၁ စက်တင်ဘာ ၂၀၂၄
ထိုင်းနိုင်ငံ ပရာချပ်ခီရီခန်ပြည်နယ် ဟွာရိုင်အရပ်မှာ ကိုယ်ဝန်အရင့်အမာရှိနေပြီဖြစ်တဲ့ မြန်ာအမျိုးသမီးတစ်ဦးနှင့် သူ့သမီး တို့ အသတ်ခံရတယ်လို့ ထိုင်းမီဒီယာများကရေးသားဖော်ပြကြပါတယ်။ သူတို့ဟာ သူတို့ငှားနေတဲ့အိမ်ထဲမှာ ရက်ရက်စက်စက် အသတ်ခံခဲ့ကြရတာဖြစ်ပါတယ်။ သတ်သူတွေဟာ မြန်မာနိုင်ငံသားတွေပဲဖြစ်နိုင်ပြီး ဓားပြတိုက်သွားတဲ့သဘောလို့ ရဲတွေက ယူဆထားကြပါတယ်။ အဲဒီအပြင် သူ့ခင်ပွန်းသည်ကိုလည်း နောက်တစ်နေရာမှာ အသတ်ခံရပြီးသေဆုံးနေတာတွေ့ကြရတယ် လို့သတင်းများကဆိုပါတယ်။
ယမန်နေ့ ဩဂုတ် ၃၁ရက် ည ၁၀နာရီခွဲခန့်မှာ ဟွာရိုင်က အိမ်တစ်အိမ်မှာ အသက် ၃၈နှစ်အရွယ် ကိုယ်ဝန်သည် အမျိုးသမီးနှင့် အသက် (၇)နှစ်အရွယ် သူမရဲ့သမီးတို့ရဲ့ ရုပ်အလောင်းတွေတွေ့ရှိရတယ်လို့ ရဲတွေ သတင်းရရှိခဲ့ကြပါတယ်။ရဲတွေဟာ ဆေးပညာရှင်တွေနှင့် အမှုလိုက်ဌာနတွေနှင့်အတူ အခင်းဖြစ်ပွားရာကို သွားရောက်ခဲ့ကြပါတယ်။
အခင်းဖြစ်ပွားတဲ့ တစ်ထပ်အိမ်ထဲမှာ (၈)လကိုယ်ဝန်နှင့် အမျိုးသမီးဟာ ဦးခေါင်းနှင့်မျက်နှာပြင်မှာ ပြင်းထန်တဲ့ဒဏ်ရာတွေ ရရှိသေဆုံးနေပြီး သူမရဲ့သမီးငယ်ဟာလည်း ခေါင်းဒဏ်ရာနှင့်လဲကျသေဆုံးနေတာတွေ့ရပါတယ်။ ရဲတွေကတော့ အသတ်ခံ ရတာဟာ (၃)ရက်လောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
သေဆုံးတဲ့အမျိုးသမီးရဲ့ ခင်ပွန်းဟာ အဲဒီအိမ်ကိုငှားထားတာဖြစ်ပြီး သူဟာ ဟွာရိုင်အရပ် ဘန်ဟွာခေါင်ကရာဘာစိုက်ခင်းတွေ မှာ ရာဘာအပင်တွေခုတ်ပေးရတဲ့အလုပ်လုပ်နေပါတယ်။
အဲဒီအချိန်တုန်းက ပျောက်ဆုံးနေတဲ့သူ့ခင်ပွန်းကို လိုက်လံစုံစမ်းကြည့်ပြီး အဲဒီနေ့ ညနေ သုံးနာရီခွဲခန့်မှာတော့ တောင်ပေါ်က ရာဘာစိုက်ခင်းထဲမှာ ခင်ပွန်းရဲ့အလောင်းကိုရဲတွေကရှာဖွေတွေ့ရှိခဲ့ကြပါတယ်။သူဟာ လည်ပင်းအလှီးခံရပြီး သူ့အလောင်းရဲ့ အနီးအနားမှာ ဆန်အိတ်တစ်အိတ်၊ ရေအေးစက်တစ်လုံး၊ လောင်စာဆီနှင့် အခြားသော တစ်ကိုယ်ရည်သုံးပစ္စည်းတွေ ပြန့်ကျဲ နေပါတယ်။သေဆုံးသူမှာ စောဝင်းဦးဆိုသူဖြစ်တယ်လို့ နောက်ပိုင်းမှာ စုံစမ်းသိရှိရပါတယ်။
အဲဒီလူသတ်မှုက မြန်မာနှစ်ဦးက ကျူးလွန်ခဲ့တာလို့ ရဲတွေက သံသယရှိနေပါတယ်။ အဲဒီနှစ်ဦးဟာ အသတ်ခံရတဲ့ယောကျ်ား ဖြစ်သူက သူနှင့်အတူအလုပ်လုပ်ဖို့ ခေါ်ထားတဲ့သူတွေဖြစ်ကြပါတယ်။ မိသားစုရရှိတဲ့ ရာဘာပင်ဖြတ်ခ ဘတ်ငါးသောင်းကို လုယူသွားကြပုံရတယ်လို့ ရဲတွေကပြောပါတယ်။
ကျူးလွန်သူတွေဟာ သေဆုံးသူ အမျိုးသားရဲ့မော်တော်ဆိုင်ကယ်ကို စီးပြီး သူတို့အိမ်ပြန်သွားကာ ဇနီးနှင့်သမီးဖြစ်သူတွေကို ပါ မျက်မြင်သက်သေမရှိအောင် ကိစ္စတုံးခဲ့ကြပုံရတယ်လို့ မျက်မြင်သက်သေတစ်ဦးကပြောပါတယ်။ ဒီရွာမှာ ဒါမျိုးတစ်ခါမှ မဖြစ်ဖူးဘူးလို့လည်း သူကဆက်ပြောပါတယ်။
သေဆုံးသူအမျိုးသားရဲ့ အသက် ၃၂နှစ်အရွယ်ညီဖြစ်သူပြောပြတာကတော့ သူ့အစ်ကို၊သူ့မရီးနှင့်တူမတို့ဟာ တနင်္သာရီတိုင်း ဒေသကြီး မြိတ်က လာရောက်ကြတာဖြစ်ပီဲး ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်နေတာ ၁၀နှစ်ကျော်ရှိပြီလို့ဆိုပါတယ်။
@ymg/knl
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း YGEA ရဲ့ ရွှေသတ်မှတ်ရည်ညွှန်းဈေးဟာ ဒီရက်ပိုင်းမှာ အခေါက်ရွှေတစ်ကျပ်သားကိုကျပ်သိန်း ၅၀ အထိရှိ လာပေမယ့်လည်း ပြင်ပပေါက်ဈေးကတစ်ပတ်တာအတွင်း တစ်ကျပ်သားကို ကျပ်သုံးသိန်းခွဲကျော်အထိကျဆင်းလာ သိရပါတယ်။
#Local_News
Published 31 August 2024
#ရွှေရည်ညွှန်းဈေး #ပြင်ပဈေးကျဆင်း
#YMG/NN #Yangon_Times
ဗဟိုဘဏ်က ဒေါ်လာတွေ ဆက်တိုက်ထုတ်ရောင်းခဲ့ပြီးနောက် ပြင်ပနိုင်ငံခြားငွေလဲနှုန်းဈေးကွက်မှာ ဒေါ်လာဈေးတွေ ကျဆင်းလာသော်လည်း ဆေးဝါးဈေးနှုန်းတွေကတော့ အတက်ဈေးမှာသာရှိနေတယ်လို့ ဈေးကွက်ထဲက သိရပါတယ်။
#Local_News
Published 31 August 2024
#ဒေါ်လာဈေးကျဆင်း #ဆေးဝါးဈေးနှုန်းတက်
#YMG/NN #Yangon_Times
တရုတ်နိုင်ငံမှ မြန်မာနိုင်ငံရွေးကောက်ပွဲအတွက် နည်းပညာဆိုင်ရာနှင့်စက်ပစ္စည်းများထောက်ပံ့ပေးရန်ရှိဟုဆို
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ဖို့မရှိပေမယ့် ရွေးကောက်ပွဲအတွက်နည်းပညာဆိုင်ရာနှင့်စက်ပစ္စည်းတွေကို ထောက်ပံ့ပေးဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 31 August 2024
#နည်းပညာဆိုင်ရာနှင့်စက်ပစ္စည်း #မြန်မာနိုင်ငံရွေးကောက်ပွဲ
#YMG/tthl #Yangon_Times
#Daily_News
Published 31 August 2024
၁။ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံရွေးကောက်ပွဲအတွက် နည်းပညာဆိုင်ရာနှင့်စက်ပစ္စည်းများထောက်ပံ့ကူညီပေးရန်ရှိဟုဆို
၂။ ဒေါ်လာဈေးများ ကျဆင်းနေသော်လည်း ဆေးဝါးဈေးနှုန်းများအတက်ဈေး၌သာရှိနေ
၃။ ရွှေရည်ညွှန်းဈေး ကျပ်သိန်း ၅၀ ကျော်လာသော်လည်း ပြင်ပဈေး ကျပ်သုံးသိန်းခွဲကျော်ကျဆင်းလာ
၄။ တရုတ်နှင့်အမေရိကန်ငြိမ်းချမ်းစွာပူးပေါင်းဆောင်ရွက်ရေး တည်မြဲရန်အရေးကြီးဟု ရှီကျင့်ဖင်နှင့်အမေရိကန်ပြည်ထောင်စုလုံခြုံရေးထိပ်သီးအရာရှိ တွေ့ဆုံဆွေးနွေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 31 August 2024
▪️ ယခုစက်တင်ဘာ ၁ ရက်မှစတင်၍ ပို့ကုန်ရငွေတင်ပြနိုင်မှသာ ဆေးဝါးသွင်းကုန်လိုင်စင်ခွင့်ပြုပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
▪️ ထို့အပြင် ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်းလျှောက်ထားခဲ့သည့် ဒေါ်လာ ၁၀၃ သန်းကျော်ရှိ ဆေးကုမ္ပဏီ ၁၁၆ ခု၏ သွင်းကုန်လိုင်စင်များကိုပါ လိုင်စင်လျှောက်လွှာအသစ်ဖြင့် တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
▪️ စက်တင်ဘာ ၁ ရက်မှစတင်၍ ပို့ကုန်ရငွေ (Export Earning) တင်ပြနိုင်မှသာ ဆေးဝါးသွင်းကုန်လိုင်စင်များကို ခွင့်ပြုပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဩဂုတ်လ ၂၈ ရက်စွဲပါ စာအမှတ်၊ ကသရ(ဦး)ပို့သွင်း ၁/၂၀၂၄-၂၀၂၅(၄၄၀၄) ဖြင့် ထုတ်ပြန်ထားခြင်းဖြစ်သည်။
▪️ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၆၆/၂၀၂၄) လမ်းညွှန်ချက်အရ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှစ၍ ပို့ကုန်ရငွေ (Export Earning) တင်ပြမှသာ ဆေးဝါးသွင်းကုန်လိုင်စင်များကို ခွင့်ပြုရမည်ဖြစ်သည့်အတွက် ကုန်သွယ်ရေးဦးစီးဌာန၊ Trade Net 2.0 စနစ်တွင် ၂၀၂၄ ခုနှစ်၊ သြဂုတ်လအထိ လျှောက်ထားသော ဆေးဝါးသွင်းကုန်လိုင်စင် လျှောက်လွှာများအား စနစ်အတွင်းမှ ပယ်ဖျက် (Delete) သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
▪️ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းသို့ ပေးပို့ထားသည့် ၂၀၂၃ ခုနှစ်၊အောက်တိုဘာလအတွင်း လျှောက်ထားခဲ့သော ဆေးဝါးသွင်းကုန်လိုင်စင်လျှောက်လွှာကုမ္ပဏီ (၁၁၆)ခုမှ စောင်ရေ (၇၁၆) စောင်၊ စုစုပေါင်း တန်ဖိုးအမေရိကန်ဒေါ်လာ ၁၀၃ ဒသမ ၈၂၂ သန်းအား အသင်းမှ စိစစ်ပြီးသည့်အချိန်တွင် ဆေးဝါးသွင်းကုန်လိုင်စင်လျှောက်လွှာအသစ်ဖြင့်သာ နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီအစည်းအဝေးသို့ တင်ပြခွင့်ပြုချက်ရယူပြီး ဆေးဝါးသွင်းကုန်လိုင်စင်ကို ခွင့်ပြုထုတ်ပေးရမည်ဖြစ်သည်။
▪️ သို့ဖြစ်ပါ၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှစ၍ ဆေးဝါးသွင်းကုန်လိုင်စင် လျှောက်လွှာများအား ပို့ကုန်ရငွေ (Export Earning) ဖြင့် တင်ပြရမည်ဖြစ်ကြောင်းနှင့် ဆေးဝါးတင်သွင်းမည့် ကုမ္ပဏီများသို့ ထပ်ဆင့်အသိပေးသွားရန်နှင့် သွင်းကုန်လိုင်စင်လျှောက်ထားမှု Oil များကိုလည်း Oil အသစ်ဖြင့်သာ ပြန်လည်လျှောက်ထားရန် အသိပေးအကြောင်းကြားထားခြင်းဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 410 of 2097