#World_Health
Published 23 February 2025
▪️ အရက်နာကျခြင်းမှ ကာကွယ်နိုင်မယ့် စားစရာအကြောင်းကို ဖလော်ရီဒါတောင်ပိုင်းမှ အဆုတ်အထူးကု ဒေါက်တာ နီနာချန်ဒရာဆယ်ခရန်က အကြံပြုသွားပါတယ်။
▪️ အရက်မသောက်ခင် ချိစ်စားသုံးခြင်းဖြင့် အရက်နာကျခြင်းအန္တရာယ် လျော့ကျစေနိုင်တယ်လို့ TikTokမှာ ဖော်ပြထားပါတယ်။
▪️ ချိစ်မှာ ပရိုတိန်း၊ အဆီ၊ ကာဗိုဟိုက်ဒရိတ်အစုအဖွဲ့တို့ ကြွယ်ဝစွာပါဝင်ပြီး အစာအိမ်ဖုံးအုပ်ပေးကာ အယ်လ်ကိုဟော စုပ်ယူခြင်းကို လျော့နည်းစေတယ်လို့ ဆိုပါတယ်။
▪️ ချိစ်က ခန္ဓာကိုယ်မှာ ဘီယာနဲ့ ကော့တေးလ်တို့ကို ကောင်းစွာချေဖျက်နိုင်စေကာ အသည်းထိခိုက်ခြင်းကို လျော့ကျစေနိုင်တယ်လို့ ဆိုပါတယ်။
▪️ ၂၀၂၃ ကိုရီးယားလေ့လာချက်တစ်ခုမှာ Lactococcus lactis နဲ့ Lactiplantibacillus plantarum ဘက်တီးရီးယားတို့ ပါဝင်တဲ့ ပရိုဘိုင်အိုတစ်ချိစ်တွေဟာ အသည်းရဲ့ အယ်လ်ကိုဟော ချေဖျက်နိုင်စွမ်းကို မြှင့်တင်ပေးပြီး အရက်နာကျလက္ခဏာ လျော့နည်းစေတယ်လို့ တွေ့ခဲ့ပါတယ်။
▪️ ဒါ့အပြင် အယ်လ်ကိုဟောကြောင့် ဆုံးရှုံးသွားတဲ့ အာဟာရဓာတ်တွေကိုလည်း ပြန်ဖြည့်ပေးနိုင်တယ်လို့ ချန်ဒရာဆယ်ခရန်က ပြောပါတယ်။
အရက်နာကျခြင်းကို ဓာတ်ခွဲခန်းမှာ ပုံစံတူလုပ်ယူဖို့ ခက်ခဲတာကြောင့် သုတေသနလုပ်ဖို့လည်း ခက်ခဲနေပါတယ်။
▪️ အယ်လ်ကိုဟောသောက်ရင်း ရေပါသောက်ပေးပါက အရက်နာကျလက္ခဏာ အဓိကဖြစ်စေတဲ့ ရေဓာတ်ခန်းခြောက်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့တော့ ကျွမ်းကျင်သူများ အကြံပြုထားပါတယ်။
▪️ နယူးယော့ခ် အာဟာရပညာရှင် အကြံပြုချက်မှာ အရက်နာကျနေတယ်ဆိုရင် ငှက်ပျောသီး၊ ထောပတ်သီး၊ ဂျင်းတို့ စားသုံးသင့်ပြီး ဆီကြော်များ၊ အနှစ်များပြီး ပူစပ်တဲ့အစာ၊ ကော်ဖီတို့ ရှောင်ရှားသင့်ပါတယ်။
#Source: New York Post
အမေရိကန်မှာ ပျံ့ပွားနေတဲ့ ငှက်တုပ်ကွေးရောဂါကြောင့် ကြက်ဥဈေးနှုန်းမြင့်တက်လာပြီး ကြက်အငှားဝန်ဆောင်မှု လိုချင်သူများပြားလာပါတယ်။
လူတွေက ဥဥပေးတဲ့ ကြက်တွေကို အချိန်ကာလတစ်ခုအထိ ငှားရမ်းတာဖြစ်ပြီး လတ်ဆတ်တဲ့ကြက်ဥများ ပုံမှန်ရရှိစေပါတယ်။
#World_News
Published 22 February 2025
#ငှက်တုပ်ကွေး #ကြက်ဥဈေးနှုန်းမြင့်တက်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 22 February 2025
၁။ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း Long Stop Date မတိုင်ခင်လုပ်ငန်းများပြီးပြတ် အောင်ဆောင်ရွက်ရမည်
၂။ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်ရန်ပြည်ပမှ နည်းပညာအကူအညီများရယူဆောင်ရွက်မည်
၃။ ရွှေလုပ်ငန်းရှင်များအား ဈေးတက်နိုင်သည့် နည်းလမ်းများဖြင့် ရောင်းဝယ်ခြင်းမပြုကြရန် အသိပေး
၄။ ငှက်တုပ်ကွေးကြောင့် အမေရိကန်တွင် ကြက်ဥဈေးနှုန်းမြင့်တက်ကာ ကြက်မငှားရမ်းမွေးမြူသူများပြားလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 22 February 2025
▪️ အစိုးရလုပ်သားအင်အား လျှော့ချဖို့ကြိုးစားနေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ပင်တဂွန်စစ်ဌာနချုပ်ကလည်း အလုပ်နေရာပေါင်း ၅,၄၀၀ လျှော့ချသွားမယ်လို့ သောကြာနေ့က ပြောလိုက်ပါတယ်။
▪️ ဒီလိုကြိုးပမ်းမှုတွေနဲ့ ပတ်သက်ပြီး ဒီမတိုင်ခင်နေ့က ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်အချို့ဟာ မဲပေးသူတွေထံမှ လှောင်ပြောင်မှုများ ခံခဲ့ရပါတယ်။
▪️ ဒါဟာ မျှော်မှန်းထားတဲ့အတိုင်း ကာကွယ်ရေးဌာနမှ အလုပ်နေရာပေါင်း ၅ သောင်းခန့်ရဲ့ တစ်စိတ်တစ်ပိုင်းကို လျှော့ချသွားမှာဖြစ်ပြီး လာမယ့်သီတင်းပတ်မှာ ပြုလုပ်မှာဖြစ်ပါတယ်။
▪️ ပင်တဂွန်အနေနဲ့ အလုပ်ရာထူး ခန့်အပ်ခြင်းရပ်ဆိုင်းသွားဖို့ လုပ်ဆောင်သွားမှာဖြစ်ပြီး ၉၅၀,၀၀၀ အင်အားရှိတဲ့ အရပ်သားဝန်ထမ်းတွေကနေ ၅-၈ ရာခိုင်နှုန်း လျှော့ချသွားနိုင်တယ်လို့ ထိပ်သီးအရာရှိ ဒါရင်ဆယ်လ်နစ်ခ်က ပြောပါတယ်။
▪️ ဘီလျံနာအီလွန်မက်စ် ဦးဆောင်ပြီး အမေရိကန်အစိုးရ အဖွဲ့အစည်းတွေမှ လုပ်သား ၂ သောင်းကျော် လျှော့ချခြင်း၊ နိုင်ငံခြားအကူအညီကစလို့ ဘဏ္ဍာရေးကြီးကြပ်မှုအထိ အစီအစဉ်တွေ ဖျက်သိမ်းခြင်းတို့ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။
▪️ တရားဥပဒေနည်းလမ်းရ ရလဒ်တွေ ရောထွေးနေကာ သောကြာနေ့က နိုင်ငံတကာဖွံ့ဖြိုးရေး အမေရိကန်အေဂျင်စီမှ လုပ်သား ၂ ထောင်ကျော်ကို အလုပ်နုတ်ထွက်ခွင့်ပြုမယ့် ထရမ့်အစီအစဉ်အတွက် အစိုးရတရားသူကြီးတစ်ဦးက လမ်းဖွင့်ပေးခဲ့ပါတယ်။
▪️ ဒါပေမဲ့ အထူးအကြံပေးရုံး အကြီးအကဲကို ထရမ့်ချက်ချင်းထုတ်ပယ်ဖို့ လုပ်တာကိုတော့ အမေရိကန် တရားရုံးချုပ်က ပိတ်ပင်ခဲ့ပါတယ်။
▪️ ဒါ့အပြင် FBIကလည်း ဝန်ထမ်း ၁,၅၀၀ ကို ဝါရှင်တန်ရုံးချုပ်ကနေ နိုင်ငံတဝှမ်းရှိ ရုံးများထံ လွှဲပြောင်းဖို့ ညွှန်ကြားခဲ့ပါတယ်။
▪️ နာမကျန်းဖြစ်နေသူပေါင်းး ၁၃၇,၀၀၀ ခန့်အတွက် ကျန်းမာရေးအစီအစဉ်မှာ ကြီးကြပ်နေတဲ့ အလုပ်ထုတ်ပယ်ပြီးသား ဝန်ထမ်းတွေကို ပြန်လည်ခေါ်ယူသွားဖို့ရှိတယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ CDCက ပြောထားပါတယ်။
▪️ အမေရိကန်နိုင်ငံသား အများစုက အီလွန်မက်စ်ရဲ့ အစိုးရဝန်ထမ်းအင်အား လျှော့ချရေးကြိုးပမ်းမှုက အစိုးရအဖွဲ့အစည်းတွေ ထိခိုက်မှာကို စိုးရိမ်နေကြတယ်လို့ စစ်တမ်းအရသိရပါတယ်။
▪️ သမဂ္ဂအဖွဲ့အများအပြားက အစိုးရအဖွဲ့ရဲ့ အားထုတ်မှုတွေနဲ့ ပတ်သက်လို့ စွဲချက်တင်ထားကြကာ ထရမ့်နဲ့ မက်စ်တို့ကတော့ အစိုးရအဖွဲ့အစည်းတွေဟာ ပိုလျှံဖောင်းပွနေတယ်လို့ ဆိုထားပါတယ်။
#Source: Reuters
#World_Health
Published 22 February 2025
▪️ အုန်းဆီမှာ ရောင်ရမ်းဆန့်ကျင်ခြင်းနဲ့ ပိုးသန့်စင်ခြင်း အာနိသင်တွေ၊ အစိုဓာတ်ထိန်းသိမ်းခြင်းတွေ ပေးစွမ်းနိုင်ပါတယ်။
▪️ ဒါ့အပြင် အိုမင်းရင့်ရော်ခြင်းလက္ခဏာ လျှော့ချခြင်း၊ အသားအရေ အစိုဓာတ်ထိန်းပေးခြင်းနဲ့ ချောမွေ့ခြင်းတို့လည်း ကူညီပေးပါတယ်။
▪️ ကော်လာဂျင်ထုတ်လုပ်ခြင်း၊ အသားအရေ တင်းရင်းခြင်းတို့မှာလည်း အကူအညီ ဖြစ်စေနိုင်ပါတယ်။
▪️ အသားအရေအတွက် အုန်းဆီအသုံးပြုနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။
(၁) အစိုဓာတ်ထိန်းသိမ်းခြင်း
▪️ ရေချိုးပြီးနောက် ခြောက်သွေ့နေတဲ့ အရေပြားပေါ်မှာ အုန်းဆီအနည်းငယ် လိမ်းပေးခြင်းဖြင့် ထိရောက်စွာ အစိုဓာတ် ထိန်းနိုင်ပါတယ်။
(၂) မိတ်ကပ်ဖျက်ခြင်း
▪️ အုန်းဆီက အရေပြားမှ သဘာဝအဆီများ မပါဘဲ မိတ်ကပ်နဲ့ အညစ်အကြေးများကို ဖယ်ရှားနိုင်ပါတယ်။
(၃) နေရောင်ထိတွေ့ပြီးနောက်သုံးခြင်း
▪️ နေရောင်နဲ့ထိတွေ့လို့ နီမြန်းရောင်ရမ်းသွားတဲ့ အရေပြားပေါ်မှာ အုန်းဆီသုံးခြင်းဖြင့် အစိုဓာတ်ထိန်းပေးကာ သက်သာစေပါတယ်။
(၄) နှုတ်ခမ်းအဆီအဖြစ်သုံးခြင်း
▪️ ဆောင်းရာသီ နှုတ်ခမ်းခြောက်ခြင်းမှ ကာကွယ်ရန် အုန်းဆီသုတ်ပေးပြီး အစိုဓာတ်ထိန်းနိုင်ပါတယ်။
(၅) ညဘက်လိမ်းခြင်း
▪️ ညအိပ်ရာမဝင်ခင် မျက်နှာသစ်ပြီး အုန်းဆီပါးပါးလိမ်းခြင်းဖြင့် ရေဓာတ်ဖြည့်ပေးနိုင်ပါတယ်။
▪️ အုန်းဆီလိမ်းတဲ့အခါမှာ အရေပြားအခြေအနေကို စောင့်ကြည့်သင့်ပြီး အထူးသဖြင့် အဆီပြန်ပြီး ဝက်ခြံထွက်လွယ်တဲ့သူတွေမှာ သတိထားသင့်ပါတယ်။
#Source: DoctorNDTV
#World_Science
Published 22 February 2025
▪️ အသက်ရှည်ကျန်းမာခြင်းအကြောင်း ကြည့်မယ်ဆိုရင် ဂျပန်နိုင်ငံက အခြားနိုင်ငံတွေထက် များစွာသာလွန်တယ်လို့ ပြောလို့ရပါတယ်။
▪️ သက်ရှည်ကျန်းမာရခြင်း နောက်ကွယ်က အကြောင်းအရင်းတွေထဲမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်နေထိုင်မှုပုံစံ၊ အစားအစားနဲ့ မျိုးဗီဇတို့ပါဝင်နေပါတယ်။
▪️ ဒါပေမဲ့ သုတေသနတစ်ခုအရ သွေးအုပ်စုအမျိုးအစားပါ ပါဝင်နေနိုင်ပါတယ်။
▪️ သွေးအုပ်စုတွေထဲမှာ A, B , Oနဲ့ ABဆိုပြီး ခွဲခြားနိုင်ကာ မိဘတစ်ဦးဆီကရတဲ့ မျိုးဗီဇတစ်ခုစီဖြင့် သတ်မှတ်ရရှိပါတယ်။
▪️ သိပ္ပံပညာရှင်တွေက အသက်ကြီးရင့်လာခြင်းနဲ့ သွေးအုပ်စုတို့ကြား ဆက်စပ်မှုပြုလုပ်ဖို့ ကြိုးပမ်းခဲ့ရာမှာ Bသွေးအမျိုးအစားတွေက အိုမင်းရင့်ရော်မှု နှောင့်နှေးနိုင်ဖွယ်ရှိတယ်လို့ တွေ့ရှိလာကြပါတယ်။
▪️ ၂၀၀၄ခုနှစ်က တိုကျိုမှာနေထိုင်တဲ့ အသက် ၁၀၀ ကျော် လူပေါင်း ၂၆၉ ဦးကို နှိုင်းယှဉ်ကာ သွေးအုပ်စုနဲ့ ပျမ်းမျှသက်တမ်းတို့ကြား ဆက်စပ်မှုကို လေ့လာခဲ့ကြပါတယ်။
▪️ ထိုအခါမှာ သွေးအုပ်စု Bက သက်ရှည်ကျန်းမာခြင်းနဲ့ သက်ဆိုင်နေတယ်လို့ ယူဆခဲ့ကြကာ နောက်ထပ်ဆန်းစစ်မှုများ ပြုလုပ်ခဲ့ကြပါတယ်။
▪️ Bသွေးအမျိုးအစားက ဆဲလ်ပြုပြင်ခြင်းနဲ့ အသစ်ဖြစ်ပေါ်ခြင်းဖြစ်စဉ်တွေ ပိုမိုကောင်းမွန်ပြီး ဇီဝကမ္မဖိစီးမှုတွေကို ကောင်းစွာထိန်းချုပ်နိုင်တာကြောင့် ဖြစ်မယ်လို့ ထောက်ပြထားပါတယ်။
▪️ ၂၀၂၂ ခုနှစ် မယ်ရီလန်းဆေးတက္ကသိုလ်မှ သုတေသီများ လေ့လာရာမှာ သွေးအုပ်စု A က Oနဲ့ယှဉ်ရင် အသက် ၆၀ မတိုင်ခင် လေဖြတ်နိုင်ခြေပိုများကြောင်း တွေ့ခဲ့ကြပါတယ်။
▪️ အသက်အရွယ်နဲ့ သင်္ခါရသဘောတရားအရ အိုမင်းလာခြင်းနဲ့ ပတ်သက်လို့ သွေးအုပ်စုတွေက ထင်ထင်ရှားရှား သက်ဆိုင်နေတယ်ဆိုတာတော့ ပြောဖို့ခက်နေပါသေးတယ်။
#Source: WION
ယူအေအီးနိုင်ငံ အဘူဒါဘီမှာ ကျင်းပတဲ့ ၂၀၂၅ နိုင်ငံတကာ ကာကွယ်ရေးပြပွဲနဲ့ ကွန်ဖရင့်စ်မှာ နောက်ဆုံးပေါ်ပစ္စည်းများ ပြသခဲ့ကြရာ လူထိန်းချုပ်ရန်မလိုတဲ့ စစ်ရေးပစ္စည်းကိရိယာများကို ကမ္ဘာတဝှမ်းမှ စိတ်ဝင်စားလာကြပြီး ခေတ်မီကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုတိုးတက်လာတာကို ဖော်ပြနေပါတယ်။
#World_Event
Published 21 February 2025
#ထိန်းကွပ်သူမဲ့နည်းပညာမြင့် #စစ်ရေးပစ္စည်းကိရိယာ
#YMG #Yangon_Times #Yangon_Media_Group
Page 35 of 923