#World_Health
Published 07 June 2026
■ ခန္ဓာကိုယ်ဟာ ဗိုက်တာမင်-ဒီကို နေရောင်ခြည်ထိတွေ့မှုကနေ အဓိကရရှိပါတယ်။
■ ဒါပေမဲ့ နေရောင်ခြည် ကောင်းစွာမရသူတွေအတွက်တော့ စားစရာတွေကနေ ရရှိဖို့က အရေးကြီးပါတယ်။
■ ဗိုက်တာမင်-ဒီက ကယ်စီယံနဲ့ ဖော့စရပ်စ်ဇီဝဖြစ်စဉ်၊ ကြွက်သားလုပ်ဆောင်ချက်၊ ဂလူးကို့စ်ဇီဝဖြစ်စဉ်၊ ရောင်ရမ်းမှုလျှော့ချခြင်း၊ ကိုယ်ခံအားစနစ်တို့ကို ထောက်ကူပေးပါတယ်။
■ အသက် ၇၀ အောက်လူတွေအတွက် နေ့စဉ် ဗိုက်တာမင်-ဒီ ၆၀၀ IU ရှိသင့်ပေမယ့် ၃၅ ရာခိုင်နှုန်းလောက်က မပြည့်မီကြဘဲ အရိုးအားနည်းခြင်း၊ ကြွက်သားကြွက်တက်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဒီမန်ရှာ၊ နှလုံးရောဂါ စသဖြင့် ဗိုက်တာမင်ချို့တဲ့လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။
■ ဗိုက်တာမင်-ဒီကြွယ်ဝတဲ့ စားစရာတွေထဲမှာ ဒိန်ချဉ်၊ ဒိန်ခဲ၊ တူနာငါး၊ ကြက်ဥ၊ ဆာဒင်းငါး၊ ဆယ်မွန်ငါး၊ ထရောက်ငါး၊ ဓားရှည်ငါး၊ ငါးသလဲထိုး၊ အမဲအသည်း၊ ဝက်မိုးခိုသား၊ လိမ္မော်ရည်၊ ကောက်ပဲသီးနှံစာ၊ ပဲနို့၊ တိုဖူး၊ ငါးကြီးဆီတို့ ပါဝင်ပါတယ်။
■ အာဟာရဓာတ်ဖြည့်စွက်ထားတဲ့ ဒိန်ခဲ၊ လိမ္မော်ရည်၊ ကောက်ပဲသီးနှံအစာ၊ အပင်အခြေပြုနို့များ စတဲ့ အာဟာရဖြည့်စွက်စာများဟာ နေရောင်ခြည်ထိတွေ့မှု နည်းပါးသူများအတွက် ဗိုက်တာမင်-ဒီရရှိစေမယ့် အဓိကအရင်းအမြစ်တွေ ဖြစ်ပါတယ်။
■ ဆယ်မွန်ငါး၊ ထရောက်ငါး၊ ဓားရှည်ငါး၊ တူနာငါး၊ ဆာဒင်းငါး၊ ငါးသလဲထိုးလို့ ငါးတွေဟာ ဗိုက်တာမင်-ဒီ ရရှိဖို့ အလွန်ကောင်းမွန်တဲ့ ရင်းမြစ်များဖြစ်ပြီး အချို့ငါးတွေဆိုရင် တစ်နေ့တာလိုအပ်ချက်ထက် ပိုပြီးထောက်ပံ့ပေးနိုင်ပါတယ်။
■ ငါးကြီးဆီဆိုရင် ဗိုက်တာမင်-ဒီ မြင့်မားစွာပါဝင်ပြီး လက်ဖက်ရည်တစ်ဇွန်းဆိုရင် ၄၅၀ IU လောက်ပါဝင်သလို ဗိုက်တာမင်-အေနဲ့ ဖက်တီးအက်ဆစ်တွေလည်း ပါဝင်ပါတယ်။
Source: Prevention
စင်္ကာပူနဲ့ အာဆီယံနိုင်ငံများသို ကုန်သွယ်ရေးလမ်းကြောင်းသစ် ဖြစ်လာမယ့် တရုတ်တောင်ပိုင်း ကွမ်ရှီးကျွန်းဒေသရှိ ပင်လုတူးမြောင်းတည်ဆောက်ရေးဟာ ယခုနှစ်နောင်းပိုင်းမှာ စတင်ဖွင့်လှစ်ရန် စီစဉ်ထားတဲ့အတိုင်း တူးမြောင်းအတွင်းသို့ ရေစတင်ဖြည့်သွင်းရန် ဗုဒ္ဓဟူးနေ့မှာ အဓိကရေထိန်းဂိတ်နှစ်ခုကနေ စမ်းသပ်ရေလွှတ်ခြင်းလုပ်ငန်းကို စတင်ခဲ့ပြီး နောက်ထပ်မှတ်တိုင်တစ်ခု ထူနိုင်ခဲ့ပါတယ်။
#Asia_Development
Published 06 June 2026
#ပင်လုတူးမြောင်း #တရုတ်တောင်ပိုင်း
#YMG #Yangon_Times #Yangon_Media_Group
#World_Health
Published 06 June 2026
■ ဟော်မုဇ်ရေလက်ကြားဆီ ဦးတည်နေတဲ့ အီရန်ဒရုန်းတွေကို ပစ်ချပြီးနောက် အမေရိကန်တပ်တွေဟာ စနေနေ့မှာ အီရန်ကမ်းရိုးတန်းရေဒါနေရာတွေကို တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။
■ အီရန်ဒရုန်း ၄ စင်းက ရေလက်ကြားမှ သင်္ဘောသွားလာမှုတွေကို ပစ်မှတ်ထားနေတယ်လို့ အမေရိကန်က ယူဆခဲ့ပြီး ဂိုရပ်နဲ့ ခါရှမ်ကျွန်းမှ အီရန်ရဲ့ ကင်းစောင့်နေရာများကို ပစ်ခတ်ခဲ့တာဖြစ်ကြောင်း အမေရိကန် ဗဟိုဌာနချုပ်က X မှာ ဖော်ပြထားပါတယ်။
■ အမေရိကန်နဲ့ အီရန်တို့ဟာ တိုက်ရိုက်မဟုတ်တဲ့ ဆွေးနွေးညှိနှိုင်းမှုကြီးများ ပြုလုပ်နေကြပြီး အီရန်နျူကလီးယားကိစ္စလည်း ပါဝင်ပါတယ်။
■ အီရန်က ရေနံအကျိုးအမြတ် ဒေါ်လာဘီလီယံချီ ရရှိရေး၊ ရေနံစိမ်းတင်ပို့မှုများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ လျှော့ချရေး၊ ဆိပ်ကမ်းတွေမှာ အမေရိကန်ပိတ်ဆို့မှုများ ဖယ်ရှားရေး၊ ရေလက်ကြား ထိန်းချုပ်ရေးတို့ အလိုရှိနေပါတယ်။
■ အမေရိကန်သမ္မတ ဒေါ်ထနယ်ထရမ့်ကတော့ စစ်ပွဲအကျိုးဆက်ကနေ လောင်စာဆီဈေးနှုန်း မြင့်တက်လာတာကြောင့် နိုင်ငံရေးဖိအား မြင့်တက်နေပါတယ်။
■ အီရန်ရဲ့ ဒရုန်းနဲ့ ဒုံးကျည်ထုတ်လုပ်ရေးလုပ်ငန်း အများစုကို ဖျက်ဆီးထားပေမယ့် ၅ ပုံ ၁ ပုံလောက်တော့ အသုံးပြုနိုင်ဆဲဖြစ်တယ်လို့ ထရမ့်က ပြောထားပါတယ်။
■ ဒေသတွင်းမှာ တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး အထူးသဖြင့် ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးလ်တပ်များကြား ဖြစ်ပွားနေပါတယ်။
■ အီရန်က ဟစ်ဇ်ဘိုလာကို ထောက်ခံနေပြီး လက်ဘနွန်ကနေ အစ္စရေးလ်ဆုတ်ခွာပေးဖို့ အလိုရှိနေပါတယ်။
Source: Reuters
#World_Science
Published 06 June 2026
■ ခြင်တွေကြောင့် နှစ်စဉ်လူပေါင်း ၇၆၀,၀၀၀ ခန့် သေဆုံးကြရကြောင်း Our World in Data သုတေသနမှာ ဖော်ပြထားပါတယ်။
■ ကူးစက်ရောဂါအားလုံးရဲ့ ၁၇ ရာခိုင်နှုန်းလောက်က ခြင်တွေကြောင့် ဖြစ်ပါတယ်။
■ ကမ္ဘာကြီးပူနွေးလာခြင်းကြောင့် ခြင်တွေက ပိုမိုဖြန့်ကျက်လာကြကာ ကျန်းမာရေးပြဿနာတွေ စိုးရိမ်စရာ ဖြစ်လာပါတယ်။
■ ဒါပေမဲ့ ခြင်အားလုံးကို သတ်ပစ်စရာမလိုပါဘူး။
■ ခြင်မျိုးစိတ်ပေါင်း ၃,၅၀၀ ခန့်ရှိတဲ့ထဲကမှ ၁၀၀ လောက်ကပဲ လူတွေကို ကိုက်ကြပါတယ်။
■ ဒီထဲကမှ လူသားတွေ ရောဂါကူးစက်မှုရဲ့ ၉၅ ရာခိုင်နှုန်းခန့်က မျိုးစိတ် ၅ ခုပဲ ရှိပါတယ်။
■ ခြင်မျိုးတုံးအောင်ရှင်းလင်းခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်များနဲ့ ပတ်သက်ပြီး အငြင်းပွားနေကြကာ ခြင်တွေက အာဟာရဓာတ် ကူးပြောင်းပေးခြင်း၊ ဝတ်မှုန်ကူးပေးခြင်း၊ အခြားမျိုးစိတ်များအတွက် အစာဖြစ်စေခြင်း စတဲ့အခန်းကဏ္ဍတွေမှာပါဝင်နေကြောင်း ပညာရှင်တွေ ထောက်ပြကြပါတယ်။
■ ဒါပေမဲ့ ဂေဟစနစ်အချို့က အခြေအနေပေါ် လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲနိုင်တယ်လို့ ယုံကြည်နေကြပါတယ်။
■ မျိုးဗီဇနည်းပညာနဲ့ ဘက်တီးရီးယား ကူးစက်နည်းလမ်းများက အန္တရာယ်ရှိတဲ့ခြင်တွေ ထိန်းချုပ်ရန် ဒါမှမဟုတ် မျိုးတုံးပျောက်ကွယ်ရန် ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းတွေဖြစ်ပါတယ်။
■ ခြင်တွေကို မျိုးတုံးအောင် ရှင်းလင်းမယ့်အစား ဘေးအန္တရာယ်မရှိအောင် ပြုလုပ်ခြင်းက အောင်မြင်မှုများ ရနိုင်ပြီး ဥပမာအားဖြင့် ဘရာဇီးလ်မှာ ဘက်တီးရီးယား ကူးစက်ထားတဲ့ခြင်တွေကို အသုံးပြုပြီး သွေးလွန်တုပ်ကွေးဖြစ်ပွားမှုကို ၈၉ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ပါတယ်။
■ ခြင်မှတဆင့် ကူးစက်ရောဂါများ တိုက်ဖျက်ရန် နည်းလမ်းများနဲ့အတူ ကုသခွင့်များ၊ နေထိုင်မှုစနစ်နဲ့ ကာကွယ်ဆေးတို့ အပါအဝင် ဘက်စုံပါဝင်တဲ့ ဖြေရှင်းနည်းများလိုအပ်ပါတယ်။
Source: Phys
#World_Health
Published 06 June 2026
■ နေ့စဉ် အသီးအနှံစားသုံးပြီး ကော်ဖီတစ်ခွက် သောက်သုံးပါက ဆဲလ်များ ကျန်းမာရေးမညီညွတ်စွာ အိုမင်းရင့်ရော်နိုင်ခြေကို တဝက်ခန့်လျှော့ချနိုင်တယ်လို့ သုတေသနတစ်ခုမှာ ယူဆထားပါတယ်။
■ ဘယ်ရီသီး၊ ပန်းသီး၊ ကော်ဖီ၊ ကိုကိုး၊ လက်ဖက်တို့လို စားစရာတွေမှာ ပိုလီဖီနောကြွယ်ဝပြီး ဓာတ်တိုးဆန့်ကျင်နဲ့ ရောင်ရမ်းဆန့်ကျင်အာနိသင်တို့ ရှိပါတယ်။
■ DNA ထိပ်ပိုင်းဖြစ်တဲ့ တယ်လိုမီယာတွေ တိုတောင်းတဲ့အခါ ဆဲလ်သေခြင်းနဲ့ ကျန်းမာရေးမညီညွတ်စွာ အိုမင်းရင့်ရော်ခြင်းတို့ ဖြစ်နိုင်ခြေများစေကာ ဒီလိုစားစရာတွေကတော့ တယ်လိုမီယာတိုတောင်းနိုင်ခြေ လျှော့ချပေးနိုင်ပါတယ်။
■ စပိန်နိုင်ငံ နာဗာရာတက္ကသိုလ်မှ သုတေသီများက လူပေါင်း ၁,၇၀၀ ကျော်ရဲ့ တယ်လိုမီယာ အတိုင်းအတာကို နှိုင်းယှဉ်ကြည့်ခဲ့ရာ ပိုလီဖီနောအနည်းဆုံး စားသုံးသူတွေက တယ်လိုမီယာ တိုတောင်းနိုင်ခြေ ၅၂ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ခဲ့ပြီး ကော်ဖီတစ်ခွက် နေ့စဉ်သောက်သုံးသူတွေကတော့ တယ်လိုမီယာ တိုတောင်းနိုင်ခြေ ၂၆ ရာခိုင်နှုန်း လျော့နည်းကာ အသီးစားသုံးသူတွေက ၂၉ ရာခိုင်နှုန်း လျော့နည်းတာ တွေ့ရပါတယ်။
■ တယ်လိုမီယာတိုတောင်းတဲ့အခါ နှလုံးသွေးကြောရောဂါ၊ ဆီးချို၊ ကင်ဆာအချို့အပါအဝင် အသက်အရွယ်နဲ့ဆိုင်တဲ့ ရောဂါများ ဖြစ်နိုင်ခြေတွေနဲ့ ဆက်စပ်ပါတယ်။
■ အိုမင်းဆန့်ကျင်ပေးနိုင်တဲ့ စားစရာတစ်ခုတည်းအပေါ် မှီခိုမယ့်အစား ပိုလီဖီနောကြွယ်ဝတဲ့ စားစရာတွေစားပြီး ဆဲလ်ကျန်းမာရေးကို ဂရုစိုက်ပေးဖို့ သုတေသီတွေ အလေးပေးပြောနေကြပါတယ်။
■ အပင်အခြေပြု စားစရာတွေမှာ ပိုလီဖီနောကြွယ်ဝတယ်ဆိုပေမယ့် ပိုလီဖီနောကြောင့်လား ကျန်းမာရေးညီညွတ်စွာ စားခြင်းကြောင့်လားဆိုတာ ခွဲခြားဖို့ ခက်ခဲနေပါတယ်။
Source: The Guardian
၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ပီရူးမှာ ရိုးရာဓလေ့တစ်ခုဖြစ်တဲ့ စတစ်ကာများ စုဆောင်းခြင်းနဲ့ လဲလှယ်ခြင်းတို့ကို ပန်းခြံတွေလမ်းမတွေမှာ အစုလိုက်အပြုံလိုက် ပြုလုပ်နေကြပါတယ်။
#World_Event
Published 05 June 2026
#ကမ္ဘာ့ဖလား #ပီရူး
#YMG #Yangon_Times #Yangon_Media_Group
#World_Health
Published 05 June 2026
■ နှလုံးခုန်နှုန်းဆိုတာက အနည်းနဲ့အများ အပြောင်းအလဲ ရှိနိုင်ပြီး အလွန်အမင်း ပုံမှန်မဟုတ်ရင်တော့ နှလုံးခုန်မမှန်ခြင်းလက္ခဏာ ဖြစ်ကာ လေဖြတ်ခြင်း၊ နှလုံးဖောက်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။
■ နှလုံးခုန်နှုန်းအပြောင်းအလဲ(HRV)ဟာ နှလုံးခုန်နှုန်း တစ်ခုနဲ့တစ်ခုကြား ကြာမြင့်ချိန်ရဲ့ အသေးစိတ် အတက်အကျများကို တိုင်းတာခြင်းဖြစ်ပြီး နှလုံးနဲ့ သွေးကြောကျန်းမာရေး၊ စိတ်ဖိစီးမှု အခြေအနေများ၊ လေ့ကျင့်ခန်းလုပ်ပြီးနောက် ခန္ဓာကိုယ်ပြန်လည်ကုစားမှု၊ အသက်အရွယ် အိုမင်းရင့်ရော်မှုတို့အပေါ်မှာပါ အကဲဖြတ်သုံးသပ်နိုင်စွမ်း ရှိပါတယ်။
■ HRV မြင့်မားခြင်းက ယေဘုယျအားဖြင့် ပိုမိုကျန်းမာတယ်လို့ သတ်မှတ်နိုင်ပြီး စိတ်ဖိစီးမှုနဲ့ စိတ်အပန်းဖြေမှု အခြေအနေနှစ်ခုကြား ထိရောက်စွာ ကူးပြောင်းပေးနိုင်တဲ့ လိုက်လျောညီထွေ အာရုံကြောစနစ်ကို ပြသနေတာ ဖြစ်ပါတယ်။
■ HRV နိမ့်တဲ့အခြေအနေကတော့ ရေရှည်စိတ်ဖိစီးမှု၊ သောကရောက်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အခြားသော စိတ်ကျန်းမာရေး အခြေအနေများနဲ့ ဆက်စပ်လေ့ရှိပြီး ခန္ဓာကိုယ်ရောင်ရမ်းခြင်းနဲ့ အသက်အရွယ် အိုမင်းမှုဆိုင်ရာ ရောဂါများကဲ့သို့ ဖြစ်လာနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအန္တရာယ်များနဲ့လည်း ဆက်စပ်နေပါတယ်။
■ ပုံမှန်အိပ်စက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်းလိုမျိုး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အထများ ပြုလုပ်ခြင်းဖြင့် HRV မြှင့်တင်နိုင်ပြီး စိတ်ကျန်းမာရေး လက္ခဏာများ သက်သာစေရန်နဲ့ တကိုယ်ရည်ကျန်းမာချမ်းသာမှု မြှင့်တင်ရန်အတွက်လည်း အထောက်အကူ ပြုနိုင်ပါတယ်။
■ HRV တိုင်းတာစောင့်ကြည့်ခြင်းဟ ကျန်းမာရေးအသိရှိသူများအတွက် အဖိုးတန်အချက်အလက်များ ပေးစွမ်းနိုင်ပေမယ့် ယေဘုယျကျန်းမာရေး စောင့်ကြည့်စစ်ဆေးမှုအတွက်တော့ နှလုံးခုန်နှုန်း၊ သွေးဖိအား၊ ကိုလက်စထရောပမာဏကဲ့သို့ ပိုမိုလွယ်ကူစွာ တိုင်းတာနိုင်တဲ့ ညွှန်းကိန်းများကိုသာ အဓိကထားဖို့ ကျွမ်းကျင်သူတွေ အကြံပြုထားပါတယ်။
Source: BBC
Page 45 of 1215