ဇွန် ၁၀ ရက် ဒီကနေ့မနက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ ရန်ကုန်မြစ်တွင်းက သဗ္ဗာန်မှောက်ဖြစ်စဉ်အတွင်းမှာ ကျောင်းသားသုံးဦးပါဝင်တဲ့ ပျောက်ဆုံးသူရှစ်ဦးအထိရှိနေဆဲဖြစ်တယ်လို့ ပရဟိတအသင်းတွေဆီက သိရပါတယ်။
#Local_News
Published 10 July 2024
#ရန်ကုန်မြစ်တွင်းသဗ္ဗာန်မှောက် #ပျောက်ဆုံးသူရှစ်ဦးရှိ
#YMG/NN #Yangon_Times
#Local_News
Published 10 July 2024
▪️ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၌ ဆီဘောက်ဆာယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားပြီး ဝရိန်ဆော်သူအမျိုးသား(၁)ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပရဟိတအသင်းများမှ သိရသည်။
▪️ ဇူလိုင် ၁၀ရက်နေ့၊ နေ့လယ် ၁နာရီ ၂၀ မိနစ်အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ၇၇ ရပ်ကွက်၊ ပဲခူးမြစ်လမ်းတွင် ဆီဘောက်ဆာယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ Foam မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြိမ်းသတ်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ဆီဘောက်ဆာအားဝရိန်ဆော်ရာမှပေါက်ကွဲမှုဖြစ်ပွါးမှု ဖြစ်စဉ်ကြောင့် ဝရိန်ဆော်သူအမျိုးသား(၁)ဦးေ_သဆုံးပြီး ရှင်သန်ခွင့်လူမှုကူညီရေးအသင်းယာဉ်ဖြင့် စံပြဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
#YMG/ NN #Yangon-Times
တရုတ်နိုင်ငံသို့ ဆန်နဲ့ ဆန်ကွဲတင်ပို့ခွင့် မှတ်ပုံတင်လျှောက်ထားလိုတဲ့ ကုမ္ပဏီအသစ်တွေ စိတ်ဝင်စားမှု EOI
အဆိုပြုလွှာတွေ လျှောက်ထားနိုင်ပြီလို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 10 July 2024
#ဆန်နှင့်ဆန်ကွဲတင်ပို့ #EOIအဆိုပြုလွှာလျှောက်ထားနိုင်
#NN #Yangon_Times
ယနေ့ကမ္ဘာ့ရွှေဈေးဟာမနေ့ကထက် (၁၁)ဒေါ်လာကျဆင်းခဲ့ပြီး မြန်မာ့ရွှေဈေးကျပ်(၁၇၀၀၀)ကျော်ကျဆင်းသွားတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။
#Local_News
Published 10 July 2024
#ယနေ့ကမ္ဘာ့ရွှေဈေးကျ # မြန်မာ့ရွှေဈေးကျပ်(၁၇၀၀၀)ကျော်ကျ
#tthl #Yangon_Times
မြစ်ကြီးနားတက္ကသိုလ်၊ မြန်မာစာဌာနက တန်ဖိုးမဖြတ်နိုင်တဲ့ စာအုပ်တွေသောင်းချီရေနစ်မြုပ်ဆုံးရှုံးခဲ့ရပြီး ငါးပုံတစ်ပုံသာကျန်ရှိတော့လို စာအုပ်တွေ လှူဒါန်းပေးဖို့လိုအပ်နေတယ်လို့ သိရပါတယ်။
#Local_News
Published 10 July 2024
#မြစ်ကြီးနားတက္ကသိုလ် #စာကြည့်တိုက်ရေနစ်မြုပ်
#tthl #Yangon_Times
#Local_News
Published 10 July 2024
▪️ ပခုက္ကူမြို့နယ်ရှိ ဧရာဝတီမြစ်ကမ်းဘေးရှိ နေအိမ်များ ရေဝင်ရောက်ခြင်းကြောင့် ကူညီကယ်ဆယ်ရေးများလုပ်ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။
▪️ ဇူလိုင် ၁၀ရက်နေ့၊ မနက်၉ နာရီ အချိန်ခန့်က ၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အမှတ်(၁၊ ၁၀၊ ၁၄)ရပ်ကွက်၊ ကမ်းနားလမ်း၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ရေဝင်ရောက်လျက်ရှိသော နေအိမ်များအား ပခုက္ကူမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရေဘေးသင့်ပြည်သူများအား ပြောင်းရွှေ့နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 10 July 2024
▪️ လာမည့် ဇူလိုင် (၁၉) ရက်တွင် ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားပြုလုပ်နေစဉ်အချိန်၌ ရန်ကုန်မြို့ရှိအာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်နှင့်အတွင်းဝန်ရုံးအနီးရှိ လမ်းအချို့ကို ခေတ္တပိတ်ကာ လမ်းပိတ်၊ လမ်းလွှဲ ဆောင်ရွက်သွားမည်ဖြစ်ရာ လမ်းပိတ်ထားစဥ်ကာလအတွင်းလမ်းလွှဲများမှမောင်းနှင်နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်အသိပေးထားသည်။
▪️ အဆိုပါ ထုတ်ပြန်ချက်တွင် အာဇာနည်နေ့ အခမ်းအနားကို ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌ ပြုလုပ်မည်ဖြစ်၍ နံနက် (၄) နာရီမှ အခမ်းအနားပြီးဆုံးချိန်အထိ အနောက်ရွှေဂုံတိုင်လမ်းအား ရေတာရှည်လမ်းဟောင်းမှလည်းကောင်း၊ ရွှေဂုံလမ်းအား ဓမ္မစေတီ-ရွှေဂုံလမ်းဆုံမှလည်းကောင်း၊ အာဇာနည်လမ်းအား အနောက်ရွှေဂုံတိုင်လမ်းမှ ဦးထောင်ဘိုလမ်းအထိလည်းကောင်း၊ ဦးဝိစာရလမ်းအား ဦးဝိစာရအဝိုင်းမှ ဦးဝိစာရ-ဓမ္မစေတီလမ်းဆုံအထိလည်းကောင်း လမ်းပိတ်/လမ်းလွှဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုနည်းတူ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်အနီးရှိ လမ်းပိုင်းကိုလည်း ဇူလိုင် (၁၉) ရက်တွင် နံနက် (၅)နာရီမှ ညနေ (၆)နာရီအတွင်း နတ်မောက်လမ်းအား ဝင်္ကဘာလမ်းဆုံမှ ဖိုးစိန်လမ်းဆုံထိလည်းကောင်း၊ ဗိုလ်ချုပ်ပြတိုက်လမ်းအား ငါးထပ်ကြီးဘုရားလမ်းဆုံနှင့် စောမဟာလမ်းဆုံမှလည်းကောင်း၊ ဗိုလ်ချိုလမ်းအား ရွှေကြက်ယက်လမ်းနှင့်ဆုံရာမှလည်းကောင်း လမ်းပိတ်/လမ်းလွှဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
▪️ ထို့ပြင် အလံတင်အခမ်းအနား ကျင်းပမည့် အတွင်းဝန်ရုံးအနီးရှိ လမ်းအချို့ကိုလည်း ဇူလိုင် (၁၉)ရက်တွင် နံနက် (၅) နာရီမှ ညနေ (၆) နာရီအတွင်း သိမ်ဖြူလမ်းအား ဗိုလ်ချုပ်လမ်းဆုံမှ ကုန်သည်လမ်းဆုံအထိလည်းကောင်း၊ အနော်ရထာလမ်းအား ဗိုလ်မြတ်ထွန်းလမ်းဆုံမှလည်းကောင်း၊ မဟာဗန္ဓုလလမ်းအား ပန်းဆိုးတန်းလမ်းဆုံမှလည်းကောင်း၊ ဗိုလ်အောင်ကျော်လမ်းအား ကုန်သည်လမ်းဆုံမှလည်းကောင်း လမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုကဲ့သို့လမ်းပိုင်းများ လမ်းပိတ်/လမ်းလွှဲရှိမှုများကြောင့်ယာဉ်မောင်းများအနေဖြင့် အာဇာနည်နေ့ အခမ်းအနားကျင်းပစဉ် အခြားသင့်လျော်သည့် လမ်းများမှ မောင်းနှင်သွား လာနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 413 of 2053