် မမျိုးဥကြွေတဲ့ အကြိမ်ရေကို လျှော့ချဖို့အကြောင်း တရုတ်ဇီဝပညာရှင် ဟုန်မေဝမ် သုတေသနရှာဖွေနေပါတယ်။
■ အမျိုးသမီးများဟာ မွေးရာပါ မမျိုးဥအရေအတွက် အကန့်အသတ်ဖြင့်သာပါရှိလာပြီး အချိန်ကြာလာတာနဲ့အမျှ ဥများရဲ့ အရည်အသွေးနဲ့ အရေအတွက်လျော့နည်းသွားတတ်ပါတယ်။
■ မမျိုးဥကြွေခြင်းကို နှေးစေခြင်းဖြင့် မျိုးအောင်နိုင်စွမ်းထိန်းသိမ်းရာမှာ အထောက်အကူ ပြုနိုင်မှာ ဖြစ်ပါတယ်။
■ ဒီလေ့လာမှုကနေ မမျိုးဥကြွေခြင်း လျှော့ချခြင်းကြောင့် ဖြစ်လာနိုင်တဲ့ အီစထရိုဂျင်ဟော်မုန်း အခန်းကဏ္ဍအပေါ် စိုးရိမ်စရာများ ဖြစ်ပေါ်စေပါတယ်။
■ အီစထရိုဂျင်ဟော်မုန်းဆိုတာက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးအတွက် အလွန်အရေးကြီးပါတယ်။
■ မမျိုးဥအိမ်များက အမျိုးသမီးများကျန်းမာရေးအတွက် ပိုမိုကျယ်ပြန့်တဲ့ အခန်းကဏ္ဍမှ ပါဝင်နေပြီး အရိုးကျန်းမာရေး၊ ဦးနှောက်လုပ်ဆောင်ချက်၊ ဇီဝကမ္မဖြစ်စဉ်နဲ့ အိုမင်းရင့်ရော်မှုတို့အပေါ် သက်ရောက်မှု ရှိစေပါတယ်။
■ လေ့လာချက်များအရ မမျိုးဥအိမ် အိုမင်းရင့်ရော်ခြင်းဟာ အမျိုးသမီးများရဲ့ ခန္ဓာကိုယ်တစ်ခုလုံး အိုမင်းရင့်ရော်မှုဖြစ်စဉ်အပေါ် သက်ရောက်နေနိုင်တယ်လို့ သုတေသနတွေက ဖော်ပြနေပါတယ်။
■ သုတေသီများက မျိုးအောင်နိုင်စွမ်းကို ထိန်းသိမ်းပေးမယ့် အခြားနည်းလမ်းများကိုလည်း ရှာဖွေနေကြပါတယ်။
■ ပင်မစတမ်ဆဲလ်ဖြင့် ကုသခြင်း၊ မမျိုးဥအိမ် ပြန်လည်နုပျိုခြင်းတို့ ပါဝင်ပြီး ကနဦးရလဒ်အချို့ အားတက်စရာ တွေ့ရှိထားပါတယ်။
■ ဒီနည်းလမ်းတွေကို ကုသနည်းတွေအဖြစ် ကျယ်ကျယ်ပြန့်ပြန့်မသုံးခင် နောက်ထပ်အထောက်အထားတွေ ရှာဖွေဖို့ လိုအပ်ပါသေးတယ်။
Source: India Today.
တရုတ်ပြည်ရဲ့ 3D ပရင့်ထုတ်ခြင်းလုပ်ငန်းဟာ နည်းပညာပိုင်းတိုးတက်မှု၊ အသုံးချမှုကဏ္ဍနဲ့ ပြည်ပတင်ပို့ရေး တိုးမြင့်လာတာတွေကြောင့် ပိုမိုကျယ်ပြန့်တဲ့ စက်မှုကုန်ထုတ်လုပ်ငန်းနဲ့ လူသုံးကုန်ဈေးကွက်တွေဆီ ကူးပြောင်းနေပြီ ဖြစ်ပါတယ်။
#Asia_Business
Published 09 June 2026
#တရုတ်ပြည် #3Dပရင်တာ
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 09 June 2026
■ အီရန်နဲ့ စစ်ရေးပဋိပက္ခ ပြန်မစဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟူကို သတိပေးလိုက်ပြီး စစ်ပွဲထဲ ပြန်လည်ရောက်ရှိသွားပါက တစ်ကိုယ်တည်း ဖြစ်နေလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။
■ "သတိထားနေရင်နေပါ။ မဟုတ်ရင် မကြာခင် တစ်ယောက်တည်း ဖြစ်သွားလိမ့်မယ်" လို့ အင်တာဗျူးတစ်ခုမှာ ထရမ့်ပြောသွားပါတယ်။
■ ဒေသတွင်း နိုင်ငံအများအပြားကလည်း တင်းမာမှု ဆက်မဖြစ်စေဖို့နဲ့ အစ္စရေးလ်ကို ထိန်းသိမ်းပေးဖို့ တိုက်တွန်းနေကြတယ်လို့လည်း ပြောပါတယ်။
■ အစ္စရေးလ်ဘက်က တုံ့ပြန်တိုက်ခိုက်မှုမျိုး မလုပ်ပါက တိုက်ခိုက်မှုများ ရပ်တန့်ရန် အဆင်သင့်ရှိကြောင်း အီရန်ဘက်က အရိပ်အမြွက် ပြောလာသဖြင့် အပစ်အခတ်ရပ်စဲရေး ဖြစ်လာစေနိုင်ပါတယ်။
■ ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ဖို့ အမေရိကန် တောင်းဆိုနေတဲ့ကြားထဲမှ အစ္စရေးလ်ဟာ အီရန်ပစ်မှတ်များကို တိုက်ခိုက်ခဲ့တာကြောင့် တင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့ပါတယ်။
■ အစ္စရေးလ်တိုက်ခိုက်မှု ရပ်တန့်စေရန်နဲ့ အပစ်အခတ်ရပ်စဲရေး ရရှိရန်အတွက် အမေရိကန်ကြားဝင်စေ့စပ်မှုက အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့တယ်လို့ ထရမ့်က ပြောပါတယ်။
■ အီရန်က အမေရိကန်နဲ့ သဘောတူညီချက် ရရှိဖို့ စိတ်ဝင်စားနေဆဲဖြစ်ပြီး မကြာခင်မှာ အပေးအယူရရှိနိုင်တယ်လို့ ယူဆနေပါတယ်။
■ အီရန်ဘက်က သံသယရှိနေဆဲဖြစ်ပေမယ့် နျူကလီးယားလက်နက် ထုတ်လုပ်မှု ရပ်တန့်ရန် အီရန်နဲ့ သဘောတူညီချက်အသစ်တစ်ခု ရရှိနိုင်ကြောင်း ထရမ့်က အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။
Source: WION
Page 43 of 1215